








Unicode

နယူးယောက်မြို့လယ်ခေါင် မှာ ဆွမ်းခံကြွတဲ့ ရဟန်း ၂ ပါးနဲ့ ဆွမ်းလှူ ခဲ့တဲ့ နိုင်ငံခြားသူလေးတို့ရဲ့ စိတ်အေးချမ်းဖွယ် မြင်ကွင်း

ဗုဒ္ဓဘာသာ ထွန်းကားတဲ့ နိုင်ငံတွေက အာရှမှာပဲ ရှိတာပါ…ဒါပေမဲ့ ခု နောက်ပိုင်း မှာတော့ ကမ္ဘာတစ်လွှားက ဗုဒ္ဓဘာသာသို့ ဝင်ရောက်သူတွေ များပြားလာ သလို သာသနာဟာလည်း ဥရောပ အမေရိက အာဖရိက ထိ ပြန့်နှံ့လာတာ လူမှုကွန်ရက် စာမျက်နှာတွေပေါ်မှာ သတင်းတွေ ဖတ်ရမှာပါ…

ခုလည်းပဲ အမေရိကန်မှာ နိုင်ငံခြားသား ရဟန်း ၂ ပါး နယူးယောက်မြို့လယ်မှာ ဆွမ်းခံကြွ နေတဲ့ ပုံရိပ်လေးတွေ လူ မှု ကွန်ရက် မှာ ခုလို ပြန့်နေပါတယ်

“နယူးယောက် မြို့လယ် မှာ ရဟန်းတော်နှစ်ပါး ဆွမ်းခံကြွ သလို ဆွမ်းလောင်း တဲ့ သူတွေက လည်း အသီးအရွက်စိမ်းနဲ့ မုန့်တွေ လောင်းလှူ ကြပါတယ်။

အဲဒီလို ဆွမ်းခံရင်း ရဟန်းတော် နှစ်ပါး ကလည်း ဆွမ်းဘုန်းပေး ချိန် နီးလေတော့ မုန့်ပဲ သရေစာကို ဆွမ်းအမှတ်နဲ့ သုံးဆောင် မ လို့ လုပ်နေတုန်း ဗုဒ္ဓဘာသာအ ကြောင်း နားလည်တဲ့ ဗုဒ္ဓ ဘာသာဝင် တကာမလေး တစ် ယောက် က အလျင် အမြန် ပြေးလာပြီး လျှောက်သတဲ့။ အရှင်ဘုရားတို့ တပည့်တော်မ ဆွမ်းကပ်ပါမယ် ဘုရား ဆိုပြီး

နီး စပ်ရာ ဆိုင်က ဆွမ်းဝယ်ပြီး ကပ် တာတဲ့ အလှူ ရှင်မလေး ၏ သဒ္ဓါတရား နှင့် ဘာသာ တရား အပေါ် နားလည်မှုက အံ့သြလောက်ပါရဲ့ ဆိုပြီး ကြည်နူးဖွယ်တွေ့ရှိရတာပါ

ခုလို အမေရိကန်က နယူးယောက်လို မြို့မှာ ဗုဒ္ဓသာသနာ ပြန့်ပွားလာတာ ဖြစ်ပြီး ပရိသတ်ကြီးတို့လည်း ဒကာမလေးရဲ့ အလှူကို သာဓု ခေါ်နိုင်အောင် ပြန်လည် မျှဝေ ပေးလိုက်ပါတယ် နော်…

Be the first to comment

Leave a Reply

Your email address will not be published.


*