ျပည့္တန္ဆာ လုံးဝမရွိ၊ သူေတာင္းစားလဲ မရွိ တဲ့ ကမာၻ႔ စိတ္အခ်မ္းသာဆုံးႏိုင္ငံ

ျပည့္တန္ဆာ လုံးဝမရွိ၊ သူေတာင္းစားလဲ မရွိတဲ့ ကမာၻ႔ စိတ္အခ်မ္းသာဆုံးႏိုင္ငံ

ျပည့္တန္ဆာ လုံးဝမရွိ၊ သူေတာင္းစားလဲ မရွိ တဲ့ ကမာၻ႔ စိတ္အခ်မ္းသာဆုံးႏိုင္ငံ

ျမတ္စြာဘုရားရဲ႕တရားေတာ္ေတြနဲ႔ အေျခခံ ဥပေဒ ေရးဆြဲထားတဲ့ႏိုင္ငံ။ ေတာင္ေပၚႏိုင္ငံငယ္ေလးတစ္ခု၊ လူဦးေရ ၆ သိန္းေက်ာ္သာရွိၿပီး ေဆးလိပ္ ေသာက္တဲ့သူ ၁% ပဲ ရွိပါတယ္..

Giordano ဂ်င္းေဘာင္းဘီ ဘာဖက္ရွင္ ညာဖက္ရွင္ လဲ ေတြ႕ရမွာ မဟုတ္သလို ႐ိုးရာအမ်ိဳးသား အမ်ိဳးသမီး ဝတ္စုံကလြဲရင္ ဘာမွမဝတ္ၾကလို႔ပါ။ ၁၉၉၉ ခုႏွစ္ေရာက္မွ တယ္လီေဗးရွင္း ၾကည့္ရတဲ့ ႏိုင္ငံတစ္ခုပါ။ စစ္သည္ေတာ္ ၁၆၀၀၀ ပဲရွိပါတယ္။

ဆင္းရဲတဲ့ ႏိုင္ငံငယ္ေလးျဖစ္ၿပီး ၿမိဳ႕ေတာ္ဟာ ပဲခူးေလာက္ေတာင္ မစည္ပါဘူး။ အထပ္ျမင့္ အေဆာက္အအုံေတြ မရွိေပမယ့္ စုတ္ျပတ္ေနတဲ့ တဲအိမ္ေတြလဲ မရွိပါဘူး။ ျပည့္တန္ဆာ လုံးဝမရွိသလို သူေတာင္းစားလဲ မရွိပါဘူး။ အမ်ိဳးသား ၃၀% ေလာက္ဟာ ဘုန္းႀကီး ေတြျဖစ္ၿပီး ၁၀ ႏွစ္ အတြင္း တစ္ႏိုင္ငံလုံးမွာ အမႈတစ္မႈ ပဲ ရွိခဲ့ပါတယ္။ အဲ့ဒီ အမႈကလည္း ဘုန္းႀကီး ေက်ာင္းထဲကို ဖိနပ္စီးၿပီး ဝင္မိလို႔ပါ။

ဆင္းရဲေပမယ့္ လူဦးေရရဲ႕ ၉၇% ဟာ စာတတ္ၾက ပါတယ္။ ႏိုင္ငံျခားကို ထြက္ၿပီး ပညာေတာ္သင္သူေတြရဲ႕ ၉၉% ဟာ ေနရပ္ကို ျပန္လာၾက ပါတယ္။ ႏိုင္ငံသားေတြ ဟာ ေပ်ာ္႐ႊင္မႈ ရွိၾကၿပီး ခ်မ္းသာျခင္း ကို ႐ုပ္ဝတၱဳေတြနဲ႔ မတိုင္း တာပဲ စိတ္ခ်မ္းသာမႈနဲ႔ သာ တိုင္းတာၾကပါတယ္။ စည္းမ်ည္းခံ ဘုရင္စနစ္ျဖစ္ၿပီး ဘုရင္မွာ မိဖုရား တစ္ပါးသာ ရွိပါတယ္။

ပုံျပင္ ဆန္ဆန္ အခ်စ္ ဇတ္လမ္းေလး လည္း ရွိပါတယ္။

အဲဒါကေတာ့.. တစ္ေန႔ ၁၇ ႏွစ္ အ႐ြယ္ အိမ္ေရွ႕မင္းသားဟာ တိုင္းခန္း လွည့္လည္တဲ့ အခါမွာ ၇ ႏွစ္ သမီးအ႐ြယ္ မိန္းကေလး တစ္ေယာက္က သူ႔ကိုေခၚ သြားဖို႔ ေျပာပါ တယ္။

အဲဒီအခါ မင္းသားက- မင္းလဲ အ႐ြယ္ေရာက္ အိမ္ေထာင္ မရွိတဲ့အခါ ငါလဲ အိမ္ေထာင္ မျပဳရေသးရင္ လာေခၚမယ္လို႔ ကတိေပးခဲ့ ပါတယ္။ ေနာင္တစ္ခ်ိန္ မင္းသားက ၃၁ ႏွစ္ မိဖုရားက ၂၁ ႏွစ္ အ႐ြယ္မွာ ကတိအတိုင္း လက္ထပ္ခဲ့ပါတယ္။ မင္းသားက ၁၉ ႏွစ္အ႐ြယ္မွာ ဘုရင္ျဖစ္လာ ခဲ့ၿပီး ေအာက္စဖို႔ တကၠသိုလ္က ဘြဲ႕ရခဲ့ပါတယ္။

ဘူတန္ ႏိုင္ငံ

အဲဒီႏိုင္ငံ က ဗုဒၶဘုရားရွင္ ေဟာၾကား တဲ့ တရားေတာ္ေတြ ထဲမွာ ပါေလ့ရွိတဲ့ ေတာင္တန္းႀကီးေပၚ မွာ ရွိပါတယ္။

ေတာင္ေပၚႏိုင္ငံေလးရဲ႕ နာမည္ကေတာ့…..ဘူတန္ျဖစ္ ပါတယ္။

Unicode

ပြည့်တန်ဆာ လုံးဝမရှိ၊ သူတောင်းစားလဲ မရှိတဲ့ ကမ္ဘာ့ စိတ်အချမ်းသာဆုံးနိုင်ငံ

မြတ်စွာဘုရားရဲ့တရားတော်တွေနဲ့ အခြေခံ ဥပဒေ ရေးဆွဲထားတဲ့နိုင်ငံ။ တောင်ပေါ်နိုင်ငံငယ်လေးတစ်ခု၊ လူဦးရေ ၆ သိန်းကျော်သာရှိပြီး ဆေးလိပ် သောက်တဲ့သူ ၁% ပဲ ရှိပါတယ်..

Giordano ဂျင်းဘောင်းဘီ ဘာဖက်ရှင် ညာဖက်ရှင် လဲ တွေ့ရမှာ မဟုတ်သလို ရိုးရာအမျိုးသား အမျိုးသမီး ဝတ်စုံကလွဲရင် ဘာမှမဝတ်ကြလို့ပါ။ ၁၉၉၉ ခုနှစ်ရောက်မှ တယ်လီဗေးရှင်း ကြည့်ရတဲ့ နိုင်ငံတစ်ခုပါ။ စစ်သည်တော် ၁၆၀၀၀ ပဲရှိပါတယ်။

ဆင်းရဲတဲ့ နိုင်ငံငယ်လေးဖြစ်ပြီး မြို့တော်ဟာ ပဲခူးလောက်တောင် မစည်ပါဘူး။ အထပ်မြင့် အဆောက်အအုံတွေ မရှိပေမယ့် စုတ်ပြတ်နေတဲ့ တဲအိမ်တွေလဲ မရှိပါဘူး။ ပြည့်တန်ဆာ လုံးဝမရှိသလို သူတောင်းစားလဲ မရှိပါဘူး။ အမျိုးသား ၃၀% လောက်ဟာ ဘုန်းကြီး တွေဖြစ်ပြီး ၁၀ နှစ် အတွင်း တစ်နိုင်ငံလုံးမှာ အမှုတစ်မှု ပဲ ရှိခဲ့ပါတယ်။ အဲ့ဒီ အမှုကလည်း ဘုန်းကြီး ကျောင်းထဲကို ဖိနပ်စီးပြီး ဝင်မိလို့ပါ။

ဆင်းရဲပေမယ့် လူဦးရေရဲ့ ၉၇% ဟာ စာတတ်ကြ ပါတယ်။ နိုင်ငံခြားကို ထွက်ပြီး ပညာတော်သင်သူတွေရဲ့ ၉၉% ဟာ နေရပ်ကို ပြန်လာကြ ပါတယ်။ နိုင်ငံသားတွေ ဟာ ပျော်ရွှင်မှု ရှိကြပြီး ချမ်းသာခြင်း ကို ရုပ်ဝတ္တုတွေနဲ့ မတိုင်း တာပဲ စိတ်ချမ်းသာမှုနဲ့ သာ တိုင်းတာကြပါတယ်။ စည်းမျည်းခံ ဘုရင်စနစ်ဖြစ်ပြီး ဘုရင်မှာ မိဖုရား တစ်ပါးသာ ရှိပါတယ်။

ပုံပြင် ဆန်ဆန် အချစ် ဇတ်လမ်းလေး လည်း ရှိပါတယ်။

အဲဒါကတော့.. တစ်နေ့ ၁၇ နှစ် အရွယ် အိမ်ရှေ့မင်းသားဟာ တိုင်းခန်း လှည့်လည်တဲ့ အခါမှာ ၇ နှစ် သမီးအရွယ် မိန်းကလေး တစ်ယောက်က သူ့ကိုခေါ် သွားဖို့ ပြောပါ တယ်။

အဲဒီအခါ မင်းသားက- မင်းလဲ အရွယ်ရောက် အိမ်ထောင် မရှိတဲ့အခါ ငါလဲ အိမ်ထောင် မပြုရသေးရင် လာခေါ်မယ်လို့ ကတိပေးခဲ့ ပါတယ်။ နောင်တစ်ချိန် မင်းသားက ၃၁ နှစ် မိဖုရားက ၂၁ နှစ် အရွယ်မှာ ကတိအတိုင်း လက်ထပ်ခဲ့ပါတယ်။ မင်းသားက ၁၉ နှစ်အရွယ်မှာ ဘုရင်ဖြစ်လာ ခဲ့ပြီး အောက်စဖို့ တက္ကသိုလ်က ဘွဲ့ရခဲ့ပါတယ်။

ဘူတန် နိုင်ငံ

အဲဒီနိုင်ငံ က ဗုဒ္ဓဘုရားရှင် ဟောကြား တဲ့ တရားတော်တွေ ထဲမှာ ပါလေ့ရှိတဲ့ တောင်တန်းကြီးပေါ် မှာ ရှိပါတယ်။

တောင်ပေါ်နိုင်ငံလေးရဲ့ နာမည်ကတော့…..ဘူတန်ဖြစ် ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*