အေမရိကန္ CDC အကူအညီ ျဖင့္ ဝူဟန္ဗိုင္းရပ္စ္ ကို ျမန္မာႏိုင္ငံ မွာ စတင္ စစ္ေဆး ႏိုင္ေတာ့မည္ ….

အေမရိကန္ CDC အကူအညီ ျဖင့္ ဝူဟန္ဗိုင္းရပ္စ္ ကို ျမန္မာႏိုင္ငံ မွာ စတင္ စစ္ေဆး ႏိုင္ေတာ့မည္ ….

အေမရိကန္ CDC အကူအညီ ျဖင့္ ဝူဟန္ဗိုင္းရပ္စ္ ကို ျမန္မာႏိုင္ငံ မွာ စတင္ စစ္ေဆး ႏိုင္ေတာ့မည္ ….

ယခုလကုန္ပိုင္းက စၿပီး စတင္စစ္ေဆးႏိုင္ေတာ့မွာပါ။ အေမရိကန္ CDC ကေန ျမန္မာႏိုင္ငံကို လာေရာက္ကာ ဓာတ္ခြဲစစ္ေဆးမႈေတြ နဲ႔ ပတ္သက္လို႔ Training မ်ားေပးသြားမွာ ျဖစ္ၿပီးေတာ့ ယခုလကုန္ပိုင္းေလာက္စလို႔ ဝူဟန္ဗိုင္းရပ္စ္ကို ျမန္မာႏိုင္ငံမွာ စတင္ စစ္ေဆးႏိုင္မွာ ျဖစ္တယ္လို႔သိရပါတယ္။

တ႐ုတ္ႏိုင္ငံ၊ ဝူဟန္ၿမိဳ႕ က စတင္ ျဖစ္ပြားခဲ့တဲ့ ကို႐ိုနာဗိုင္းရပ္စ္ပိုး နဲ႔ ပတ္သက္ၿပီး ျမန္မာႏိုင္ငံ မွာလည္း သံသယ လူနာ‌ေတြမွာ ေရာဂါပိုး ရွိ၊ မရွိကို ဓာတ္ခြဲ စစ္ေဆးႏိုင္ေတာ့ မွာျဖစ္တယ္လို႔ သိ ရပါတယ္။

အေမရိကန္ CDC ဓာတ္ခြဲကြၽမ္းက်င္ပညာရွင္မ်ားက ေဖေဖာ္ဝါရီလ (၁၇) ရက္ေန႔မွာ ဓာတ္ခြဲစစ္ေဆးျခင္းနဲ႔ ပတ္သက္ၿပီး လိုအပ္တဲ့ Training မ်ားကို ျမန္မာႏိုင္ငံကို လာေရာက္ သင္ၾကားေပးမွာ ျဖစ္တယ္လို႔ က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနက ထုတ္ျပန္ထားပါတယ္။

အခုလို အေမရိကန္ CDC အဖြဲ႕ က လာေရာက္ၿပီး လိုအပ္သည္မ်ား သင္ၾကားၿပီးေနာက္မွာေတာ့ ကို႐ိုနာဗိုင္းရပ္ပိုး ရွိ၊ မရွိကို ျမန္မာႏိုင္ငံ အတြင္းမွာလည္း စစ္ေဆးႏိုင္ေတာ့မွာ ျဖစ္ ပါတယ္။

လက္ရွိမွာေတာ့ ျမန္မာႏိုင္ငံက ကို႐ိုနာ သံသယ လူနာေတြ မွာ ေရာဂါ ရွိ၊ မရွိ ကိုေတာ့ သူတို႔ ရဲ႕ ႏွာေခါင္းဖတ္ေတြ ကို ထိုင္းႏိုင္ငံ ကို ပို႔ေဆာင္ၿပီး စစ္ေဆးေနရတာလည္း ျဖစ္ပါတယ္။

လက္ရွိ ျမန္မာႏိုင္ငံမွာေတာ့ ေဖေဖာ္ဝါရီလ (၉)ရက္ေန႔ အထိ ကို႐ိုနာဗိုင္းရပ္စ္ သံသယ လူနာ (၁၃)ဦးရွိေနၿပီး အဆိုပါ သံသယလူနာေတြကိုေတာ့ သက္ဆိုင္ရာ ေဆး႐ုံေတြမွာ ေစာင့္ၾကည့္ကုသေပးလွ်က္ရွိတယ္လို႔ က်န္းမာေရး ႏွင့္ အားကစားဝန္ႀကီးဌာန ရဲ႕ ထုတ္ျပန္ခ်က္ အရ သိ ရပါတယ္။

ဓူဝံ

Unicode

အမေရိကန် CDC အကူအညီ ဖြင့် ဝူဟန်ဗိုင်းရပ်စ် ကို မြန်မာနိုင်ငံ မှာ စတင် စစ်ဆေး နိုင်တော့မည် ….

ယခုလကုန်ပိုင်းက စပြီး စတင်စစ်ဆေးနိုင်တော့မှာပါ။ အမေရိကန် CDC ကနေ မြန်မာနိုင်ငံကို လာရောက်ကာ ဓာတ်ခွဲစစ်ဆေးမှုတွေ နဲ့ ပတ်သက်လို့ Training များပေးသွားမှာ ဖြစ်ပြီးတော့ ယခုလကုန်ပိုင်းလောက်စလို့ ဝူဟန်ဗိုင်းရပ်စ်ကို မြန်မာနိုင်ငံမှာ စတင် စစ်ဆေးနိုင်မှာ ဖြစ်တယ်လို့သိရပါတယ်။

တရုတ်နိုင်ငံ၊ ဝူဟန်မြို့ က စတင် ဖြစ်ပွားခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်ပိုး နဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ မှာလည်း သံသယ လူနာ‌တွေမှာ ရောဂါပိုး ရှိ၊ မရှိကို ဓာတ်ခွဲ စစ်ဆေးနိုင်တော့ မှာဖြစ်တယ်လို့ သိ ရပါတယ်။

အမေရိကန် CDC ဓာတ်ခွဲကျွမ်းကျင်ပညာရှင်များက ဖေဖော်ဝါရီလ (၁၇) ရက်နေ့မှာ ဓာတ်ခွဲစစ်ဆေးခြင်းနဲ့ ပတ်သက်ပြီး လိုအပ်တဲ့ Training များကို မြန်မာနိုင်ငံကို လာရောက် သင်ကြားပေးမှာ ဖြစ်တယ်လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

အခုလို အမေရိကန် CDC အဖွဲ့ က လာရောက်ပြီး လိုအပ်သည်များ သင်ကြားပြီးနောက်မှာတော့ ကိုရိုနာဗိုင်းရပ်ပိုး ရှိ၊ မရှိကို မြန်မာနိုင်ငံ အတွင်းမှာလည်း စစ်ဆေးနိုင်တော့မှာ ဖြစ် ပါတယ်။

လက်ရှိမှာတော့ မြန်မာနိုင်ငံက ကိုရိုနာ သံသယ လူနာတွေ မှာ ရောဂါ ရှိ၊ မရှိ ကိုတော့ သူတို့ ရဲ့ နှာခေါင်းဖတ်တွေ ကို ထိုင်းနိုင်ငံ ကို ပို့ဆောင်ပြီး စစ်ဆေးနေရတာလည်း ဖြစ်ပါတယ်။

လက်ရှိ မြန်မာနိုင်ငံမှာတော့ ဖေဖော်ဝါရီလ (၉)ရက်နေ့ အထိ ကိုရိုနာဗိုင်းရပ်စ် သံသယ လူနာ (၁၃)ဦးရှိနေပြီး အဆိုပါ သံသယလူနာတွေကိုတော့ သက်ဆိုင်ရာ ဆေးရုံတွေမှာ စောင့်ကြည့်ကုသပေးလျှက်ရှိတယ်လို့ ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန ရဲ့ ထုတ်ပြန်ချက် အရ သိ ရပါတယ်။

ဓူဝံ

Be the first to comment

Leave a Reply

Your email address will not be published.


*