ဗုဒၶတရားေတာ္ေတြ ကို ဘာသာစကား ေပါင္းစုံ နဲ႔ ႐ြတ္ဆိုႏိုင္ တဲ့စက္႐ုပ္ ဂ်ပန္ႏိုင္ငံက တီထြင္လိုက္ ပါၿပီ

ဗုဒၶတရားေတာ္ေတြ ကို ဘာသာစကား ေပါင္းစုံ နဲ႔ ႐ြတ္ဆိုႏိုင္ တဲ့စက္႐ုပ္ ဂ်ပန္ႏိုင္ငံက တီထြင္လိုက္ ပါၿပီ

ဗုဒၶတရားေတာ္ေတြ ကို ဘာသာစကား ေပါင္းစုံ နဲ႔ ႐ြတ္ဆိုႏိုင္ တဲ့စက္႐ုပ္ ဂ်ပန္ႏိုင္ငံက တီထြင္လိုက္ ပါၿပီ

ဗုဒၶသာသနာဟာ ႏွစ္ေပါင္း ေထာင္ခ်ီ ၾကာခဲ့ၿပီ ျဖစ္ပါတယ္။ ျမတ္ဗုဒၶ ရဲ႕ တရားေတာ္ေတြ ကို မေပ်ာက္ပ်က္ေအာင္ ေပထက္ အကၡရာတင္တာေတြ၊ ေက်ာက္ထက္ အကၡရာတင္တာေတြ စသျဖင့္ ထိန္းသိမ္းလာခဲ့ၾကတာ ယေန႔ ထိ ပါပဲ။

ဒီလို ႏွစ္ေပါင္းမ်ားစြာ ၾကာလာၿပီျဖစ္တဲ့ ဗုဒၶတရားေတာ္ေတြကို မေပ်ာက္ပ်က္ေအာင္အတြက္ ဂ်ပန္ႏိုင္ငံက ႏွစ္ ၄၀၀ သက္တမ္းရွိတဲ့ ဗုဒၶဘာသာ ဘုရားေက်ာင္းဟာ လူလုပ္အသိဉာဏ္ (AI) ပါ မႏုႆ စက္႐ုံတစ္႐ုပ္ကို တီထြင္ ထားပါတယ္။

Meet Android Kannon ဆိုတဲ့ အဲဒီ စက္႐ုပ္ဟာ ဗုဒၶဘာသာဝင္ စက္႐ုပ္ ဆိုၿပီး တင္စားေျပာဆိုေနၾကကာ ဘာသာစကားမ်ိဳးစုံ နဲ႔ ဗုဒၶေဒသနာေတာ္ေတြ ကို ႐ြတ္ဖတ္ႏိုင္တယ္ လို႔ သိ ရ ပါတယ္။

အဆိုပါ စက္႐ုပ္ ကို က်ိဳတိုက ကိုဒိုင္ဂ်ီဘုရားေက်ာင္း နဲ႔ အိုဆာကာတကၠသိုလ္ အသိဉာဏ္ရွိ စက္႐ုပ္ပညာ ပါေမာကၡ ဟီ႐ိုရွီတ တို႔ ပူးေပါင္းၿပီး အေမရိကန္ေဒၚလာ ၁ သန္းနီးပါး အကုန္ခံ တီထြင္ ထားတာ ျဖစ္ ပါတယ္။

ဒီစက္႐ုပ္ရဲ႕ ဗုဒၶေဒသနာေတြ ႐ြတ္ဖတ္မႈကို ယမန္ေန႔က ပထမဆုံး ျပဳလုပ္ ခဲ့ပါတယ္။ မႏုႆစက္႐ုပ္ Kannon ဟာ အျမင့္ ၇၇ လက္မနဲ႔ အေလးခ်ိန္ ၁၂ ေပါင္ ရွိၿပီး ေခါင္း၊ လည္တိုင္၊ ပုခုံးနဲ႔ လက္ေတြကို ဆီလီကြန္အလႊာ ဖုံးလႊမ္းထားတာေၾကာင့္ လူ႔အေရျပားအတိုင္းပဲ ျဖစ္ပါတယ္။

ဒါ့အျပင္ ဝဲဘက္မ်က္လုံးအိမ္မွာ ကင္မရာပါရွိၿပီး မ်က္လုံးခ်င္း ဆက္သြယ္မႈနဲ႔ အရာဝတၳဳေတြကို ၾကည့္ရႈမႈ လုပ္ႏိုင္စြမ္းပါတယ္။ လူလုပ္အသိဉာဏ္ပါ ဘုန္းႀကီးစက္႐ုပ္လို႔လည္း ေခၚၾကၿပီး ဒီ စက္႐ုပ္ဟာ တ႐ုတ္နဲ႔ အဂၤလိပ္လိုလည္း ဘာသာျပန္ႏိုင္တယ္ လို႔ သိရပါတယ္။

Source #Burmese Asia

Unicode

ဗုဒ္ဓတရားတော်တွေ ကို ဘာသာစကား ပေါင်းစုံ နဲ့ ရွတ်ဆိုနိုင် တဲ့စက်ရုပ် ဂျပန်နိုင်ငံက တီထွင်လိုက် ပါပြီ

ဗုဒ္ဓသာသနာဟာ နှစ်ပေါင်း ထောင်ချီ ကြာခဲ့ပြီ ဖြစ်ပါတယ်။ မြတ်ဗုဒ္ဓ ရဲ့ တရားတော်တွေ ကို မပျောက်ပျက်အောင် ပေထက် အက္ခရာတင်တာတွေ၊ ကျောက်ထက် အက္ခရာတင်တာတွေ စသဖြင့် ထိန်းသိမ်းလာခဲ့ကြတာ ယနေ့ ထိ ပါပဲ။

ဒီလို နှစ်ပေါင်းများစွာ ကြာလာပြီဖြစ်တဲ့ ဗုဒ္ဓတရားတော်တွေကို မပျောက်ပျက်အောင်အတွက် ဂျပန်နိုင်ငံက နှစ် ၄၀၀ သက်တမ်းရှိတဲ့ ဗုဒ္ဓဘာသာ ဘုရားကျောင်းဟာ လူလုပ်အသိဉာဏ် (AI) ပါ မနုဿ စက်ရုံတစ်ရုပ်ကို တီထွင် ထားပါတယ်။

Meet Android Kannon ဆိုတဲ့ အဲဒီ စက်ရုပ်ဟာ ဗုဒ္ဓဘာသာဝင် စက်ရုပ် ဆိုပြီး တင်စားပြောဆိုနေကြကာ ဘာသာစကားမျိုးစုံ နဲ့ ဗုဒ္ဓဒေသနာတော်တွေ ကို ရွတ်ဖတ်နိုင်တယ် လို့ သိ ရ ပါတယ်။

အဆိုပါ စက်ရုပ် ကို ကျိုတိုက ကိုဒိုင်ဂျီဘုရားကျောင်း နဲ့ အိုဆာကာတက္ကသိုလ် အသိဉာဏ်ရှိ စက်ရုပ်ပညာ ပါမောက္ခ ဟီရိုရှီတ တို့ ပူးပေါင်းပြီး အမေရိကန်ဒေါ်လာ ၁ သန်းနီးပါး အကုန်ခံ တီထွင် ထားတာ ဖြစ် ပါတယ်။

ဒီစက်ရုပ်ရဲ့ ဗုဒ္ဓဒေသနာတွေ ရွတ်ဖတ်မှုကို ယမန်နေ့က ပထမဆုံး ပြုလုပ် ခဲ့ပါတယ်။ မနုဿစက်ရုပ် Kannon ဟာ အမြင့် ၇၇ လက်မနဲ့ အလေးချိန် ၁၂ ပေါင် ရှိပြီး ခေါင်း၊ လည်တိုင်၊ ပုခုံးနဲ့ လက်တွေကို ဆီလီကွန်အလွှာ ဖုံးလွှမ်းထားတာကြောင့် လူ့အရေပြားအတိုင်းပဲ ဖြစ်ပါတယ်။

ဒါ့အပြင် ဝဲဘက်မျက်လုံးအိမ်မှာ ကင်မရာပါရှိပြီး မျက်လုံးချင်း ဆက်သွယ်မှုနဲ့ အရာဝတ္ထုတွေကို ကြည့်ရှုမှု လုပ်နိုင်စွမ်းပါတယ်။ လူလုပ်အသိဉာဏ်ပါ ဘုန်းကြီးစက်ရုပ်လို့လည်း ခေါ်ကြပြီး ဒီ စက်ရုပ်ဟာ တရုတ်နဲ့ အင်္ဂလိပ်လိုလည်း ဘာသာပြန်နိုင်တယ် လို့ သိရပါတယ်။

Source #Burmese Asia

Be the first to comment

Leave a Reply

Your email address will not be published.


*