











Unicode

တစ်နာရီကို ၂၀မိုင်မှ ၃၅မိုင် ထိ လေပြင်းများ တိုက်ခိုက်နိုင်ပါသဖြင့် မီးဘေးသတိထားရန် ဒေသများ … အရမ်းအရေးကြိးလို့ အများသိအောင် အမြန်ရှယ်ပေးကြပါ

၂၀၂၀ ဖေဖော်ဝါရီလ ၁၈ရက်နေ့တွင် ရန်ကုန်တိုင်း ပဲခူးတိုင်း မကွေးတိုင်း မန္တလေးတိုင်း စစ်ကိုင်းတိုင်းအောက်ပိုင်း ရှမ်းပြည်နယ်မြောက်ပိုင်း ရှမ်းပြည်နယ်တောင်ပိုင်းတို့တွင် လေပြင်းတိုက်ခတ်နိုင်ပါတယ်….

ရန်ကုန်တိုင်းတွင် တစ်နာရီ ၁၅မိုင်မှ ၂၀မိုင် ပဲခူး ညောင်လေးပင် ဒိုက်ဦး ပြွန်တန်ဆာ သာယာဝတီ အုတ်ဖို ကြိုပင်ကောက် လက်ပန်တန်း ပုတီးကုန်း သဲကုန်း ဇီးကုန်း အင်းမ ရွှေတောင် ပြည် အောင်လံ သရက် မြို့များတွင် ….

တစ်နာရီ ၂၀မိုင်မှ ၂၅မိုင် ဖြူး ဇေယျဝတီ အုတ်တွင်း တောင်ငူ ဆွာ ရေတာရှည် သာဂရ မြိုလှ အေလာ လယ်ဝေး နေပြည်တော် ပျဉ်းမနားရေဆင်း တပ်ကုန်း ပျော်ဖွယ် ရမည်းသင်း သာစည် မလှိုင် ကျောက်ပန်းတောင်း မြင်းခြံ တောင်သာ ညောင်ဦး ….

ပခုက္ကူ ရေစကြို ချောက် ရေနံချောင်း မကွေး တောင်တွင်းကြီးမြို့များတွင် တစ်နာရီ ၂၅မိုင်မှ ၃၀မိုင်အထိ တိုက်ခတ်နိုင်ပါတယ်….ပုလဲ ယင်းမာပင် ဆားလင်းကြီး မုံရွာ ချောင်းဦး မြောင် မြင်းမူ စစ်ကိုင်း ဆားတောင် ရွှေဘို အရာတော် ဝက်လက် လှတော ရေဦး ခင်ဦး ကျောက်မြောင်းမြို့တို့တွင် …

တစ်နာရီ ၂၀မိုင်မှ မိုင်၂၅မိုင် မြစ်သား ကူမဲ ဝမ်းတွင်း ကျောက်ဆည် မန္တလေး မတ္တရာ စဉ့်ကူး တစ်နာရီ ၂၅မိုင်မှ ၃၀မိုင် ရွာငံ ပင်းတယ ကလော အောင်ပန်း ပင်လောင်း ရွှေညောင် ညောင်ရွှေ အင်းလေး တောင်ကြီး လဲချာမြိုးများ တစ်နာရီ ၃၀မိုင်မှ ၄၀မိုင်အထိ တိုက်ခတ်နိုင်ပါတယ် ။

မိုးကုတ် သပိတ်ကျင်း ဝါးဖြူတောင် ထီးချိုင့်မြို့တို့တွင် တစ်နာရီ ၃၀မိုင်မှ ၃၅မိုင် ပြင်ဦးလွင် နောင်ချို နမ္မတူ ဂုတ်တွင်း ကျောက်မဲ လားရှိုး သီပေါ တစ်နာရီ ၂၅မိုင်မှ ၃၀မိုင် အထိတိုက်ခတ်နိုင်ပါတယ်။

ပင်းတယ ရွာငံဒေသကတော့ လေတိုက်နှုန်းအမြင့်ဆုံးပါပဲ မိမိဒေသအထူးသတိပြုကြပါလို့ သတိပေးနိုးဆော်လိုက်ရပါတယ်…၂၀၂၀ ဖေဖော်ဝါရီလ ညနေပိုင်းတွင်လေပြင်းတိုက်ခတ်ချိန် လေတိုက်နှုန်းများကို ဖော်ပြထားတာဖြစ်ပြီး ပုံမှန်တိုက်ခတ်လေမှာ ၇မိုင်မှ ၁၅မိုင်အတွင်းသာရှိပါတယ် ။

နေအပူချိန် အနည်းငယ်မြင့်တက်လာချိန်မှာ လေထန်ချိန်အတွင်း မီးဘေးအန္တရာယ် စိုးရိမ်ရပါသဖြင့် တောမီးရှိုခြင်း အမှိုက်မီးရှိုခြင်းများ မပြုလုပ်ကြပါရန်နှင့် မီးကြွင်းမီးကျန်များကို သေချာစွာငြိမ်းသတ်ကြပြီး မိမိပါတ်ဝန်းကျင်ကို မျက်ခြေမပြတ် သတိထားစောင့်ကြည့်သင့်ပါကြောင်း အကြံပြုလိုက်ရပါတယ်ရှင့်….။

လေးစားစွာဖြင့် ခရက်ဒစ် 17/02/2020 at 1:55am (MMT) SU SU SAN

Be the first to comment

Leave a Reply

Your email address will not be published.


*