ကေလးငယ္ေတြ ေခ်ာင္းအရမ္းဆိုးေနတာကို ခ်က္ခ်င္းသက္သာေစမယ့္ အိမ္တြင္းနည္းလမ္းမ်ား

ကေလးငယ္ေတြ ေခ်ာင္းအရမ္းဆိုးေနတာကို ခ်က္ခ်င္းသက္သာေစမယ့္ အိမ္တြင္းနည္းလမ္းမ်ား

ကေလးငယ္ေတြ ေခ်ာင္းအရမ္းဆိုးေနတာကို ခ်က္ခ်င္းသက္သာေစမယ့္ အိမ္တြင္းနည္းလမ္းမ်ား

ကေလးငယ္ေလးေတြ ေခ်ာင္းဆိုးတဲ့အခါ ကေလးလည္းပင္ပန္း၊ မိဘေတြလည္း အိပ္ေရးပ်က္ရ၊စိုးရိမ္ရနဲ႔ အရမ္းကိုအလုပ္ရႈပ္ပါတယ္။ ဒါေၾကာင့္ အိမ္က ကေလးေလးေတြ ေခ်ာင္းဆိုးတဲ့အခါ ေဆး႐ုံေဆးခန္းသြားဖို႔ မလြယ္တဲ့အခ်ိန္ေတြမွာ ဒီအေရးေပၚ နည္းလမ္းေလးေတြနဲ႔ ေခ်ာင္းဆိုးသက္သာေအာင္ လုပ္ေပးႏိုင္ပါတယ္။

ၾကက္သြန္နီ၊ၾကက္သြန္ျဖဴ၊ႏြားႏို႔


ၾကက္သြန္နီတစ္လုံးကို ေရစင္ေအာင္ေဆးၿပီး အတုံးေလးေတြ တုံးထားပါ။ ၾကက္သြန္ျဖဴ အမႊာတစ္မႊာကို အခြံခြာထားပါ။ အိုးတစ္ခုထဲကို ႏြားႏို႔တစ္လီတာထည့္ၿပီး အတုံးေလးေတြ တုံးထားတဲ့ၾကက္သြန္နီနဲ႔ ၾကက္သြန္ျဖဴကိုထည့္ၿပီး ဆူလာသည္အထိ က်ိဳေပးပါ။ ၿပီးရင္ မီးဖိုေပၚကခ်ၿပီး အေအးခံကာ ကေလးငယ္ကို မနက္တစ္ခြက္၊ညတစ္ခြက္ တိုက္ေပးႏိုင္ပါၿပီ။

နာနတ္သီးေဖ်ာ္ရည္

နာနတ္သီးမွာ bromelain လို႔ေခၚတဲ့ျဒပ္ေပါင္းတစ္မ်ိဳး ႂကြယ္ဝစြာ ပါဝင္တာေၾကာင့္ ခႏၶာကိုယ္တြင္း ေရာင္ရမ္းတာေတြကို သက္သာေစၿပီး လည္ေခ်ာင္းထဲက သလိပ္ေတြကိုရွင္းေစတဲ့ အစြမ္းရွိပါတယ္။ ဒါေၾကာင့္ ကေလးငယ္ေတြ ေခ်ာင္းဆိုးရင္ နာနတ္သီးကိုေဖ်ာ္ၿပီး တိုက္ႏိုင္ပါတယ္။

ျပဳလုပ္နည္း – နာနတ္သီးတစ္ျခမ္း ၊ ခ်င္းအနည္းငယ္နဲ႔ ပ်ားရည္တစ္ဇြန္း တို႔ကို blender ထဲထည့္ႀကိတ္ၿပီး ရလာတဲ့အရည္ကို ေရစစ္သန႔္သန႔္နဲ႔ စစ္ကာ ကေလးကို နည္းနည္းခ်င္းတိုက္ေပးလိုက္႐ုံပါပဲ။

ခ်င္း


ခ်င္းမႈန႔္အနည္းငယ္ကို အဝတ္စနဲ႔ထုပ္ၿပီး အိပ္ရာမဝင္ခင္ ကေလးရဲ႕ရင္ဘတ္မွာ ကပ္ထားေပးၿပီး ကေလးအိပ္ေပ်ာ္သြားခ်ိန္မွာ ခြာေပးပါ။ ကေလးရဲ႕ အသားအေရက ႏုနယ္လြန္းတာေၾကာင့္ အသားနဲ႔ တိုက္႐ိုက္ထိေတြ႕ၿပီးမကပ္ဘဲ အက်ႌေပၚကေနပဲ ကပ္ေပးရမွာျဖစ္ပါတယ္။

နႏြင္း၊ႏြားႏို႔

ႏြားႏို႔ကို ဆူပြက္ေအာင္က်ိဳၿပီး နႏြင္းတစ္ဇြန္းထည့္ကာ အိပ္ရာမဝင္ခင္မွာ ကေလးကိုတိုက္ေပးလိုက္ပါ။ ဒါက အိႏၵိယလူမ်ိဳးေတြရဲ႕ အစြမ္းထက္ ႐ိုးရာနည္းလမ္းတစ္ခုျဖစ္ပါတယ္။

ပင္လယ္ဆား


ပင္လယ္ဆားကို နည္းနည္းေလာက္ေႏြးလာေအာင္ အပူေပးၿပီး ကေလးရဲ႕ေျခဖဝါးႏွစ္ဖက္မွာ ကပ္ကာ အဝတ္စေလးနဲ႔ စည္းထားေပးလိုက္ပါ။ဆားေတြ လုံးဝေအးသြားတဲ့အထိ ေစာင့္ၿပီး စည္းထားတဲ့ အဝတ္ေတြကို ျပန္ျဖည္ေပးလိုက္ပါ။ ကေလးအသား မေလာင္သြားေအာင္ ဆားကိုအရမ္းႀကီးပူေအာင္ အပူမေပးမိဖို႔ သတိထားပါ။

ေရေႏြးေငြ႕နဲ႔ေရခ်ိဳးေပးပါ

ေရခ်ိဳးခန္းထဲမွာ ေရေႏြးကိုဖြင့္ထားၿပီး တံခါးကိုပိတ္ထားပါ။ ေရခ်ိဳးခန္းထဲ ေရေႏြးေငြ႕ေတြ ျပည့္လာတဲ့အခ်ိန္မွာ အဲ့ဒီေရခ်ိဳးခန္းထဲမွာ ကေလးကိုေရေႏြးေလးနဲ႔ ေရခ်ိဳးေပးပါ။ ေရေႏြးေငြ႕က လည္ပင္းထဲကခြၽဲ သလိပ္ေတြကို ရွင္းလင္းေစၿပီး ေခ်ာင္းဆိုးတာကို သက္သာေစပါတယ္။

Credit to original uploader

Unicode

ကလေးငယ်တွေ ချောင်းအရမ်းဆိုးနေတာကို ချက်ချင်းသက်သာစေမယ့် အိမ်တွင်းနည်းလမ်းများ

ကလေးငယ်လေးတွေ ချောင်းဆိုးတဲ့အခါ ကလေးလည်းပင်ပန်း၊ မိဘတွေလည်း အိပ်ရေးပျက်ရ၊စိုးရိမ်ရနဲ့ အရမ်းကိုအလုပ်ရှုပ်ပါတယ်။ ဒါကြောင့် အိမ်က ကလေးလေးတွေ ချောင်းဆိုးတဲ့အခါ ဆေးရုံဆေးခန်းသွားဖို့ မလွယ်တဲ့အချိန်တွေမှာ ဒီအရေးပေါ် နည်းလမ်းလေးတွေနဲ့ ချောင်းဆိုးသက်သာအောင် လုပ်ပေးနိုင်ပါတယ်။

ကြက်သွန်နီ၊ကြက်သွန်ဖြူ၊နွားနို့
ကြက်သွန်နီတစ်လုံးကို ရေစင်အောင်ဆေးပြီး အတုံးလေးတွေ တုံးထားပါ။ ကြက်သွန်ဖြူ အမွှာတစ်မွှာကို အခွံခွာထားပါ။ အိုးတစ်ခုထဲကို နွားနို့တစ်လီတာထည့်ပြီး အတုံးလေးတွေ တုံးထားတဲ့ကြက်သွန်နီနဲ့ ကြက်သွန်ဖြူကိုထည့်ပြီး ဆူလာသည်အထိ ကျိုပေးပါ။ ပြီးရင် မီးဖိုပေါ်ကချပြီး အအေးခံကာ ကလေးငယ်ကို မနက်တစ်ခွက်၊ညတစ်ခွက် တိုက်ပေးနိုင်ပါပြီ။

နာနတ်သီးဖျော်ရည်
နာနတ်သီးမှာ bromelain လို့ခေါ်တဲ့ဒြပ်ပေါင်းတစ်မျိုး ကြွယ်ဝစွာ ပါဝင်တာကြောင့် ခန္ဓာကိုယ်တွင်း ရောင်ရမ်းတာတွေကို သက်သာစေပြီး လည်ချောင်းထဲက သလိပ်တွေကိုရှင်းစေတဲ့ အစွမ်းရှိပါတယ်။ ဒါကြောင့် ကလေးငယ်တွေ ချောင်းဆိုးရင် နာနတ်သီးကိုဖျော်ပြီး တိုက်နိုင်ပါတယ်။

ပြုလုပ်နည်း – နာနတ်သီးတစ်ခြမ်း ၊ ချင်းအနည်းငယ်နဲ့ ပျားရည်တစ်ဇွန်း တို့ကို blender ထဲထည့်ကြိတ်ပြီး ရလာတဲ့အရည်ကို ရေစစ်သန့်သန့်နဲ့ စစ်ကာ ကလေးကို နည်းနည်းချင်းတိုက်ပေးလိုက်ရုံပါပဲ။

ချင်း
ချင်းမှုန့်အနည်းငယ်ကို အဝတ်စနဲ့ထုပ်ပြီး အိပ်ရာမဝင်ခင် ကလေးရဲ့ရင်ဘတ်မှာ ကပ်ထားပေးပြီး ကလေးအိပ်ပျော်သွားချိန်မှာ ခွာပေးပါ။ ကလေးရဲ့ အသားအရေက နုနယ်လွန်းတာကြောင့် အသားနဲ့ တိုက်ရိုက်ထိတွေ့ပြီးမကပ်ဘဲ အင်္ကျီပေါ်ကနေပဲ ကပ်ပေးရမှာဖြစ်ပါတယ်။

နနွင်း၊နွားနို့
နွားနို့ကို ဆူပွက်အောင်ကျိုပြီး နနွင်းတစ်ဇွန်းထည့်ကာ အိပ်ရာမဝင်ခင်မှာ ကလေးကိုတိုက်ပေးလိုက်ပါ။ ဒါက အိန္ဒိယလူမျိုးတွေရဲ့ အစွမ်းထက် ရိုးရာနည်းလမ်းတစ်ခုဖြစ်ပါတယ်။

ပင်လယ်ဆား
ပင်လယ်ဆားကို နည်းနည်းလောက်နွေးလာအောင် အပူပေးပြီး ကလေးရဲ့ခြေဖဝါးနှစ်ဖက်မှာ ကပ်ကာ အဝတ်စလေးနဲ့ စည်းထားပေးလိုက်ပါ။ဆားတွေ လုံးဝအေးသွားတဲ့အထိ စောင့်ပြီး စည်းထားတဲ့ အဝတ်တွေကို ပြန်ဖြည်ပေးလိုက်ပါ။ ကလေးအသား မလောင်သွားအောင် ဆားကိုအရမ်းကြီးပူအောင် အပူမပေးမိဖို့ သတိထားပါ။

ရေနွေးငွေ့နဲ့ရေချိုးပေးပါ
ရေချိုးခန်းထဲမှာ ရေနွေးကိုဖွင့်ထားပြီး တံခါးကိုပိတ်ထားပါ။ ရေချိုးခန်းထဲ ရေနွေးငွေ့တွေ ပြည့်လာတဲ့အချိန်မှာ အဲ့ဒီရေချိုးခန်းထဲမှာ ကလေးကိုရေနွေးလေးနဲ့ ရေချိုးပေးပါ။ ရေနွေးငွေ့က လည်ပင်းထဲကချွဲ သလိပ်တွေကို ရှင်းလင်းစေပြီး ချောင်းဆိုးတာကို သက်သာစေပါတယ်။

Credit to original uploader

Be the first to comment

Leave a Reply

Your email address will not be published.


*