








Mabuk Ketum…

😱😱😱Wtf…

Publicado por 我们是马来西亚人 We are Malaysians en Miércoles, 6 de noviembre de 2019

Source: worldofbuzz

Unicode

အမြန်လမ်းမပေါ်မှာ ခြေထောက်နဲ့သာ စီယာတိုင်ကိုထိန်းပြီး Bus ကားကို မောင်းနှင်နေသည့်အပြင် မူးရူးနေခဲ့တဲ့ ကားဆရာ(ရုပ်သံ)

တစ်ခါတစ်လေ bus ကားတွေစီးရင် ကိုယ့်အသက်ကို လောင်ကြေးတင်ထားရသလိုပါပဲ ။ ခရီးသည်တွေ များများရဖို့ အလျင်အမြန်မောင်းရတာနဲ့ ၊ ငါးပိသိပ်ထားသလို ကျပ်ညှပ်နေအောင် စီးနေရတာနဲ့ စသဖြင့်ပေါ့ ။

သို့ပေမဲ့လည်း ခေတ်ကာလအရ တိုးတက်လားတဲ့ နည်းပညာတွေကြောင့် Bus ကားဆရာက မှားယွင်းခဲ့မယ်ဆိုရင် သူ့ရဲ့အပြစ်တွေကို ချပြပြီး တာဝန်ရှိသူတွေကို တိုင်ကြားလို့ရ နေပါပြီ။ ဒီတစ်ခေါက်မှာလည်း မလေးရှားနိုင်ငံကလို့ ယူဆရတဲ့ ကားဆရာဟာ bus ကားရဲ့ စီယာတိုင်ကို ခြေထောက်နဲ့သာ ထိုင်မောင်းနေပြီး သီချင်းအသံ အကျယ်ကြီးဖွင့်ကာ ကခုန်နေပြီး ကားမောင်းနေခဲ့လို့ သူ့ရဲ့video ကို အတော်လေး လူကြည့်များနေပြီး ဝေဖန်မှုမျိုးစုံ ရရှိနေလျက်ရှိပါတယ် ။

Video ရဲ့အစပိုင်းမှာတော့ bus ကာဆရာဟာ အနောက်ဖက်ထိုင်ခုံရှိ ဦးခေါင်းဖက်နားမှာ ထိုင်နေခဲ့ပြီး လက်ထဲမှာလည်း ဆေးလိပ်ကို ကိုင်ထားပြီး ဆေးလိပ်သောက်နေခဲ့တဲ့ အပြင် ခြေထောက်နှင့်သာ စီယာတိုင်ကို ထိန်းမောင်းပြီး အမြန်လမ်းမပေါ်မှာ အရှိန်နှင့် မောင်းနှင်နေခဲ့ပါတယ် ။

ထို့နောက် ထိုင်နေရာမှ မတ်တပ်ရပ်လာခဲ့ပြီး ညာဖက်ခြေထောက်နှင့်သာ ကားကို ထိန်းမောင်းပြီး လက်မှာလည်း ဂစ်တာတီးနေဟန်ဖြင့် သံစဉ်နောက်လိုက်ကာ ကနေခဲ့ပါတယ် ။ အဆိုပါ Video ကိုတော့ ဘေးကနေ လိုက်စီးနေခဲ့တဲ့ ခရီးသည်တစ်ဦးက ရိုက်ကူးပေးခဲ့ပုံ ရပါတယ် ။

အဆိုပါ Video ကို ကြည့်ရှုခဲ့ကြပြီးနောက် လူအများက ကိုယ့်အသက်ကို လောင်ကြေးထားပြီး အတော်လေးကို မူးရူးပြီး ၊ ကြွလွန်းတဲ့ကားဆရာ ဆိုပြီး မျိုးစုံ ပြောဆိုဝေဖန် ခဲ့ကြပါတယ် ။

ထို့အပြင် အချို့ကလည်း အဆိုပါ အဖြစ်အပျက်ဟာ အင်ဒိုနီးရှား နိုင်ငံမှာ ဖြစ်ပျက်ခဲ့တာ ဖြစ်ပြီး မလေးရှားနိုင်ငံမှာ ဖြစ်ပျက်ခဲ့တာ မဟုတ်ကြောင်းလည်း ပြောဆို ခဲ့ပါသေးတယ် ။

Source: worldofbuzz

Be the first to comment

Leave a Reply

Your email address will not be published.


*