ကင္ဆာေရာဂါျဖစ္ပြားသူေတြ အားလုံ႔းနီးပါးမွာ ျမင္ေတြ႕ရတဲ့ ေရွ႕ေျပးလကၡဏာ ( ၇ )ခု

ကင္ဆာေရာဂါျဖစ္ပြားသူေတြ အားလုံ႔းနီးပါးမွာ ျမင္ေတြ႕ရတဲ့ ေရွ႕ေျပးလကၡဏာ ( ၇ )ခု

ကင္ဆာေရာဂါျဖစ္ပြားသူေတြ အားလုံ႔းနီးပါးမွာ ျမင္ေတြ႕ရတဲ့ ေရွ႕ေျပးလကၡဏာ ( ၇ )ခု

အလုံးအက်ိတ္မ်ား သို႔မဟုတ္ အနာမ်ား ျဖစ္ေပၚျခင္း

အေရျပား နဲ႔ ရင္သားကင္ဆာမ်ားမွာ ေတြ႕ရပါတယ္။ ရင္သားနဲ႔ ခ်ိဴင္းေအာက္တြင္ မာေက်ာေသာအဖုမ်ား စမ္းမိျခင္း၊ အေရျပား တြင္ အကြက္မ်ားျဖစ္ေပၚျခင္း၊ အလုံးအက်ိတ္တစ္ခုရဲ႕အလည္တည့္တည့္တြင္ အနာစိမ္းတစ္ခုျဖစ္ေပၚျခင္း၊ ေမြးရာပါအမွတ္ရဲ႕ ပုံသ႑ာန္ သို႔ အ႐ြယ္ ေျပာင္းလဲျခင္း။

နာတာရွည္ေခ်ာင္းဆိုးျခင္း

အဆုတ္ကင္ဆာရဲ႕ လကၡဏာတစ္ခုျဖစ္ၿပီး ေအာက္ပါလကၡဏာမ်ား ရွိမရွိ ဆန္းစစ္သင့္ပါတယ္။ အစားအေသာက္ ပ်က္ျခင္း၊ ကိုယ္အေလးခ်ိန္ က်ဆင္းျခင္း၊ အဆုတ္ကင္ဆာ ေနာက္ဆုံးအဆင့္တြင္ ေသြးအန္ျခင္းနဲ႔ အသက္ရႉမဝျခင္းတို႔ ေတြ႕ရတတ္ပါသည္။

အေရျပားယားယံျခင္း

သားအိမ္ကင္ဆာ ေၾကာင့္ မိန္းမကိုယ္ယားျခင္း ျဖစ္ေပၚတတ္ပါသည္။ ဦးေႏွာက္ကင္ဆာေၾကာင့္ ႏွာေခါင္းအတြင္းပိုင္း ယားျခင္း ျဖစ္ေပၚတတ္ပါသည္။

အူလမ္းေၾကာင္းျပႆနာမ်ား

အူလမ္းေၾကာင္းကင္ဆာရဲ႕လကၡဏာမ်ားအနက္ ဝမ္းသြားရာမွာ ေသြးပါျခင္းနဲ႔ အခြၽဲဝမ္းသြားျခင္း ၊ဝမ္းမထိမ္းႏိုင္ျခင္း တို႔မွာ အေတြ႕ရ မ်ားသည္။

ဆီးအနည္ပါျခင္း

ေက်ာက္ကပ္ကင္ဆာရဲ႕ လကဏာတစ္ရပ္ ျဖစ္ၿပီး ေအာက္ပါ လကၡဏာမ်ားလဲ ေတြ႕ရတတ္သည္။ ဆီးတြင္ ေသြးပါျခင္း၊ ေသြးတိုးျခင္း၊ ေက်ာနာျခင္း၊ နာတာရွည္ အားနည္းျခင္း။

႐ုတ္တရက္ ပိန္လာျခင္း

သိသိသာသာ ကိုယ္အေလးခ်ိန္ က်ဆင္းျခင္းကို အစာအိမ္ကင္ဆာသမားမ်ားတြင္ ပိုမိုေတြ႕ရသည္။ အေစာပိုင္းတြင္ သိပ္မသိသာေသာ္လည္း တျဖည္းျဖည္းနဲ႔ ေအာက္ပါလကၡဏာမ်ားကိုပါေတြ႕ရတတ္ပါသည္။ အစာေတြ႕႐ုံနဲ႔ ပ်ိဴ႕အန္ျခင္း၊ အစာနည္းနည္းစား႐ုံနဲ႔ ဗိုက္ျပည့္ျခင္း၊ ေသြးအားနည္းျခင္း၊ အစာေခ်ေႏွးျခင္း။

နာတာရွည္လည္ေခ်ာင္းနာျခင္း

လည္ေခ်ာင္းကင္ဆာရဲ႕ လကၡဏာတစ္ခုျဖစ္ပါတယ္။ ေအာက္ပါ လကၡဏာမ်ားကိုလဲ ေတြ႕ရတတ္ပါတယ္။ အစာမ်ိဴရာတြင္ သို႔မဟုတ္ အသက္ရႉရာတြင္ ခက္ခဲျခင္း၊ လည္ေခ်ာင္းတြင္ အက်ိတ္မ်ား ေပၚလာျခင္း၊ အသံေအာလာျခင္းနဲ႔ တျဖည္းျဖည္း အသံပါ ေပ်ာက္လာျခင္း၊ ေသြးအန္ျခင္း၊ခံတြင္းအနံ႔ ဆိုးျခင္း။

အထက္ပါ လကၡဏာမ်ားကို ေတြ႕ရ႐ုံျဖင့္ သင့္မွာ ကင္ဆာရွိေနၿပီလို႔ ယူဆလို႔ မရပါ။ သို႔ေသာ္ သင့္တြင္ အဆိုပါ လကၡဏာမ်ား ရွိေနၿပီဆိုပါက မေပါ့ဆပဲ ဆရာဝန္ထံ ျပသဖို႔ လိုအပ္ပါတယ္။

Credit – Dr Jue ( XYZ News )

Unicode

ကင်ဆာရောဂါဖြစ်ပွားသူတွေ အားလုံ့းနီးပါးမှာ မြင်တွေ့ရတဲ့ ရှေ့ပြေးလက္ခဏာ ( ၇ )ခု

အလုံးအကျိတ်များ သို့မဟုတ် အနာများ ဖြစ်ပေါ်ခြင်း

အရေပြား နဲ့ ရင်သားကင်ဆာများမှာ တွေ့ရပါတယ်။ ရင်သားနဲ့ ချိူင်းအောက်တွင် မာကျောသောအဖုများ စမ်းမိခြင်း၊ အရေပြား တွင် အကွက်များဖြစ်ပေါ်ခြင်း၊ အလုံးအကျိတ်တစ်ခုရဲ့အလည်တည့်တည့်တွင် အနာစိမ်းတစ်ခုဖြစ်ပေါ်ခြင်း၊ မွေးရာပါအမှတ်ရဲ့ ပုံသဏ္ဍာန် သို့ အရွယ် ပြောင်းလဲခြင်း။

နာတာရှည်ချောင်းဆိုးခြင်း

အဆုတ်ကင်ဆာရဲ့ လက္ခဏာတစ်ခုဖြစ်ပြီး အောက်ပါလက္ခဏာများ ရှိမရှိ ဆန်းစစ်သင့်ပါတယ်။ အစားအသောက် ပျက်ခြင်း၊ ကိုယ်အလေးချိန် ကျဆင်းခြင်း၊ အဆုတ်ကင်ဆာ နောက်ဆုံးအဆင့်တွင် သွေးအန်ခြင်းနဲ့ အသက်ရှူမဝခြင်းတို့ တွေ့ရတတ်ပါသည်။

အရေပြားယားယံခြင်း

သားအိမ်ကင်ဆာ ကြောင့် မိန်းမကိုယ်ယားခြင်း ဖြစ်ပေါ်တတ်ပါသည်။ ဦးနှောက်ကင်ဆာကြောင့် နှာခေါင်းအတွင်းပိုင်း ယားခြင်း ဖြစ်ပေါ်တတ်ပါသည်။

အူလမ်းကြောင်းပြဿနာများ

အူလမ်းကြောင်းကင်ဆာရဲ့လက္ခဏာများအနက် ဝမ်းသွားရာမှာ သွေးပါခြင်းနဲ့ အချွဲဝမ်းသွားခြင်း ၊ဝမ်းမထိမ်းနိုင်ခြင်း တို့မှာ အတွေ့ရ များသည်။

ဆီးအနည်ပါခြင်း

ကျောက်ကပ်ကင်ဆာရဲ့ လကဏာတစ်ရပ် ဖြစ်ပြီး အောက်ပါ လက္ခဏာများလဲ တွေ့ရတတ်သည်။ ဆီးတွင် သွေးပါခြင်း၊ သွေးတိုးခြင်း၊ ကျောနာခြင်း၊ နာတာရှည် အားနည်းခြင်း။

ရုတ်တရက် ပိန်လာခြင်း

သိသိသာသာ ကိုယ်အလေးချိန် ကျဆင်းခြင်းကို အစာအိမ်ကင်ဆာသမားများတွင် ပိုမိုတွေ့ရသည်။ အစောပိုင်းတွင် သိပ်မသိသာသော်လည်း တဖြည်းဖြည်းနဲ့ အောက်ပါလက္ခဏာများကိုပါတွေ့ရတတ်ပါသည်။ အစာတွေ့ရုံနဲ့ ပျိူ့အန်ခြင်း၊ အစာနည်းနည်းစားရုံနဲ့ ဗိုက်ပြည့်ခြင်း၊ သွေးအားနည်းခြင်း၊ အစာချေနှေးခြင်း။

နာတာရှည်လည်ချောင်းနာခြင်း

လည်ချောင်းကင်ဆာရဲ့ လက္ခဏာတစ်ခုဖြစ်ပါတယ်။ အောက်ပါ လက္ခဏာများကိုလဲ တွေ့ရတတ်ပါတယ်။ အစာမျိူရာတွင် သို့မဟုတ် အသက်ရှူရာတွင် ခက်ခဲခြင်း၊ လည်ချောင်းတွင် အကျိတ်များ ပေါ်လာခြင်း၊ အသံအောလာခြင်းနဲ့ တဖြည်းဖြည်း အသံပါ ပျောက်လာခြင်း၊ သွေးအန်ခြင်း၊ခံတွင်းအနံ့ ဆိုးခြင်း။

အထက်ပါ လက္ခဏာများကို တွေ့ရရုံဖြင့် သင့်မှာ ကင်ဆာရှိနေပြီလို့ ယူဆလို့ မရပါ။ သို့သော် သင့်တွင် အဆိုပါ လက္ခဏာများ ရှိနေပြီဆိုပါက မပေါ့ဆပဲ ဆရာဝန်ထံ ပြသဖို့ လိုအပ်ပါတယ်။

Credit – Dr Jue ( XYZ News )

Be the first to comment

Leave a Reply

Your email address will not be published.


*