











crd..Mawsi Laypyay

Unicode

တစ်ခါမှ မိတ်ကပ်မလိမ်းဖူးတဲ့ ကလေးက မိတ်ကပ်တွေ ယူလိမ်းနေတာကို မသင်္ကာလို့ မေးလိုက်သောအခါ

အ ထက (၁) အင်းစိန် ရဲ့ Grate 6(F) အတန်းမှူး မှ ကျွန်မသား လင်းရောင်ရှိန် ကို ပါးရိုက်ခြင်း

7.2.2020 (သောကြာနေ့) ညနေ ၅ နာရီ ကျောင်း ဆင်းပြီး အိမ်သို့ ရောက်ရောက်ချင်း ကလေး က အိမ်က သိမှာစိုးလို့ တခါမှ မလိမ်းဖူးတဲ့ ကျွန်မ ရဲ့ မိတ်ကပ်တွေ ယူလိမ်းလို့ ကျွန်မက မသင်္ကာလို့ မေးလိုက် မှ ကလေးက အကုန်ပြောပြတယ်…

ဒီနေ့ ကျောင်းမှာ မုန့်စားကျောင်း ဆင်းချိန် သူငယ်ချင်း နဲ့ စနှောက်ရင်း တွန်းလိုက်တာ သူ့သူငယ်ချင်း က ဆရာမကို သွားတိုင် တော့ ဆရာမက ကျောကုန်းကို ရိုက်လိုက်တယ်…

အဲ့ဒါ နဲ့ အိမ်က သားက သူ့ သူငယ်ချင်းကို မင်းကြောင့် ငါအရိုက်ခံရတာဆိုပြီး ဆဲလိုက်တယ်။ ဘေးကတစ်ယောက်က ကြားပြီး ဆရာမကို သွားတိုင်တာ ဆရာမ က ကျွန်မသား ရဲ့ ပါးနှစ်ဖက်ကို ဘယ်ပြန် ညာပြန် ဆယ်ချက်လောက် ရိုက်လိုက်တယ် ပြောပါတယ်…

မြင်တဲ့ သူငယ်ချင်းတွေ က သနား လို့ ဝိုင်းငိုကြတယ် တဲ့။ ကျွန်မလဲ စိတ်မကောင်းဖြစ်လွန်းလွန်း လို့ ငိုနေ ရတယ်။

ည ၉ နာရီ မှ မျက်နှာသစ်တာတောင် နီရဲ ယောင်ကိုင်းနေတာ စစဖြစ်ချင်းဆို ဘယ်လောက်တောင် ဆိုးနေလိုက်မလဲ။

ကျွန်မပြောချင်တာ ဆရာမတစ်ယောက် က ကလေးတစ်ယောက် မလိမ္မာလို့ စကားများရန်ဖြစ်လို့ ဆုံးမတယ် ဆိုရင်တောင် တုတ် နဲ့ ရိုက်တာ ကို လက်ခံ နိုင်တယ်။

ခုဟာ က ပါးကိုရိုက်တယ် ဆိုတော့ ဘယ်လို မှ လက်မခံနိုင် လို့ မကျေနပ်လို့ ရေးတာပါ။ အားလုံးသိအောင် ဝိုင်းရှဲယ်ပေးကြပါ။

နောက်ထပ် ဒီလိုအဖြစ်မျိုး ထပ်မဖြစ်အောင် လို့ ထိထိရောက်ရောက် အရေးယူပေးစေချင် ပါတယ်။

crd..Mawsi Laypyay

Be the first to comment

Leave a Reply

Your email address will not be published.


*