သင့်မှာ လှပထူးချွန်ထက်မြက်ပြီး မိန်းကလေးချင်းတောင် အားကျရတဲ့ သူငယ်ချင်းမျိုး ရှိပါလိမ့်မယ်။ သူမအနေနဲ့ အချစ်ရေး အဆင်မပြေတာမျိုး၊ အိမ်ထောင်ဖက်နဲ့ အဆင်မပြေတာမျိုးကြောင့် စိတ်ညစ်နေရတဲ့အခါ သင်အံ့သြမိပါလိမ့်မယ်။
မဂ္ဂဇင်းတစ်ခုရဲ့ ကာဗာမှာ ရုပ်တည်တည်နဲ့ ဆက်ဆီကျနေသော မိန်းကလေးမျိုးထက် ပြုံးရယ်နေသော မိန်းကလေးမျိုးကို ပိုသဘောကျတတ်ကြသလိုမျိုးပဲ လက်တွေ့ဘဝမှာလည်း အမြဲစိတ်ညစ် ငြီးညူနေတတ်တဲ့ ကောင်မလေးတွေထက် ချိုသာပြုံးရွင်နေသော ကောင်မလေးတွေကိုသာ ကောင်လေးတွေ ပိုရွေးချယ်ချင် ကြပါတယ် …။
ချစ်သူ စဖြစ်ဖြစ်ချင်းမှာပင် လက်ထပ်ဖို့ကိစ္စကိုပဲ အမြဲ ရှေ့တန်းတင်နေသော မိန်းကလေးမျိုးကို တချို့သော ကောင်လေးတွေ ကြောက်ကြပါတယ် …။
ယောက်ျားနှင့် မိန်းမ ကွာခြားချက်ကတော့ ယောက်ျားတွေက စိတ်ကို ဖြောင့်ဖြောင့်ထားပြီးတွေးပေမယ့် မိန်းကလေးတွေကတော့ ဘာမဟုတ်တဲ့ ကိစ္စ တွေကို ချဲ့ကားတွေးတတ်ကြပါတယ်။ အချို့သောမိန်းကလေးတွေကတော့ တော်တော်ဆိုးဆိုးကို ပုံကြီးချဲ့ ပြသနာရှာတတ်တာကြောင့် ကောင်လေးတွေ စိတ်ပျက်ရခြင်းပဲ ဖြစ်ပါတယ် …။
Writer-Dr Jue ( XYZ News)
Unicode
အရမ်းချစ်ရသူဖြစ်နေရင်တောင်မှ ဒီလိုအချက်တွေ ရှိနေတဲ့မိန်းကလေးမျိုးတွေကို ယောက်ကျားလေးတွေက စွန့်ခွာသွားတတ်ပါတယ်
ဒီလိုအချက်တွေ ရှိနေတဲ့မိန်းကလေးတွေဆို ယောက်ကျားလေးတွေက စွန့်ခွာသွားတတ်ပါတယ်
သင့်မှာ လှပထူးချွန်ထက်မြက်ပြီး မိန်းကလေးချင်းတောင် အားကျရတဲ့ သူငယ်ချင်းမျိူး ရှိပါလိမ့်မယ်။ သူမအနေနဲ့ အချစ်ရေး အဆင်မပြေတာမျိူး၊ အိမ်ထောင်ဖက်နဲ့ အဆင်မပြေတာမျိူးကြောင့် စိတ်ညစ်နေရတဲ့အခါ သင်အံ့သြမိပါလိမ့်မယ်။
အရာရာ ပြည့်စုံသော်လည်း သူ့ကောင်လေးနဲ့သူ ဘာလို့ အဆင်မပြေရပါလိမ့်။ ယောကျ်ားလေးတွေ ရင်ဖွင့်ထားတဲ့ သူတို့ချစ်သူ ကောင်မလေးများအပေါ် စိတ်ပျက်ရတဲ့ အကြောင်းရင်းတွေကို စုစည်းတင်ပြ လိုက်ပါတယ် နော် …
(၁) အမြဲစိတ်ညစ်နေတတ်သော မိန်းကလေး
မဂ္ဂဇင်းတစ်ခုရဲ့ ကာဗာမှာ ရုပ်တည်တည်နဲ့ ဆက်ဆီကျနေသော မိန်းကလေးမျိူးထက် ပြုံးရယ်နေသော မိန်းကလေးမျိူးကို ပိုသဘောကျတတ်ကြသလိုမျိူးပဲ လက်တွေ့ဘဝမှာလည်း အမြဲစိတ်ညစ် ငြီးညူနေတတ်တဲ့ ကောင်မလေးတွေထက် ချိူသာပြုံးရွင်နေသော ကောင်မလေးတွေကိုသာ ကောင်လေးတွေ ပိုရွေးချယ်ချင် ကြပါတယ် …။
(၂) လက်ထပ်ဖို့အတွက် ဦးတည်လွန်းသော မိန်းကလေး
ချစ်သူ စဖြစ်ဖြစ်ချင်းမှာပင် လက်ထပ်ဖို့ကိစ္စကိုပဲ အမြဲ ရှေ့တန်းတင်နေသော မိန်းကလေးမျိူးကို တချိူ့သော ကောင်လေးတွေ ကြောက်ကြပါတယ် …။
(၃) ပုံကြီးချဲ့တတ်သော မိန်းကလေး
ယောကျ်ားနှင့် မိန်းမ ကွာခြားချက်ကတော့ ယောကျ်ားတွေက စိတ်ကို ဖြောင့်ဖြောင့်ထားပြီးတွေးပေမယ့် မိန်းကလေးတွေကတော့ ဘာမဟုတ်တဲ့ ကိစ္စ တွေကို ချဲ့ကားတွေးတတ်ကြပါတယ်။ အချိူ့သောမိန်းကလေးတွေကတော့ တော်တော်ဆိုးဆိုးကို ပုံကြီးချဲ့ ပြသနာရှာတတ်တာကြောင့် ကောင်လေးတွေ စိတ်ပျက်ရခြင်းပဲ ဖြစ်ပါတယ် …။
(၄) ဖြစ်ချင်တာတွေ များနေသော မိန်းကလေး
အချိူ့သောမိန်းကလေးတွေဟာ သူတို့ချစ်သူအပေါ် ဘာပေးနိုင်မလဲဆိုတာထက် ချစ်သူဆီက ဘာတွေ တောင်းဆိုရမလဲဆိုတာ ကိုသာ အမြဲ တွေးနေတတ်ကြပါတယ်။ ကြာလာတော့လည်း ဒီအချက်က အိမ်ထောင်ဖက်အဖြစ် ရွေးချယ်ဖို့ကို စဉ်းစားရ ကျပ်စေပါတယ် …။
(၅) အလှအပကို စိတ်မဝင်စားဘဲ ဖြစ်သလို နေသောမိန်းကလေး
အချိူ့မိန်းကလေးတွေဟာ အိမ်ထောင်သက်/ ချစ်သူသက် ကြာလာတာနှင့် အမျှ မိမိကိုယ်ကိုအလှအပ ပြင်ဆင်ခြင်း မရှိဘဲ ဖြစ်သလို နေတတ်ကြပါတယ်။ အနုစိတ် ခြယ်သနေဖို့ မလိုပေမယ့်လည်း သပ်သပ်ရပ်ရပ် တင့်တင့်တယ်တယ်တော့ နေထိုင် သင့်ပါတယ် …။
(၆) စိတ်ကူးယဉ်လွန်းသော မိန်းကလေး
စိတ်ကူးထဲက မင်းသားလေးလို ကိုယ့်ချစ်သူကို အမြဲတောင်းဆိုနေတတ်တဲ့ မိန်းကလေးများ ဖြစ်ပါတယ်။ အမြဲ ရိုမန်းတစ်ဆန်ဖို့ အမြဲဂရုစိုက်ပေးဖို့ ဆိုတာ လက်တွေ့ဘဝမှာ ခက်ခဲပါတယ် …။
(၇) အမြဲတမ်း သူသာလျှင် ဆုံးဖြတ်ချင်သော မိန်းကလေး
မိမိကိုယ်ကို ထက်မြက်ပြီး မှီခိုစိတ် ကင်းတယ်လို့ သတ်မှတ်ထားသော မိန်းကလေးများရှိပါတယ်။ ထိုမိန်းကလေး အများစုဟာ မည်သည့်ကိစ္စမှာ မဆို မိမိသာလျှင် ဆုံးဖြတ်ချင်ကြပြီး လက်တွဲဖော်ရဲ့ အကြံအစည်ကို အရာမသွင်းချင်ကြပါဘူး။ မည်သည့် ဆက်ဆံရေးမှာမဆို နှစ်ဦးနှစ်ဖက် တိုင်ပင်ဆွေးနွေးခြင်းဖြင့် ရေရှည်မှာ ပိုအဆင်ပြေမှာပဲ ဖြစ်ပါတယ်နော် …။ ။
Writer-Dr Jue ( XYZ News)
Be the first to comment
Leave a Reply
Your email address will not be published.
*