ကမ္ဘာ့နိုင်ငံ အသီးသီးမှာ လူမျိုး /ယဉ်ကျေးမှု့ /ဓလေ့ထုံးတမ်း စတာတွေကွာလို့ ပြဌာန်းဥပဒေကွာကြပေမယ့် ကလေးအုပ်ထိန်းခွင့်ကို ဆုံးဖြတ်ရာမှာ တစ်နိုင်ငံနဲ့တစ်နိုင်ငံ ကွာဟမှု့ သိပ်မရှိကြပါဘူး။
နင့်စောက်ချိုးတွေ ကူးမှာစိုးလို့ / ရှင့်လို အရက်သမားဖဲသမား ဖြစ်မှာစိုးလို့ ကလေးနဲ့ ပေးမတွေ့နိုင်ဘူးတို့ ကလေးကို ဖွက်ထားတာတို့ ကျိုးကြောင်းညီညွတ်မှု မရှိတဲ့ အကြောင်း ပြချက်တွေနဲ့ကလေးကိုတစ်နေရာ ပို့ထားတာမျိုးတို့ ( ဆိုရင်တော့ )ရရှိပြီးသားကလေးအုပ်ထိန်းခွင့်ကိုရုံးတော်ကပြန်လည်ရုပ်သိမ်းမှာ ဖြစ်ပါကြောင်းကလေးအုပ်ထိန်းခွင့်နဲ့ ပတ်သက်လို့သိလိုသူများအတွက်ဖြေကြားပေး လိုက်ပါတယ်
Unicode
လင် မယားကွာရှင်းမှုအ ရ ကလေးအုပ် ထိန်းခွင့်နဲ့ပတ်သက်တဲ့ သိထားသင့်သောအချက်များ
ကလေး အုပ်ထိန်းခွင့်နဲ့ပတ်သက်လို့လင်မယားတွေ ရန်ဖြစ်ပြီဆိုမယားလုပ်သူကကလေးခေါ်ဆင်းသွားတာလင်က ကလေးခေါ် ဆင်းသွားတာတွေဖြစ်နေကျ /ပြီးမှသားကိုအမေသမီးကိုအဖေ ပိုင်တယ်ဆိုပြီးကလေးလုကြပြဿနာဖြစ်ကြနဲ့ နောက်ဆုံးကြားထဲကကလေးကမြေစာပင်ဖြစ်/စိတ်ဒဏ်ရာတွေရကလေးရှေ့ရေးမကောင်းဖို့များသွားပြီ။
တကယ်တော့ သားဆို အမေပိုင် (သမီး)ဆို အဖေပိုင်တယ် ဆိုတာ မြန်မာပြည်မှာမှမဟုတ် (ကမ္ဘာ့ ဘယ်နိုင်ငံတရားရုံး)ကမှ မဆုံးဖြတ်ပါဘူး။ ၂ယောက်ပေါင်းသင်းလို့ မွေးလာတဲ့ကလေးဖြစ်လို့ ပိုင်ဆိုင်ခွင့် ဆတူရှိပါတယ်။
ကမ္ဘာ့နိုင်ငံ အသီးသီးမှာ လူမျိူး /ယဉ်ကျေးမှု့ /ဓလေ့ထုံးတမ်း စတာတွေကွာလို့ ပြဌာန်းဥပဒေကွာကြပေမယ့် ကလေးအုပ်ထိန်းခွင့်ကို ဆုံးဖြတ်ရာမှာ တစ်နိုင်ငံနဲ့တစ်နိုင်ငံ ကွာဟမှု့ သိပ်မရှိကြပါဘူး။
မြန်မာနိုင်ငံမှာ ကလေးအုပ်ထိန်းခွင့်နဲ့ ပတ်သက်လို့ မြန်မာ့ဓလေ့ထုံးတမ်း အရ တရားရုံးတွေကအောက်ပါ အတိုင်း ဆုံးဖြတ် ပေးကြပါတယ်။
( 1 )ရင်ခွင်ပိုက်အရွယ် (မွေးကင်းစမှ ၂ နှစ် ၃ နှစ်) အထိ မိခင်သာလျင် အုပ်ထိန်းခွင့် ရပါမယ်။
( 2 ) ကလေးရဲ့ ဆန္ဒ ပေါ် မူတည်ပါမယ်။
( 3 ) မိဘ ၂ ပါးရဲ့ဝင်ငွေ အဆင့်အတန်းပေါ် မူတည်ပါမယ်။
( 4 ) မိဘ ၂ ပါးရဲ့အကျင့်စာရိတ္တပေါ် မူတည် ပါမယ်။
( 5 )ကလေး နေထိုင်ကြီးပြင်းရမယ့် ပတ်ဝန်းကျင် အသိုင်းအဝိုင်းပေါ် မူတည် ပါမယ်။
စတဲ့ အချက်တွေပေါ် အခြေခံပြီး တရားသူကြီးရဲ့ ဆင်ခြင်တုံတရားအရ ကလေးအုပ်ထိန်းခွင့်ကိုဆုံးဖြတ်ပေးတာ ဖြစ်ပြီး
(အထူးသတိပြုရမှာက) ကလေးအုပ်ထိန်းခွင့်ဆိုတာ အုပ်ထိန်းခွင့်ပဲပေးတာ ဖြစ်ကာ အပိုင်ပေးလိုက်တာ မဟုတ်တဲ့အတွက် အုပ်ထိန်းခွင့် မရသူက ကလေးကို လာတွေ့တဲ့အခါ ရုံးတော်ကသတ်မှတ်ပေးထားတဲ့ အတိုင်း အခါအားလျော်စွာ တွေ့ခွင့် ပေးရပါမယ်။
နင့်စောက်ချိုးတွေ ကူးမှာစိုးလို့ / ရှင့်လို အရက်သမားဖဲသမား ဖြစ်မှာစိုးလို့ ကလေးနဲ့ ပေးမတွေ့နိုင်ဘူးတို့ ကလေးကို ဖွက်ထားတာတို့ ကျိုးကြောင်းညီညွတ်မှု မရှိတဲ့ အကြောင်း ပြချက်တွေနဲ့ကလေးကိုတစ်နေရာ ပို့ထားတာမျိူးတို့ ( ဆိုရင်တော့ )ရရှိပြီးသားကလေးအုပ်ထိန်းခွင့်ကိုရုံးတော်ကပြန်လည်ရုပ်သိမ်းမှာ ဖြစ်ပါကြောင်းကလေးအုပ်ထိန်းခွင့်နဲ့ ပတ်သက်လို့သိလိုသူများအတွက်ဖြေကြားပေး လိုက်ပါတယ်
Credti : Khin Win (ဆရာ့အားလေးစားစွာဖြင့် credit ပေးပါသည်။)
Be the first to comment
Leave a Reply
Your email address will not be published.
*