၇၈ ႏွစ္ သက္တမ္း႐ွိတဲ့ စာအုပ္တစ္အုပ္ထဲက ေခတ္မီေနဆဲ ခ်မ္းသာဖို႔နည္းလမ္း ၁၇ ခု

၇၈ ႏွစ္ သက္တမ္း႐ွိတဲ့ စာအုပ္တစ္အုပ္ထဲက ေခတ္မီေနဆဲ ခ်မ္းသာဖို႔နည္းလမ္း ၁၇ ခု

၇၈ ႏွစ္ သက္တမ္း႐ွိတဲ့ စာအုပ္တစ္အုပ္ထဲက ေခတ္မီေနဆဲ ခ်မ္းသာဖို႔နည္းလမ္း ၁၇ ခု

၁၉၃၇ ခုႏွစ္က ေရာင္းအားအေကာင္းဆံုး စာအုပ္တစ္အုပ္ျဖစ္တဲ့ Think and Grow Rich ထဲက ခ်မ္းသာဖို႔ ေသာ့ခ်က္ကို ေဖာ္ျပလိုက္ပါတယ္။ အဲဒိစာအုပ္ထဲမွာ ေငြေၾကး၊ ခ်မ္းသာမႈ၊ စေတာ့႐ွယ္ယာေတြ အေၾကာင္း မပါေပမယ့္ ကြၽန္ေတာ္တို႔ရဲ႕ ပန္းတိုင္ေတြဆီကေန တားဆီးေနတဲ့ စိတ္ဓာတ္နံရံေတြအေၾကာင္းကို ေဖာ္ျပထားပါတယ္။

၁. ေအာင္ျမင္မႈ မလာခင္မွာ ခဏတာ ႐ွံုးနိမ့္မႈကို လူတိုင္း ၾကံဳေတြ႕ရမွာပါ။ ႐ွံုးနိမ့္တဲ့အခါမွာ အလြယ္ဆံုးလုပ္ႏိုင္တာက ဆက္မလုပ္ေတာ့တာ ျဖစ္ၿပီး ေတာ္ေတာ္မ်ားမ်ကလဲ အဲဒိလမ္းကို လိုက္ၾကပါတယ္။

၂. ဟိုး ေ႐ွးေ႐ွးကစၿပီး ေအာင္ျမင္တဲ့ ေခါင္းေဆာင္တိုင္းဟာ တစ္ခ်ိန္ကအိမ္မက္ အႀကီးႀကီး မက္ခဲ့ဖူးသူေတြပါ။

၃. သင္လုပ္ခ်င္တဲ့ အရာက မွန္ကန္ေနမယ္၊ ၿပီးေတာ့ သင္ယံုၾကည္မယ္ဆိုရင္ ေ႐ွ႕ဆက္လုပ္လိုက္ပါ။

၄. ခ်မ္းသာမႈက အေတြးနဲ႔ စတာပါ။ အေတြးကို အေကာင္အထည္ေဖာ္ႏိုင္မႈက ခ်မ္းသာေစတာပါ။ ယံုၾကည္မႈကလဲ Limit ေတြကို ေဖ်ာက္ေပးႏိုင္ပါတယ္။

၅. ေက်ာင္းၿပီးလို႔ ေလ့လာမႈ ရပ္လိုက္သူဟာ သာမန္ဘဝနဲ႔ပဲ ေနသြားရမွာပါ။ ေအာင္ျမင္မႈလမ္းဆိုတာ အသိပညာေတြကို ႐ွာေဖြတဲ့ လမ္းပါပဲ။

၆. လူေတြရဲ႕ Limit ဟာ သူ႔ရဲ႕ စိတ္ကူးကို တိုးတက္ေအာင္ လုပ္ၿပီး အသံုးခ်ႏိုင္မႈမွာပဲ မူတည္ေနပါတယ္။

၇. ပထမ အစီအစဥ္ မေအာင္ျမင္ရင္ ဒုတိယနဲ႔ အစထိုးပါ။ ဒုတိယ မေအာင္ျမင္ရင္ တတိယ၊ မေအာင္ျမင္မျခင္း အစားထိုးသြားပါ။

၈. ပန္းတိုင္မေရာက္ခင္ စိတ္ေလ်ွာ့လိုက္ရင္ ၿပိဳင္ပြဲက ထြက္လိုက္တာပါပဲ။ ထြက္လိုက္သူေတြဟာ ဘယ္ေတာ့မွ မႏိုင္ႏိုင္သလို၊ ႏိုင္သူေတြကလဲ ဘယ္ေတာ့မွ မထြက္ပါဘူး။

၉. ဘဝဟာ က်႐ွံုးမႈလို႔ လူေတာ္ေတာ္မ်ားမ်ား ေတြးထင္တတ္ၾကပါတယ္။ ဘာလို႔လဲဆိုေတာ့ သူတို႔ဟာ အဆင္ေျပမယ့္ အခ်ိန္ကို ေစာင့္ေနၾကလို႔ပါ။ မေစာင့္ပါနဲ႔။ အဆင္ေျပခ်ိန္ မ႐ွိပါဘူး။ ခုပဲ ႐ွိသေလာက္နဲ႔ စလုပ္လိုက္ပါ။ က်န္တာေတြ လမ္းမွာ ရလာပါလိမ့္မယ္။

၁၀. စိတ္ျပင္းထန္မႈ မ႐ွိရင္ သူတစ္ပါးကို ေဖ်ာင္းျဖလို႔ မရပါဘူး။ စိတ္ျပင္းထန္မႈကို ထိန္းခ်ဳပ္ႏိုင္သူတို႔ လူတိုင္း၊ အုပ္စုတိုင္းက ႀကိဳဆိုပါတယ္။

၁၁. ဆံုးျဖတ္ခ်က္ မ႐ွိျခင္းဟာ က်႐ွံုးသူေတြရဲ႕ အဓိကျပသနာပါ။ ဆံုးျဖတ္ခ်က္ ခ်ႏိုင္ၿပီး သူတို႔ လိုခ်င္တာဘာလဲဆိုတာ သိသူေတြဟာ ေနာက္ဆံုး လိုခ်င္တာ ရသြားပါတယ္။

၁၂. မ်ားမ်ားေျပာသူဟာ နည္းနည္းလုပ္ပါတယ္။ သင္ နားေထာင္တာထက္ ပိုေျပာရင္ သူတစ္ပါးဆီက ရမယ့္ အသိပညာေတြကို လက္လႊတ္ရရံု မကပဲ သင့္ၿပိဳင္ဖက္ေတြကို သင့္နည္းလမ္းေတြကို ခ်ျပရာပါ ေရာက္ပါတယ္။

၁၃. ခ်မ္းသာမႈေတြဟာ ႐ွက္တတ္ပါတယ္။ သူတို႔ကို ေသေသခ်ာခ်ာ အစီအစဥ္တက် ဆြဲေဆာင္ႏိုင္မွ ရတာပါ။

၁၄. စိတ္ဟာ တစ္ခ်ိန္ထဲမွာ အေကာင္းအဆိုး ႏွစ္ခုလံုး မခံစားႏိုင္ပါဘူး။ တစ္ခုမဟုတ္ တစ္ခုက လႊမ္းမိုးေနမွာပါ။ အေကာင္းကပဲ လႊမ္းမိုးေနဖို႔က သင့္အလုပ္ပါ။

၁၅. လူေတြရဲ႕ အႀကီးဆံုးအားနည္းခ်က္က မျဖစ္ႏိုင္တာကို သိေနတာပါပဲ။ မျဖစ္ႏိုင္တဲ့ နည္းလမ္းေတြ၊ မလုပ္ႏိုင္တဲ့ အရာေတြကို သိေနတာပါ။ Dictionary အသစ္ ဝယ္ၿပီးတာနဲ႔ Impossible ဆိုတဲ့ စာလံုးကို ညႇပ္ထုတ္လိုက္ပါ။

၁၆. တခ်ိဳ႕အ႐ူးေတြက ေငြနဲ႔ပဲ ေငြကို ႐ွာလို႔ရတယ္ ထင္ၾကပါတယ္။ မဟုတ္ပါဘူး။ ဆံုးျဖတ္ခ်က္နဲ႔လဲ ေငြ႐ွာလို႔ ရပါတယ္။ ေငြက တျခားအရာေတြကို မသိေပမယ့္ သူ႔ကို ေခၚဖို႔ ဆံုးျဖတ္ခ်က္ခ်ထားသူရဲ႕ အသံကို ၾကားရပါတယ္။

၁၇. အေမရိကက လူတိုင္းအတြက္ ေငြ႐ွာဖို႔ လြတ္လပ္ခြင့္ အလံုးစံု ေပးထားၿပီးသားပါ။ အမဲလိုက္မုဆိုးဟာ ေတာေတြအမ်ားႀကီးထဲကမွ သားေကာင္မ်ားတဲ့ ေတာကို ေရြးရပါတယ္။ ေငြကလဲ ထို႔အတူပါပဲ။

Unicode

၇၈ နှစ် သက်တမ်းရှိတဲ့ စာအုပ်တစ်အုပ်ထဲက ခေတ်မီနေဆဲ ချမ်းသာဖို့နည်းလမ်း ၁၇ ခု

၁၉၃၇ ခုနှစ်က ရောင်းအားအကောင်းဆုံး စာအုပ်တစ်အုပ်ဖြစ်တဲ့ Think and Grow Rich ထဲက ချမ်းသာဖို့ သော့ချက်ကို ဖော်ပြလိုက်ပါတယ်။ အဲဒိစာအုပ်ထဲမှာ ငွေကြေး၊ ချမ်းသာမှု၊ စတော့ရှယ်ယာတွေ အကြောင်း မပါပေမယ့် ကျွန်တော်တို့ရဲ့ ပန်းတိုင်တွေဆီကနေ တားဆီးနေတဲ့ စိတ်ဓာတ်နံရံတွေအကြောင်းကို ဖော်ပြထားပါတယ်။

၁. အောင်မြင်မှု မလာခင်မှာ ခဏတာ ရှုံးနိမ့်မှုကို လူတိုင်း ကြုံတွေ့ရမှာပါ။ ရှုံးနိမ့်တဲ့အခါမှာ အလွယ်ဆုံးလုပ်နိုင်တာက ဆက်မလုပ်တော့တာ ဖြစ်ပြီး တော်တော်များမျကလဲ အဲဒိလမ်းကို လိုက်ကြပါတယ်။

၂. ဟိုး ရှေးရှေးကစပြီး အောင်မြင်တဲ့ ခေါင်းဆောင်တိုင်းဟာ တစ်ချိန်ကအိမ်မက် အကြီးကြီး မက်ခဲ့ဖူးသူတွေပါ။

၃. သင်လုပ်ချင်တဲ့ အရာက မှန်ကန်နေမယ်၊ ပြီးတော့ သင်ယုံကြည်မယ်ဆိုရင် ရှေ့ဆက်လုပ်လိုက်ပါ။

၄. ချမ်းသာမှုက အတွေးနဲ့ စတာပါ။ အတွေးကို အကောင်အထည်ဖော်နိုင်မှုက ချမ်းသာစေတာပါ။ ယုံကြည်မှုကလဲ Limit တွေကို ဖျောက်ပေးနိုင်ပါတယ်။

၅. ကျောင်းပြီးလို့ လေ့လာမှု ရပ်လိုက်သူဟာ သာမန်ဘဝနဲ့ပဲ နေသွားရမှာပါ။ အောင်မြင်မှုလမ်းဆိုတာ အသိပညာတွေကို ရှာဖွေတဲ့ လမ်းပါပဲ။

၆. လူတွေရဲ့ Limit ဟာ သူ့ရဲ့ စိတ်ကူးကို တိုးတက်အောင် လုပ်ပြီး အသုံးချနိုင်မှုမှာပဲ မူတည်နေပါတယ်။

၇. ပထမ အစီအစဉ် မအောင်မြင်ရင် ဒုတိယနဲ့ အစထိုးပါ။ ဒုတိယ မအောင်မြင်ရင် တတိယ၊ မအောင်မြင်မခြင်း အစားထိုးသွားပါ။

၈. ပန်းတိုင်မရောက်ခင် စိတ်လျှော့လိုက်ရင် ပြိုင်ပွဲက ထွက်လိုက်တာပါပဲ။ ထွက်လိုက်သူတွေဟာ ဘယ်တော့မှ မနိုင်နိုင်သလို၊ နိုင်သူတွေကလဲ ဘယ်တော့မှ မထွက်ပါဘူး။

၉. ဘဝဟာ ကျရှုံးမှုလို့ လူတော်တော်များများ တွေးထင်တတ်ကြပါတယ်။ ဘာလို့လဲဆိုတော့ သူတို့ဟာ အဆင်ပြေမယ့် အချိန်ကို စောင့်နေကြလို့ပါ။ မစောင့်ပါနဲ့။ အဆင်ပြေချိန် မရှိပါဘူး။ ခုပဲ ရှိသလောက်နဲ့ စလုပ်လိုက်ပါ။ ကျန်တာတွေ လမ်းမှာ ရလာပါလိမ့်မယ်။

၁၀. စိတ်ပြင်းထန်မှု မရှိရင် သူတစ်ပါးကို ဖျောင်းဖြလို့ မရပါဘူး။ စိတ်ပြင်းထန်မှုကို ထိန်းချုပ်နိုင်သူတို့ လူတိုင်း၊ အုပ်စုတိုင်းက ကြိုဆိုပါတယ်။

၁၁. ဆုံးဖြတ်ချက် မရှိခြင်းဟာ ကျရှုံးသူတွေရဲ့ အဓိကပြသနာပါ။ ဆုံးဖြတ်ချက် ချနိုင်ပြီး သူတို့ လိုချင်တာဘာလဲဆိုတာ သိသူတွေဟာ နောက်ဆုံး လိုချင်တာ ရသွားပါတယ်။

၁၂. များများပြောသူဟာ နည်းနည်းလုပ်ပါတယ်။ သင် နားထောင်တာထက် ပိုပြောရင် သူတစ်ပါးဆီက ရမယ့် အသိပညာတွေကို လက်လွှတ်ရရုံ မကပဲ သင့်ပြိုင်ဖက်တွေကို သင့်နည်းလမ်းတွေကို ချပြရာပါ ရောက်ပါတယ်။

၁၃. ချမ်းသာမှုတွေဟာ ရှက်တတ်ပါတယ်။ သူတို့ကို သေသေချာချာ အစီအစဉ်တကျ ဆွဲဆောင်နိုင်မှ ရတာပါ။

၁၄. စိတ်ဟာ တစ်ချိန်ထဲမှာ အကောင်းအဆိုး နှစ်ခုလုံး မခံစားနိုင်ပါဘူး။ တစ်ခုမဟုတ် တစ်ခုက လွှမ်းမိုးနေမှာပါ။ အကောင်းကပဲ လွှမ်းမိုးနေဖို့က သင့်အလုပ်ပါ။

၁၅. လူတွေရဲ့ အကြီးဆုံးအားနည်းချက်က မဖြစ်နိုင်တာကို သိနေတာပါပဲ။ မဖြစ်နိုင်တဲ့ နည်းလမ်းတွေ၊ မလုပ်နိုင်တဲ့ အရာတွေကို သိနေတာပါ။ Dictionary အသစ် ဝယ်ပြီးတာနဲ့ Impossible ဆိုတဲ့ စာလုံးကို ညှပ်ထုတ်လိုက်ပါ။

၁၆. တချို့အရူးတွေက ငွေနဲ့ပဲ ငွေကို ရှာလို့ရတယ် ထင်ကြပါတယ်။ မဟုတ်ပါဘူး။ ဆုံးဖြတ်ချက်နဲ့လဲ ငွေရှာလို့ ရပါတယ်။ ငွေက တခြားအရာတွေကို မသိပေမယ့် သူ့ကို ခေါ်ဖို့ ဆုံးဖြတ်ချက်ချထားသူရဲ့ အသံကို ကြားရပါတယ်။

၁၇. အမေရိကက လူတိုင်းအတွက် ငွေရှာဖို့ လွတ်လပ်ခွင့် အလုံးစုံ ပေးထားပြီးသားပါ။ အမဲလိုက်မုဆိုးဟာ တောတွေအများကြီးထဲကမှ သားကောင်များတဲ့ တောကို ရွေးရပါတယ်။ ငွေကလဲ ထို့အတူပါပဲ။

Be the first to comment

Leave a Reply

Your email address will not be published.


*