ျမန္မာႏိုင္ငံမွာ King & Queen ေ႐ြး အလုပ္ရႈပ္ေနခ်ိန္ အိႏၵိယက ၁၆ ႏွစ္အ႐ြယ္ ေက်ာင္းသားေလးက သိပၸံပညာရွင္ ျဖစ္ေနၿပီ

ျမန္မာႏိုင္ငံမွာ King & Queen ေ႐ြး အလုပ္ရႈပ္ေနခ်ိန္ အိႏၵိယက ၁၆ ႏွစ္အ႐ြယ္ ေက်ာင္းသားေလးက သိပၸံပညာရွင္ ျဖစ္ေနၿပီ

ျမန္မာႏိုင္ငံမွာ King & Queen ေ႐ြး အလုပ္ရႈပ္ေနခ်ိန္ အိႏၵိယက ၁၆ ႏွစ္အ႐ြယ္ ေက်ာင္းသားေလးက သိပၸံပညာရွင္ ျဖစ္ေနၿပီ

ကိုယ္တို႔ ႏိုင္ငံက ဒီဖက္ေခတ္ တကၠသိုလ္ေတြမွာ တကသေတြ ဗကသေတြ သမဂၢေတြနဲ႔ အလုပ္ရႈပ္ေနခ်ိန္.. အိႏၵိယက ေပၚထြက္လာတဲ့ လူငယ္သိပၸံပညာရွင္ေလး တစ္ေယာက္ အေၾကာင္း

ေျမျမႇဳတ္မိုင္းရွိတဲ့ ေနရာကို ရွင္းလင္းေပးႏိုင္တဲ့ ဒ႐ုန္းတစ္မ်ိဳးကို အိႏၵိယက အသက္ ၁၆ ႏွစ္႐ြယ္ လူငယ္ေလးတစ္ဦးက ပုံစံထုတ္ တီထြင္ ႏိုင္ခဲ့ပါတယ္။ အိႏၵိယႏိုင္ငံ အေနာက္ယြန္းယြန္းဖက္မွာ ရွိတဲ့

ဂူဂ်ာရက္ျပည္နယ္က အသက္ ၁၆ ႏွစ္အ႐ြယ္ လူငယ္ေလးတဦးဟာ ေျမျမႇဳတ္မိုင္းေတြရွိတဲ့ ေနရာကိုသိရွိ ႏိုင္ၿပီး ရွင္းလင္းေပးမယ့္ ေမာင္းသူမဲ့ ဒ႐ုန္းေလယာဥ္ငယ္ တစ္မ်ိဳးကို ပုံစံထုတ္တီထြင္ျပဳလုပ္ခဲ့ၿပီး

အဲဒီဒ႐ုန္းကို EAGLE A7 လို႔ အမည္ ေပးခဲ့ပါတယ္။ ဒီနည္းပညာဟာ အသစ္ျဖစ္ေၾကာင္းနဲ႔ တျခား ဘယ္မွာမွ မရွိေသးေၾကာင္းကိုလဲ အဲဒီလူငယ္ေလးဇာလာ(Harshwardhansinh Zala)က ေျပာပါတယ္။

ဇာလာဟာ အဲဒီ ဒ႐ုန္းေလယာဥ္ ကို ျပဳလုပ္ေပးဖို႔ အတြက္ ျပည္ပက အမွာစာေတြ အမ်ားႀကီးလက္ခံရရွိခဲ့ေပမယ့္ လက္ရွိမွာေတာ့ သူ႔နည္းပညာကို အိႏၵိယႏိုင္ငံက တပ္ဖြဲ႕ေတြအတြက္ ကူညီေဆာင္႐ြက္ေပးဖို႔ပဲ ဆႏၵရွိတယ္ လို႔ ဆိုပါတယ္။

(ေငြေၾကးကို ပဓာနမထားပဲ အမိႏိုင္ငံေတာ္အတြက္ ဦးစားေပးတဲ့ဒီလူငယ္ေလးရဲ႕ စိတ္ထားက အံၾသဖြယ္လိလိပါ)“ ကြၽန္ေတာ့္ဆီကို ျပည္ပကအမွာစာေတြ သူတို႔ဆီမွာ လာၿပီးအလုပ္လုပ္ဖို႔ ကမ္းလွမ္းတဲ့ ေခၚစာေတြ အမ်ားႀကီး ေရာက္လာပါတယ္။

ဒါေပမယ့္ အိႏၵိယတပ္မေတာ္နဲ႔ ရဲတပ္ဖြဲ႕အတြက္ပဲ ဒီနည္းပညာကို အသုံးျပဳခ်င္တာ လက္ရွိ ကြၽန္ေတာ့္ ဆႏၵပါ။ မေသေသင့္ပဲေသဆုံးခဲ့ရတဲ့ အာဇာနည္ေတြရဲ႕ အသက္ေတြကို ကယ္တင္ခ်င္ပါတယ္” လို႔ အသက္ ၁၆ႏွစ္အ႐ြယ္ လူငယ္ေလး ဇာလာ ကဆိုပါတယ္။

“ဒီဒ႐ုန္းဟာ အိႏၵိယတပ္မေတာ္ရဲ႕ အေျခစိုက္စခန္းကေနၿပီးေတာ့ မိုင္းေတြရွိတဲ့ေနရာဆီကို ပ်ံသန္းသြားႏိုင္ပါတယ္။ ေျမေအာက္က မိုင္းေတြကို ေတြ႕ၿပီဆိုတာနဲ႔ အေျခစိုက္စခန္းဆီကို

ဒ႐ုန္းက သတင္းျပန္ပို႔ပါလိမ့္မယ္။ ေျမျမႇဳတ္မိုင္းေတြကို အခ်ိန္နဲ႔တေျပးညီ ျမင္ႏိုင္ၾကည့္ႏိုင္ၿပီး လူေတြရဲ႕ အသက္အႏၲရာယ္ကေန ေဖာ္ထုတ္ ဖ်က္ဆီးပစ္ႏိုင္ပါလိမ့္မယ္”လို႔ ဇာလာက ဆိုပါတယ္။

#Credit

Unicode

မြန်မာနိုင်ငံမှာ King & Queen ရွေး အလုပ်ရှုပ်နေချိန် အိန္ဒိယက ၁၆ နှစ်အရွယ် ကျောင်းသားလေးက သိပ္ပံပညာရှင် ဖြစ်နေပြီ

ကိုယ်တို့ နိုင်ငံက ဒီဖက်ခေတ် တက္ကသိုလ်တွေမှာ တကသတွေ ဗကသတွေ သမဂ္ဂတွေနဲ့ အလုပ်ရှုပ်နေချိန်.. အိန္ဒိယက ပေါ်ထွက်လာတဲ့ လူငယ်သိပ္ပံပညာရှင်လေး တစ်ယောက် အကြောင်း

မြေမြှုတ်မိုင်းရှိတဲ့ နေရာကို ရှင်းလင်းပေးနိုင်တဲ့ ဒရုန်းတစ်မျိုးကို အိန္ဒိယက အသက် ၁၆ နှစ်ရွယ် လူငယ်လေးတစ်ဦးက ပုံစံထုတ် တီထွင် နိုင်ခဲ့ပါတယ်။ အိန္ဒိယနိုင်ငံ အနောက်ယွန်းယွန်းဖက်မှာ ရှိတဲ့

ဂူဂျာရက်ပြည်နယ်က အသက် ၁၆ နှစ်အရွယ် လူငယ်လေးတဦးဟာ မြေမြှုတ်မိုင်းတွေရှိတဲ့ နေရာကိုသိရှိ နိုင်ပြီး ရှင်းလင်းပေးမယ့် မောင်းသူမဲ့ ဒရုန်းလေယာဉ်ငယ် တစ်မျိုးကို ပုံစံထုတ်တီထွင်ပြုလုပ်ခဲ့ပြီး

အဲဒီဒရုန်းကို EAGLE A7 လို့ အမည် ပေးခဲ့ပါတယ်။ ဒီနည်းပညာဟာ အသစ်ဖြစ်ကြောင်းနဲ့ တခြား ဘယ်မှာမှ မရှိသေးကြောင်းကိုလဲ အဲဒီလူငယ်လေးဇာလာ(Harshwardhansinh Zala)က ပြောပါတယ်။

ဇာလာဟာ အဲဒီ ဒရုန်းလေယာဉ် ကို ပြုလုပ်ပေးဖို့ အတွက် ပြည်ပက အမှာစာတွေ အများကြီးလက်ခံရရှိခဲ့ပေမယ့် လက်ရှိမှာတော့ သူ့နည်းပညာကို အိန္ဒိယနိုင်ငံက တပ်ဖွဲ့တွေအတွက် ကူညီဆောင်ရွက်ပေးဖို့ပဲ ဆန္ဒရှိတယ် လို့ ဆိုပါတယ်။

(ငွေကြေးကို ပဓာနမထားပဲ အမိနိုင်ငံတော်အတွက် ဦးစားပေးတဲ့ဒီလူငယ်လေးရဲ့ စိတ်ထားက အံသြဖွယ်လိလိပါ)“ ကျွန်တော့်ဆီကို ပြည်ပကအမှာစာတွေ သူတို့ဆီမှာ လာပြီးအလုပ်လုပ်ဖို့ ကမ်းလှမ်းတဲ့ ခေါ်စာတွေ အများကြီး ရောက်လာပါတယ်။

ဒါပေမယ့် အိန္ဒိယတပ်မတော်နဲ့ ရဲတပ်ဖွဲ့အတွက်ပဲ ဒီနည်းပညာကို အသုံးပြုချင်တာ လက်ရှိ ကျွန်တော့် ဆန္ဒပါ။ မသေသေင့်ပဲသေဆုံးခဲ့ရတဲ့ အာဇာနည်တွေရဲ့ အသက်တွေကို ကယ်တင်ချင်ပါတယ်” လို့ အသက် ၁၆နှစ်အရွယ် လူငယ်လေး ဇာလာ ကဆိုပါတယ်။

“ဒီဒရုန်းဟာ အိန္ဒိယတပ်မတော်ရဲ့ အခြေစိုက်စခန်းကနေပြီးတော့ မိုင်းတွေရှိတဲ့နေရာဆီကို ပျံသန်းသွားနိုင်ပါတယ်။ မြေအောက်က မိုင်းတွေကို တွေ့ပြီဆိုတာနဲ့ အခြေစိုက်စခန်းဆီကို

ဒရုန်းက သတင်းပြန်ပို့ပါလိမ့်မယ်။ မြေမြှုတ်မိုင်းတွေကို အချိန်နဲ့တပြေးညီ မြင်နိုင်ကြည့်နိုင်ပြီး လူတွေရဲ့ အသက်အန္တရာယ်ကနေ ဖော်ထုတ် ဖျက်ဆီးပစ်နိုင်ပါလိမ့်မယ်”လို့ ဇာလာက ဆိုပါတယ်။

#Credit

Be the first to comment

Leave a Reply

Your email address will not be published.


*