ကေလးငယ္အတြက္ အႏၲရာယ္ျဖစ္ေစႏိုင္သည့္ ကိုင္တြယ္နည္းအမွားမ်ား

ကေလးငယ္အတြက္ အႏၲရာယ္ျဖစ္ေစႏိုင္သည့္ ကိုင္တြယ္နည္းအမွားမ်ား

ကေလးငယ္အတြက္ အႏၲရာယ္ျဖစ္ေစႏိုင္သည့္ ကိုင္တြယ္နည္းအမွားမ်ား

ေလ့လာမႈအမ်ားအျပားအရ မိခင္ ေတြက ကေလးငယ္ေတြနဲ႔ အသားခ်င္း ထိေတြ႕တာက စိတ္ဖိစီးမႈနည္းတယ္လို႔ သိရပါတယ္။

ကေလးကို ခ်ီပိုးရာမွာလည္း နည္းလမ္းေပါင္းစုံ ရွိပါတယ္။ ဒီအထဲမွာ မွ ကိုင္တြယ္ခ်ီပိုးနည္း မွားခဲ့ရင္ ကေလး ရဲ႕ က်န္းမာေရးအတြက္ အႏၲရာယ္ရွိႏိုင္ တာမို႔ ေဖာ္ျပေပးလိုက္ပါတယ္။

ခ်ိဳင္းေအာက္မွခ်ီပိုးျခင္း

ကေလးငယ္တစ္ေယာက္ကို ခ်ီ ေတာ့မယ္ဆိုရင္ သူ႔ေခါင္းကို ထိန္းကိုင္ ၿပီး ခ်ီဖို႔က အလြန္အေရးႀကီးပါတယ္။ ေမြးကင္းစကေလးငယ္ေတြရဲ႕ လည္ပင္း ႂကြက္သားေတြက ေကာင္းစြာ မဖြံ႕ၿဖိဳး ေသးပါဘူး။

ဒါေၾကာင့္ သင္ဟာ ကေလး ရဲ႕ လည္ပင္းကို မထိန္းဘဲ ခ်ီလိုက္မယ္ ဆိုရင္ ကေလးက ႐ုတ္တရက္ ဦးေခါင္း လွည့္လိုက္တဲ့အခါမွာ ထိခိုက္ဒဏ္ရာ ရတာနဲ႔ အသက္ရႉရခက္ခဲတဲ့ျပႆနာ ေတြ ျဖစ္လာႏိုင္ပါတယ္။ ကေလးငယ္ ေတြဟာ အသက္ေလးလကေန ေျခာက္ လအတြင္းမွာသာ သူ႔ဘာသာသူ ေခါင္း ေထာင္ႏိုင္မွာ ျဖစ္ပါတယ္။

ကေလးခ်ီသည့္အိတ္တြင္ ထည့္ပုံမွားယြင္း ျခင္း

ကေလးငယ္ကို ကေလးခ်ီတဲ့ ေက်ာ ပိုးအိတ္ထဲထည့္ၿပီး ခ်ီပိုးလို႔ရပါတယ္။ ဒါေပမဲ့ သတိထားရမွာက သူရဲ႕ေျခ ေထာက္ေတြဟာ မိခင္က ကေလးကို ခ်ီထားတဲ့ပုံစံအတိုင္း အေထာက္အပံ့ရ ေနရမွာျဖစ္ပါတယ္။

ေျခေထာက္က တြဲေလာင္းက်ေနမယ္ဆိုရင္ ကေလးရဲ႕ ခါး႐ိုးထိခိုက္ဒဏ္ရာရတာ၊ တင္ပဆုံ အဆစ္လြဲတာေတြ ျဖစ္ႏိုင္ပါတယ္။

ပခုံးေပၚတြင္ ကေလးေခါင္းတင္ထားျခင္း

သင့္အေနနဲ႔ ကေလးကို ရင္ဘတ္ ခ်င္းကပ္လ်က္ခ်ီထားမယ္ဆိုရင္ ကေလး ရဲ႕ မ်က္ႏွာအေနအထားကလည္း အေရး ႀကီးပါတယ္။

သူရဲ႕ မ်က္ႏွာက မိခင္ရဲ႕ ပခုံးအထက္ေနရာမွာပဲ ရွိရပါမယ္။ သူ႔မ်က္ႏွာက ပခုံးေနရာမွာရွိေနမယ္ဆို ရင္ အသက္ရႉရခက္ခဲတာေတြ ျဖစ္လာ ႏိုင္တဲ့အျပင္ သင္ရဲ႕ အဝတ္အစားေတြက ကေလးရဲ႕ ပါးစပ္ထဲကို ဝင္သြားႏိုင္ပါတယ္။

တစ္ဖက္တည္းခ်ီျခင္း

ကေလးကို ခ်ီတဲ့အခါမွာ ဟိုဘက္ ဒီဘက္ေျပာင္းခ်ီေပးဖို႔ အေရးႀကီးပါ တယ္။ ဘာေၾကာင့္လဲဆိုေတာ့ ကေလး ငယ္ရဲ႕ လည္ပင္းႂကြက္သားေတြက အလြန္အားနည္းေသးတဲ့အတြက္ လည္ ပင္းႂကြက္သားေတြ ႏွစ္ဖက္မွ်ၿပီး ဖြံ႕ၿဖိဳးဖို႔ လိုအပ္တာေၾကာင့္ပါ။

အကယ္၍မ်ား လည္ပင္းႂကြက္သားတစ္ဖက္က အား ေပ်ာ့ေနမယ္ဆိုရင္ ကေလးေခါင္းလွည့္ တဲ့ေနရာမွာ ျပႆနာျဖစ္လာႏိုင္ပါတယ္။

ခါးမထိန္းဘဲ ခ်ီပိုးျခင္း

ကေလးငယ္ကိုခ်ီတဲ့အခါမွာ ေခါင္းနဲ႔တင္ပါးကိုပဲ ထိန္းေပးရမွာမဟုတ္ပါဘူး။ ဒီလိုလုပ္ခဲ့ရင္ ကေလးျပဳတ္က်ႏိုင္ ေျခမ်ားပါတယ္။ ဒါ့အျပင္ ကေလးရဲ႕ခါး႐ိုးက ဖိအားသက္ေရာက္မႈမ်ားၿပီး ဒဏ္ ျဖစ္ႏိုင္ပါတယ္။ သင္ရဲ႕လက္တစ္ဖက္နဲ႔ ခါး႐ိုးတစ္ေလွ်ာက္ကို ထိန္းေပးၿပီး ေနာက္လက္တစ္ဖက္က ဇက္ေနရာကိုထိန္းကာခ်ီပါ။

ကေလးကို ေက်ာေပးခ်ီျခင္း

ကေလးကို ေက်ာေပးၿပီး ခ်ီထားတာကလည္း မေကာင္းပါဘူး။ သင့္အေနနဲ႔ ကေလးကို ထိန္းထားႏိုင္ဖို႔ ခက္ခဲပါ တယ္။ ဒါအျပင္ သူရဲ႕ေနာက္ေက်ာ႐ိုးနဲ႔ ေျခေထာက္ေတြေပၚမွာ ဒဏ္ပိႏိုင္ပါ တယ္။ ကေလးခ်ီေက်ာပိုးအိတ္ထဲထည့္ ၿပီးခ်ီပိုးပုံမွားယြင္းတဲ့ပုံစံအတိုင္း ကေလးမွာ ထိခိုက္ႏိုင္ပါတယ္။

ကေလးငယ္ကို လက္ေကာက္ဝတ္မွ ဆြဲေခၚ ျခင္း

ကေလးငယ္ေတြကို ဆြဲေခၚတဲ့ေနရာမွာ သူတို႔ရဲ႕လက္ေကာက္ဝတ္ကေန ဘယ္ေတာ့မွ ဆြဲမေခၚပါနဲ႔။ ကေလးငယ္ေတြရဲ႕တံေတာင္ဆစ္ေနရာမွာ အဆစ္လြဲသြားႏိုင္တာေၾကာင့္ပါ။ ဒီျပႆနာက ငါးႏွစ္သားအ႐ြယ္အထိ အျဖစ္မ်ားပါတယ္။ ကေလးအသက္ ငါးႏွစ္ေရာက္လာတဲ့အခါမွာ သူတို႔အ႐ိုးက သန္မာသြားၿပီျဖစ္တာေၾကာင့္ ဒီလိုဆြဲေခၚရင္ေတာင္ ကေလးမွာ ျပႆနာျဖစ္ႏိုင္ေျခနည္းသြားပါၿပီ။

ေဒါက္တာခင္မိုးမိုး

Unicode

ကလေးငယ်အတွက် အန္တရာယ်ဖြစ်စေနိုင်သည့် ကိုင်တွယ်နည်းအမှားများ

လေ့လာမှုအများအပြားအရ မိခင် တွေက ကလေးငယ်တွေနဲ့ အသားချင်း ထိတွေ့တာက စိတ်ဖိစီးမှုနည်းတယ်လို့ သိရပါတယ်။

ကလေးကို ချီပိုးရာမှာလည်း နည်းလမ်းပေါင်းစုံ ရှိပါတယ်။ ဒီအထဲမှာ မှ ကိုင်တွယ်ချီပိုးနည်း မှားခဲ့ရင် ကလေး ရဲ့ ကျန်းမာရေးအတွက် အန္တရာယ်ရှိနိုင် တာမို့ ဖော်ပြပေးလိုက်ပါတယ်။

ချိုင်းအောက်မှချီပိုးခြင်း

ကလေးငယ်တစ်ယောက်ကို ချီ တော့မယ်ဆိုရင် သူ့ခေါင်းကို ထိန်းကိုင် ပြီး ချီဖို့က အလွန်အရေးကြီးပါတယ်။ မွေးကင်းစကလေးငယ်တွေရဲ့ လည်ပင်း ကြွက်သားတွေက ကောင်းစွာ မဖွံ့ဖြိုး သေးပါဘူး။

ဒါကြောင့် သင်ဟာ ကလေး ရဲ့ လည်ပင်းကို မထိန်းဘဲ ချီလိုက်မယ် ဆိုရင် ကလေးက ရုတ်တရက် ဦးခေါင်း လှည့်လိုက်တဲ့အခါမှာ ထိခိုက်ဒဏ်ရာ ရတာနဲ့ အသက်ရှူရခက်ခဲတဲ့ပြဿနာ တွေ ဖြစ်လာနိုင်ပါတယ်။ ကလေးငယ် တွေဟာ အသက်လေးလကနေ ခြောက် လအတွင်းမှာသာ သူ့ဘာသာသူ ခေါင်း ထောင်နိုင်မှာ ဖြစ်ပါတယ်။

ကလေးချီသည့်အိတ်တွင် ထည့်ပုံမှားယွင်း ခြင်း

ကလေးငယ်ကို ကလေးချီတဲ့ ကျော ပိုးအိတ်ထဲထည့်ပြီး ချီပိုးလို့ရပါတယ်။ ဒါပေမဲ့ သတိထားရမှာက သူရဲ့ခြေ ထောက်တွေဟာ မိခင်က ကလေးကို ချီထားတဲ့ပုံစံအတိုင်း အထောက်အပံ့ရ နေရမှာဖြစ်ပါတယ်။

ခြေထောက်က တွဲလောင်းကျနေမယ်ဆိုရင် ကလေးရဲ့ ခါးရိုးထိခိုက်ဒဏ်ရာရတာ၊ တင်ပဆုံ အဆစ်လွဲတာတွေ ဖြစ်နိုင်ပါတယ်။

ပခုံးပေါ်တွင် ကလေးခေါင်းတင်ထားခြင်း

သင့်အနေနဲ့ ကလေးကို ရင်ဘတ် ချင်းကပ်လျက်ချီထားမယ်ဆိုရင် ကလေး ရဲ့ မျက်နှာအနေအထားကလည်း အရေး ကြီးပါတယ်။

သူရဲ့ မျက်နှာက မိခင်ရဲ့ ပခုံးအထက်နေရာမှာပဲ ရှိရပါမယ်။ သူ့မျက်နှာက ပခုံးနေရာမှာရှိနေမယ်ဆို ရင် အသက်ရှူရခက်ခဲတာတွေ ဖြစ်လာ နိုင်တဲ့အပြင် သင်ရဲ့ အဝတ်အစားတွေက ကလေးရဲ့ ပါးစပ်ထဲကို ဝင်သွားနိုင်ပါတယ်။

တစ်ဖက်တည်းချီခြင်း

ကလေးကို ချီတဲ့အခါမှာ ဟိုဘက် ဒီဘက်ပြောင်းချီပေးဖို့ အရေးကြီးပါ တယ်။ ဘာကြောင့်လဲဆိုတော့ ကလေး ငယ်ရဲ့ လည်ပင်းကြွက်သားတွေက အလွန်အားနည်းသေးတဲ့အတွက် လည် ပင်းကြွက်သားတွေ နှစ်ဖက်မျှပြီး ဖွံ့ဖြိုးဖို့ လိုအပ်တာကြောင့်ပါ။

အကယ်၍များ လည်ပင်းကြွက်သားတစ်ဖက်က အား ပျော့နေမယ်ဆိုရင် ကလေးခေါင်းလှည့် တဲ့နေရာမှာ ပြဿနာဖြစ်လာနိုင်ပါတယ်။

ခါးမထိန်းဘဲ ချီပိုးခြင်း

ကလေးငယ်ကိုချီတဲ့အခါမှာ ခေါင်းနဲ့တင်ပါးကိုပဲ ထိန်းပေးရမှာမဟုတ်ပါဘူး။ ဒီလိုလုပ်ခဲ့ရင် ကလေးပြုတ်ကျနိုင် ခြေများပါတယ်။ ဒါ့အပြင် ကလေးရဲ့ခါးရိုးက ဖိအားသက်ရောက်မှုများပြီး ဒဏ် ဖြစ်နိုင်ပါတယ်။ သင်ရဲ့လက်တစ်ဖက်နဲ့ ခါးရိုးတစ်လျှောက်ကို ထိန်းပေးပြီး နောက်လက်တစ်ဖက်က ဇက်နေရာကိုထိန်းကာချီပါ။

ကလေးကို ကျောပေးချီခြင်း

ကလေးကို ကျောပေးပြီး ချီထားတာကလည်း မကောင်းပါဘူး။ သင့်အနေနဲ့ ကလေးကို ထိန်းထားနိုင်ဖို့ ခက်ခဲပါ တယ်။ ဒါအပြင် သူရဲ့နောက်ကျောရိုးနဲ့ ခြေထောက်တွေပေါ်မှာ ဒဏ်ပိနိုင်ပါ တယ်။ ကလေးချီကျောပိုးအိတ်ထဲထည့် ပြီးချီပိုးပုံမှားယွင်းတဲ့ပုံစံအတိုင်း ကလေးမှာ ထိခိုက်နိုင်ပါတယ်။

ကလေးငယ်ကို လက်ကောက်ဝတ်မှ ဆွဲခေါ် ခြင်း

ကလေးငယ်တွေကို ဆွဲခေါ်တဲ့နေရာမှာ သူတို့ရဲ့လက်ကောက်ဝတ်ကနေ ဘယ်တော့မှ ဆွဲမခေါ်ပါနဲ့။ ကလေးငယ်တွေရဲ့တံတောင်ဆစ်နေရာမှာ အဆစ်လွဲသွားနိုင်တာကြောင့်ပါ။ ဒီပြဿနာက ငါးနှစ်သားအရွယ်အထိ အဖြစ်များပါတယ်။ ကလေးအသက် ငါးနှစ်ရောက်လာတဲ့အခါမှာ သူတို့အရိုးက သန်မာသွားပြီဖြစ်တာကြောင့် ဒီလိုဆွဲခေါ်ရင်တောင် ကလေးမှာ ပြဿနာဖြစ်နိုင်ခြေနည်းသွားပါပြီ။

ဒေါက်တာခင်မိုးမိုး

Be the first to comment

Leave a Reply

Your email address will not be published.


*