ကိုယ့္ဘဝကို ျမတ္ႏိုးတန္ဖိုးထားတတ္ေအာင္ အသုဘပြဲက်င္းပၿပီး အေခါင္းထဲမွာ အိပ္စက္ခဲ့ၾကတဲ့ ကိုးရီးယားလူမ်ိဳးမ်ား

ကိုယ့္ဘဝကို ျမတ္ႏိုးတန္ဖိုးထားတတ္ေအာင္ အသုဘပြဲက်င္းပၿပီး အေခါင္းထဲမွာ အိပ္စက္ခဲ့ၾကတဲ့ ကိုးရီးယားလူမ်ိဳးမ်ား

ကိုယ့္ဘဝကို ျမတ္ႏိုးတန္ဖိုးထားတတ္ေအာင္ အသုဘပြဲက်င္းပၿပီး အေခါင္းထဲမွာ အိပ္စက္ခဲ့ၾကတဲ့ ကိုးရီးယားလူမ်ိဳးမ်ား

ကိုးရီးယားလူမ်ိဳးေတြဟာ K-pop, drama နဲ႔ ႐ုပ္ရွင္ေတြေၾကာင့္ ကမာၻေပၚမွာ သူတို႔ရဲ႕ႏိုင္ငံနဲ႔ ယဥ္ေက်းမႈေတြဟာ အေတာ္ေလးကို ေရပန္းစားလ်က္ ရွိေနပါတယ္။ သို႔ေပမဲ့လည္း တိုးတက္လာတာနဲ႔ အမွ် တစ္ဦးနဲ႔ တစ္ဦး ယွဥ္ၿပိဳင္လိုစိတ္ေတြမ်ားလာၿပီး ၊အႏိုင္ရယူလိုစိတ္ေတြလည္း မ်ားျပားလာခဲ့ကာ ေနာက္ဆုံး ကိုယ့္ဘဝအတြက္ေပ်ာ္႐ႊင္မႈေတြကိုပါေမ့ၿပီး ၊ အဆုံးသတ္မွာ ကိုယ့္ဘဝကိုယ္ အဆုံးစီရင္တဲ့အထိ ျဖစ္လာခဲ့ၾကပါတယ္ ။

ဒီတစ္ေခါက္ ေတာင္ကိုးရီးယားႏိုင္ငံ Soul ၿမိဳ႕မွာ ေခတ္စားေနတာကေတာ့ မတူညီတဲ့ နည္းလမ္းတစ္မ်ိဳးနဲ႔ စိတ္ေရာဂါကုသနည္းပါပဲ။ သတင္းအရင္းအျမစ္ အရ လူေပါင္း 25000 ေက်ာ္ေလာက္က ” living funeral” အစီအစဥ္မွာ ပါဝင္ဆင္ႏြဲၾကၿပီး ကိုယ့္ရဲ႕အသုဘပြဲကို ကိုယ္တိုင္ျပင္ဆင္ခဲ့ၾကပါတယ္ ။

အဆိုပါ လႈပ္ရွားမႈအစီအစဥ္မွာေတာ့ ဆယ္ေက်ာ္သက္ကေနစၿပီး ပင္ဆင္ယူၿပီးတဲ့အထိ အသက္အ႐ြယ္မ်ိဳးစုံ ပါဝင္ခဲ့ၾကၿပီး ၊ ပါဝင္ခဲ့ၾကသူေတြဟာ အသုဘဝတ္စုံမ်ားဝတ္ဆင္ၾကၿပီး ၊ အသုဘဓာတ္ပုံမ်ားလည္း ကိုယ္တိုင္႐ိုက္ယူခဲ့ၾကကာ ၊ ေနာက္ဆုံးေသတမ္းစာမ်ားကိုလည္း ေရးသားခဲ့ၾကၿပီးေနာက္ အေခါင္းထဲတြင္ 10 မိနစ္ခန႔္ အိပ္စက္ခဲ့ၾကပါတယ္ ။

Interview တစ္ခုမွာေတာ့ Choi Jin Kyu အမည္ရွိတဲ့ တကၠသိုလ္ေက်ာင္းသား တစ္ဦးဟာ အေခါင္းထဲမွာ 10မိနစ္ခန႔္ အိပ္စက္ခဲ့ၿပီးေနာက္ မလိုအပ္ပဲ အျခားသူေတြနဲ႔ လိုက္ၿပီး ယွဥ္ၿပိဳင္ေနမိၿပီး စိတ္ဖိစီးမႈေတြ တအားမ်ားလြန္းေနတဲ့ သူ႔ဘဝကို စၿပီးသတိထားမိခဲ့ေၾကာင္း ေျဖၾကားခဲ့ပါတယ္ ။

ယခုလႈပ္ရွားမႈ အစီအစဥ္ဟာ ကိုယ့္ကိုခ်စ္ၿပီး ျမတ္ႏႈိးတတ္ေအာင္ႏွင့္ ယခုလက္ရွိေပ်ာ္႐ႊင္ဖို႔ပို၍ အေရးႀကီးေၾကာင္းကို ျပသလိုေသာရည္႐ြယ္ခ်က္ျဖင့္ က်င္းပခဲ့တာျဖစ္ပါတယ္။ ထို႔ေၾကာင့္ လူအမ်ားစုဟာ ယခုပြဲေၾကာင့္ အေတာ္ေလးကိုအက်ိဳးေက်းဇူး ရရွိခဲ့ၾကေၾကာင္း Interview မွာ မ်ိဳးစုံးေျဖၾကားခဲ့ပါတယ္ ။

ထို႔အျပင္ ေတာင္ကိုးရီးယားႏိုင္ငံဟာ ကမာၻေပၚမွာ ကိုယ့္ကိုအဆုံးစီရင္မႈ အျမင့္ဆုံး ႏိုင္ငံတစ္ခုျဖစ္ေနခဲ့တဲ့ အတြက္ ယခုကဲ့သို႔ လႈပ္ေဆာင္ခ်က္က ေရွ႕ဆက္အေတာ္ေလးကို ေကာင္းက်ိဳး ရရွိႏိုင္ေၾကာင္း အခိုင္အမာ ေျပာဆိုခဲ့ၾကပါတယ္ ။

Source: worldofbuzz

Unicode

ကိုယ့်ဘဝကို မြတ်နိုးတန်ဖိုးထားတတ်အောင် အသုဘပွဲကျင်းပပြီး အခေါင်းထဲမှာ အိပ်စက်ခဲ့ကြတဲ့ ကိုးရီးယားလူမျိုးများ

ကိုးရီးယားလူမျိုးတွေဟာ K-pop, drama နဲ့ ရုပ်ရှင်တွေကြောင့် ကမ္ဘာပေါ်မှာ သူတို့ရဲ့နိုင်ငံနဲ့ ယဉ်ကျေးမှုတွေဟာ အတော်လေးကို ရေပန်းစားလျက် ရှိနေပါတယ်။ သို့ပေမဲ့လည်း တိုးတက်လာတာနဲ့ အမျှ တစ်ဦးနဲ့ တစ်ဦး ယှဉ်ပြိုင်လိုစိတ်တွေများလာပြီး ၊အနိုင်ရယူလိုစိတ်တွေလည်း များပြားလာခဲ့ကာ နောက်ဆုံး ကိုယ့်ဘဝအတွက်ပျော်ရွှင်မှုတွေကိုပါမေ့ပြီး ၊ အဆုံးသတ်မှာ ကိုယ့်ဘဝကိုယ် အဆုံးစီရင်တဲ့အထိ ဖြစ်လာခဲ့ကြပါတယ် ။

ဒီတစ်ခေါက် တောင်ကိုးရီးယားနိုင်ငံ Soul မြို့မှာ ခေတ်စားနေတာကတော့ မတူညီတဲ့ နည်းလမ်းတစ်မျိုးနဲ့ စိတ်ရောဂါကုသနည်းပါပဲ။ သတင်းအရင်းအမြစ် အရ လူပေါင်း 25000 ကျော်လောက်က ” living funeral” အစီအစဉ်မှာ ပါဝင်ဆင်နွဲကြပြီး ကိုယ့်ရဲ့အသုဘပွဲကို ကိုယ်တိုင်ပြင်ဆင်ခဲ့ကြပါတယ် ။

အဆိုပါ လှုပ်ရှားမှုအစီအစဉ်မှာတော့ ဆယ်ကျော်သက်ကနေစပြီး ပင်ဆင်ယူပြီးတဲ့အထိ အသက်အရွယ်မျိုးစုံ ပါဝင်ခဲ့ကြပြီး ၊ ပါဝင်ခဲ့ကြသူတွေဟာ အသုဘဝတ်စုံများဝတ်ဆင်ကြပြီး ၊ အသုဘဓာတ်ပုံများလည်း ကိုယ်တိုင်ရိုက်ယူခဲ့ကြကာ ၊ နောက်ဆုံးသေတမ်းစာများကိုလည်း ရေးသားခဲ့ကြပြီးနောက် အခေါင်းထဲတွင် 10 မိနစ်ခန့် အိပ်စက်ခဲ့ကြပါတယ် ။

Interview တစ်ခုမှာတော့ Choi Jin Kyu အမည်ရှိတဲ့ တက္ကသိုလ်ကျောင်းသား တစ်ဦးဟာ အခေါင်းထဲမှာ 10မိနစ်ခန့် အိပ်စက်ခဲ့ပြီးနောက် မလိုအပ်ပဲ အခြားသူတွေနဲ့ လိုက်ပြီး ယှဉ်ပြိုင်နေမိပြီး စိတ်ဖိစီးမှုတွေ တအားများလွန်းနေတဲ့ သူ့ဘဝကို စပြီးသတိထားမိခဲ့ကြောင်း ဖြေကြားခဲ့ပါတယ် ။

ယခုလှုပ်ရှားမှု အစီအစဉ်ဟာ ကိုယ့်ကိုချစ်ပြီး မြတ်နှိုးတတ်အောင်နှင့် ယခုလက်ရှိပျော်ရွှင်ဖို့ပို၍ အရေးကြီးကြောင်းကို ပြသလိုသောရည်ရွယ်ချက်ဖြင့် ကျင်းပခဲ့တာဖြစ်ပါတယ်။ ထို့ကြောင့် လူအများစုဟာ ယခုပွဲကြောင့် အတော်လေးကိုအကျိုးကျေးဇူး ရရှိခဲ့ကြကြောင်း Interview မှာ မျိုးစုံးဖြေကြားခဲ့ပါတယ် ။

ထို့အပြင် တောင်ကိုးရီးယားနိုင်ငံဟာ ကမ္ဘာပေါ်မှာ ကိုယ့်ကိုအဆုံးစီရင်မှု အမြင့်ဆုံး နိုင်ငံတစ်ခုဖြစ်နေခဲ့တဲ့ အတွက် ယခုကဲ့သို့ လှုပ်ဆောင်ချက်က ရှေ့ဆက်အတော်လေးကို ကောင်းကျိုး ရရှိနိုင်ကြောင်း အခိုင်အမာ ပြောဆိုခဲ့ကြပါတယ် ။

Source: worldofbuzz

Be the first to comment

Leave a Reply

Your email address will not be published.


*