
















(7) စကားပြောတယ်


credit …. org

Unicode

သေပြီးသား လူတစ်ယောက်က သင့်ကိုအိပ်မက်ကနေ ဆက်သွယ်ဖို့ကြိုးစားတဲ့ပုံစံ (၇)မျိုး

ကိုယ့်ဆွေမျိုးသားချင်းတွေထဲက ၊ အသိမိတ်ဆွေတွေထဲက တစ်ယောက်ယောက်သေဆုံးသွားပြီးတဲ့အခါ သူတို့ကို သတိရတဲ့စိတ်ကတော်တော်နဲ့ မလျော့သွားပါဘူး။ ပြီးတော့ သေဆုံးပြီးတဲ့သူက အသက်ရှင်ကျန်ရစ်တဲ့သူတွေကို အိပ်မက်ပေးပြီး ဆက်သွယ်ဖို့ကြိုးစားတတ်ကြတယ်လို့လည်း ယူဆတတ်ပါတယ် … ။

တကယ်ရော အဲ့ဒီလိုအဖြစ်မျိုးရှိပါ့မလား ဆိုတာကတော့ စဉ်းစားစရာပါပဲ။ ဘာပဲပြောပြော ဆုံးပါးသွားတဲ့ တစ်စုံတစ်ယောက်က သင့်ကို အိပ်မက်ကတဆင့် ဆက်သွယ်ဖို့ကြိုးစားလာရင် ဒီအချက်လေးတွေ ကြုံရတတ်ပါတယ်နာ် …. ။

(1) အိပ်မက်ကနိုးလာချိန်မှာ တစ်ယောက်ယောက်စိုက်ကြည့်နေသလို ခံစားရတယ်

ကိုယ်ချစ်ခင်ရတဲ့သူတွေ ဆုံးပါးသွားခဲ့ပေမယ့် သူတို့တွေ ကိုယ့်အနားမှာရှိနေတုန်းပဲလို့ စိတ်ထဲကနေထင်နေတတ်ပါတယ်။ ပြီးတော့ ညအိပ်တဲ့အခါ သူတို့ကို အိပ်မက်မက်ပြီး လန့်နိုးလာတဲ့အချိန်မှာ ဘေးနားကနေ တစ်ယောက်ယောက်ကြည့်နေသလို ခံစားချက်မျိုး ဖြစ်တတ်ပါတယ်။ အဲ့ဒီလိုဖြစ်တာက သူတို့တွေ သင့်ကိုအိပ်မက်ကနေ တဆင့် ဆက်သွယ်ဖို့ ကြိုးစားနေလို့ပါတဲ့။

(2) အိပ်ရာနိုးလာတဲ့အခါကြည်လင်လန်းဆန်းနေပြီးသက်တောင့်သက်သာဖြစ်နေမယ်

သေဆုံးပြီးတဲ့သူတွေကိုအိပ်မက်မက်ပြီး မနက်အိပ်ရာနိုးလာတဲ့အခါ ကြည်လင်လန်းဆန်းနေမယ်၊ သက်တောင့်သက်သာဖြစ်နေမယ် ဆိုရင် သူတို့တွေက သင့်ရဲ့ကျန်းမာရေးနဲ့ပတ်သက်လို့စိုးရိမ်နေပြီး သင့်ကိုမပင်ပန်းစေချင်တာကြောင့် ကောင်းကောင်းအနားရအောင် ကူညီပေးတယ်လို့ ဆိုကြပါတယ်။

(3) အိပ်မက်တစ်ခုပြီးတစ်ခု ဆက်စပ်ပြီးမက်တယ်

တစ်ညတည်းမှာ အိပ်မက်တစ်ခုနဲ့ တစ်ခု အဆက်အစပ်လေးတွေနဲ့ မက်နေတယ်ဆိုရင်လည်း ဒါက သင့်ကိုဆက်သွယ်ဖို့ အကြောင်းအရာတစ်ခုလို့ ပြောလို့ရပါတယ်။

(4) အိပ်မက်တဲ့အကြောင်းအရာအသေးစိတ်ကိုမှတ်မိနေတယ်

မနက်နိုးလာတဲ့အချိန်မှာ အိပ်မက်မက်တဲ့အကြောင်းအရာတွေကို မေ့သွားတတ်ကြပါတယ်။ မှတ်မိရင်တောင် ဇဝေဇဝါဖြစ်နေတုန်းပါ။ အဲ့ဒီလိုမဟုတ်ဘဲ သေဆုံးပြီးသားသူကိုလည်း အိမ်မက်မက်တယ်၊ အကြောင်းအရာအသေးစိတ်ကိုလည်းမှတ်မိနေတယ်ဆိုရင် သူတို့တွေသင့်ကိုတစ်ခုခုပြောချင်နေလို့ ဆက်သွယ်ဖို့ကြိုးစားနေတာပါ။

(5) သူတို့တွေကိုနဂိုထက်ပိုငယ်ရွယ်နုနယ်တဲ့ပုံစံမျိုးတွေ့ရတယ်

အိပ်မက်ထဲမှာ သူတို့သေဆုံးချိန်တုန်းကထက် ပိုငယ်ရွယ်နုနယ်တဲ့ပုံစံမျိုးမြင်တွေ့ရတယ်ဆိုရင်၊ ကျန်းမာရေးကောင်းတဲ့ပုံစံမျိုးကိုတွေ့ရတယ်ဆိုရင် သူတို့ကို သတိရနေတာကို သူတို့ကလည်းသိတယ်ဆိုတဲ့အကြောင်း အသိပေးတာပါတဲ့။ ပြီးတော့ သင့်ကိုလည်း ပျော်ပျော်နေစေချင်တယ်လို့ ပြောချင်တာပါတဲ့။

(6) အိပ်မက်လို့မထင်ရဘူး၊တကယ့်အဖြစ်အပျက်လို့ထင်ရတယ်

တခါတလေ သေသွားပြီးသားလူကိုအိပ်မက်မက်တဲ့အခါ အိပ်မက်လို့မထင်ရဘဲ တကယ့်အဖြစ်အပျက်လို့ထင်ရတဲ့အခါမျိုးတွေရှိပါတယ်။ အနံအသက်၊ အသံ၊ မြင်ကွင်း နဲ့ ခံစားချက်တွေက တကယ့်အပြင်မှာဖြစ်နေသလိုမျိုး ထင်ရရင်သူတို့တွေ သင်နဲ့အနီးနားတဝိုက်မှာရှိနေပြီး သင်နဲ့ဆက်သွယ်ချင်လို့ဖြစ်နိုင်ပါတယ်။

(7) စကားပြောတယ်

သေဆုံးပြီးတဲ့လူက အိပ်မက်ထဲမှာ စကားပြောတယ်ဆိုရင်၊ သူတို့အသံကို ကောင်းကောင်းကြားရတယ်လို့ မက်ရင် သူတို့လက်ရှိရောက်နေတဲ့ နေရာမှာ အဆင်ပြေနေပြီဆိုတဲ့ အဓိပ္ပါယ်ပါ။ သူတို့ကို မစိုးရိမ်ဖို့၊ စိတ်မပူနဲ့ တော့လို့ပြောချင်တာပါ …. ။

credit …. org

Be the first to comment

Leave a Reply

Your email address will not be published.


*