ဘယ္ေလာက္ စိတ္ဆိုးေနပါေစ မိဘေတြ ကို ဘယ္ေတာ့မွ မေျပာသင့္တဲ့ စကား (၇) ခြန္း ….

ဘယ္ေလာက္ စိတ္ဆိုးေနပါေစ မိဘေတြ ကို ဘယ္ေတာ့မွ မေျပာသင့္တဲ့ စကား (၇) ခြန္း ….

ဘယ္ေလာက္ စိတ္ဆိုးေနပါေစ မိဘေတြ ကို ဘယ္ေတာ့မွ မေျပာသင့္တဲ့ စကား (၇) ခြန္း ….

မိဘ နဲ႔သားသမီးၾကားမွလည္း စိတ္အခန္႔မသင့္တာေလးေတြ၊ ျငင္းခုန္တာေလးေတြကေတာ့ ရွိတတ္တာသဘာဝပါပဲ။

ကိုယ့္ရဲ႕စိတ္ထဲမွာ ခံစားရတဲ့အတိုင္း ထုတ္ေျပာတာ၊ တုန္႔ျပန္တာဟာ ရိုငး္စုိင္းတာမဟုတ္ပါဘူး။ တကယ္ကိုျဖစ္သင့္တဲ့ အရာတစ္ခုပါ။

ဒါေ ပမယ့္လည္း မိဘကို ကိုယ့္ခံစားခ်က္ေတြထုတ္ျပတဲ့အခါမွာ သူတို႔ကို နာက်င္သြားေစမယ့္၊ သင့္ကိုလည္း ေနာင္တရေစမယ့္ စကားလံုးအခ်ိဳ႕ရွိပါတယ္။

ဒီလိုစကားေတြကိုေတာ့ လံုးဝမေျပာမိဖို႔ေရွာင္ရွားပါေနာ္။ တစ္ခ်ိန္မွာ သင္ေနာင္တရေနမွာမို႔လို႔ပါ။

(၁) မုန္းတယ္ဆိုတဲ့ စကားကို မေျပာပါနဲ႔။ ဒီစကားဟာ သာမန္လူေတြအတြက္ေတာင္ အရမး္ကို ခံစားရခက္တဲ့ စကားလံုးျဖစ္တာေၾကာင့္ သင့္မိဘေတြအတြက္ဆို ပိုျပီးနာက်င္မွာပါ

(၂) ဘာျဖစ္လို႔မ်ား သင့္ကိုေမြးခဲ့တာလဲလို႔ လံုးဝမေျပာပါနဲ႔။ သင္ဟာ ဘယ္လိုပဲျဖစ္ေနပါေစ အခုခ်ိန္မွာ သူတို႔ရဲ႕ေသြးသားပါပဲ။ သင့္ကို ရင္နဲ႕အမွ်ခ်စ္တဲ့ မိဘႏွစ္ပါးကို ခဏတာ စိတ္အခန္႔မသင့္တာနဲ႔ပဲ ဒီလိုမေျပာသင့္ပါဘူး။

(၃) သင့္ကိုဘယ္ေတာ့မွ အားမေပးဘူးလို႔ မေျပာပါနဲ႔။ သင္ေရြးခ်ယ္ထားတဲ့ လမ္းေၾကာင္းအေပၚ သင့္မိဘႏွစ္ပါးက အားမေပးဘူးဆိုရင္ သူတို႔မွာလည္း အားမေပးရတဲ့ အေၾကာင္းအရင္းရွိမွာပါ။ ဒါကို နားလည္ေပးျပီး သင့္ရဲ႕ ေရြးခ်ယ္မႈကို ျပန္လည္ဆင္ျခင္သင့္ပါတယ္။

ေမြးခ်င္းထဲက အႀကီးဆံုးေတြဟာ ႏူးညံ့တဲ့ အခ်စ္တတ္ဆံုးသူမ်ား ျဖစ္ေၾကာင္း ေလ့လာသိရွိ

(၄) တျခားေမာင္ႏွမေတြကို ပိုခ်စ္တယ္လို႔ မေျပာပါနဲ႔။ သင့္မိဘေတြဟာ သင္တုိ႔ေမာင္နွမေတြအားလံုးကို တစ္ေယာက္တစ္မ်ိဳးစီ ခ်စ္ၾကပါတယ္။

ဒါကိုသင္နားလည္ေအာင္ ရွင္းျပဖုိ႔မျဖစ္ႏိုင္တာေၾကာင့္ သင့္ကိုခ်စ္တယ္ဆိုတာ ယံုလိုက္ပါ။

(၅) ဒီလိုမိဘမ်ိဳးနဲ႔မွ ေမြးလာရတယ္ဆိုတဲ့စကားမ်ိဳးကိုလည္း လံုးဝမေျပာသင့္ပါဘူး။ ဒါဟာ သင့္ရဲ႕မိဘကို အနာက်င္ေစဆံုးစကားျဖစ္ပါတယ္။

သင့္မိဘနဲ႔ပတ္သက္ျပီး သင့္မွာခံစားခ်က္ေတြအမ်ားၾကီးရွိမွာပါ။ ဒါေပမယ့္ သူတို႔ကို ဒီလိုစကားမ်ိဳးမေျပာသင့္ပါဘူး။ ျပည့္စံုတဲ့သူရယ္လုိ႔ ေလာကမွာမရွိပါဘူး။

(၆) မိဘေတြကို ကူညီရတာ သို႔ ေထာက္ပံ့ရတာ ပင္ပန္းတယ္လို႔ မျငီးပါနဲ႔။

သင့္ကို ငယ္စဥ္ကတည္းက အခုအခ်ိန္အထိ ျပဳစုပ်ိဳးေထာင္ျပီး အရြယ္ေရာက္တဲ့အထိ ေကၽြးေမြးခဲ့ရတာကို ပင္ပန္းတယ္လို႔ တစ္ခ်က္မွ မျငီးခဲ့တဲ့ သင့္မိဘေတြပါ။

(၇) မိဘေတြအနားမွာ မေနခ်င္ဘူးလို႔မေျပာပါနဲ႔။ မိဘေတြအသက္ၾကီးလာတဲ့အခါ ျပဳစုရတာေတြ၊ သညး္ခံရတာေတြ မ်ားမ်ားလာမွာပါ။ မိဘေတြကို ေရွာင္တာ၊ မေခၚမေျပာပဲေနတာ၊ အၾကာၾကီးမဆက္သြယ္တာေတြ မလုပ္သင့္ပါဘူး။

မိဘေတြဟာ အသက္ၾကီးလာတာနဲ႔အမွ် အထီးက်န္လာၾကတာေၾကာင့္ သားသမီးေတြကိုပဲ တမး္တေနတတ္ၾကပါတယ္။

သင့္ကို ငယ္စဥ္မွာ မျငီးမတြားနဲ႔ ျပဳစုေစာင့္ေရွာက္ခဲ့တဲ့သင့္မိဘအေပၚ သင္လည္း တာဝန္ေက်ပြန္သင့္ပါတယ္

credit Shwe Wiki Myanmar – Yangon

Unicode

ဘယ်လောက် စိတ်ဆိုးနေပါစေ မိဘတွေ ကို ဘယ်တော့မှ မပြောသင့်တဲ့ စကား (၇) ခွန်း ….

မိဘ နဲ့သားသမီးကြားမှလည်း စိတ်အခန့်မသင့်တာလေးတွေ၊ ငြင်းခုန်တာလေးတွေကတော့ ရှိတတ်တာသဘာဝပါပဲ။

ကိုယ့်ရဲ့စိတ်ထဲမှာ ခံစားရတဲ့အတိုင်း ထုတ်ပြောတာ၊ တုန့်ပြန်တာဟာ ရိုင်းစိုင်းတာမဟုတ်ပါဘူး။ တကယ်ကိုဖြစ်သင့်တဲ့ အရာတစ်ခုပါ။

ဒါေ ပမယ့်လည်း မိဘကို ကိုယ့်ခံစားချက်တွေထုတ်ပြတဲ့အခါမှာ သူတို့ကို နာကျင်သွားစေမယ့်၊ သင့်ကိုလည်း နောင်တရစေမယ့် စကားလုံးအချို့ရှိပါတယ်။

ဒီလိုစကားတွေကိုတော့ လုံးဝမပြောမိဖို့ရှောင်ရှားပါနော်။ တစ်ချိန်မှာ သင်နောင်တရနေမှာမို့လို့ပါ။

(၁) မုန်းတယ်ဆိုတဲ့ စကားကို မပြောပါနဲ့။ ဒီစကားဟာ သာမန်လူတွေအတွက်တောင် အရမ်းကို ခံစားရခက်တဲ့ စကားလုံးဖြစ်တာကြောင့် သင့်မိဘတွေအတွက်ဆို ပိုပြီးနာကျင်မှာပါ

(၂) ဘာဖြစ်လို့များ သင့်ကိုမွေးခဲ့တာလဲလို့ လုံးဝမပြောပါနဲ့။ သင်ဟာ ဘယ်လိုပဲဖြစ်နေပါစေ အခုချိန်မှာ သူတို့ရဲ့သွေးသားပါပဲ။ သင့်ကို ရင်နဲ့အမျှချစ်တဲ့ မိဘနှစ်ပါးကို ခဏတာ စိတ်အခန့်မသင့်တာနဲ့ပဲ ဒီလိုမပြောသင့်ပါဘူး။

(၃) သင့်ကိုဘယ်တော့မှ အားမပေးဘူးလို့ မပြောပါနဲ့။ သင်ရွေးချယ်ထားတဲ့ လမ်းကြောင်းအပေါ် သင့်မိဘနှစ်ပါးက အားမပေးဘူးဆိုရင် သူတို့မှာလည်း အားမပေးရတဲ့ အကြောင်းအရင်းရှိမှာပါ။ ဒါကို နားလည်ပေးပြီး သင့်ရဲ့ ရွေးချယ်မှုကို ပြန်လည်ဆင်ခြင်သင့်ပါတယ်။

မွေးချင်းထဲက အကြီးဆုံးတွေဟာ နူးညံ့တဲ့ အချစ်တတ်ဆုံးသူများ ဖြစ်ကြောင်း လေ့လာသိရှိ

(၄) တခြားမောင်နှမတွေကို ပိုချစ်တယ်လို့ မပြောပါနဲ့။ သင့်မိဘတွေဟာ သင်တို့မောင်နှမတွေအားလုံးကို တစ်ယောက်တစ်မျိုးစီ ချစ်ကြပါတယ်။

ဒါကိုသင်နားလည်အောင် ရှင်းပြဖို့မဖြစ်နိုင်တာကြောင့် သင့်ကိုချစ်တယ်ဆိုတာ ယုံလိုက်ပါ။

(၅) ဒီလိုမိဘမျိုးနဲ့မှ မွေးလာရတယ်ဆိုတဲ့စကားမျိုးကိုလည်း လုံးဝမပြောသင့်ပါဘူး။ ဒါဟာ သင့်ရဲ့မိဘကို အနာကျင်စေဆုံးစကားဖြစ်ပါတယ်။

သင့်မိဘနဲ့ပတ်သက်ပြီး သင့်မှာခံစားချက်တွေအများကြီးရှိမှာပါ။ ဒါပေမယ့် သူတို့ကို ဒီလိုစကားမျိုးမပြောသင့်ပါဘူး။ ပြည့်စုံတဲ့သူရယ်လို့ လောကမှာမရှိပါဘူး။

(၆) မိဘတွေကို ကူညီရတာ သို့ ထောက်ပံ့ရတာ ပင်ပန်းတယ်လို့ မငြီးပါနဲ့။

သင့်ကို ငယ်စဉ်ကတည်းက အခုအချိန်အထိ ပြုစုပျိုးထောင်ပြီး အရွယ်ရောက်တဲ့အထိ ကျွေးမွေးခဲ့ရတာကို ပင်ပန်းတယ်လို့ တစ်ချက်မှ မငြီးခဲ့တဲ့ သင့်မိဘတွေပါ။

(၇) မိဘတွေအနားမှာ မနေချင်ဘူးလို့မပြောပါနဲ့။ မိဘတွေအသက်ကြီးလာတဲ့အခါ ပြုစုရတာတွေ၊ သည်းခံရတာတွေ များများလာမှာပါ။ မိဘတွေကို ရှောင်တာ၊ မခေါ်မပြောပဲနေတာ၊ အကြာကြီးမဆက်သွယ်တာတွေ မလုပ်သင့်ပါဘူး။

မိဘတွေဟာ အသက်ကြီးလာတာနဲ့အမျှ အထီးကျန်လာကြတာကြောင့် သားသမီးတွေကိုပဲ တမ်းတနေတတ်ကြပါတယ်။

သင့်ကို ငယ်စဉ်မှာ မငြီးမတွားနဲ့ ပြုစုစောင့်ရှောက်ခဲ့တဲ့သင့်မိဘအပေါ် သင်လည်း တာဝန်ကျေပွန်သင့်ပါတယ်

credit Shwe Wiki Myanmar – Yangon

Be the first to comment

Leave a Reply

Your email address will not be published.


*