အေနာက္ကမာၻသို႔ ဗုဒၶဘာသာကို ျပန႔္ပြားေစခဲ့သူ ၿဗိတိန္ႏိုင္ငံသား

အေနာက္ကမာၻသို႔ ဗုဒၶဘာသာကို ျပန႔္ပြားေစခဲ့သူ ၿဗိတိန္ႏိုင္ငံသား

အေနာက္ကမာၻသို႔ ဗုဒၶဘာသာကို ျပန႔္ပြားေစခဲ့သူ ၿဗိတိန္ႏိုင္ငံသား

ဘုန္းေတာ္ႀကီး အရွင္အာနႏၵာေမေတၱယ် ဟု ေက်ာ္ၾကားခဲ့ေသာ သူ၏ အမည္ရင္းမွာ ခ်ားလ္ (စ္) ဟင္နရီ အယ္လင္ဘင္းနက္ ( Charles Henry Allan Bennett ) ျဖစ္ပါတယ္။ သူ႔ကို ၁၈၇၂ခုႏွစ္ ဒီဇင္ဘာ ၈ ရက္ေန႔တြင္ အဂၤလန္ႏိုင္ငံ လန္ဒန္ၿမိဳ႕မွာ ေမြးဖြားခဲ့ပါတယ္။

ဖခင္ျဖစ္သူမွာ လွ်ပ္စစ္အင္ဂ်င္နီယာ တစ္ေယာက္ ျဖစ္သူ မစ္စနာဘင္းနက္ ျဖစ္ပါတယ္။ ငယ္စဥ္ကတည္းက ဖခင္ျဖစ္သူ ကြယ္လြန္ခဲ့တာေၾကာင့္ မစၥတာ မကၠရီကာ Mr. McGregor က ေမြးစားခဲ့ပါတယ္။

အယ္လင္ဟာ ငယ္စဥ္ကတည္းက က်န္းမာေရးခ်ဴျခာခဲ့သူ ျဖစ္ၿပီး ပန္းနာေရာဂါႏွိပ္စက္မႈကို အလြန္အမင္းခံခဲ့ရသူျဖစ္ပါတယ္။ ပညာေရး အေနနဲ႔ Hollesley ေကာလိပ္နဲ႔ အဂၤလန္ႏိုင္ငံ Bath ၿမိဳ႕တို႔မွာ သင္ၾကားခဲ့ပါတယ္။

ဉာဏ္ရည္ထက္ျမက္သူျဖစ္ၿပီး ပညာထူးခြၽန္တာေၾကာင့္ ေက်ာင္းၿပီးတဲ့ေနာက္မွာလည္း ဓာတုေဗဒ ပညာရွင္တစ္ေယာက္အျဖစ္ ေအာင္ျမင္ခဲ့ပါတယ္။ သူဟာ ဓာတုေဗဒပညာရပ္အျပင္ သခ်ၤာနဲ႔ ႐ူပေဗဒ ပညာရပ္ေတြကိုလည္း တစိုက္မတ္မတ္ ေလ့လာလိုက္စားခဲ့ပါတယ္။

သိပၸံပညာရပ္မ်ားႏွင့္ ရင္းႏွီးကြၽမ္းဝင္သူျဖစ္ၿပီး လက္ေတြ႕အျမင္ရွိသူျဖစ္တာေၾကာင့္ ဘာသာေရးယုံၾကည္မႈေတြကို ျငင္းဆန္ခဲ့သူလည္းျဖစ္ပါတယ္။

ဓာတ္ခြဲခန္း ဆရာအျဖစ္ အလုပ္လုပ္ေနစဥ္အတြင္းမွာ ကဗ်ာရွည္ႀကီးတစ္ပုဒ္ကို သူဖတ္ခဲ့ရၿပီးေနာက္ ဗုဒၶဘာသာကို စတင္စိတ္ဝင္စားလာခဲ့ပါတယ္။

အဲဒီကဗ်ာရွည္ႀကီးကေတာ့ ဆာအက္ဒြင္အာႏိုး ေရးဖြဲ႕ခဲ့တဲ့ အာရွတိုက္ရဲ႕ အလင္းေရာင္ (The Light of Asia) ဆိုတဲ့ ကဗ်ာရွည္ႀကီးျဖစ္ၿပီး ဗုဒၶ၏ ဘဝျဖတ္သန္းပုံကို ေရးဖြဲ႕ထားျခင္းျဖစ္ပါတယ္။

ဒီကဗ်ာကို ဖတ္ခဲ့ၿပီးတဲ့ေနာက္မွာ အယ္လင္ဟာ ဗုဒၶကို ၾကည္ညိဳစိတ္ျဖစ္ခဲ့ၿပီး ဗုဒၶဘာသာႏိုင္ငံမ်ားကို သြားေရာက္လိုစိတ္မ်ား တဖြားဖြား ေပၚေပါက္ခဲ့ရပါတယ္။

မိတ္ေဆြတစ္ေယာက္ျဖစ္သူ ဓာတုေဗဒ ဆရာတစ္ေယာက္ျဖစ္သူ George Cecil Jones ႏွင့္ ဆက္စပ္ၿပီးေနာက္ လ်ိဳ႕ဝွက္အဖြဲ႕အစည္း တစ္ခုနဲ႔ ဆုံေတြ႕ခဲ့ပါတယ္။ ဒီအဖြဲ႕ရဲ႕အမည္က Hermetic Order of the Golden Dawn ျဖစ္ပါတယ္။

ဒီအဖြဲ႕ႀကီးဟာ ၁၉ရာစု နဲ႔ ၂၀ရာစု အတြင္း ဂရိတ္ၿဗိတိန္မွာ ေက်ာ္ၾကားခဲ့တဲ့ ေရွးေဟာင္း-အဂၢိရပ္ပညာ ၊ ဂႏၶာရီပညာ နဲ႔ လ်ိဳ႕ဝွက္ပညာရပ္မ်ားကို ေလ့လာလိုက္စားတဲ့ အဖြဲ႕ႀကီးျဖစ္ပါတယ္။ အယ္လင္ဟာ ဒီအဖြဲ႕ႀကီးမွာ white magic ေခၚ လ်ိဳ႕ဝွက္က်င့္စဥ္ေတြကို သင္ယူခြင့္ရခဲ့ပါတယ္။

သူ႔ရဲ႕ပန္းနာေရာဂါဟာ တေန႔တျခားဆိုး႐ြားလာၿပီးတဲ့ေနာက္ အပူပိုင္းေဒသတြင္ေနထိုင္ဖို႔ ဆရာဝန္က ၫႊန္ၾကားခဲ့တဲ့အခါ ေဆးခြင့္ယူၿပီးတဲ့ေနာက္ အေရွ႕ေတာင္အာရွကို ခရီးထြက္ခဲ့ပါတယ္။

သီရိလကၤာကို ေ႐ြးျဖစ္ခဲ့တာကေတာ့ အပူပိုင္းေဒသျဖစ္တဲ့အျပင္ သူေလ့လာလိုတဲ့ ဗုဒၶဘာသာ ထြန္းကားရာႏိုင္ငံ ျဖစ္လို႔ပါ။ အဲဒီအခ်ိန္က ၁၈၉၈ ခုႏွစ္ျဖစ္ၿပီး သူ႔အသက္ ၂၆ႏွစ္ အ႐ြယ္ျဖစ္ပါတယ္။

ဒီလိုသြားေရာက္ခဲ့ရာမွာ လ်ိဳ႕ဝွက္အဖြဲ႕ႀကီးရဲ႕ ပံ့ပိုးမႈနဲ႔ သြားေရာက္ခဲ့တာျဖစ္ၿပီး အေရွ႕တိုင္းက ေရွးေဟာင္းဂႏၶာရီပညာရပ္ေတြကို ေလ့လာရမယ့္ တာဝန္လည္း သူနဲ႔ပါလာခဲ့ပါတယ္။

ေယာဂီႀကီး Shri Parananda ရဲ႕ထံမွ ေယာဂပညာရပ္မ်ားကို ေလ့လာသင္ယူရင္း သူ႔ရဲ႕နာမည္ကိုလည္း ဆြာမိ Maitrananda လို႔ ေျပာင္းလဲခဲ့ပါတယ္။ ေယာဂပညာရပ္မ်ားကို ေလ့လာရင္း တစ္ဖက္ကလည္း ပါဠိဘာသာကို သင္ၾကားကာ သမထအလုပ္ေတြကို လက္ေတြ႕လုပ္ရင္း ဗုဒၶဘာသာကို ေလ့လာခဲ့ပါတယ္။

အလြန္ႏွစ္ေထာင္းအားရလွတာေၾကာင့္ ဗုဒၶဘာသာဝင္ တစ္ေယာက္ျဖစ္လာသလို ဉာဏ္ပညာထက္ျမက္သူျဖစ္တာေၾကာင့္ ႏွစ္အနည္းငယ္အတြင္းမွာ ထိုပညာရပ္ေတြ၌ ကြၽမ္းက်င္သူတစ္ေယာက္ျဖစ္လာခဲ့ပါတယ္။

၁၉၀၁ ခုႏွစ္ ဇူလိုင္လမွာေတာ့ ကိုလံဘိုၿမိဳ႕ ဘီအိုဆိုဖီ အသင္းတိုက္မွာ ဗုဒၶရဲ႕သစၥာေလးပါးတရားေတာ္ကို ေဟာေျပာႏိုင္ခဲ့ပါတယ္။ ေႏြးေထြးတဲ့ရာသီဥတုေၾကာင့္ သူ႔ရဲ႕ ပန္းနာေရာဂါဟာလည္း အေတာ္ေလး သက္သာလာခဲ့ပါတယ္။

သီဟိုဠ္မွာ ၃ႏွစ္ေနၿပီးတဲ့ေနာက္မွာေတာ့ ျမန္မာႏိုင္ငံသို႔ ထြက္ခြာခဲ့ၿပီး စစ္ေတြၿမိဳ႕သို႔ ေရာက္ရွိခဲ့ပါတယ္။ သူ႔အသက္ ၂၉ႏွစ္ တိတိျပည့္တဲ့အခ်ိန္ ၁၉၀၁ ခုႏွစ္ ဒီဇင္ဘာ ၈ ရက္ေန႔မွာ ရွင္သာမေဏ ဘဝသို႔ ကူးေျပာင္းခဲ့ပါတယ္။ အဲဒီတုန္းက ဘြဲ႕အမည္က အာနႏၵာ ေမတရိယ ပါ။

ေနာင္အခါ ထိုဘြဲ႕အမည္ဟာ ပါဠိေတာ္နဲ႔လည္း မကိုက္ညီ ၊ ပါဠိသဒၵါနဲ႔ မကိုက္ညီဟု ဆိုကာ အာနႏၵာေမေတၱယ် ဘြဲ႕ကို ကူးေျပာင္းခဲ့ပါတယ္။ ၁၉၀၂ ခုႏွစ္ ေမလမွာေတာ့ ေ႐ႊျပား ဆရာေတာ္ကို ဥပဇၩာယ္ဆရာျပဳကာ ရဟန္းေဘာင္သို႔ တက္ေရာက္ခဲ့ပါတယ္။

ရခိုင္ကေန တဆင့္ ဗုဒၶဘာသာကို ျပန႔္ပြားတိုးတက္ေအာင္လုပ္ခ်င္တာေၾကာင့္ ရန္ကုန္ၿမိဳ႕သို႔ ႂကြခ်ီခဲ့ျပန္ပါတယ္။

ဗုဒၶဘာသာျပန႔္ပြားေရးအဖြဲ႕ Buddhasāsana Samāgama Society ဗုဒၶသာသန သမာဂမ အဖြဲ႕ကို စတင္ၿပီး ဗုဒၶသာသနာ ျပန႔္ပြားေရးလုပ္ငန္းမ်ား လုပ္ေဆာင္ခဲ့သလို တစ္ဖက္ကလည္း Buddhism – An illustrated Quarterly Review အမည္ရ ၆ေစာင္ က်မ္းကို ျပဳစုခဲ့ရာ ၁၉၀၈ ခုႏွစ္မွာ ၿပီးစီးခဲ့ပါတယ္။

ဆရာေတာ္ေရးသားတဲ့ က်မ္းေတြကို ဥေရာပတခြင္က စာၾကည့္တိုက္ေတြကို ပို႔ေဆာင္ခဲ့ၿပီး လက္ရွိတိုင္ေအာင္ ၾသစႀတီးယား ၊ ျမန္မာ ၊ သီဟိုဠ္ ၊ တ႐ုတ္ ၊ ဂ်ာမနီ ၊ အီတလီ ၊ အဂၤလန္ နဲ႔ အေမရိကန္ စတဲ့ႏိုင္ငံေတြက စာၾကည့္တိုက္ေတြမွာက်န္ရွိေနဆဲ ျဖစ္ပါတယ္။

၁၉၀၇ ခုႏွစ္မွာ ဂရိတ္ၿဗိတိန္ နဲ႔ အိုင္ယာလန္တို႔မွာ ဗုဒၶဘာသာအသင္းအဖြဲ႕မ်ား ဖြဲ႕စီးၿပီးျဖစ္တာေၾကာင့္ ဆရာေတာ္ကို ဖိတ္ၾကားတဲ့အတြက္ ၁၉၀၈ခုႏွစ္ ဧၿပီလမွာ အဂၤလန္သို႔ႂကြၿပီး တရားေတာ္မ်ားကိုေဟာေျပာခဲ့ပါတယ္။

အဂၤလန္ေနသူမ်ားဟာ အဂၤလိပ္လူမ်ိဳး ဗုဒၶ သားေတာ္ရဟန္းတစ္ပါးကို ပထမဆုံးအႀကိမ္ဖူးေတြ႕ရျခင္း ျဖစ္ပါတယ္။

ၿဗိတိန္မွာ ၆လခန႔္ တရားလွည့္လည္ေဟာေျပာၿပီး အဲဒီႏွစ္ေအာက္တိုဘာလ မွာေတာ့ ရန္ကုန္ၿမိဳ႕သို႔ျပန္ခဲ့ၿပီး ဗုဒၶဘာသာတိုးတက္ျပန႔္ပြားေရးလုပ္ငန္းမ်ားကို တစိုက္မတ္မတ္လုပ္ခဲ့သလို တစ္ဖက္ကလည္း ဗုဒၶစာေပမ်ား ေရးသားခဲ့ပါတယ္။

ပထမ ကမာၻစစ္ စတင္ျဖစ္ပြားခ်ိန္ ၁၉၁၄ ခုႏွစ္မွာေတာ့ ဆရာေတာ္ရဲ႕ ေရာဂါဟာ အေျခအေန ဆိုး႐ြားလာခဲ့တာေၾကာင့္ လူဝတ္လဲကာ ေဆးကုသခဲ့ပါတယ္။ ေရာဂါဟာ သက္သာမလာပဲ တေန႔တျခားဆိုး႐ြားလာတာေၾကာင့္ အဂၤလန္သို႔ျပန္ၿပီးကုရန္ ဆရာဝန္ေတြ က အႀကံေပးခဲ့ၾကပါတယ္။

သူအဂၤလန္ကို ျပန္ခဲ့ၿပီးေနာက္မွာ မိတ္ေဆြမ်ားရဲ႕ေစာင့္ေရွာက္မႈနဲ႔ ပင္ပန္းဆင္းရဲစြာ အသက္ရွင္ခဲ့ရပါတယ္။ သူ႔ရဲ႕ေနာက္ပိုင္းအခ်ိန္ ျဖစ္စဥ္ေတြကိုေတာ့ တိတိပပ မသိရပဲ မစၥတာ အယ္လင္ဘင္းနက္ ဟာ အသက္ ၅၁ႏွစ္အ႐ြယ္မွာ အဂၤလန္ Morden စီရင္စုမွာ ကြယ္လြန္သြားခဲ့တယ္လို႔ သိရပါတယ္။

အေနာက္ႏိုင္ငံေတြကို ဗုဒၶဘာသာျပန႔္ပြားခဲ့ရာမွာ မစၥတာ အယ္လင္ဘင္းနက္ ရဲ႕ႀကိဳးပမ္းမႈကလည္း တစိတ္တပိုင္းပါဝင္ခဲ့ပါတယ္။

သူဟာ The Wisdom of the Aryas နဲ႔ The Religion of Burma ဆိုတဲ့ ဗုဒၶဘာသာဆိုင္ရာ စာအုပ္ ၂အုပ္ကို ေရးသားခဲ့ေသးၿပီး သူ႔ရဲ႕စာအုပ္ေတြကို ယေန႔တိုင္ ဖတ္ရႈ႕ကိုးကားေနၾကရဆဲ ျဖစ္ပါတယ္။

သူ႔ရဲ႕အေၾကာင္းဟာ လူသိနည္းလွတာေၾကာင့္ စိတ္ဝင္စားတဲ့ သုတဇုန္ မိတ္ေဆြမ်ားအတြက္ ရွာေဖြေဝမွ်လိုက္ရပါတယ္။

ကိုးကား :Ananda Metteyya, The First British Emissary of Buddhism.

Unicode

အနောက်ကမ္ဘာသို့ ဗုဒ္ဓဘာသာကို ပြန့်ပွားစေခဲ့သူ ဗြိတိန်နိုင်ငံသား

ဘုန်းတော်ကြီး အရှင်အာနန္ဒာမေတ္တေယျ ဟု ကျော်ကြားခဲ့သော သူ၏ အမည်ရင်းမှာ ချားလ် (စ်) ဟင်နရီ အယ်လင်ဘင်းနက် ( Charles Henry Allan Bennett ) ဖြစ်ပါတယ်။ သူ့ကို ၁၈၇၂ခုနှစ် ဒီဇင်ဘာ ၈ ရက်နေ့တွင် အင်္ဂလန်နိုင်ငံ လန်ဒန်မြို့မှာ မွေးဖွားခဲ့ပါတယ်။

ဖခင်ဖြစ်သူမှာ လျှပ်စစ်အင်ဂျင်နီယာ တစ်ယောက် ဖြစ်သူ မစ်စနာဘင်းနက် ဖြစ်ပါတယ်။ ငယ်စဉ်ကတည်းက ဖခင်ဖြစ်သူ ကွယ်လွန်ခဲ့တာကြောင့် မစ္စတာ မက္ကရီကာ Mr. McGregor က မွေးစားခဲ့ပါတယ်။

အယ်လင်ဟာ ငယ်စဉ်ကတည်းက ကျန်းမာရေးချူခြာခဲ့သူ ဖြစ်ပြီး ပန်းနာရောဂါနှိပ်စက်မှုကို အလွန်အမင်းခံခဲ့ရသူဖြစ်ပါတယ်။ ပညာရေး အနေနဲ့ Hollesley ကောလိပ်နဲ့ အင်္ဂလန်နိုင်ငံ Bath မြို့တို့မှာ သင်ကြားခဲ့ပါတယ်။

ဉာဏ်ရည်ထက်မြက်သူဖြစ်ပြီး ပညာထူးချွန်တာကြောင့် ကျောင်းပြီးတဲ့နောက်မှာလည်း ဓာတုဗေဒ ပညာရှင်တစ်ယောက်အဖြစ် အောင်မြင်ခဲ့ပါတယ်။ သူဟာ ဓာတုဗေဒပညာရပ်အပြင် သင်္ချာနဲ့ ရူပဗေဒ ပညာရပ်တွေကိုလည်း တစိုက်မတ်မတ် လေ့လာလိုက်စားခဲ့ပါတယ်။

သိပ္ပံပညာရပ်များနှင့် ရင်းနှီးကျွမ်းဝင်သူဖြစ်ပြီး လက်တွေ့အမြင်ရှိသူဖြစ်တာကြောင့် ဘာသာရေးယုံကြည်မှုတွေကို ငြင်းဆန်ခဲ့သူလည်းဖြစ်ပါတယ်။

ဓာတ်ခွဲခန်း ဆရာအဖြစ် အလုပ်လုပ်နေစဉ်အတွင်းမှာ ကဗျာရှည်ကြီးတစ်ပုဒ်ကို သူဖတ်ခဲ့ရပြီးနောက် ဗုဒ္ဓဘာသာကို စတင်စိတ်ဝင်စားလာခဲ့ပါတယ်။

အဲဒီကဗျာရှည်ကြီးကတော့ ဆာအက်ဒွင်အာနိုး ရေးဖွဲ့ခဲ့တဲ့ အာရှတိုက်ရဲ့ အလင်းရောင် (The Light of Asia) ဆိုတဲ့ ကဗျာရှည်ကြီးဖြစ်ပြီး ဗုဒ္ဓ၏ ဘဝဖြတ်သန်းပုံကို ရေးဖွဲ့ထားခြင်းဖြစ်ပါတယ်။

ဒီကဗျာကို ဖတ်ခဲ့ပြီးတဲ့နောက်မှာ အယ်လင်ဟာ ဗုဒ္ဓကို ကြည်ညိုစိတ်ဖြစ်ခဲ့ပြီး ဗုဒ္ဓဘာသာနိုင်ငံများကို သွားရောက်လိုစိတ်များ တဖွားဖွား ပေါ်ပေါက်ခဲ့ရပါတယ်။

မိတ်ဆွေတစ်ယောက်ဖြစ်သူ ဓာတုဗေဒ ဆရာတစ်ယောက်ဖြစ်သူ George Cecil Jones နှင့် ဆက်စပ်ပြီးနောက် လျို့ဝှက်အဖွဲ့အစည်း တစ်ခုနဲ့ ဆုံတွေ့ခဲ့ပါတယ်။ ဒီအဖွဲ့ရဲ့အမည်က Hermetic Order of the Golden Dawn ဖြစ်ပါတယ်။

ဒီအဖွဲ့ကြီးဟာ ၁၉ရာစု နဲ့ ၂၀ရာစု အတွင်း ဂရိတ်ဗြိတိန်မှာ ကျော်ကြားခဲ့တဲ့ ရှေးဟောင်း-အဂ္ဂိရပ်ပညာ ၊ ဂန္ဓာရီပညာ နဲ့ လျို့ဝှက်ပညာရပ်များကို လေ့လာလိုက်စားတဲ့ အဖွဲ့ကြီးဖြစ်ပါတယ်။ အယ်လင်ဟာ ဒီအဖွဲ့ကြီးမှာ white magic ခေါ် လျို့ဝှက်ကျင့်စဉ်တွေကို သင်ယူခွင့်ရခဲ့ပါတယ်။

သူ့ရဲ့ပန်းနာရောဂါဟာ တနေ့တခြားဆိုးရွားလာပြီးတဲ့နောက် အပူပိုင်းဒေသတွင်နေထိုင်ဖို့ ဆရာဝန်က ညွှန်ကြားခဲ့တဲ့အခါ ဆေးခွင့်ယူပြီးတဲ့နောက် အရှေ့တောင်အာရှကို ခရီးထွက်ခဲ့ပါတယ်။

သီရိလင်္ကာကို ရွေးဖြစ်ခဲ့တာကတော့ အပူပိုင်းဒေသဖြစ်တဲ့အပြင် သူလေ့လာလိုတဲ့ ဗုဒ္ဓဘာသာ ထွန်းကားရာနိုင်ငံ ဖြစ်လို့ပါ။ အဲဒီအချိန်က ၁၈၉၈ ခုနှစ်ဖြစ်ပြီး သူ့အသက် ၂၆နှစ် အရွယ်ဖြစ်ပါတယ်။

ဒီလိုသွားရောက်ခဲ့ရာမှာ လျို့ဝှက်အဖွဲ့ကြီးရဲ့ ပံ့ပိုးမှုနဲ့ သွားရောက်ခဲ့တာဖြစ်ပြီး အရှေ့တိုင်းက ရှေးဟောင်းဂန္ဓာရီပညာရပ်တွေကို လေ့လာရမယ့် တာဝန်လည်း သူနဲ့ပါလာခဲ့ပါတယ်။

ယောဂီကြီး Shri Parananda ရဲ့ထံမှ ယောဂပညာရပ်များကို လေ့လာသင်ယူရင်း သူ့ရဲ့နာမည်ကိုလည်း ဆွာမိ Maitrananda လို့ ပြောင်းလဲခဲ့ပါတယ်။ ယောဂပညာရပ်များကို လေ့လာရင်း တစ်ဖက်ကလည်း ပါဠိဘာသာကို သင်ကြားကာ သမထအလုပ်တွေကို လက်တွေ့လုပ်ရင်း ဗုဒ္ဓဘာသာကို လေ့လာခဲ့ပါတယ်။

အလွန်နှစ်ထောင်းအားရလှတာကြောင့် ဗုဒ္ဓဘာသာဝင် တစ်ယောက်ဖြစ်လာသလို ဉာဏ်ပညာထက်မြက်သူဖြစ်တာကြောင့် နှစ်အနည်းငယ်အတွင်းမှာ ထိုပညာရပ်တွေ၌ ကျွမ်းကျင်သူတစ်ယောက်ဖြစ်လာခဲ့ပါတယ်။

၁၉၀၁ ခုနှစ် ဇူလိုင်လမှာတော့ ကိုလံဘိုမြို့ ဘီအိုဆိုဖီ အသင်းတိုက်မှာ ဗုဒ္ဓရဲ့သစ္စာလေးပါးတရားတော်ကို ဟောပြောနိုင်ခဲ့ပါတယ်။ နွေးထွေးတဲ့ရာသီဥတုကြောင့် သူ့ရဲ့ ပန်းနာရောဂါဟာလည်း အတော်လေး သက်သာလာခဲ့ပါတယ်။

သီဟိုဠ်မှာ ၃နှစ်နေပြီးတဲ့နောက်မှာတော့ မြန်မာနိုင်ငံသို့ ထွက်ခွာခဲ့ပြီး စစ်တွေမြို့သို့ ရောက်ရှိခဲ့ပါတယ်။ သူ့အသက် ၂၉နှစ် တိတိပြည့်တဲ့အချိန် ၁၉၀၁ ခုနှစ် ဒီဇင်ဘာ ၈ ရက်နေ့မှာ ရှင်သာမဏေ ဘဝသို့ ကူးပြောင်းခဲ့ပါတယ်။ အဲဒီတုန်းက ဘွဲ့အမည်က အာနန္ဒာ မေတရိယ ပါ။

နောင်အခါ ထိုဘွဲ့အမည်ဟာ ပါဠိတော်နဲ့လည်း မကိုက်ညီ ၊ ပါဠိသဒ္ဒါနဲ့ မကိုက်ညီဟု ဆိုကာ အာနန္ဒာမေတ္တေယျ ဘွဲ့ကို ကူးပြောင်းခဲ့ပါတယ်။ ၁၉၀၂ ခုနှစ် မေလမှာတော့ ရွှေပြား ဆရာတော်ကို ဥပဇ္ဈာယ်ဆရာပြုကာ ရဟန်းဘောင်သို့ တက်ရောက်ခဲ့ပါတယ်။

ရခိုင်ကနေ တဆင့် ဗုဒ္ဓဘာသာကို ပြန့်ပွားတိုးတက်အောင်လုပ်ချင်တာကြောင့် ရန်ကုန်မြို့သို့ ကြွချီခဲ့ပြန်ပါတယ်။

ဗုဒ္ဓဘာသာပြန့်ပွားရေးအဖွဲ့ Buddhasāsana Samāgama Society ဗုဒ္ဓသာသန သမာဂမ အဖွဲ့ကို စတင်ပြီး ဗုဒ္ဓသာသနာ ပြန့်ပွားရေးလုပ်ငန်းများ လုပ်ဆောင်ခဲ့သလို တစ်ဖက်ကလည်း Buddhism – An illustrated Quarterly Review အမည်ရ ၆စောင် ကျမ်းကို ပြုစုခဲ့ရာ ၁၉၀၈ ခုနှစ်မှာ ပြီးစီးခဲ့ပါတယ်။

ဆရာတော်ရေးသားတဲ့ ကျမ်းတွေကို ဥရောပတခွင်က စာကြည့်တိုက်တွေကို ပို့ဆောင်ခဲ့ပြီး လက်ရှိတိုင်အောင် သြစတြီးယား ၊ မြန်မာ ၊ သီဟိုဠ် ၊ တရုတ် ၊ ဂျာမနီ ၊ အီတလီ ၊ အင်္ဂလန် နဲ့ အမေရိကန် စတဲ့နိုင်ငံတွေက စာကြည့်တိုက်တွေမှာကျန်ရှိနေဆဲ ဖြစ်ပါတယ်။

၁၉၀၇ ခုနှစ်မှာ ဂရိတ်ဗြိတိန် နဲ့ အိုင်ယာလန်တို့မှာ ဗုဒ္ဓဘာသာအသင်းအဖွဲ့များ ဖွဲ့စီးပြီးဖြစ်တာကြောင့် ဆရာတော်ကို ဖိတ်ကြားတဲ့အတွက် ၁၉၀၈ခုနှစ် ဧပြီလမှာ အင်္ဂလန်သို့ကြွပြီး တရားတော်များကိုဟောပြောခဲ့ပါတယ်။

အင်္ဂလန်နေသူများဟာ အင်္ဂလိပ်လူမျိုး ဗုဒ္ဓ သားတော်ရဟန်းတစ်ပါးကို ပထမဆုံးအကြိမ်ဖူးတွေ့ရခြင်း ဖြစ်ပါတယ်။

ဗြိတိန်မှာ ၆လခန့် တရားလှည့်လည်ဟောပြောပြီး အဲဒီနှစ်အောက်တိုဘာလ မှာတော့ ရန်ကုန်မြို့သို့ပြန်ခဲ့ပြီး ဗုဒ္ဓဘာသာတိုးတက်ပြန့်ပွားရေးလုပ်ငန်းများကို တစိုက်မတ်မတ်လုပ်ခဲ့သလို တစ်ဖက်ကလည်း ဗုဒ္ဓစာပေများ ရေးသားခဲ့ပါတယ်။

ပထမ ကမ္ဘာစစ် စတင်ဖြစ်ပွားချိန် ၁၉၁၄ ခုနှစ်မှာတော့ ဆရာတော်ရဲ့ ရောဂါဟာ အခြေအနေ ဆိုးရွားလာခဲ့တာကြောင့် လူဝတ်လဲကာ ဆေးကုသခဲ့ပါတယ်။ ရောဂါဟာ သက်သာမလာပဲ တနေ့တခြားဆိုးရွားလာတာကြောင့် အင်္ဂလန်သို့ပြန်ပြီးကုရန် ဆရာဝန်တွေ က အကြံပေးခဲ့ကြပါတယ်။

သူအင်္ဂလန်ကို ပြန်ခဲ့ပြီးနောက်မှာ မိတ်ဆွေများရဲ့စောင့်ရှောက်မှုနဲ့ ပင်ပန်းဆင်းရဲစွာ အသက်ရှင်ခဲ့ရပါတယ်။ သူ့ရဲ့နောက်ပိုင်းအချိန် ဖြစ်စဉ်တွေကိုတော့ တိတိပပ မသိရပဲ မစ္စတာ အယ်လင်ဘင်းနက် ဟာ အသက် ၅၁နှစ်အရွယ်မှာ အင်္ဂလန် Morden စီရင်စုမှာ ကွယ်လွန်သွားခဲ့တယ်လို့ သိရပါတယ်။

အနောက်နိုင်ငံတွေကို ဗုဒ္ဓဘာသာပြန့်ပွားခဲ့ရာမှာ မစ္စတာ အယ်လင်ဘင်းနက် ရဲ့ကြိုးပမ်းမှုကလည်း တစိတ်တပိုင်းပါဝင်ခဲ့ပါတယ်။

သူဟာ The Wisdom of the Aryas နဲ့ The Religion of Burma ဆိုတဲ့ ဗုဒ္ဓဘာသာဆိုင်ရာ စာအုပ် ၂အုပ်ကို ရေးသားခဲ့သေးပြီး သူ့ရဲ့စာအုပ်တွေကို ယနေ့တိုင် ဖတ်ရှု့ကိုးကားနေကြရဆဲ ဖြစ်ပါတယ်။

သူ့ရဲ့အကြောင်းဟာ လူသိနည်းလှတာကြောင့် စိတ်ဝင်စားတဲ့ သုတဇုန် မိတ်ဆွေများအတွက် ရှာဖွေဝေမျှလိုက်ရပါတယ်။

ကိုးကား :Ananda Metteyya, The First British Emissary of Buddhism.

Be the first to comment

Leave a Reply

Your email address will not be published.


*