








Taman Medan, PJ

FoodPanda rider selamatkan gadis yg cuba nk bunuh diri di Sungai Klang. Salute 👍👍👍

Publicado por 我们是马来西亚人 We are Malaysians en Viernes, 22 de noviembre de 2019

Source: worldofbuzz

Unicode

မြစ်ချောင်း ထဲ မှာ ကိုယ့်ကို အဆုံး စီရင်ဖို့ ကြိုးစားနေ တဲ့ မိန်းကလေးကို ကယ်တင် ပေးခဲ့ တဲ့ အမျိုးသား (ရုပ်သံ)

တစ်ချို့သော သူတွေ ကတော့ ကိုယ့်ရဲ့ဘဝ တစ်ကယ့်ကို အကျင်းအကျပ်ထဲ ရောက်ရှိပြီး ၊ အတော်လေး ရုန်းကန်ဖို့ ခက်ခဲတဲ့အချိန်တွေမှာ ကိုယ့်ရဲ့ဘဝကို အဆုံးသတ်ပစ်လိုက်ဖို့ စဉ်းစားတတ် ကြ ပါတယ် ။

ဒီတစ်ခေါက်မှာလည်း မလေးရှားနိုင်ငံ ၊ Klang မြစ်ချောင်းတွင် မိန်းမငယ်လေးတစ်ယောက်ဟာ ကိုယ့်ကို အဆုံးစီရင်ဖို့ ကြိုးစားနေခဲ့တာကို ကံကောင်းစွာနဲ့ပဲ FoodPanda ဆိုတဲ့အစားအသောက် ပို့ဆောင်ပေးတဲ့ ဝန်ထမ်းအမျိုးသား တစ်ယောက်က တွေ့မြင်ပြီး အချိန်မီကယ်တင် ပေးနိုင်ခဲ့ပါတယ် ။

အဆိုပါ အဖြစ် အပျက် တစ်ခုလုံး ကို video ရိုက်ကူး ထား ကြပြီး နောက် Facebook စာမျက်နှာပေါ်တွင် လည်း ဝေမျှ ခဲ့ ကြပါတယ် ။

ဖြစ်စဉ်မှာတော့ ဆိုင်ကယ် နှင့် အစားအသောက် ပို့ဆောင်ပေးနေတဲ့ အမျိုးသားဟာ ကိုယ့်ကိုမြစ်ချောင်းထဲမှာ သေကြောင်းကြံစည်နေ ခဲ့တဲ့ မိန်းကလေးကို မြင်ပြီး ချက်ချင်းပဲ မြစ်ချောင်းထဲ ကိုဆင်းပြီး ကယ်ဆယ်ဖို့ ကြိုးစား ခဲ့ပါတော့တယ် ။

ကျောက်ဆောင် အသေးလေးတွေနဲ့ ပြည့်နှက်နေခဲ့တဲ့ မြစ်ချောင်းထဲ ပြေးဆင်းပြီး မျက်နှာအောက်ဖက် မှောက်လျက်ဖြင့် ရေပေါ်မှာပေါ်လောပေါ်နေပြီ ဖြစ်တဲ့ မိန်းကလေးဆီသို့ အပြေးသွားခဲ့ပါတယ် ။ ထို့နောက် မိန်းကလေး ကို ရေထဲမှ ဆွဲခေါ်ကာ ကမ်းဖက်ဆီသို့ ဆွဲခေါ်သွားခဲ့ပါတယ် ။

အဆိုပါ video ဟာ Social media အသုံးပြုသူ တွေ အကြား အတော်လေးကို ရေပန်းစားနေလျက်ရှိပြီး နှစ်ခေါက် မစဉ်းစားပဲ မိန်းကလေးကို ချက်ချင်း ကယ်တင်ပေးခဲ့တဲ့ အဆိုပါ အမျိုးသားရဲ့လုပ်ရပ်ကို အတော်လေးချီးကျူးခဲ့ကြပါတယ် ။

Source: worldofbuzz

Be the first to comment

Leave a Reply

Your email address will not be published.


*