အေလ့အက်င့္တစ္ခု ျဖစ္တည္လာဖို႔ ႐ိုးရွင္းလြယ္ကူသည့္ အခ်က္(၄)ခု

အေလ့အက်င့္တစ္ခု ျဖစ္တည္လာဖို႔ ႐ိုးရွင္းလြယ္ကူသည့္ အခ်က္(၄)ခု

အေလ့အက်င့္တစ္ခု ျဖစ္တည္လာဖို႔ ႐ိုးရွင္းလြယ္ကူသည့္ အခ်က္(၄)ခု

၂၀၁၇ ခုႏွစ္ ႏွစ္စတုန္းက ဒီႏွစ္အတြင္းမွာ ျဖစ္ေအာင္လုပ္မယ္လို႔ ရည္႐ြယ္ထားတာေတြကို မွတ္မိပါသလား။ ဒီရည္႐ြယ္ခ်က္ေတြထဲက ဘယ္ႏွစ္ခုကို လက္ေတြ႕အေကာင္အထည္ေဖာ္ျဖစ္ပါသလဲ။ တစ္ခု၊ ႏွစ္ခု ဒါမွမဟုတ္ တစ္ခုမွ မလုပ္ျဖစ္တာပဲ ျဖစ္ဖို႔မ်ားပါတယ္။

ဒီလိုျဖစ္ေနတာ သင္တစ္ေယာက္တည္းမဟုတ္ပါဘူး။ အက်င့္ေကာင္းေတြက ေမြးျမဴရခက္ခဲၿပီး မေကာင္းတဲ့အက်င့္ေတြကေတာ့ မေမွ်ာ္လင့္ပဲနဲ႔ စြဲၿမဲေနတတ္ပါတယ္။ ဒါေပမယ့္ ေသခ်ာစဥ္းစာၾကည့္ပါ။

ဘယ္လိုအက်င့္မ်ိဳးပဲျဖစ္ျဖစ္ တူညီတဲ့နည္းလမ္းေတြနဲ႔ စြဲၿမဲလာတာျဖစ္ပါတယ္။ ဒါ့ေၾကာင့္ သင့္အေနနဲ႔ အက်င့္ေကာင္းေတြ ပ်ိဳးေထာင္ဖို႔ ခက္ေနတယ္ဆိုရင္ လုပ္ေဆာင္သင့္တဲ့ အခ်က္(၄)ခုကို ေဖာ္ျပလိုက္ပါတယ္။

၁။ စလုပ္ျဖစ္ေအာင္ လုပ္ပါ
ဘယ္လိုအေလ့အက်င့္မ်ိဳးပဲျဖစ္ျဖစ္ စလုပ္ျဖစ္ဖို႔ လိုပါတယ္။ သင့္ ပ်ိဳးေထာင္ေမြးျမဴခ်င္တဲ့ အက်င့္တစ္ခုခုကို ဒီေန႔ကေနစတင္ၿပီး လုပ္ၾကည့္လိုက္ပါ။

၂။ Checklist တစ္ခုထားပါ
သင္ ပ်ိဳးေထာင္ခ်င္တဲ့ အက်င့္အတြက္ လုပ္ေဆာင္ဖို႔ လိုအပ္မယ့္အရာေတြကို စာ႐ြက္လြတ္တစ္႐ြက္မွာ ခ်ေရးၿပီး ျမင္သာတဲ့ေနရာမွာ ကပ္ထားလိုက္ပါ။ ၿပီးရင္ ဒီစာရင္းရဲ႕အေပၚမွာ ေမြးျမဴမယ့္ အက်င့္နာမည္ကို ေရးထားပါ။

ဥပမာဆိုရင္ သင့္အေနနဲ႔ တစ္ပတ္ကို တစ္ႀကိမ္ ဒါမွမဟုတ္ ႏွစ္ႀကိမ္ Gym သြားကစားမယ္ဆိုရင္ အခ်ိန္ႏွစ္လစာေလာက္ကို သြားကစားမယ့္ေန႔ရက္ေတြအတြက္ အကြက္ေလးေတြ ဆြဲထားလိုက္ပါ။ သင္တစ္ႀကိမ္သြားကစားတိုင္း အမွန္ျခစ္တစ္ခုျခစ္ပါ။

အမွန္ျခစ္တာထက္ လက္မွတ္ထိုးတာက ပိုထိေရာက္ပါတယ္။ ဒီစာရင္းကို ၾကည့္လိုက္တိုင္းမွာ သင့္လက္မွတ္ေတြကို ေတြ႕ရတာက လုပ္စရာရွိတာေတြကို မွန္မွန္ကန္ကန္လုပ္ထားၿပီးတာကို ျမင္ေတြ႕ရႏိုင္ပါတယ္။

၃။ နည္းနည္းခ်င္းစီ စလုပ္ပါ
သင့္အေနနဲ႔ တစ္ပတ္ကို ေလးႀကိမ္ Gym သြားကစားဖို႔ ရည္႐ြယ္ထားရင္ အဲ့ဒီအေလ့အက်င့္ကို အရင္စမလုပ္ပါနဲ႔။ စလုပ္မယ့္အခ်ိန္မွာ အရမ္းစိတ္အားတက္ႂကြေနမယ္ဆိုတာ ေသခ်ာပါတယ္။ ဒါေပမယ့္ ေရရည္တည္ၿမဲတဲ့ အေလ့အက်င့္တစ္ခုျဖစ္လာဖို႔အတြက္ ပုံေသလုပ္ႏိုင္ဖို႔ လိုပါတယ္။

အရင္ဆုံး တစ္ပတ္ကို ႏွစ္ႀကိမ္ေလာက္ ငါးမိနစ္ခန႔္ လမ္းေလွ်ာက္တာနဲ႔ စတင္ပါ။ သိပ္အမ်ားႀကီး ေမွ်ာ္လင့္မထားရင္ ေရရွည္တည္တံ့မယ့္ အက်င့္တစ္ခု အလိုလိုေမြးျမဴၿပီးသား ျဖစ္ေနမွာပါ။

၄။ တျဖည္းျဖည္းတိုးၿပီး လုပ္ေဆာင္သြားပါ
ဘာမွမဟုတ္တဲ့ ကိစၥအေသးေလးကေန စတင္တာက အေလ့အက်င့္ျဖစ္တည္ဖို႔ ပိုမိုလြယ္ကူေစ႐ုံသာမက ပိုၿပီးလုပ္ေဆာင္ႏိုင္ဖို႔လည္း လြယ္ကူေစပါတယ္။ အခ်ိန္တစ္ခုၾကာၿပီးတဲ့ေနာက္မွာ လမ္းေလွ်ာက္ခ်ိန္ကို (၅)မိနစ္ကေန ဆယ္မိနစ္အထိ တိုးလာႏိုင္မွာ ျဖစ္ပါတယ္။

ဒီလို တိုးလိုက္ဖို႔အတြက္ကလည္း သိပ္မခက္ခဲပဲ ေပ်ာ္စရာေကာင္းေနမွာျဖစ္ပါတယ္။ တိုးတက္လုပ္ေဆာင္ႏိုင္တဲ့အတြက္လည္း စိတ္အားတက္ႂကြေစမွာ ျဖစ္ပါတယ္။ တစ္ျဖည္းျဖည္းနဲ႔ လုပ္ဖို႔လိုအပ္လို႔ လုပ္ေနတာထက္ လုပ္ခ်င္လို႔ လုပ္ေနတဲ့ အေလ့အက်င့္တစ္ခု ျဖစ္လာမွာပါ။

ေလးစားစြာျဖင့္ Credit to Gentleman Magazine.

Unicode

အလေ့အကျင့်တစ်ခု ဖြစ်တည်လာဖို့ ရိုးရှင်းလွယ်ကူသည့် အချက်(၄)ခု

၂၀၁၇ ခုနှစ် နှစ်စတုန်းက ဒီနှစ်အတွင်းမှာ ဖြစ်အောင်လုပ်မယ်လို့ ရည်ရွယ်ထားတာတွေကို မှတ်မိပါသလား။ ဒီရည်ရွယ်ချက်တွေထဲက ဘယ်နှစ်ခုကို လက်တွေ့အကောင်အထည်ဖော်ဖြစ်ပါသလဲ။ တစ်ခု၊ နှစ်ခု ဒါမှမဟုတ် တစ်ခုမှ မလုပ်ဖြစ်တာပဲ ဖြစ်ဖို့များပါတယ်။

ဒီလိုဖြစ်နေတာ သင်တစ်ယောက်တည်းမဟုတ်ပါဘူး။ အကျင့်ကောင်းတွေက မွေးမြူရခက်ခဲပြီး မကောင်းတဲ့အကျင့်တွေကတော့ မမျှော်လင့်ပဲနဲ့ စွဲမြဲနေတတ်ပါတယ်။ ဒါပေမယ့် သေချာစဉ်းစာကြည့်ပါ။

ဘယ်လိုအကျင့်မျိုးပဲဖြစ်ဖြစ် တူညီတဲ့နည်းလမ်းတွေနဲ့ စွဲမြဲလာတာဖြစ်ပါတယ်။ ဒါ့ကြောင့် သင့်အနေနဲ့ အကျင့်ကောင်းတွေ ပျိုးထောင်ဖို့ ခက်နေတယ်ဆိုရင် လုပ်ဆောင်သင့်တဲ့ အချက်(၄)ခုကို ဖော်ပြလိုက်ပါတယ်။

၁။ စလုပ်ဖြစ်အောင် လုပ်ပါ
ဘယ်လိုအလေ့အကျင့်မျိုးပဲဖြစ်ဖြစ် စလုပ်ဖြစ်ဖို့ လိုပါတယ်။ သင့် ပျိုးထောင်မွေးမြူချင်တဲ့ အကျင့်တစ်ခုခုကို ဒီနေ့ကနေစတင်ပြီး လုပ်ကြည့်လိုက်ပါ။

၂။ Checklist တစ်ခုထားပါ
သင် ပျိုးထောင်ချင်တဲ့ အကျင့်အတွက် လုပ်ဆောင်ဖို့ လိုအပ်မယ့်အရာတွေကို စာရွက်လွတ်တစ်ရွက်မှာ ချရေးပြီး မြင်သာတဲ့နေရာမှာ ကပ်ထားလိုက်ပါ။ ပြီးရင် ဒီစာရင်းရဲ့အပေါ်မှာ မွေးမြူမယ့် အကျင့်နာမည်ကို ရေးထားပါ။

ဥပမာဆိုရင် သင့်အနေနဲ့ တစ်ပတ်ကို တစ်ကြိမ် ဒါမှမဟုတ် နှစ်ကြိမ် Gym သွားကစားမယ်ဆိုရင် အချိန်နှစ်လစာလောက်ကို သွားကစားမယ့်နေ့ရက်တွေအတွက် အကွက်လေးတွေ ဆွဲထားလိုက်ပါ။ သင်တစ်ကြိမ်သွားကစားတိုင်း အမှန်ခြစ်တစ်ခုခြစ်ပါ။

အမှန်ခြစ်တာထက် လက်မှတ်ထိုးတာက ပိုထိရောက်ပါတယ်။ ဒီစာရင်းကို ကြည့်လိုက်တိုင်းမှာ သင့်လက်မှတ်တွေကို တွေ့ရတာက လုပ်စရာရှိတာတွေကို မှန်မှန်ကန်ကန်လုပ်ထားပြီးတာကို မြင်တွေ့ရနိုင်ပါတယ်။

၃။ နည်းနည်းချင်းစီ စလုပ်ပါ
သင့်အနေနဲ့ တစ်ပတ်ကို လေးကြိမ် Gym သွားကစားဖို့ ရည်ရွယ်ထားရင် အဲ့ဒီအလေ့အကျင့်ကို အရင်စမလုပ်ပါနဲ့။ စလုပ်မယ့်အချိန်မှာ အရမ်းစိတ်အားတက်ကြွနေမယ်ဆိုတာ သေချာပါတယ်။ ဒါပေမယ့် ရေရည်တည်မြဲတဲ့ အလေ့အကျင့်တစ်ခုဖြစ်လာဖို့အတွက် ပုံသေလုပ်နိုင်ဖို့ လိုပါတယ်။

အရင်ဆုံး တစ်ပတ်ကို နှစ်ကြိမ်လောက် ငါးမိနစ်ခန့် လမ်းလျှောက်တာနဲ့ စတင်ပါ။ သိပ်အများကြီး မျှော်လင့်မထားရင် ရေရှည်တည်တံ့မယ့် အကျင့်တစ်ခု အလိုလိုမွေးမြူပြီးသား ဖြစ်နေမှာပါ။

၄။ တဖြည်းဖြည်းတိုးပြီး လုပ်ဆောင်သွားပါ
ဘာမှမဟုတ်တဲ့ ကိစ္စအသေးလေးကနေ စတင်တာက အလေ့အကျင့်ဖြစ်တည်ဖို့ ပိုမိုလွယ်ကူစေရုံသာမက ပိုပြီးလုပ်ဆောင်နိုင်ဖို့လည်း လွယ်ကူစေပါတယ်။ အချိန်တစ်ခုကြာပြီးတဲ့နောက်မှာ လမ်းလျှောက်ချိန်ကို (၅)မိနစ်ကနေ ဆယ်မိနစ်အထိ တိုးလာနိုင်မှာ ဖြစ်ပါတယ်။

ဒီလို တိုးလိုက်ဖို့အတွက်ကလည်း သိပ်မခက်ခဲပဲ ပျော်စရာကောင်းနေမှာဖြစ်ပါတယ်။ တိုးတက်လုပ်ဆောင်နိုင်တဲ့အတွက်လည်း စိတ်အားတက်ကြွစေမှာ ဖြစ်ပါတယ်။ တစ်ဖြည်းဖြည်းနဲ့ လုပ်ဖို့လိုအပ်လို့ လုပ်နေတာထက် လုပ်ချင်လို့ လုပ်နေတဲ့ အလေ့အကျင့်တစ်ခု ဖြစ်လာမှာပါ။

လေးစားစွာဖြင့် Credit to Gentleman Magazine.

Be the first to comment

Leave a Reply

Your email address will not be published.


*