Unicode
အောင်သမာဓိ ရွှေဆိုင်ပိုင်ရှင် ဦးအောင်ဆန်းဝင်း ပြောပြတဲ့ ချမ်းသာချင်ရင် ဖင်မြဲမှ
ချမ်းသာချင်ရင် ဖင်မြဲမှ (၁) ကျောက်သူဌေး တယောက်က ပြောဘူးပါတယ်။ သူ ခုလို ချမ်းသာ ခဲ့တာ ဖင်မြဲ လို့ ပါတဲ့။ ရှင်းပြအုန်း လို့ ဆိုတော့ ငါ ပွဲစားဘ၀ တုန်းက ပေါ့… ငါ ကျောက်တူးတဲ့တွင်းသားကနေ ပွဲစား၊ ပွဲစားကနေ ဝယ်ရောင်း ၊ နောက် ကုန်သည် ကျောက်သူဌေး ဖြစ်အောင် ပန့်ပိုးခဲ့တာ ဖင်မြဲခဲ့လို့ ဘဲကွ။
တွင်း တူး တုန်းက တွင်းထဲမှာ ငါဖင်မြဲတယ်။ အလုပ်ကြိုးစားတော့ သဌေးက ချစ်တယ်။ ဘောက်ဆူးပေးတယ်။ ကျောက်အကြောင်း နဲနဲ နားလည်လာ တော့ ရတဲ့ ပိုက်ဆံလေးနဲ့ ပွဲစားလုပ်တယ်။
ပွဲစား လုပ်တော့လည်း ငါပွဲစားတန်း မှာ အချိန် မှန်မှန် ထိုင်နေကျ နေရာမှာ အမြဲ အရောက်သွား မှန်မှန်ထိုင် တော့ ကျောက် ရောင်းချင်သူတွေက ငါထိုင်နေကျ နေရာမှာ မမြဲ လာ ရှာတယ်။
အမြဲတွေ့တော့ ငါကိုဘဲ အားကိုးကြ ရောင်းကြ ဝယ်ကြရင်းနဲ့ အမြတ်ရပြီး လုပ်ငန်း အဆင်ပြေချမ်းသာ လာတာဘဲ။
အဲ အခုလို လုပ်ငန်းကြီးလာတော့ အိမ်မှာ ဖင်မြဲပြီး တယ်လီးဖုန်း ဖွင့်ပြီး အမြဲ စောင့်နေရတာပါဘဲ လို့ ရှင်း ပြ ပါတယ်။
ဖင်မြဲတယ် ဆိုတာ ကိုယ့်အလုပ်ချိန်မှာ ဘယ်မှ မသွားဘဲ အလုပ်မှာအာရုံစိုက် အလေးထားတာကို ဆိုလိုတာပါ။ ဒီလိုဘဲ ကိုယ် နှုတ် စိတ် အားလုံး အလုပ်ထဲမှာ စိတ်မြဲ ဖင်မြဲ ကြရင်တော့ အောင်မြင်သူ တယောက်ဖြစ်မှာပါ။
လူမှု့ရေးများနှင့် အ ချိန် ကုန်နေပြီး အလုပ်မှာ အားထည့်မှု့ နည်းနေသူများ အတွက် ရည် ရွယ် ပါတယ်။ (နောက်ဆက်တွဲ၂ ဆက်ရေးပါအုန်းမည်) စာတစ်လုံးကြောင့် ဖင်မြဲနိုင်ကြပါစေ။
Be the first to comment
Leave a Reply
Your email address will not be published.
*