ေ႐ႊတိဂုံဘုရား ေျမေအာက္လိုဏ္ဂူထဲတြင္ ေက်ာက္ျဖစ္သြားေသာ ေမာင္ကံ…

ေ႐ႊတိဂုံဘုရား ေျမေအာက္လိုဏ္ဂူထဲတြင္ ေက်ာက္ျဖစ္သြားေသာ ေမာင္ကံ…

ေ႐ႊတိဂုံဘုရား ေျမေအာက္လိုဏ္ဂူထဲတြင္ ေက်ာက္ျဖစ္သြားေသာ ေမာင္ကံ…

ေမာင္ကံဆိုတာ ေ႐ႊတိဂုံဘုရားမွာ ပန္းေရာင္းတဲ့ ပန္းေရာင္းသမားေလးတစ္ေယာက္ပါ။

ေ႐ႊတိဂံဘုရားက စြန႔္လိုက္တဲ့ပန္းေတြက ပုဇြန္ေတာင္ေခ်ာင္းကတစ္ဆင့္ေမ်ာပါသြားၿပီး ပုဇြန္ေတာင္အရပ္မွာ ေတာင္လိုပုံေနတာမို႔ ပန္းစြန႔္ေတာင္လို႔ ေခၚရာက ယေန႔ ပုဇြန္ေတာင္ဟူ၍ ျဖစ္လာခဲ့ပါတယ္။ တစ္ေန႔ေသာအခါ ေမာင္ကံတစ္ေယာက္ ေ႐ႊတိဂုံဘုရားမွာ ပန္းေရာင္းေနရင္း ရေသ့ႀကီးတစ္ပါး ဘုရားေပၚတက္လာပါတယ္။

အဲ့ဒီေနာက္ ရေသ့ႀကီးက ပန္းေရာင္းေနတဲ့ ေမာင္ကံကို ေတြ႕လိုက္ေတာ့ ရေသ့ႀကီးရဲ႕စိတ္ထဲမွာ သူ႔အလုပ္ကိစၥကို ကူညီေပးႏိုင္တဲ့သူလို႔ ေတြးမိပါေတာ့တယ္။ ဒီလိုနဲ႔ ေမာင္ကံဆီက အကူအညီေတာင္းဖို႔ သူ႔အနားကို ေရာက္လာပါေတာ့တယ္။

သူ႔ထံကို လမ္းေလွ်ာက္လာတဲ့ ရေသ့ႀကီးကို ျမင္ေတာ့ ေမာင္ကံဟာ ဘရေသ့ႀကီး ပန္းဝယ္မလို႔လား ဒါဆိုရင္ေတာ့ မဝယ္ပါနဲ႔ေတာ့ ကြၽန္ေတာ္လႉလိုက္ပါ့မယ္လို႔ ဆိုပါတယ္။

ဒီစကားကို ၾကားလိုက္ေတာ့ ရေသ့ႀကီးရဲ႕ စိတ္မွာ သူဆုံးျဖတ္တာမွန္သြားၿပီလို႔ ထင္လိုက္ပါတယ္။ ဒီလိုနဲ႔ ေမာင္ကံကို အကူအညီေတာင္းတဲ့ စကားဆိုပါတယ္။“လူေလး လူေလးကို ဘရေသ့အကူအညီတစ္ခု ေတာင္းခ်င္လို႔ပါ။ လူေလး ကူညီႏိုင္မယ္လည္း ထင္ပါတယ္။ ဘရေသ့ အဲ့ဒီကိစၥေအာင္ျမင္ခဲ့ရင္ လူေလးလည္း အက်ိဳးမယုတ္ေစရပါဘူး။

” အဲ့ေတာ့ ေမာင္ကံကလည္း ကြၽန္ေတာ္ကူညီႏိုင္တဲ့အရာဆို ကူညီပါ့မယ္လို႔ ေျပာေလတယ္။ ထိုအခါ ရေသ့ႀကီးက ေမာင္ကံကို ေ႐ႊတိဂုံဘုရားေပၚမွေန ဂူႀကီးတစ္ဂူရွိရာသို႔ ေခၚေဆာင္သြားပါေတာ့တယ္။ ဂူထဲေရာက္ေတာ့မွ ဘရေသ့ကလည္း လူကေလးရဲ႕ နာမည္ကိုေမးေတာ့ သူက ေမာင္ကံလို႔ ေျဖလိုက္ပါတယ္။

ဘရေသ့က ေမာင္ကံကို ေဆးလုံး ႏွစ္လုံးနဲ႔ အင္းျပားတစ္ခုကို ေပးကာ ေသခ်ာကိုင္ထားလို႔ ဆိုပါတယ္။ ထို႔ေနာက္ သူတားထားတဲ့စည္းကိုျပကာ ဘရေသ့ ဒီစည္းထဲဝင္တာနဲ႔ မီးထေလာင္လိမ့္မယ္။

ဒါေပမယ့္ ဘာမွစိတ္မပူနဲ႔လို႔ ေျပာကာ လူေလးလုပ္ရမယ့္ အရာက ဘရေသ့ေပးထားတဲ့ ေဆး(၂)လုံး နဲ႔ အင္းျပားကို အေႏွာင့္အယွက္ေတြ ေပၚလာခ်ိန္က် ပထမေဆးတစ္လုံးနဲ႔ပစ္ ေနာက္တစ္ခုေပၚလာရင္ ဒုတိယေဆးတစ္လုံးနဲ႔ပစ္ ေနာက္ဆုံးတတိယတစ္ႀကိမ္ အေႏွာင့္အယွက္ေပၚလာရင္ အင္းျပားနဲ႔ပစ္ လို႔မွာပါတယ္။

လူေလးကို ဘရေသ့ေျပာတဲ့အတိုင္း မလုပ္ႏိုင္ဘူးဆိုရင္ ဘရေသ့လည္း အသက္ဆုံးရႈံးရၿပီး လူေလးလည္း အႏၲရာယ္ကင္းမွာ မဟုတ္ေၾကာင္း သတိေပးပါတယ္။ ထိုသတိေပးစကားဆိုၿပီး ရေသ့ႀကီးဟာ စည္းဝိုင္းထဲ ဝင္သြားပါတယ္။ သူစည္းဝိုင္းထဲ ဝင္သြားတာနဲ႔တစ္ၿပိဳင္နက္ မီးထေတာက္ၿပီးေလာင္ေနပါေတာ့တယ္။ ေမာင္ကံလည္း ရေသ့ႀကီးအတြက္ စိုးရိမ္ပူပန္စြာနဲ႔ ၾကည့္ေနေတာ့တာေပါ့။

အဲ့အခ်ိန္မွာပဲ ေဘးပတ္ဝန္းက်င္မွာ မီးခိုးလုံးႀကီးေတြက်လာၿပီး ထိုမီးခိုးလုံးေတြထဲက ေၾကာက္မက္ဖြယ္သရဲေတြ ထြက္လာပါတယ္။ ေမာင္ကံလည္း မႀကဳံဖူးေတာ့ စိတ္ထဲမွာ အလြန္ေၾကာက္႐ြံ႕ေနတာေပါ့။ သူဒီလိုေၾကာက္ေနခ်ိန္မွာပဲ ရေသ့ႀကီးရဲ႕ “ေမာင္ကံမင္းဘာလုပ္ေနတာလဲ ေဆးလုံးနဲ႔ပစ္လိုက္ေတာ့ေလ”လို႔ ေျပာတဲ့အသံကို ၾကားရပါတယ္။

အဲ့ေတာ့မွ ေမာင္ကံလည္း သတိဝင္လာၿပီး လက္ထဲက ေဆးလုံးနဲ႔ပစ္လိုက္ရာ သရဲေတြေပ်ာက္သြားေလတယ္။ ထို႔ေနာက္ ဘီလူးႀကီးေတြ ေပၚလာျပန္တယ္။ ေမာင္ကံလည္း ဒုတိယေဆးလုံးနဲ႔ ပစ္လိုက္ျပန္တယ္။ ခဏအၾကာ ပါးလ်ားတဲ့ အဝတ္ကို ဝတ္ဆင္ထားတဲ့ အမ်ိဳးသမီးေတြ ေရာက္လာျပန္ၿပီး ေမာင္ကံကို ျမႇဴဆြယ္ျပန္တယ္။

ေမာင္ကံလည္း သတိလြတ္မယ္အႀကံ ရေသ့ႀကီးမွာထားေသာ စကားကို သတိရသြားၿပီး ဒါအေႏွာင့္အယွက္ အဖ်က္ေတြပဲ ငါစိတ္ပါသြားလို႔ မျဖစ္ဘူးဆိုၿပီး အင္းျပားနဲ႔ ပစ္ေပါက္လိုက္ေလတယ္။ ဒီေတာ့မွ သူတို႔လည္း ေပ်ာက္ကြယ္သြားေလတယ္။ ထိုအခါ စည္းဝိုင္းထဲက မီးေတြလည္းၿငိမ္းသြားၿပီး ရေသ့ႀကီးထြက္လာပါေတာ့တယ္။

ၿပီးေတာ့ ေမာင္ကံကို သူ႔ေက်းဇူးေၾကာင့္ ဘရေသ့လုပ္ရမယ့္ကိစၥ ေအာင္ျမင္သြားၿပီလို႔ ဆိုပါတယ္။ဒါေၾကာင့္ မင္းလိုရာ ဆုတစ္ခုကို ေတာင္းလို႔ေျပာပါတယ္။ အဲေတာ့ ေမာင္ကံက သူဘုရားမွာ ပန္းေရာင္းၿပီး အိမ္မွာရွိတဲ့ အေမ့ထံကို ျမန္ျမန္ေရာက္ေအာင္ စြမ္းေဆာင္ေပးႏိုင္မယ့္ လွံယာဥ္ပ်ံလိုခ်င္ပါတယ္လို႔ ေျပာပါတယ္။

ဘရေသ့ရဲ႕ ေရွ႕ကိုႀကိဳျမင္ႏိုင္တဲ့ ဉာဏ္နဲ႔ၾကည့္လိုက္ေတာ့ ေမာင္ကံတစ္ေယာက္ ဒီလွံယာဥ္ပ်ံေၾကာင့္ ဒုကၡေရာက္မည္ကို ျမင္ေနသျဖင့္ မေပးခ်င္ေသာ္လည္း ကတိကို မဖ်က္လိုေသာေၾကာင့္ သူေတာင္းဆိုတာကို ေပးလိုက္ရေလတယ္။ေမာင္ကံလည္း လွံယာဥ္ပ်ံကို ရတာနဲ႔ တစ္ၿပိဳင္နက္ အရင္ဆုံး ေျမလွ်ိဳးၿပီး စမ္းၾကည့္ေလတယ္။

ေမာင္ကံလည္း ယာဥ္ပ်ံအစြမ္းနဲ႔ မိမိအိမ္ေရာက္ၿပီအထင္နဲ႔ ေျမေပၚတက္လိုက္ရာ ကႏၲာလရာဇ္တိုင္း ျပည့္ရွင္ ဥတည္ဘြား ရဲ႕ သမီးေတာ္ ေဆာ့ကစားရာ ဥယ်ာဥ္ထဲကို ေရာက္ရွိသြားတာျဖစ္ေနပါေတာ့တယ္။ ဘုရင့္သမီးေတာ္လည္း ေျမေအာက္က ႐ုတ္တရက္ထြက္လာတဲ့ ေမာင္ကံကို ျမင္ၿပီး အလန႔္တၾကားေအာ္ေတာ့ပါတယ္။

ေျမေအာက္ကထြက္လာတဲ့ ေမာင္ကံကို လူလား သရဲလားလို႔ေမးေတာ့ ေမာင္ကံက က်ဳပ္က လူစစ္စစ္ပါလို႔ေျဖေလတယ္။ေမာင္ကံလည္း ဘုရင့္သမီးေတာ္ကို ျမင္ျမင္ခ်င္း ခ်စ္မိေလတယ္။ ဒီေတာ့ ဘုရင့္သမီးေတာ္နဲ႔ေမာင္ကံ ခ်စ္ႀကိဳက္သြားၾကေလတယ္။ဒီသတင္းကိုဘုရင္ႀကီးၾကားေလေသာ္ ေမာင္ကံကို ရွာေဖြဖမ္းဆီးေလတယ္။

ထိုအခါ သမီးေတာ္မွာ မိမိမွာ ေမာင္ကံနဲ႔ရတဲ့ ကိုယ္ဝန္ရွိေနၿပီျဖစ္ေၾကာင္း ခမည္းေတာ္ကို ငိုယိုၿပီး ေလွ်ာက္ထားေလတယ္။ ဘုရင္ႀကီးက သမီးေတာ္ကို မင္းနဲ႔ လက္ဆက္ေပးေစခ်င္ရင္ ေ႐ႊတိဂုံဘုရား ဌာပနာတိုက္က ရတနာေတြကို ယူခဲ့လို႔ဆိုပါတယ္။

ဒီစကားကို ဘုရင့္သမီးေတာ္ ၾကားေလေသာ္ သူ႔ခမည္းေတာ္က သူတို႔ႏွစ္ေယာကို လက္မဆက္ေစခ်င္လို႔ ဘုရားဌာပနာေတြ ယူခိုင္းတာျဖစ္ေၾကာင္း ဒါေၾကာင့္ ဘုရားဌာပနာကို မပစ္မွားေကာင္းဟု ေမာင္ကံကို ေျပာေလတယ္။ ေမာင္ကံက မင္းသမီးေလးနဲ႔ေကာ သူ႔ရင္ေသြးေလးနဲ႔ပါ မခြဲႏိုင္ဟုဆိုကာ လွံယာဥ္ပ်ံကို စီးကာထြက္လာပါတယ္။

မေတြ႕ရတာၾကာၿပီျဖစ္တဲ့ မိခင္ထံသို႔ ေမာင္ကံတစ္ေယာက္ အရင္သြားေလတယ္။ ယခင္သူတို႔ ေနထိုင္တဲ့ တဲအိမ္ေလးကိုေရာက္ေတာ့ မိခင္ႀကီးမွာ သားျဖစ္သူ ျပန္မလာသည္မွာ ၾကာၿပီျဖစ္၍ လြမ္းနာက်ကာ ေသဆုံးသည္မွာ ၾကာေနၿပီဟု သိရေတာ့တယ္။

ေမာင္ကံလည္း မိမိေၾကာင့္ မိခင္ႀကီးေသဆုံးရသည္ကို ေတြးကာ သူ႔ကိုယ္သူ စိတ္နာၿပီး သူတို႔အိမ္ေရွ႕က ေရကန္ရဲ႕ ကန္ေဘာင္ကို လွံေထာက္ကာ အားျပဳၿပီး ခုန္လိုက္ေလတယ္။

ကန္ေဘာင္လည္း ပဲ့ၾကသြားၿပီး ထိုအရပ္ကို ကန္ပဲ့ဟုေခၚရာက ယခု ကံဘဲ့ျဖစ္လာရေတာ့ပါတယ္။ ထိုမွတစ္ဆင့္ လွံယာဥ္ပ်ံကိုစီးကာ လာစဥ္ခရီးတြင္တစ္ေထာက္နားကာ ေ႐ႊတိဂုံဘုရားကို လွမ္းၾကည့္ၿပီး ျမင္ႏိုင္တဲ့ေနရာကို ေရာက္ေလတယ္။ အဲ့အရပ္ကိုေရာက္ေတာ့ အရင္ကၾကည့္ျမင္ႏိုင္လို႔ေခၚရာကေန ယခုၾကည့္ျမင္တိုင္လို႔ ေခၚတြင္ေလတယ္။

ထို႔ေနာက္ ဆက္လက္ပ်ံသန္းလာရာ ေ႐ႊတိဂုံကိုေရာက္ၿပီး ေျမလွ်ိဳးၿပီးဌာပနာတိုက္ကို ဝင္ေလတယ္။ဌာပနာတိုက္အတြင္း သိၾကားမင္းဖန္ဆင္းထားေသာ ဓါးစက္၊ေရစက္၊မီးစက္၊လွံစက္ေတြကို လွံယာဥ္ပ်ံအစြမ္းနဲ႔ေက်ာ္လႊားႏိုင္ခဲ့ၿပီး ဌာပနာထားတဲ့ရတနာေတြကိုယူဖို႔ ေျခလွမ္းလိုက္ရာေျခလွမ္း၍မရတာေၾကာင့္ ငုံ႔ၾကည့္လိုက္ေတာ့ ေျခေထာက္မွာေက်ာက္ျဖစ္ေနတာကို ေတြ႕ရေတာ့တယ္။

ထိုအခ်ိန္မွာ သူမွားသြားၿပီဆိုသည္ကိုသိလိုက္ရေသာ ေမာင္ကံတစ္ေယာက္ ဘုရားပစၥည္းကို ပစ္မွားမိေသာေၾကာင့္ ေနာင္တရေနခ်ိန္တြင္ ရေသ့ႀကီးေရာက္လာပါတယ္။

ရေသ့ႀကီးက လူေလးရယ္ မိုက္လိုက္တာဟုဆိုကာ ေမာင္ကံက သူ႔ကို ကယ္ပါဦးဟု ေတာင္းပန္ပါေတာ့တယ္။ ဘရေသ့ကလည္း သူကယ္လို႔ မရေတာ့ေၾကာင္း သူ႔ကိုကယ္တာမဟုတ္တဲ့ တျခားတစ္ခုကို ေတာင္းဆိုပါဟု ဆိုေလတယ္။

ဒါဆို ကြၽန္ေတာ့္ဇနီးနဲ႔သားေလးကို ေတြ႕ခ်င္ေၾကာင္းေမာင္ကံက ဘရေသ့ကိုေျပာပါတယ္။ဘရေသ့ကလည္းကူညီမည္ဟုဆိုကာ ဘုရင့္သမီးေတာ္၏နားတြင္အသံတစ္ခုၾကားရေအာင္ ဖန္ဆင္း၍ သမီးေတာ္ခင္ပြန္းဒုကၡေရာက္ေနေၾကာင္း၊ ဇနီးနဲ႔သားကိုေတြ႕ခ်င္တာေၾကာင့္ နန္းေတာ္ေရွ႕ကရထားေပၚတက္ၿပီး လမ္းျပလိပ္ျပာေခၚေဆာင္ရာကို လိုက္ခဲ့ေတာ့ဟု အစြမ္းနဲ႔ ေျပာလိုက္ေလတယ္။

ဘုရင့္သမီးေတာ္လည္း အသံၾကားသည့္အတိုင္း လိုက္နာ၍ ေခၚေဆာင္ရာအတိုင္းလိုက္လာခဲ့ရာ မၾကာခ်က္ခ်င္းပင္ ေမာင္ကံရွိရာကို ေရာက္လာပါေတာ့တယ္။ဇနီး နဲ႔ သား ေရာက္တဲ့အခ်ိန္မွာေတာ့ ေမာင္ကံတစ္ေယာက္ ေခါင္းကလြဲ၍ တစ္ကိုယ္လုံး ေက်ာက္ျဖစ္ေနပါၿပီ။ မ်က္ႏွာေလးသာ ျမင္ရေတာ့ေသာ ေမာင္ကံတစ္ေယာက္ကို သူ႔ဇနီးျမင္ေသာ္ ဝမ္းနည္းပူေဆြးရပါေတာ့တယ္။

ေမာင္ကံက ဇနီးသည္ကို သူ႔သားကို ဘုရားတရားမေမ့ဖို႔ သူ႔လို မျဖစ္ေစဖို႔ မွာၾကားရင္း စကား မဆုံးခင္ပင္ ေက်ာက္႐ုပ္ျဖစ္သြားေတာ့ေလတယ္။ဘရေသ့လည္း ေမာင္ကံရဲ႕ ဇနီးကို ဆုံးမမွာၾကားၿပီး သူ႔တိုင္းျပည္ကို ျပန္ပို႔လိုက္ေလတယ္။

ေ႐ႊတိဂုံဘုရား ေျမေအာက္လိုဏ္ဂူထဲတြင္ ေမာင္ကံ ေက်ာက္႐ုပ္မွာ ယေန႔ထက္တိုင္ရွိၿပီး ေ႐ႊတိဂုံဘုရား ရာဇဝင္ေတြထဲက တစ္ခုအျဖစ္က်န္ရွိေနေတာ့တယ္။

ေရႊတိဂံုဘုရားမွာ ေက်ာက္ျဖစ္သြားေသာ ေမာင္ကံ#ေရႊတိဂံုဘုရား

Publicado por ဓာတ္နတ္သိုက္ဆိုင္ရာၾကားဖူးနားဝျဖစ္ရပ္မွန္မ်ား en Sábado, 12 de octubre de 2019

Unicode

ရွှေတိဂုံဘုရား မြေအောက်လိုဏ်ဂူထဲတွင် ကျောက်ဖြစ်သွားသော မောင်ကံ…

မောင်ကံဆိုတာ ရွှေတိဂုံဘုရားမှာ ပန်းရောင်းတဲ့ ပန်းရောင်းသမားလေးတစ်ယောက်ပါ။

ရွှေတိဂံဘုရားက စွန့်လိုက်တဲ့ပန်းတွေက ပုဇွန်တောင်ချောင်းကတစ်ဆင့်မျောပါသွားပြီး ပုဇွန်တောင်အရပ်မှာ တောင်လိုပုံနေတာမို့ ပန်းစွန့်တောင်လို့ ခေါ်ရာက ယနေ့ ပုဇွန်တောင်ဟူ၍ ဖြစ်လာခဲ့ပါတယ်။ တစ်နေ့သောအခါ မောင်ကံတစ်ယောက် ရွှေတိဂုံဘုရားမှာ ပန်းရောင်းနေရင်း ရသေ့ကြီးတစ်ပါး ဘုရားပေါ်တက်လာပါတယ်။

အဲ့ဒီနောက် ရသေ့ကြီးက ပန်းရောင်းနေတဲ့ မောင်ကံကို တွေ့လိုက်တော့ ရသေ့ကြီးရဲ့စိတ်ထဲမှာ သူ့အလုပ်ကိစ္စကို ကူညီပေးနိုင်တဲ့သူလို့ တွေးမိပါတော့တယ်။ ဒီလိုနဲ့ မောင်ကံဆီက အကူအညီတောင်းဖို့ သူ့အနားကို ရောက်လာပါတော့တယ်။

သူ့ထံကို လမ်းလျှောက်လာတဲ့ ရသေ့ကြီးကို မြင်တော့ မောင်ကံဟာ ဘရသေ့ကြီး ပန်းဝယ်မလို့လား ဒါဆိုရင်တော့ မဝယ်ပါနဲ့တော့ ကျွန်တော်လှူလိုက်ပါ့မယ်လို့ ဆိုပါတယ်။

ဒီစကားကို ကြားလိုက်တော့ ရသေ့ကြီးရဲ့ စိတ်မှာ သူဆုံးဖြတ်တာမှန်သွားပြီလို့ ထင်လိုက်ပါတယ်။ ဒီလိုနဲ့ မောင်ကံကို အကူအညီတောင်းတဲ့ စကားဆိုပါတယ်။“လူလေး လူလေးကို ဘရသေ့အကူအညီတစ်ခု တောင်းချင်လို့ပါ။ လူလေး ကူညီနိုင်မယ်လည်း ထင်ပါတယ်။ ဘရသေ့ အဲ့ဒီကိစ္စအောင်မြင်ခဲ့ရင် လူလေးလည်း အကျိုးမယုတ်စေရပါဘူး။

” အဲ့တော့ မောင်ကံကလည်း ကျွန်တော်ကူညီနိုင်တဲ့အရာဆို ကူညီပါ့မယ်လို့ ပြောလေတယ်။ ထိုအခါ ရသေ့ကြီးက မောင်ကံကို ရွှေတိဂုံဘုရားပေါ်မှနေ ဂူကြီးတစ်ဂူရှိရာသို့ ခေါ်ဆောင်သွားပါတော့တယ်။ ဂူထဲရောက်တော့မှ ဘရသေ့ကလည်း လူကလေးရဲ့ နာမည်ကိုမေးတော့ သူက မောင်ကံလို့ ဖြေလိုက်ပါတယ်။

ဘရသေ့က မောင်ကံကို ဆေးလုံး နှစ်လုံးနဲ့ အင်းပြားတစ်ခုကို ပေးကာ သေချာကိုင်ထားလို့ ဆိုပါတယ်။ ထို့နောက် သူတားထားတဲ့စည်းကိုပြကာ ဘရသေ့ ဒီစည်းထဲဝင်တာနဲ့ မီးထလောင်လိမ့်မယ်။

ဒါပေမယ့် ဘာမှစိတ်မပူနဲ့လို့ ပြောကာ လူလေးလုပ်ရမယ့် အရာက ဘရသေ့ပေးထားတဲ့ ဆေး(၂)လုံး နဲ့ အင်းပြားကို အနှောင့်အယှက်တွေ ပေါ်လာချိန်ကျ ပထမဆေးတစ်လုံးနဲ့ပစ် နောက်တစ်ခုပေါ်လာရင် ဒုတိယဆေးတစ်လုံးနဲ့ပစ် နောက်ဆုံးတတိယတစ်ကြိမ် အနှောင့်အယှက်ပေါ်လာရင် အင်းပြားနဲ့ပစ် လို့မှာပါတယ်။

လူလေးကို ဘရသေ့ပြောတဲ့အတိုင်း မလုပ်နိုင်ဘူးဆိုရင် ဘရသေ့လည်း အသက်ဆုံးရှုံးရပြီး လူလေးလည်း အန္တရာယ်ကင်းမှာ မဟုတ်ကြောင်း သတိပေးပါတယ်။ ထိုသတိပေးစကားဆိုပြီး ရသေ့ကြီးဟာ စည်းဝိုင်းထဲ ဝင်သွားပါတယ်။ သူစည်းဝိုင်းထဲ ဝင်သွားတာနဲ့တစ်ပြိုင်နက် မီးထတောက်ပြီးလောင်နေပါတော့တယ်။ မောင်ကံလည်း ရသေ့ကြီးအတွက် စိုးရိမ်ပူပန်စွာနဲ့ ကြည့်နေတော့တာပေါ့။

အဲ့အချိန်မှာပဲ ဘေးပတ်ဝန်းကျင်မှာ မီးခိုးလုံးကြီးတွေကျလာပြီး ထိုမီးခိုးလုံးတွေထဲက ကြောက်မက်ဖွယ်သရဲတွေ ထွက်လာပါတယ်။ မောင်ကံလည်း မကြုံဖူးတော့ စိတ်ထဲမှာ အလွန်ကြောက်ရွံ့နေတာပေါ့။ သူဒီလိုကြောက်နေချိန်မှာပဲ ရသေ့ကြီးရဲ့ “မောင်ကံမင်းဘာလုပ်နေတာလဲ ဆေးလုံးနဲ့ပစ်လိုက်တော့လေ”လို့ ပြောတဲ့အသံကို ကြားရပါတယ်။

အဲ့တော့မှ မောင်ကံလည်း သတိဝင်လာပြီး လက်ထဲက ဆေးလုံးနဲ့ပစ်လိုက်ရာ သရဲတွေပျောက်သွားလေတယ်။ ထို့နောက် ဘီလူးကြီးတွေ ပေါ်လာပြန်တယ်။ မောင်ကံလည်း ဒုတိယဆေးလုံးနဲ့ ပစ်လိုက်ပြန်တယ်။ ခဏအကြာ ပါးလျားတဲ့ အဝတ်ကို ဝတ်ဆင်ထားတဲ့ အမျိုးသမီးတွေ ရောက်လာပြန်ပြီး မောင်ကံကို မြှူဆွယ်ပြန်တယ်။

မောင်ကံလည်း သတိလွတ်မယ်အကြံ ရသေ့ကြီးမှာထားသော စကားကို သတိရသွားပြီး ဒါအနှောင့်အယှက် အဖျက်တွေပဲ ငါစိတ်ပါသွားလို့ မဖြစ်ဘူးဆိုပြီး အင်းပြားနဲ့ ပစ်ပေါက်လိုက်လေတယ်။ ဒီတော့မှ သူတို့လည်း ပျောက်ကွယ်သွားလေတယ်။ ထိုအခါ စည်းဝိုင်းထဲက မီးတွေလည်းငြိမ်းသွားပြီး ရသေ့ကြီးထွက်လာပါတော့တယ်။

ပြီးတော့ မောင်ကံကို သူ့ကျေးဇူးကြောင့် ဘရသေ့လုပ်ရမယ့်ကိစ္စ အောင်မြင်သွားပြီလို့ ဆိုပါတယ်။ဒါကြောင့် မင်းလိုရာ ဆုတစ်ခုကို တောင်းလို့ပြောပါတယ်။ အဲတော့ မောင်ကံက သူဘုရားမှာ ပန်းရောင်းပြီး အိမ်မှာရှိတဲ့ အမေ့ထံကို မြန်မြန်ရောက်အောင် စွမ်းဆောင်ပေးနိုင်မယ့် လှံယာဉ်ပျံလိုချင်ပါတယ်လို့ ပြောပါတယ်။

ဘရသေ့ရဲ့ ရှေ့ကိုကြိုမြင်နိုင်တဲ့ ဉာဏ်နဲ့ကြည့်လိုက်တော့ မောင်ကံတစ်ယောက် ဒီလှံယာဉ်ပျံကြောင့် ဒုက္ခရောက်မည်ကို မြင်နေသဖြင့် မပေးချင်သော်လည်း ကတိကို မဖျက်လိုသောကြောင့် သူတောင်းဆိုတာကို ပေးလိုက်ရလေတယ်။မောင်ကံလည်း လှံယာဉ်ပျံကို ရတာနဲ့ တစ်ပြိုင်နက် အရင်ဆုံး မြေလျှိုးပြီး စမ်းကြည့်လေတယ်။

မောင်ကံလည်း ယာဉ်ပျံအစွမ်းနဲ့ မိမိအိမ်ရောက်ပြီအထင်နဲ့ မြေပေါ်တက်လိုက်ရာ ကန္တာလရာဇ်တိုင်း ပြည့်ရှင် ဥတည်ဘွား ရဲ့ သမီးတော် ဆော့ကစားရာ ဥယျာဉ်ထဲကို ရောက်ရှိသွားတာဖြစ်နေပါတော့တယ်။ ဘုရင့်သမီးတော်လည်း မြေအောက်က ရုတ်တရက်ထွက်လာတဲ့ မောင်ကံကို မြင်ပြီး အလန့်တကြားအော်တော့ပါတယ်။

မြေအောက်ကထွက်လာတဲ့ မောင်ကံကို လူလား သရဲလားလို့မေးတော့ မောင်ကံက ကျုပ်က လူစစ်စစ်ပါလို့ဖြေလေတယ်။မောင်ကံလည်း ဘုရင့်သမီးတော်ကို မြင်မြင်ချင်း ချစ်မိလေတယ်။ ဒီတော့ ဘုရင့်သမီးတော်နဲ့မောင်ကံ ချစ်ကြိုက်သွားကြလေတယ်။ဒီသတင်းကိုဘုရင်ကြီးကြားလေသော် မောင်ကံကို ရှာဖွေဖမ်းဆီးလေတယ်။

ထိုအခါ သမီးတော်မှာ မိမိမှာ မောင်ကံနဲ့ရတဲ့ ကိုယ်ဝန်ရှိနေပြီဖြစ်ကြောင်း ခမည်းတော်ကို ငိုယိုပြီး လျှောက်ထားလေတယ်။ ဘုရင်ကြီးက သမီးတော်ကို မင်းနဲ့ လက်ဆက်ပေးစေချင်ရင် ရွှေတိဂုံဘုရား ဌာပနာတိုက်က ရတနာတွေကို ယူခဲ့လို့ဆိုပါတယ်။

ဒီစကားကို ဘုရင့်သမီးတော် ကြားလေသော် သူ့ခမည်းတော်က သူတို့နှစ်ယောကို လက်မဆက်စေချင်လို့ ဘုရားဌာပနာတွေ ယူခိုင်းတာဖြစ်ကြောင်း ဒါကြောင့် ဘုရားဌာပနာကို မပစ်မှားကောင်းဟု မောင်ကံကို ပြောလေတယ်။ မောင်ကံက မင်းသမီးလေးနဲ့ကော သူ့ရင်သွေးလေးနဲ့ပါ မခွဲနိုင်ဟုဆိုကာ လှံယာဉ်ပျံကို စီးကာထွက်လာပါတယ်။

မတွေ့ရတာကြာပြီဖြစ်တဲ့ မိခင်ထံသို့ မောင်ကံတစ်ယောက် အရင်သွားလေတယ်။ ယခင်သူတို့ နေထိုင်တဲ့ တဲအိမ်လေးကိုရောက်တော့ မိခင်ကြီးမှာ သားဖြစ်သူ ပြန်မလာသည်မှာ ကြာပြီဖြစ်၍ လွမ်းနာကျကာ သေဆုံးသည်မှာ ကြာနေပြီဟု သိရတော့တယ်။

မောင်ကံလည်း မိမိကြောင့် မိခင်ကြီးသေဆုံးရသည်ကို တွေးကာ သူ့ကိုယ်သူ စိတ်နာပြီး သူတို့အိမ်ရှေ့က ရေကန်ရဲ့ ကန်ဘောင်ကို လှံထောက်ကာ အားပြုပြီး ခုန်လိုက်လေတယ်။

ကန်ဘောင်လည်း ပဲ့ကြသွားပြီး ထိုအရပ်ကို ကန်ပဲ့ဟုခေါ်ရာက ယခု ကံဘဲ့ဖြစ်လာရတော့ပါတယ်။ ထိုမှတစ်ဆင့် လှံယာဉ်ပျံကိုစီးကာ လာစဉ်ခရီးတွင်တစ်ထောက်နားကာ ရွှေတိဂုံဘုရားကို လှမ်းကြည့်ပြီး မြင်နိုင်တဲ့နေရာကို ရောက်လေတယ်။ အဲ့အရပ်ကိုရောက်တော့ အရင်ကကြည့်မြင်နိုင်လို့ခေါ်ရာကနေ ယခုကြည့်မြင်တိုင်လို့ ခေါ်တွင်လေတယ်။

ထို့နောက် ဆက်လက်ပျံသန်းလာရာ ရွှေတိဂုံကိုရောက်ပြီး မြေလျှိုးပြီးဌာပနာတိုက်ကို ဝင်လေတယ်။ဌာပနာတိုက်အတွင်း သိကြားမင်းဖန်ဆင်းထားသော ဓါးစက်၊ရေစက်၊မီးစက်၊လှံစက်တွေကို လှံယာဉ်ပျံအစွမ်းနဲ့ကျော်လွှားနိုင်ခဲ့ပြီး ဌာပနာထားတဲ့ရတနာတွေကိုယူဖို့ ခြေလှမ်းလိုက်ရာခြေလှမ်း၍မရတာကြောင့် ငုံ့ကြည့်လိုက်တော့ ခြေထောက်မှာကျောက်ဖြစ်နေတာကို တွေ့ရတော့တယ်။

ထိုအချိန်မှာ သူမှားသွားပြီဆိုသည်ကိုသိလိုက်ရသော မောင်ကံတစ်ယောက် ဘုရားပစ္စည်းကို ပစ်မှားမိသောကြောင့် နောင်တရနေချိန်တွင် ရသေ့ကြီးရောက်လာပါတယ်။

ရသေ့ကြီးက လူလေးရယ် မိုက်လိုက်တာဟုဆိုကာ မောင်ကံက သူ့ကို ကယ်ပါဦးဟု တောင်းပန်ပါတော့တယ်။ ဘရသေ့ကလည်း သူကယ်လို့ မရတော့ကြောင်း သူ့ကိုကယ်တာမဟုတ်တဲ့ တခြားတစ်ခုကို တောင်းဆိုပါဟု ဆိုလေတယ်။

ဒါဆို ကျွန်တော့်ဇနီးနဲ့သားလေးကို တွေ့ချင်ကြောင်းမောင်ကံက ဘရသေ့ကိုပြောပါတယ်။ဘရသေ့ကလည်းကူညီမည်ဟုဆိုကာ ဘုရင့်သမီးတော်၏နားတွင်အသံတစ်ခုကြားရအောင် ဖန်ဆင်း၍ သမီးတော်ခင်ပွန်းဒုက္ခရောက်နေကြောင်း၊ ဇနီးနဲ့သားကိုတွေ့ချင်တာကြောင့် နန်းတော်ရှေ့ကရထားပေါ်တက်ပြီး လမ်းပြလိပ်ပြာခေါ်ဆောင်ရာကို လိုက်ခဲ့တော့ဟု အစွမ်းနဲ့ ပြောလိုက်လေတယ်။

ဘုရင့်သမီးတော်လည်း အသံကြားသည့်အတိုင်း လိုက်နာ၍ ခေါ်ဆောင်ရာအတိုင်းလိုက်လာခဲ့ရာ မကြာချက်ချင်းပင် မောင်ကံရှိရာကို ရောက်လာပါတော့တယ်။ဇနီး နဲ့ သား ရောက်တဲ့အချိန်မှာတော့ မောင်ကံတစ်ယောက် ခေါင်းကလွဲ၍ တစ်ကိုယ်လုံး ကျောက်ဖြစ်နေပါပြီ။ မျက်နှာလေးသာ မြင်ရတော့သော မောင်ကံတစ်ယောက်ကို သူ့ဇနီးမြင်သော် ဝမ်းနည်းပူဆွေးရပါတော့တယ်။

မောင်ကံက ဇနီးသည်ကို သူ့သားကို ဘုရားတရားမမေ့ဖို့ သူ့လို မဖြစ်စေဖို့ မှာကြားရင်း စကား မဆုံးခင်ပင် ကျောက်ရုပ်ဖြစ်သွားတော့လေတယ်။ဘရသေ့လည်း မောင်ကံရဲ့ ဇနီးကို ဆုံးမမှာကြားပြီး သူ့တိုင်းပြည်ကို ပြန်ပို့လိုက်လေတယ်။

ရွှေတိဂုံဘုရား မြေအောက်လိုဏ်ဂူထဲတွင် မောင်ကံ ကျောက်ရုပ်မှာ ယနေ့ထက်တိုင်ရှိပြီး ရွှေတိဂုံဘုရား ရာဇဝင်တွေထဲက တစ်ခုအဖြစ်ကျန်ရှိနေတော့တယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*