တစ္ခါမွ ခ်စ္သူရည္းစား မထားခဲ့ဖူးတဲ့ မိန္းကေလးမွန္း သိသာေစတဲ့ အခ်က္မ်ား

တစ္ခါမွ ခ်စ္သူရည္းစား မထားခဲ့ဖူးတဲ့ မိန္းကေလးမွန္း သိသာေစတဲ့ အခ်က္မ်ား

တစ္ခါမွ ခ်စ္သူရည္းစား မထားခဲ့ဖူးတဲ့ မိန္းကေလးမွန္း သိသာေစတဲ့ အခ်က္မ်ား

လူတိုင္းနီးပါးဟာ ဆယ္ေက်ာ္သက္အ႐ြယ္မွာ အနည္းဆုံးတစ္ႀကိမ္တစ္ခါေလာက္ေတာ့ ခ်စ္ခဲ့ဖူးၾက၊ ရင္ခုန္ခဲ့ဖူးၾကၿပီး ခ်စ္သူရည္းစားေတာ့ ထားခဲ့ဖူးၾကမွာပါ။ ဒါေပမယ့္လည္း အသက္ ၂၀ ေက်ာ္အ႐ြယ္ေတြ ေရာက္ရွိခ်ိန္မွာေတာင္မွ ခ်စ္သူရည္းစားရယ္လို႔ အတည္တက်မထားခဲ့ဖူးသူဆိုတာလည္း ရွိပါေသးတယ္။

အခုတစ္ေခါက္တင္ဆက္ေဖာ္ျပေပးခ်င္တာကေတာ့ ေတာင္ကိုရီးယားႏိုင္ငံရဲ႕ နာမည္ႀကီး သတင္းဌာနတစ္ခုျဖစ္တဲ့ Dispatch ကေနၿပီးေတာ့ စစ္တမ္းေကာက္ယူထားတဲ့အခ်က္ေတြျဖစ္ၿပီး ဒီအခ်က္ေတြဟာဆိုရင္

သင့္ကို တစ္ခါမွ ခ်စ္သူရည္းစား မထားခဲ့ဖူးတဲ့ မိန္းကေလးမွန္း သိသာေစတယ္လို႔ ဆိုပါတယ္။ ဒီလိုဆိုရင္ သင္နဲ႔ ဒီအခ်က္ေတြနဲ႔ ကိုက္ညီေနသလားဆိုတာကို ဆက္လက္ရႈစားၾကည့္လိုက္ၾကရေအာင္။

ခံစားခ်က္အစစ္အမွန္ကို မေဖာ္ျပတတ္ျခင္း

တကယ္လို႔မ်ား သင္ဟာ တစ္စုံတစ္ေယာက္အေပၚမွာ သာမန္ထက္ပိုတဲ့ ခံစားခ်က္ရွိတယ္ဆိုပါစို႔။ အဲဒီရွိေနတဲ့ ခံစားခ်က္ကို မေဖာ္ျပတတ္ဘူးဆိုရင္ေတာ့ ေရွ႕ဆက္ဖို႔အတြက္က ဘယ္လိုမွာမျဖစ္ႏိုင္ပါဘူးေနာ္။ သင့္ကိုယ္သင္ေတာ့ သူ သိေအာင္ အရိပ္အေယာင္ျပလိုက္တယ္လို႔ ထင္ေနေပမယ့္ တကယ္တမ္းမွာေတာ့ အဲဒါေတြဟာ သင့္ရဲ႕အေတြးသပ္သပ္သာျဖစ္ပါတယ္။

လုပ္ရပ္ အေသးအမႊားေလးေတြအေပၚမွာေတာင္မွ အဓိပၸာယ္ေကာက္ယူျခင္း။

တစ္ခါတစ္ေလမွာ သူ ျပဳမူလိုက္တဲ့ လုပ္ရပ္ေသးေသးမႊားမႊားေလးေတြအေပၚမွာ လိုက္လံၿပီးအဓိပၸာယ္ေကာက္ယူတာကလည္း သင့္ကို ရည္းစားတစ္ခါမွမထားခဲ့ဖူးတဲ့သူမွန္း သိသာေစပါတယ္တဲ့။

အလြယ္တကူ အရႈံးေပးျခင္း။

တကယ္လို႔မ်ား သင္ တစ္ဖက္သတ္ႀကိဳက္ႏွစ္သက္ေနတဲ့သူကို တျခားမိန္းကေလးတစ္ေယာက္နဲ႔ တြဲျမင္လိုက္တာနဲ႔ သင့္ရဲ႕တစ္ဖက္သတ္အခ်စ္ဇာတ္လမ္းကို ၿပီးဆုံးသြားၿပီလို႔ထင္မွတ္ၿပီး အရႈံးေပးလိုက္တာမ်ိဳးကလည္း သင့္ကို ရည္းစားတစ္ခါမွ မထားခဲ့ဖူးတဲ့သူမွန္း သိသာေစတယ္လို႔ ေဖာ္ျပထားပါတယ္။

ထိပ္တိုက္မရင္ဆိုင္လိုျခင္း။

ႀကိတ္ေႂကြေနရတဲ့သူကို တိတ္တခိုးေခ်ာင္းၾကည့္ရတာကိုပဲ ရင္ခုန္တဲ့ သင္ဟာ သူ႔ကို ထိပ္တိုက္ရင္ဆိုင္ၿပီး စကားမေျပာရဲတာကလည္း တစ္ႀကိမ္တစ္ခါမွ ေယာက်ာ္းေလးတစ္ေယာက္နဲ႔ အၾကည့္ခ်င္းမဆုံခဲ့ဖူးတဲ့သူမွန္း သိသာတယ္လို႔ စစ္တမ္းေကာက္ယူခ်က္ေတြအရ ေဖာ္ျပထားတာကို ေတြ႕ရပါတယ္။

ကံၾကမၼာကို လုံးဝယုံၾကည္ျခင္း။

တစ္ဖက္သတ္ႀကိတ္ၿပီး ေႂကြေနရတဲ့ ေကာင္ေလးက လာၿပီးခ်စ္စကားေျပာတယ္ဆိုတာဟာ ကိုရီးယားဇာတ္ကားေတြမွာပဲ ေတြ႕ရတဲ့ဇာတ္ကြက္ေတြျဖစ္ပါတယ္။ တကယ္လို႔မ်ား သင္ဟာ ဇာတ္ကားေတြထဲကအတိုင္း

ကံၾကမၼာအရ သင္ႀကိဳက္ေနတဲ့ေကာင္ေလးက သင့္ကို ခ်စ္စကားလာေျပာတာကို ေစာင့္ဆိုင္းေနတယ္ဆိုရင္ေတာ့ သင္တို႔ ၂ ေယာက္ရဲ႕ ဇာတ္လမ္းက ဘယ္လိုမွ ေရွ႕ဆက္ျဖစ္မွာ မဟုတ္ပါဘူး။

ကိုယ့္ကိုယ္ကို ယုံၾကည္မႈနည္းပါးျခင္း။

တစ္ခါတစ္ေလမွာ ႀကိတ္ၿပီးေႂကြေနတဲ့သူကိုေျပာင္းၿပီး ေနာက္တစ္ေယာက္ကို ႏွစ္သက္သေဘာက်တာက သင့္အေနနဲ႔ ခက္ခဲေကာင္းခက္ခဲမိပါလိမ့္မယ္။ အဲဒီလိုျဖစ္ရတဲ့အေၾကာင္းကေတာ့

ဒီတစ္ေယာက္က လြဲၿပီး ေနာက္တစ္ေယာက္ကို ေျပာင္းၿပီးႀကိဳက္ဖို႔ဆိုတာ သင့္အတြက္ မျဖစ္ႏိုင္ဘူးဆိုၿပီး သင့္ရဲ႕အေတြးထဲမွာ ေတြးမိေနတာေၾကာင့္ျဖစ္ပါတယ္။ ဒါဟာ သင့္ကိုယ္သင္ ယုံၾကည္မႈနည္းပါးတယ္ဆိုတဲ့ သေဘာပါပဲ။

ဂ႐ုမစိုက္တတ္ျခင္း။

ခ်စ္သူရည္းစားမထားခဲ့ဖူးတဲ့သူတစ္ေယာက္ဆိုတာကို သိသာေစတဲ့ေနာက္ထပ္တစ္ခ်က္ကေတာ့ ဂ႐ုမစိုက္တတ္တဲ့အခ်က္ပဲ ျဖစ္ပါတယ္။ ဂ႐ုမစိုက္တတ္ဘူးလို႔ဆိုရာမွာ ပတ္ဝန္းက်င္ကိုမဟုတ္ပဲ သင့္အနားမွာ ဘယ္သူမွာမရွိလည္း အဆင္ေျပတယ္၊ စိတ္အားငယ္ေနခ်ိန္မွာ တစ္ေယာက္တည္းလည္း ေနတတ္တယ္ဆိုတဲ့ပုံစံမ်ိဳးျဖစ္တယ္လို႔ ေဖာ္ျပထားပါတယ္။

ဘယ္ေတာ့မွ အဆင္သင့္မျဖစ္ျခင္း။

တကယ္လို႔မ်ား တစ္စုံတစ္ေယာက္က သင့္ကို ခ်စ္ေရးဆိုလာၿပီဆိုပါစို႔။ အဲဒီအခ်ိန္မွာ သင့္အေနနဲ႔ “ငါ အဆင္သင့္မျဖစ္ေသးလို႔ပါ” ဆိုတဲ့အေၾကာင္းျပခ်က္နဲ႔ အခ်ိန္ဆြဲထားမယ္ဆိုရင္လည္း အခ်ိန္ေတြသာတစ္ႏွစ္ၿပီးတစ္ႏွစ္ ကုန္သြားကာ သင္ကေတာ့ ခ်စ္သူရည္းစားရရွိလိုက္မွာမဟုတ္ပါဘူး။

အခြင့္အေရးေတြကို လက္လႊတ္တတ္ျခင္း။

တစ္ခါတစ္ေလမွာ သင့္ကို စိတ္ဝင္စားတဲ့ေကာင္ေလးက ခ်ဥ္းကပ္လာတဲ့အခါမ်ိဳးမွာ သင္က အခြင့္အေရးကို ဘယ္လိုအသုံးခ်ရမယ္ဆိုတာကိုမသိပဲ ခ်ီတုံခ်တုံျဖစ္ေနတာကလည္း သင့္ကို ရည္းစားမထားဖူးေသးတဲ့ ေကာင္မေလးတစ္ေယာက္မွန္း သိသာေစတဲ့ အခ်က္တစ္ခ်က္ျဖစ္ပါတယ္။

ေဘးနားမွာရွိတဲ့ သူငယ္ခ်င္းေတြကလည္း Single ေတြပဲျဖစ္ျခင္း။

တကယ္လို႔ သင့္ေဘးမွာ သင္နဲ႔အလားတူ သူငယ္ခ်င္းမ်ိဳးေတြရွိေနၿပီဆိုရင္လည္း ဒါဟာ သင္တို႔အေနနဲ႔ ရည္းစားမထားခဲ့ဖူးၾကတဲ့သူေတြျဖစ္တယ္ဆိုတာကို ေဖာ္ျပေနတယ္လို႔ ဆိုထားပါတယ္။

မိမိကိုယ္ကိုယ္ကို မလွဘူးလို႔ ထင္မွတ္ျခင္း။

လူတိုင္းမွာ အလွကိုယ္စီရွိတယ္ဆိုတဲ့စကားက အလကားမဟုတ္ပါဘူး။ ဒီအလွကို ေပၚလြင္ေအာင္ျပဳျပင္ဖို႔ပဲ လိုအပ္တာပါ။ တကယ္လို႔ သင္ဟာ မွန္ၾကည့္ၿပီး သင့္ကိုယ္သင္ အားငယ္ေနမယ္ဆိုရင္ သင့္ရဲ႕အခ်စ္ေရးက ထင္သေလာက္ေပါက္ရာက္မွာ မဟုတ္ပါဘူး။

ေအာင္သြယ္ေတာ္လုပ္ရတာကို ဝါႆနာပါျခင္း။

မိမိကိုယ္တိုင္က အခ်စ္ေရးနဲ႔ပတ္သတ္ၿပီး အေတြ႕အႀကဳံမရွိေသာ္ျငားလည္း သူမ်ားေတြကို ေအာင္သြယ္ေတာ္လုပ္ေပးရတာကို စိတ္အားထက္သန္တယ္ဆိုတာကလလည္း သင္ဟာ ရည္းစားမထားခဲ့ဖူးသူဆိုတာကို သိသာတယ္လို႔ ဆိုပါတယ္။ အခုေဖာ္ျပေပးခဲ့တဲ့ အခ်က္ေတြနဲ႔ သင္နဲ႔ ဘယ္အခ်က္နဲ႔ကမ်ား ကိုက္ညီေနပါသလဲ။

Unicode

တစ်ခါမှ ချစ်သူရည်းစား မထားခဲ့ဖူးတဲ့ မိန်းကလေးမှန်း သိသာစေတဲ့ အချက်များ

လူတိုင်းနီးပါးဟာ ဆယ်ကျော်သက်အရွယ်မှာ အနည်းဆုံးတစ်ကြိမ်တစ်ခါလောက်တော့ ချစ်ခဲ့ဖူးကြ၊ ရင်ခုန်ခဲ့ဖူးကြပြီး ချစ်သူရည်းစားတော့ ထားခဲ့ဖူးကြမှာပါ။ ဒါပေမယ့်လည်း အသက် ၂၀ ကျော်အရွယ်တွေ ရောက်ရှိချိန်မှာတောင်မှ ချစ်သူရည်းစားရယ်လို့ အတည်တကျမထားခဲ့ဖူးသူဆိုတာလည်း ရှိပါသေးတယ်။

အခုတစ်ခေါက်တင်ဆက်ဖော်ပြပေးချင်တာကတော့ တောင်ကိုရီးယားနိုင်ငံရဲ့ နာမည်ကြီး သတင်းဌာနတစ်ခုဖြစ်တဲ့ Dispatch ကနေပြီးတော့ စစ်တမ်းကောက်ယူထားတဲ့အချက်တွေဖြစ်ပြီး ဒီအချက်တွေဟာဆိုရင်

သင့်ကို တစ်ခါမှ ချစ်သူရည်းစား မထားခဲ့ဖူးတဲ့ မိန်းကလေးမှန်း သိသာစေတယ်လို့ ဆိုပါတယ်။ ဒီလိုဆိုရင် သင်နဲ့ ဒီအချက်တွေနဲ့ ကိုက်ညီနေသလားဆိုတာကို ဆက်လက်ရှုစားကြည့်လိုက်ကြရအောင်။

ခံစားချက်အစစ်အမှန်ကို မဖော်ပြတတ်ခြင်း

တကယ်လို့များ သင်ဟာ တစ်စုံတစ်ယောက်အပေါ်မှာ သာမန်ထက်ပိုတဲ့ ခံစားချက်ရှိတယ်ဆိုပါစို့။ အဲဒီရှိနေတဲ့ ခံစားချက်ကို မဖော်ပြတတ်ဘူးဆိုရင်တော့ ရှေ့ဆက်ဖို့အတွက်က ဘယ်လိုမှာမဖြစ်နိုင်ပါဘူးနော်။ သင့်ကိုယ်သင်တော့ သူ သိအောင် အရိပ်အယောင်ပြလိုက်တယ်လို့ ထင်နေပေမယ့် တကယ်တမ်းမှာတော့ အဲဒါတွေဟာ သင့်ရဲ့အတွေးသပ်သပ်သာဖြစ်ပါတယ်။

လုပ်ရပ် အသေးအမွှားလေးတွေအပေါ်မှာတောင်မှ အဓိပ္ပာယ်ကောက်ယူခြင်း။

တစ်ခါတစ်လေမှာ သူ ပြုမူလိုက်တဲ့ လုပ်ရပ်သေးသေးမွှားမွှားလေးတွေအပေါ်မှာ လိုက်လံပြီးအဓိပ္ပာယ်ကောက်ယူတာကလည်း သင့်ကို ရည်းစားတစ်ခါမှမထားခဲ့ဖူးတဲ့သူမှန်း သိသာစေပါတယ်တဲ့။

အလွယ်တကူ အရှုံးပေးခြင်း။

တကယ်လို့များ သင် တစ်ဖက်သတ်ကြိုက်နှစ်သက်နေတဲ့သူကို တခြားမိန်းကလေးတစ်ယောက်နဲ့ တွဲမြင်လိုက်တာနဲ့ သင့်ရဲ့တစ်ဖက်သတ်အချစ်ဇာတ်လမ်းကို ပြီးဆုံးသွားပြီလို့ထင်မှတ်ပြီး အရှုံးပေးလိုက်တာမျိုးကလည်း သင့်ကို ရည်းစားတစ်ခါမှ မထားခဲ့ဖူးတဲ့သူမှန်း သိသာစေတယ်လို့ ဖော်ပြထားပါတယ်။

ထိပ်တိုက်မရင်ဆိုင်လိုခြင်း။

ကြိတ်ကြွေနေရတဲ့သူကို တိတ်တခိုးချောင်းကြည့်ရတာကိုပဲ ရင်ခုန်တဲ့ သင်ဟာ သူ့ကို ထိပ်တိုက်ရင်ဆိုင်ပြီး စကားမပြောရဲတာကလည်း တစ်ကြိမ်တစ်ခါမှ ယောကျာ်းလေးတစ်ယောက်နဲ့ အကြည့်ချင်းမဆုံခဲ့ဖူးတဲ့သူမှန်း သိသာတယ်လို့ စစ်တမ်းကောက်ယူချက်တွေအရ ဖော်ပြထားတာကို တွေ့ရပါတယ်။

ကံကြမ္မာကို လုံးဝယုံကြည်ခြင်း။

တစ်ဖက်သတ်ကြိတ်ပြီး ကြွေနေရတဲ့ ကောင်လေးက လာပြီးချစ်စကားပြောတယ်ဆိုတာဟာ ကိုရီးယားဇာတ်ကားတွေမှာပဲ တွေ့ရတဲ့ဇာတ်ကွက်တွေဖြစ်ပါတယ်။ တကယ်လို့များ သင်ဟာ ဇာတ်ကားတွေထဲကအတိုင်း

ကံကြမ္မာအရ သင်ကြိုက်နေတဲ့ကောင်လေးက သင့်ကို ချစ်စကားလာပြောတာကို စောင့်ဆိုင်းနေတယ်ဆိုရင်တော့ သင်တို့ ၂ ယောက်ရဲ့ ဇာတ်လမ်းက ဘယ်လိုမှ ရှေ့ဆက်ဖြစ်မှာ မဟုတ်ပါဘူး။

ကိုယ့်ကိုယ်ကို ယုံကြည်မှုနည်းပါးခြင်း။

တစ်ခါတစ်လေမှာ ကြိတ်ပြီးကြွေနေတဲ့သူကိုပြောင်းပြီး နောက်တစ်ယောက်ကို နှစ်သက်သဘောကျတာက သင့်အနေနဲ့ ခက်ခဲကောင်းခက်ခဲမိပါလိမ့်မယ်။ အဲဒီလိုဖြစ်ရတဲ့အကြောင်းကတော့

ဒီတစ်ယောက်က လွဲပြီး နောက်တစ်ယောက်ကို ပြောင်းပြီးကြိုက်ဖို့ဆိုတာ သင့်အတွက် မဖြစ်နိုင်ဘူးဆိုပြီး သင့်ရဲ့အတွေးထဲမှာ တွေးမိနေတာကြောင့်ဖြစ်ပါတယ်။ ဒါဟာ သင့်ကိုယ်သင် ယုံကြည်မှုနည်းပါးတယ်ဆိုတဲ့ သဘောပါပဲ။

ဂရုမစိုက်တတ်ခြင်း။

ချစ်သူရည်းစားမထားခဲ့ဖူးတဲ့သူတစ်ယောက်ဆိုတာကို သိသာစေတဲ့နောက်ထပ်တစ်ချက်ကတော့ ဂရုမစိုက်တတ်တဲ့အချက်ပဲ ဖြစ်ပါတယ်။ ဂရုမစိုက်တတ်ဘူးလို့ဆိုရာမှာ ပတ်ဝန်းကျင်ကိုမဟုတ်ပဲ သင့်အနားမှာ ဘယ်သူမှာမရှိလည်း အဆင်ပြေတယ်၊ စိတ်အားငယ်နေချိန်မှာ တစ်ယောက်တည်းလည်း နေတတ်တယ်ဆိုတဲ့ပုံစံမျိုးဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ဘယ်တော့မှ အဆင်သင့်မဖြစ်ခြင်း။

တကယ်လို့များ တစ်စုံတစ်ယောက်က သင့်ကို ချစ်ရေးဆိုလာပြီဆိုပါစို့။ အဲဒီအချိန်မှာ သင့်အနေနဲ့ “ငါ အဆင်သင့်မဖြစ်သေးလို့ပါ” ဆိုတဲ့အကြောင်းပြချက်နဲ့ အချိန်ဆွဲထားမယ်ဆိုရင်လည်း အချိန်တွေသာတစ်နှစ်ပြီးတစ်နှစ် ကုန်သွားကာ သင်ကတော့ ချစ်သူရည်းစားရရှိလိုက်မှာမဟုတ်ပါဘူး။

အခွင့်အရေးတွေကို လက်လွှတ်တတ်ခြင်း။

တစ်ခါတစ်လေမှာ သင့်ကို စိတ်ဝင်စားတဲ့ကောင်လေးက ချဉ်းကပ်လာတဲ့အခါမျိုးမှာ သင်က အခွင့်အရေးကို ဘယ်လိုအသုံးချရမယ်ဆိုတာကိုမသိပဲ ချီတုံချတုံဖြစ်နေတာကလည်း သင့်ကို ရည်းစားမထားဖူးသေးတဲ့ ကောင်မလေးတစ်ယောက်မှန်း သိသာစေတဲ့ အချက်တစ်ချက်ဖြစ်ပါတယ်။

ဘေးနားမှာရှိတဲ့ သူငယ်ချင်းတွေကလည်း Single တွေပဲဖြစ်ခြင်း။

တကယ်လို့ သင့်ဘေးမှာ သင်နဲ့အလားတူ သူငယ်ချင်းမျိုးတွေရှိနေပြီဆိုရင်လည်း ဒါဟာ သင်တို့အနေနဲ့ ရည်းစားမထားခဲ့ဖူးကြတဲ့သူတွေဖြစ်တယ်ဆိုတာကို ဖော်ပြနေတယ်လို့ ဆိုထားပါတယ်။

မိမိကိုယ်ကိုယ်ကို မလှဘူးလို့ ထင်မှတ်ခြင်း။

လူတိုင်းမှာ အလှကိုယ်စီရှိတယ်ဆိုတဲ့စကားက အလကားမဟုတ်ပါဘူး။ ဒီအလှကို ပေါ်လွင်အောင်ပြုပြင်ဖို့ပဲ လိုအပ်တာပါ။ တကယ်လို့ သင်ဟာ မှန်ကြည့်ပြီး သင့်ကိုယ်သင် အားငယ်နေမယ်ဆိုရင် သင့်ရဲ့အချစ်ရေးက ထင်သလောက်ပေါက်ရာက်မှာ မဟုတ်ပါဘူး။

အောင်သွယ်တော်လုပ်ရတာကို ဝါဿနာပါခြင်း။

မိမိကိုယ်တိုင်က အချစ်ရေးနဲ့ပတ်သတ်ပြီး အတွေ့အကြုံမရှိသော်ငြားလည်း သူများတွေကို အောင်သွယ်တော်လုပ်ပေးရတာကို စိတ်အားထက်သန်တယ်ဆိုတာကလလည်း သင်ဟာ ရည်းစားမထားခဲ့ဖူးသူဆိုတာကို သိသာတယ်လို့ ဆိုပါတယ်။ အခုဖော်ပြပေးခဲ့တဲ့ အချက်တွေနဲ့ သင်နဲ့ ဘယ်အချက်နဲ့ကများ ကိုက်ညီနေပါသလဲ။

Be the first to comment

Leave a Reply

Your email address will not be published.


*