မိဘေတြအေနနဲ႔ သတိမထားမိပဲ ျပဳလုပ္ေနတဲ့ ကေလးေတြေပၚ ထိခိုက္ေစေသာ အယူအဆ အလြဲမ်ား

မိဘေတြအေနနဲ႔ သတိမထားမိပဲ ျပဳလုပ္ေနတဲ့ ကေလးေတြေပၚ ထိခိုက္ေစေသာ အယူအဆအလြဲမ်ား

မိဘေတြအေနနဲ႔ သတိမထားမိပဲ ျပဳလုပ္ေနတဲ့ ကေလးေတြေပၚ ထိခိုက္ေစေသာ အယူအဆ အလြဲမ်ား

ဒီကေန႔ကာလမွာ ကေလးေတြကိုဘယ္လိုမွန္မွန္ကန္ကန္ျပဳစုပ်ိဳးေထာင္ရမယ္ဆိုတာနဲ႔ပတ္သက္ၿပီးေတာ့ မတူညီတဲ့အႀကံျပဳခ်က္ေတြမ်ားစြာရွိေနပါတယ္။ မၾကာခဏအျငင္းပြားစရာကိစၥေတြလည္း ျဖစ္ေနပါတယ္။ ဒါေပမယ့္ ဆရာဝန္ေတြနဲ႔ စိတ္ပညာရွင္ေတြက စမ္းသပ္မႈအသစ္ေတြကို ဆက္လက္ျပဳလုပ္ထားပါတယ္။

ရလဒ္ေတြကို ခြဲျခမ္းစိတ္ျဖာကာအႀကံျပဳခ်က္စာရင္းအသစ္ေတြလည္း ျပဳလုပ္ထားပါတယ္။ အႀကံျပဳခ်က္ေတြက ထူးဆန္ပုံေပါက္ေနေပမယ့္လည္း အေသးစိတ္အခ်က္အလက္ေတြကို ပိုေလ့းလာလိုက္တဲ့အခါ အေတာ္ေလးအသုံးဝင္တာကို ေတြ႕ရပါလိမ့္မယ္။

၁။ ကေလးကို ကလိထိုးျခင္း

မ်ားေသာအားျဖင့္ လူႀကီးေတြဟာကေလးေတြကို ရယ္ေမာေစလိုၾကၿပီးေတာ့ ၎တို႔ကို ကလိထိုးၾကတာျဖစ္ပါတယ္။ သို႔ေပမယ့္ လြန္ခဲ့တဲ့ႏွစ္ေပါင္းမ်ားစြာက ကယ္လီဖိုးနီးယားတကၠသိုလ္က သုေတသီတစ္ဦးရဲ႕ ေတြ႕ရွိခ်က္အရ ရယ္စရာဟာသတစ္ခုလို ေပ်ာ္႐ႊင္မႈကို ခံစားေစႏိုင္ျခင္းမရွိေၾကာင္း ၿပီးခဲ့တဲ့ႏွစ္ေပါင္းမ်ားစြာကတည္းက ေတြ႕ရွိခဲ့တယ္။ ၎က ေပ်ာ္႐ႊင္ရယ္ေမာျခင္းကိုသာ ထင္ေယာင္ထင္မွားျဖစ္ေစတာပါ။

ဒီကိစၥမွာ ကေလးေတြဟာတုန႔္ျပန္မႈတစ္ခုေၾကာင့္ မထိန္းႏိုင္ဘဲ ရယ္ေမာတတ္ၾကတာျဖစ္ပါတယ္။ လူအားလုံးနီးပါးက သူတို႔ကို ယားယံေအာင္လုပ္တဲ့အခါ ရယ္ေမာၾကပါတယ္။ ကေလးေတြဟာလည္းပဲ ကလိထိုးတာကိုမုန္းေနရင္ေတာင္မွ ရယ္ေမာၾကပါတယ္။ ရယ္ေမာေနေပမယ့္ မေပ်ာ္ဘူးဆိုတာမ်ိဳးပါ။

၂။ ကေလးအိပ္ေနခ်ိန္မွာ ညအလင္းေရာင္ကိုအသုံးျပဳျခင္း

သင္အိပ္စက္ေနတဲ့အခ်ိန္အတြင္း ထုတ္လုပ္တဲ့ႀကီးထြားမႈေဟာ္မုန္းက လုံးလုံးအေမွာင္ထုထဲမွာ ေနတာကပိုေကာင္းပါတယ္။ ညအလင္းေရာင္အသုံးျပဳရတဲ့အေၾကာင္းျပခ်က္မ်ားစြာ ကြဲျပားႏိုင္ပါတယ္။ မ်ားေသာအားျဖင့္ မိဘေတြဟာ ဒါကို သူတို႔ရဲ႕ႏွစ္သိမ့္မႈအတြက္ျပဳလုပ္ၾကတယ္။ တစ္ခ်ိဳ႕မိဘေတြက သူတို႔ရဲ႕ကေလးေတြကို အေမွာင္ေၾကာက္တတ္သြားမွာ စိုးရိမ္တဲ့အတြက္ အလင္းေပးထားၾကတယ္။

Ohioျပည္နယ္တကၠသိုလ္မွ အာ႐ုံေၾကာပါရဂူTracy Bedrosianက အလင္းကို မသုံးရမေနႏိုင္ဘူးဆိုရင္ အလင္းအစားမွန္ကန္တဲ့ အလင္းေရာင္နဲ႔အစားထိုးသင့္တယ္လို႔ အႀကံျပဳထားပါတယ္။ စမ္းသပ္မႈေတြအရ အစိမ္းေရာင္အလင္းက ဇီဝနာရီကို မိနစ္၉ဝခန႔္ေ႐ြ႕လ်ားေစၿပီးေတာ့ အျပာေရာင္အလင္းက နာရီ၁၈ဝမိနစ္ခန႔္အထိ ေ႐ြ႕လ်ားေစလို႔ အိပ္ေရးဝဝအိပ္ဖို႔ ပိုၿပီးေတာ့ခက္ခဲလာပါတယ္။ အနီေရာင္ႏွင့္ လိေမၼာ္ေရာင္အလင္းက အစိမ္း၊ အျဖဴႏွင့္အျပာေရာင္တို႔လိုမ်ိဳး melatoninထုတ္လုပ္မႈေတြကို မတားဆီးႏိုင္ပါဘူး။ သင့္ရဲ႕circadian rhythmsကိုလည္း အေႏွာင့္အယွက္မျဖစ္ေစပါဘူး။

၃။ ကေလးရဲ႕အိပ္ရာထဲမွာ ကစားစရာအ႐ုပ္ေတြထားျခင္း

ကေလးငယ္ေတြအတြက္ သူတို႔ရဲ႕အခန္းထဲမွာ ေမြ႕ရာ၊ ေစာင္ေသးေသးေလးတစ္ခုသာလိုအပ္တယ္ဆိုတာ မိဘေတြမသိၾကဘူး။ တစ္ခါတေလမွာေတာ့ ေခါင္းအုံးေသးေသးျပားျပားေလးကို သုံးႏိုင္ပါတယ္။ ဒါေပမယ့္ ေလ့လာမႈေတြအရ အသက္အ႐ြယ္မတိုင္မီကေလးေတြအတြက္ ေခါင္းအုံးမလိုပါဘူး။

ဒါ့အျပင္ကေလးေတြဟာ သူတို႔အိပ္ေနတဲ့ေနရာအတြက္ အထူးအလွဆင္ပစၥည္းေတြမလိုအပ္ပါဘူး။ ဘာေၾကာင့္မို႔လဲဆိုေတာ့ ေပ်ာ့ေပ်ာင္းတဲ့ကစားစရာ (သို႔)ဘယ္လိုကစားစရာမ်ိဳးမဆို ျပႆနာေတြျဖစ္လာႏိုင္တာေၾကာင့္ပါ။ တကယ္လို႔ ကေလးကမေတာ္တဆကစားစရာေတြေပၚကို မေတာ္တဆတိုက္မိမယ္ဆိုရင္ ကေလးႏႈိးလာတာမ်ိဳး (သို႔) အသက္ရႉက်ပ္ျခင္းမ်ားျဖစ္ေစႏိုင္ပါတယ္။

၄။ ကေလးေတြအတြက္ သန႔္ရွင္းလြန္းတဲ့ေနရာသတ္မွတ္ထားျခင္း

သန႔္ရွင္းစင္ၾကယ္မႈက အလြန္အေရးႀကီးတယ္လို႔ ကြၽန္ေတာ္တို႔ျမင္ေလ့ရွိတယ္။ ဒါေပမယ့္ ကြဲျပားျခားနားတဲ့ႏိုင္ငံေတြမွာေတာ့ သုေတသီေတြကပတ္ဝန္းက်င္က အလြန္သန႔္ရွင္းလြန္းတဲ့အခါ ကေလးရဲ႕ဖြံ႕ၿဖိဳးတိုးတက္မႈအတြက္ မေကာင္းဘူးလို႔ သေဘာတူၾကတယ္။ ဒီလိုပတ္ဝန္းက်င္ေတြက ကူးစက္ေရာဂါေတြကို တိုက္ထုတ္ဖို႔အသင့္ရွိေနတဲ့အခါ ကိုယ္ခံအားစနစ္ကိုေႏွးေကြးေစတယ္။ ဒါေတြကပန္းနာရင္က်ပ္ေရာဂါ၊ ႂကြက္ႏို႔ႏွင့္ အေရျပားေရာင္ရမ္းျခင္းတို႔ကို ျမႇင့္တင္ေပးပါတယ္။

မိဘေတြရဲ႕ အႀကီးဆုံးအမွားက တိုက္ခန္းကိုမၾကာခဏသန႔္ရွင္းလြန္းတာနဲ႔ ကေလးေတြကို အိမ္ေမြးတိရစာၦန္ေတြနဲ႔ အဆက္အသြယ္မလုပ္ေစျခင္းတို႔ပဲျဖစ္ပါတယ္။ ကေလးေတြဟာ ျဖစ္ႏိုင္ေခ်ရွိတဲ့ ဓာတ္မတည့္မႈေတြကို ကုသေလေလ၊ သူတို႔ရဲ႕ကိုယ္ခံအားစနစ္က သာမန္အားျဖင့္ ၎ကိုကုသဖို႔သာ တာဝန္ယူပါလိမ့္မယ္။

၅။ ကေလးေတြကို မ်က္ႏွာျပင္ေတြမွာ လမ္းေလွ်ာက္ေစျခင္း

ပ်မ္းမွ်အားျဖင့္ တစ္ႏွစ္ခန႔္ကေလးေတြဟာ လမ္းေလွ်ာက္တတ္ၾကတယ္။ ဒီလိုျဖစ္လာတဲ့တစ္ခ်ိဳ႕မိဘေတြက အိမ္စီးဖိနပ္အခ်ိဳ႕ကို ဝယ္ဖို႔ စတိုးဆိုင္ကို အျမန္သြားၾကတယ္။ သုေတသီေတြဟာ ဘယ္အရာေတြက အေကာင္းဆုံးျဖစ္တယ္ဆိုတာ သေဘာမတူၾကေသးေပမယ့္လည္း မ်က္ႏွာျပင္အားလုံးက လမ္းေလွ်ာက္လို႔အဆင္ေျပတယ္လို႔ သေဘာတူၾကတယ္။

ကေလးေတြက သဲမ်ား၊ ျမက္မ်ား (သို႔) ေခ်ာေမြ႕တဲ့ေက်ာက္တုံးေတြေပၚမွာ ဖိနပ္မပါပဲလမ္းေလွ်ာက္ႏိုင္တဲ့အခြင့္အလမ္းရွိမယ္ဆိုရင္ ပိုေကာင္းပါတယ္။ သို႔ေသာ္လည္းပဲ ျပားခ်ပ္ေနတဲ့ ေႂကြျပားေတြေပၚမွာ လမ္းေလွ်ာက္ျခင္းကေတာ့ အသုံးဝင္မွာ မဟုတ္ပါဘူး။ ဒီလိုျဖစ္မယ္ဆိုရင္ ေျခေထာက္ကႂကြက္သားေတြက ေကာင္းမြန္မဖြံ႕ၿဖိဳးႏိုင္ဘဲ ေျခေထာက္ဖြံ႕ၿဖိဳးမႈအတြက္ ျပႆနာျဖစ္ေစႏိုင္ပါတယ္။

၆။ ဇြန္းနဲ႔ အစားအစာေကြၽးျခင္း

ကေလးသူငယ္ျပည္သူ႔က်န္းမာေရးတြဲဖက္ပါေမာကၡေအမီဘေရာင္းက ကေလးေတြကို သူတို႔ရဲ႕ဇြန္းနဲ႔ ကိုယ္တိုင္စားႏိုင္ေအာင္ မကူညီသင့္ေၾကာင္း ေျပာၾကားခဲ့ပါတယ္။ ”ဇြန္းနဲ႔အစာေကြၽးတာက အနာဂတ္မွာကိုယ္အေလးခ်ိန္ပိုမ်ားလာႏိုင္ပါတယ္။ ဘာလို႔လဲဆိုေတာ့ အစာေကြၽးေနတဲ့အခါဘယ္အခ်ိန္မွာ ဗိုက္ျပည့္ေနတယ္လို႔မသိႏိုင္ပါဘူး။ အက်ိဳးဆက္အေနနဲ႔ သူတို႔က အလြန္အကြၽံစားသုံးၾကတယ္။

သုေတသီေတြရဲ႕ အဆိုအရ ကေလးေတြက သူတို႔ဘာသာအစာစားျခင္းႏွင့္ အစားအစာေတြရဲ႕အရသာကို ေလ့လာျခင္းက မွန္ကန္တဲ့သေဘာထားေတြကို ေမြးျမဴဖို႔ အေထာက္အကူျပဳပါတယ္။

ခရက္ဒစ္ လိုက္ဖ္စတိုင္ျမန္မာ

Unicode

မိဘတွေအနေနဲ့ သတိမထားမိပဲ ပြုလုပ်နေတဲ့ ကလေးတွေပေါ် ထိခိုက်စေသော အယူအဆ အလွဲများ

ဒီကနေ့ကာလမှာ ကလေးတွေကိုဘယ်လိုမှန်မှန်ကန်ကန်ပြုစုပျိုးထောင်ရမယ်ဆိုတာနဲ့ပတ်သက်ပြီးတော့ မတူညီတဲ့အကြံပြုချက်တွေများစွာရှိနေပါတယ်။ မကြာခဏအငြင်းပွားစရာကိစ္စတွေလည်း ဖြစ်နေပါတယ်။ ဒါပေမယ့် ဆရာဝန်တွေနဲ့ စိတ်ပညာရှင်တွေက စမ်းသပ်မှုအသစ်တွေကို ဆက်လက်ပြုလုပ်ထားပါတယ်။

ရလဒ်တွေကို ခွဲခြမ်းစိတ်ဖြာကာအကြံပြုချက်စာရင်းအသစ်တွေလည်း ပြုလုပ်ထားပါတယ်။ အကြံပြုချက်တွေက ထူးဆန်ပုံပေါက်နေပေမယ့်လည်း အသေးစိတ်အချက်အလက်တွေကို ပိုလေ့းလာလိုက်တဲ့အခါ အတော်လေးအသုံးဝင်တာကို တွေ့ရပါလိမ့်မယ်။

၁။ ကလေးကို ကလိထိုးခြင်း

များသောအားဖြင့် လူကြီးတွေဟာကလေးတွေကို ရယ်မောစေလိုကြပြီးတော့ ၎င်းတို့ကို ကလိထိုးကြတာဖြစ်ပါတယ်။ သို့ပေမယ့် လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက ကယ်လီဖိုးနီးယားတက္ကသိုလ်က သုတေသီတစ်ဦးရဲ့ တွေ့ရှိချက်အရ ရယ်စရာဟာသတစ်ခုလို ပျော်ရွှင်မှုကို ခံစားစေနိုင်ခြင်းမရှိကြောင်း ပြီးခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက တွေ့ရှိခဲ့တယ်။ ၎င်းက ပျော်ရွှင်ရယ်မောခြင်းကိုသာ ထင်ယောင်ထင်မှားဖြစ်စေတာပါ။

ဒီကိစ္စမှာ ကလေးတွေဟာတုန့်ပြန်မှုတစ်ခုကြောင့် မထိန်းနိုင်ဘဲ ရယ်မောတတ်ကြတာဖြစ်ပါတယ်။ လူအားလုံးနီးပါးက သူတို့ကို ယားယံအောင်လုပ်တဲ့အခါ ရယ်မောကြပါတယ်။ ကလေးတွေဟာလည်းပဲ ကလိထိုးတာကိုမုန်းနေရင်တောင်မှ ရယ်မောကြပါတယ်။ ရယ်မောနေပေမယ့် မပျော်ဘူးဆိုတာမျိုးပါ။

၂။ ကလေးအိပ်နေချိန်မှာ ညအလင်းရောင်ကိုအသုံးပြုခြင်း

သင်အိပ်စက်နေတဲ့အချိန်အတွင်း ထုတ်လုပ်တဲ့ကြီးထွားမှုဟော်မုန်းက လုံးလုံးအမှောင်ထုထဲမှာ နေတာကပိုကောင်းပါတယ်။ ညအလင်းရောင်အသုံးပြုရတဲ့အကြောင်းပြချက်များစွာ ကွဲပြားနိုင်ပါတယ်။ များသောအားဖြင့် မိဘတွေဟာ ဒါကို သူတို့ရဲ့နှစ်သိမ့်မှုအတွက်ပြုလုပ်ကြတယ်။ တစ်ချို့မိဘတွေက သူတို့ရဲ့ကလေးတွေကို အမှောင်ကြောက်တတ်သွားမှာ စိုးရိမ်တဲ့အတွက် အလင်းပေးထားကြတယ်။

Ohioပြည်နယ်တက္ကသိုလ်မှ အာရုံကြောပါရဂူTracy Bedrosianက အလင်းကို မသုံးရမနေနိုင်ဘူးဆိုရင် အလင်းအစားမှန်ကန်တဲ့ အလင်းရောင်နဲ့အစားထိုးသင့်တယ်လို့ အကြံပြုထားပါတယ်။ စမ်းသပ်မှုတွေအရ အစိမ်းရောင်အလင်းက ဇီဝနာရီကို မိနစ်၉ဝခန့်ရွေ့လျားစေပြီးတော့ အပြာရောင်အလင်းက နာရီ၁၈ဝမိနစ်ခန့်အထိ ရွေ့လျားစေလို့ အိပ်ရေးဝဝအိပ်ဖို့ ပိုပြီးတော့ခက်ခဲလာပါတယ်။ အနီရောင်နှင့် လိမ္မော်ရောင်အလင်းက အစိမ်း၊ အဖြူနှင့်အပြာရောင်တို့လိုမျိုး melatoninထုတ်လုပ်မှုတွေကို မတားဆီးနိုင်ပါဘူး။ သင့်ရဲ့circadian rhythmsကိုလည်း အနှောင့်အယှက်မဖြစ်စေပါဘူး။

၃။ ကလေးရဲ့အိပ်ရာထဲမှာ ကစားစရာအရုပ်တွေထားခြင်း

ကလေးငယ်တွေအတွက် သူတို့ရဲ့အခန်းထဲမှာ မွေ့ရာ၊ စောင်သေးသေးလေးတစ်ခုသာလိုအပ်တယ်ဆိုတာ မိဘတွေမသိကြဘူး။ တစ်ခါတလေမှာတော့ ခေါင်းအုံးသေးသေးပြားပြားလေးကို သုံးနိုင်ပါတယ်။ ဒါပေမယ့် လေ့လာမှုတွေအရ အသက်အရွယ်မတိုင်မီကလေးတွေအတွက် ခေါင်းအုံးမလိုပါဘူး။

ဒါ့အပြင်ကလေးတွေဟာ သူတို့အိပ်နေတဲ့နေရာအတွက် အထူးအလှဆင်ပစ္စည်းတွေမလိုအပ်ပါဘူး။ ဘာကြောင့်မို့လဲဆိုတော့ ပျော့ပျောင်းတဲ့ကစားစရာ (သို့)ဘယ်လိုကစားစရာမျိုးမဆို ပြဿနာတွေဖြစ်လာနိုင်တာကြောင့်ပါ။ တကယ်လို့ ကလေးကမတော်တဆကစားစရာတွေပေါ်ကို မတော်တဆတိုက်မိမယ်ဆိုရင် ကလေးနှိုးလာတာမျိုး (သို့) အသက်ရှူကျပ်ခြင်းများဖြစ်စေနိုင်ပါတယ်။

၄။ ကလေးတွေအတွက် သန့်ရှင်းလွန်းတဲ့နေရာသတ်မှတ်ထားခြင်း

သန့်ရှင်းစင်ကြယ်မှုက အလွန်အရေးကြီးတယ်လို့ ကျွန်တော်တို့မြင်လေ့ရှိတယ်။ ဒါပေမယ့် ကွဲပြားခြားနားတဲ့နိုင်ငံတွေမှာတော့ သုတေသီတွေကပတ်ဝန်းကျင်က အလွန်သန့်ရှင်းလွန်းတဲ့အခါ ကလေးရဲ့ဖွံ့ဖြိုးတိုးတက်မှုအတွက် မကောင်းဘူးလို့ သဘောတူကြတယ်။ ဒီလိုပတ်ဝန်းကျင်တွေက ကူးစက်ရောဂါတွေကို တိုက်ထုတ်ဖို့အသင့်ရှိနေတဲ့အခါ ကိုယ်ခံအားစနစ်ကိုနှေးကွေးစေတယ်။ ဒါတွေကပန်းနာရင်ကျပ်ရောဂါ၊ ကြွက်နို့နှင့် အရေပြားရောင်ရမ်းခြင်းတို့ကို မြှင့်တင်ပေးပါတယ်။

မိဘတွေရဲ့ အကြီးဆုံးအမှားက တိုက်ခန်းကိုမကြာခဏသန့်ရှင်းလွန်းတာနဲ့ ကလေးတွေကို အိမ်မွေးတိရစ္ဆာန်တွေနဲ့ အဆက်အသွယ်မလုပ်စေခြင်းတို့ပဲဖြစ်ပါတယ်။ ကလေးတွေဟာ ဖြစ်နိုင်ချေရှိတဲ့ ဓာတ်မတည့်မှုတွေကို ကုသလေလေ၊ သူတို့ရဲ့ကိုယ်ခံအားစနစ်က သာမန်အားဖြင့် ၎င်းကိုကုသဖို့သာ တာဝန်ယူပါလိမ့်မယ်။

၅။ ကလေးတွေကို မျက်နှာပြင်တွေမှာ လမ်းလျှောက်စေခြင်း

ပျမ်းမျှအားဖြင့် တစ်နှစ်ခန့်ကလေးတွေဟာ လမ်းလျှောက်တတ်ကြတယ်။ ဒီလိုဖြစ်လာတဲ့တစ်ချို့မိဘတွေက အိမ်စီးဖိနပ်အချို့ကို ဝယ်ဖို့ စတိုးဆိုင်ကို အမြန်သွားကြတယ်။ သုတေသီတွေဟာ ဘယ်အရာတွေက အကောင်းဆုံးဖြစ်တယ်ဆိုတာ သဘောမတူကြသေးပေမယ့်လည်း မျက်နှာပြင်အားလုံးက လမ်းလျှောက်လို့အဆင်ပြေတယ်လို့ သဘောတူကြတယ်။

ကလေးတွေက သဲများ၊ မြက်များ (သို့) ချောမွေ့တဲ့ကျောက်တုံးတွေပေါ်မှာ ဖိနပ်မပါပဲလမ်းလျှောက်နိုင်တဲ့အခွင့်အလမ်းရှိမယ်ဆိုရင် ပိုကောင်းပါတယ်။ သို့သော်လည်းပဲ ပြားချပ်နေတဲ့ ကြွေပြားတွေပေါ်မှာ လမ်းလျှောက်ခြင်းကတော့ အသုံးဝင်မှာ မဟုတ်ပါဘူး။ ဒီလိုဖြစ်မယ်ဆိုရင် ခြေထောက်ကကြွက်သားတွေက ကောင်းမွန်မဖွံ့ဖြိုးနိုင်ဘဲ ခြေထောက်ဖွံ့ဖြိုးမှုအတွက် ပြဿနာဖြစ်စေနိုင်ပါတယ်။

၆။ ဇွန်းနဲ့ အစားအစာကျွေးခြင်း

ကလေးသူငယ်ပြည်သူ့ကျန်းမာရေးတွဲဖက်ပါမောက္ခအေမီဘရောင်းက ကလေးတွေကို သူတို့ရဲ့ဇွန်းနဲ့ ကိုယ်တိုင်စားနိုင်အောင် မကူညီသင့်ကြောင်း ပြောကြားခဲ့ပါတယ်။ ”ဇွန်းနဲ့အစာကျွေးတာက အနာဂတ်မှာကိုယ်အလေးချိန်ပိုများလာနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ အစာကျွေးနေတဲ့အခါဘယ်အချိန်မှာ ဗိုက်ပြည့်နေတယ်လို့မသိနိုင်ပါဘူး။ အကျိုးဆက်အနေနဲ့ သူတို့က အလွန်အကျွံစားသုံးကြတယ်။

သုတေသီတွေရဲ့ အဆိုအရ ကလေးတွေက သူတို့ဘာသာအစာစားခြင်းနှင့် အစားအစာတွေရဲ့အရသာကို လေ့လာခြင်းက မှန်ကန်တဲ့သဘောထားတွေကို မွေးမြူဖို့ အထောက်အကူပြုပါတယ်။

ခရက်ဒစ် လိုက်ဖ်စတိုင်မြန်မာ

Be the first to comment

Leave a Reply

Your email address will not be published.


*