ပစၥည္္းတစ္ခုေကာက္ရတဲ႔အခါ ေပ်ာက္္ဆံုးသူ ႏွင္႔ ေကာက္္ရသူတို႔ၾကား လုပ္ပိုင္ခြင္႔ ဥပေဒ

ပစၥည္္းတစ္ခုေကာက္ရတဲ႔အခါ ေပ်ာက္္ဆံုးသူ ႏွင္႔ ေကာက္္ရသူတို႔ၾကား လုပ္ပိုင္ခြင္႔ ဥပေဒ

ပစၥည္းတစ္ခုေကာက္ရတဲ့အခါ ေပ်ာက္ဆုံးသူ ႏွင့္ ေကာက္ရသူတို႔ၾကား လုပ္ပိုင္ခြင့္ ဥပေဒ

ပစၥည္းေကာက္ရသူရဲ႕ ဥပေဒအရ လုပ္ပိုင္ခြင့္

လူတစ္ေယာက္ဟာမိမိမပိုင္တဲ့ပစၥည္းတစ္စုံတစ္ရာကိုအေၾကာင္းအားေလ်ာ္စြာေတြ႕ရွိခဲ့ရင္သူဟာဒီပစၥည္းကိုေကာက္ယူသိမ္းဆည္းလို႔ရသလိုမေကာက္ဘဲဒီအတိုင္းထားလို႔လည္းရပါတယ္။

ျမန္မာစကားပုံမွာ ေရအဆုံးကုန္းတစ္ဝတ္လို႔ ဘယ္လိုပဲဆိုဆို သူတစ္ပါးပိုင္ပစၥည္းကို ကိုယ္ကေကာက္ယူလိုက္ေပမယ့္ ကိုယ္ဘယ္လိုမွ မပိုင္ပါဘူး။ပဋိညာဥ္ ဥပေဒ သေဘာအရဆိုလွ်င္ေကာက္ယူလိုက္တဲ့သူမွာ ထိုက္သင့္တဲ့ တာဝန္ေရာအခြင့္အေရးပါ ေပၚလာပါတယ္။

ပုဒ္မ၇၁မွာ လူတစ္ဦးဟာ အျခားသူပိုင္ပစၥည္းကို ေတြ႕ရွိလို႔သိမ္းယူထားရင္ ေခတၱအပ္ႏွံသူ(bailee)မွာ တာဝန္ရွိသလိုမ်ိဳး သူ႔မွာလည္း အလားတူတာဝန္ရွိတယ္လို႔ ျပ႒ာန္းထားပါတယ္။

ေကာက္ရတဲ့ပစၥည္းကို ထိုက္သင့္တဲ့သတိဝီရိယနဲ႔ ပိုင္ရွင္ကိုျပန္မရွာဘဲသုံးစြဲမိရင္ တာဝန္ရွိပါတယ္။ပိုင္ရွင္ကိုေတြ႕လို႔ ပစၥည္းျပန္ေပးရင္လည္း ဥပေဒကေပးတဲ့အခြင့္အေရးကို ရရွိပါတယ္။

ျပစ္မႈဆိုင္ရာဥပေဒပုဒ္မ ၄၀၃ ရဲ႕ရွင္းလင္းခ်က္(၂)မွာ ပစၥည္းေကာက္ရသူဟာ ပစၥည္းပိုင္ရွင္ကိုသိရက္နဲ႔ ျဖစ္ျဖစ္၊ ပစၥည္းပိုင္ရွင္ရွာေတြ႕ႏိုင္တဲ့ နည္းလမ္းရွိပါရဲ႕နဲ႔ ရွာေတြ႕ေအာင္မႀကိဳးစားပဲ ျဖစ္ျဖစ္ သင့္ေတာ္တဲ့အခ်ိန္ထိ သိမ္းဆည္းထားျခင္းမျပဳဘဲ ကိုယ္က်ိဳးသုံးစြဲရင္ အလြဲသုံးစားမႈ က်ဴးလြန္တာပဲ ျဖစ္တယ္လို႔ ျပ႒ာန္းထားပါတယ္။

ပစၥည္းေကာက္ရသူ၏ တာဝန္မ်ား

ပစၥည္းေတြ႕ရွိသူေတြရဲ႕ တာဝန္ေတြဟာ ေခတၱအပ္ႏွံခံရသူရဲ႕တာဝန္ေတြနဲ႔ အတူတူပဲလို႔ ပုဒ္မ(၇၁) မွာ ေဖာ္ျပၿပီးျဖစ္ပါတယ္။ ပစၥည္းေကာက္ရသူအေနနဲ႔ ေဆတၱအပ္ႏွံခံရသူအျဖစ္ တာဝန္ရွိသူေတြကို ၿခဳံၿပီးေျပာရမယ္ဆိုရင္

(က) ပစၥည္းေတြ႕ရွိသူဟာ ေတြ႕ရွိတဲ့ပစၥည္းအေပၚမွာ သာမန္ သတိဝီရိယရွိသူတစ္ဦးက သူ႔ပစၥည္းအေပၚ ထိန္းသိမ္းသလို ထိန္းသိမ္းရပါမယ္။ အဲဒီလိုထိန္းသိမ္းပါလွ်က္ ပစၥည္းပ်က္စီးသြားရင္ေတာ့ တာဝန္မရွိပါဘူး။

(ခ) ေကာက္ရတဲ့ပစၥည္းကို ကိုယ္က်ိဳးအတြက္ မသုံးစြဲရပါဘူး။

(ဂ) ေကာက္ရတဲ့ပစၥည္းနဲ႔ မိမိပိုင္ပစၥည္းေတြကို ေရာေႏွာမပစ္ရပါဘူး။

(ဃ) ပစၥည္းပိုင္ရွင္အစစ္ကို ေတြ႕ရွိဖို႔ ႀကိဳးစားရပါမယ္။

ပစၥည္းေကာက္ရသူရဲ႕ အခြင့္အေရးမ်ား

(၁) လက္ဝယ္ ထိန္းသိမ္းထားခြင့္

ပစၥည္းေကာက္ရသူဟာ သူေကာက္ရတဲ့ ပစၥည္းနဲ႔ပတ္သက္တဲ့ ကုန္က်စရိတ္ေတြအတြက္ ပစၥည္းကို လက္ဝယ္ထိန္းသိမ္းထားခြင့္ ရွိတယ္။

အဲ့ဒီလို သိမ္းဆည္းၿပီး ပိုင္ရွင္ကိုရွာေဖြရာမွာ ကုန္က်စရိတ္နဲ႔ ပင္ပန္းမႈအတြက္ ရသင့္ရထိုက္တဲ့စရိတ္ေတြကို မရမခ်င္း ပစၥည္းကို ပိုင္ရွင္ထံျပန္မေပးဘဲ ထိန္းသိမ္းထားခြင့္ရွိပါတယ္။ သိုေပမယ့္ အဲ့ဒီကုန္က်စရိတ္ေတြ ရဖို႔အတြက္ တရားမစြဲႏိုင္ပါ။(ပုဒ္မ ၁၆၈)

(၂)ဆုေငြအတြက္ တရားစြဲဆိုပိုင္ခြင့္

ပစၥည္းပိုင္ရွင္က သူ႔ပစၥည္းေတြျပန္မေပးရင္ ဆုေငြဘယ္ေ႐ြ႕ဘယ္မွ် ေပးမယ္လို႔ ကမ္းလွမ္းထားရင္ ပစၥည္းေကာက္ရသူက အဲ့ဒီဆုေငြရရွိဖို႔အတြက္ တရားစြဲဆို ေတာင္းပိုင္ခြင့္ရွိပါတယ္။ ဆုေငြမရမခ်င္း ပစၥည္းေတြကို ထိန္းသိမ္းထားခြင့္ရွိပါတယ္။

(၃)ေရာင္းခ်ပိုင္ခြင့္

ပစၥည္းေကာက္ရသူဟာ

(က) ထိုက္သင့္တဲ့ ဝီရိယထုတ္ၿပီးရွာေဖြေပမယ့္ ပိုင္ရွင္ကိုမေတြ႕ရတဲ့အခါ

(ခ) ပိုင္ရွင္ကိုေတြ႕ေပမယ့္ သူက ပစၥည္းေကာက္ရသူရဲ႕ ဥပေဒနဲ႔အညီ ရသင့္ရထိုက္တဲ့စရိတ္ေတြကို ေပးဖို႔ျငင္းဆိုတဲ့အခါ

(ဂ) ကုန္ပစၥည္းဟာ ယိုယြင္းပ်က္စီးမယ္၊ တန္ဖိုးအႀကီအက်ယ္ဆုံးရႈံးမယ္လို႔ စိုးရိမ္ဖို႔ အေၾကာင္းရွိေသာအခါ

(ဃ) ပစၥည္းေကာက္ရသူရဲ႕ တရားသျဖင့္ကုန္စရိတ္ေတြဟာ ပစၥည္းတန္ဖိုးရဲ႕ သုံးပုံႏွစ္ပုံျဖစ္ေနတဲ့အခါ ေတြ႕ရွိတဲ့ပစၥည္းကို ေရာင္းခ်ႏိုင္ပါတယ္။(ပုဒ္မ ၁၆၉)

ဥပေဒအသိ တိုးပြားေစဖို႔ ရည္႐ြယ္ရင္းးး

ေဒၚလွလွေမာ္

Unicode

ပစ္စည်းတစ်ခုကောက်ရတဲ့အခါ ပျောက်ဆုံးသူ နှင့် ကောက်ရသူတို့ကြား လုပ်ပိုင်ခွင့် ဥပဒေ

ပစ္စည်းကောက်ရသူရဲ့ ဥပဒေအရ လုပ်ပိုင်ခွင့်

လူတစ်ယောက်ဟာမိမိမပိုင်တဲ့ပစ္စည်းတစ်စုံတစ်ရာကိုအကြောင်းအားလျော်စွာတွေ့ရှိခဲ့ရင်သူဟာဒီပစ္စည်းကိုကောက်ယူသိမ်းဆည်းလို့ရသလိုမကောက်ဘဲဒီအတိုင်းထားလို့လည်းရပါတယ်။

မြန်မာစကားပုံမှာ ရေအဆုံးကုန်းတစ်ဝတ်လို့ ဘယ်လိုပဲဆိုဆို သူတစ်ပါးပိုင်ပစ္စည်းကို ကိုယ်ကကောက်ယူလိုက်ပေမယ့် ကိုယ်ဘယ်လိုမှ မပိုင်ပါဘူး။ပဋိညာဉ် ဥပဒေ သဘောအရဆိုလျှင်ကောက်ယူလိုက်တဲ့သူမှာ ထိုက်သင့်တဲ့ တာဝန်ရောအခွင့်အရေးပါ ပေါ်လာပါတယ်။

ပုဒ်မ၇၁မှာ လူတစ်ဦးဟာ အခြားသူပိုင်ပစ္စည်းကို တွေ့ရှိလို့သိမ်းယူထားရင် ခေတ္တအပ်နှံသူ(bailee)မှာ တာဝန်ရှိသလိုမျိုး သူ့မှာလည်း အလားတူတာဝန်ရှိတယ်လို့ ပြဋ္ဌာန်းထားပါတယ်။

ကောက်ရတဲ့ပစ္စည်းကို ထိုက်သင့်တဲ့သတိဝီရိယနဲ့ ပိုင်ရှင်ကိုပြန်မရှာဘဲသုံးစွဲမိရင် တာဝန်ရှိပါတယ်။ပိုင်ရှင်ကိုတွေ့လို့ ပစ္စည်းပြန်ပေးရင်လည်း ဥပဒေကပေးတဲ့အခွင့်အရေးကို ရရှိပါတယ်။

ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၄၀၃ ရဲ့ရှင်းလင်းချက်(၂)မှာ ပစ္စည်းကောက်ရသူဟာ ပစ္စည်းပိုင်ရှင်ကိုသိရက်နဲ့ ဖြစ်ဖြစ်၊ ပစ္စည်းပိုင်ရှင်ရှာတွေ့နိုင်တဲ့ နည်းလမ်းရှိပါရဲ့နဲ့ ရှာတွေ့အောင်မကြိုးစားပဲ ဖြစ်ဖြစ် သင့်တော်တဲ့အချိန်ထိ သိမ်းဆည်းထားခြင်းမပြုဘဲ ကိုယ်ကျိုးသုံးစွဲရင် အလွဲသုံးစားမှု ကျူးလွန်တာပဲ ဖြစ်တယ်လို့ ပြဋ္ဌာန်းထားပါတယ်။

ပစ္စည်းကောက်ရသူ၏ တာဝန်များ

ပစ္စည်းတွေ့ရှိသူတွေရဲ့ တာဝန်တွေဟာ ခေတ္တအပ်နှံခံရသူရဲ့တာဝန်တွေနဲ့ အတူတူပဲလို့ ပုဒ်မ(၇၁) မှာ ဖော်ပြပြီးဖြစ်ပါတယ်။ ပစ္စည်းကောက်ရသူအနေနဲ့ ဆေတ္တအပ်နှံခံရသူအဖြစ် တာဝန်ရှိသူတွေကို ခြုံပြီးပြောရမယ်ဆိုရင်

(က) ပစ္စည်းတွေ့ရှိသူဟာ တွေ့ရှိတဲ့ပစ္စည်းအပေါ်မှာ သာမန် သတိဝီရိယရှိသူတစ်ဦးက သူ့ပစ္စည်းအပေါ် ထိန်းသိမ်းသလို ထိန်းသိမ်းရပါမယ်။ အဲဒီလိုထိန်းသိမ်းပါလျှက် ပစ္စည်းပျက်စီးသွားရင်တော့ တာဝန်မရှိပါဘူး။

(ခ) ကောက်ရတဲ့ပစ္စည်းကို ကိုယ်ကျိုးအတွက် မသုံးစွဲရပါဘူး။

(ဂ) ကောက်ရတဲ့ပစ္စည်းနဲ့ မိမိပိုင်ပစ္စည်းတွေကို ရောနှောမပစ်ရပါဘူး။

(ဃ) ပစ္စည်းပိုင်ရှင်အစစ်ကို တွေ့ရှိဖို့ ကြိုးစားရပါမယ်။

ပစ္စည်းကောက်ရသူရဲ့ အခွင့်အရေးများ

(၁) လက်ဝယ် ထိန်းသိမ်းထားခွင့်

ပစ္စည်းကောက်ရသူဟာ သူကောက်ရတဲ့ ပစ္စည်းနဲ့ပတ်သက်တဲ့ ကုန်ကျစရိတ်တွေအတွက် ပစ္စည်းကို လက်ဝယ်ထိန်းသိမ်းထားခွင့် ရှိတယ်။

အဲ့ဒီလို သိမ်းဆည်းပြီး ပိုင်ရှင်ကိုရှာဖွေရာမှာ ကုန်ကျစရိတ်နဲ့ ပင်ပန်းမှုအတွက် ရသင့်ရထိုက်တဲ့စရိတ်တွေကို မရမချင်း ပစ္စည်းကို ပိုင်ရှင်ထံပြန်မပေးဘဲ ထိန်းသိမ်းထားခွင့်ရှိပါတယ်။ သိုပေမယ့် အဲ့ဒီကုန်ကျစရိတ်တွေ ရဖို့အတွက် တရားမစွဲနိုင်ပါ။(ပုဒ်မ ၁၆၈)

(၂)ဆုငွေအတွက် တရားစွဲဆိုပိုင်ခွင့်

ပစ္စည်းပိုင်ရှင်က သူ့ပစ္စည်းတွေပြန်မပေးရင် ဆုငွေဘယ်ရွေ့ဘယ်မျှ ပေးမယ်လို့ ကမ်းလှမ်းထားရင် ပစ္စည်းကောက်ရသူက အဲ့ဒီဆုငွေရရှိဖို့အတွက် တရားစွဲဆို တောင်းပိုင်ခွင့်ရှိပါတယ်။ ဆုငွေမရမချင်း ပစ္စည်းတွေကို ထိန်းသိမ်းထားခွင့်ရှိပါတယ်။

(၃)ရောင်းချပိုင်ခွင့်

ပစ္စည်းကောက်ရသူဟာ

(က) ထိုက်သင့်တဲ့ ဝီရိယထုတ်ပြီးရှာဖွေပေမယ့် ပိုင်ရှင်ကိုမတွေ့ရတဲ့အခါ

(ခ) ပိုင်ရှင်ကိုတွေ့ပေမယ့် သူက ပစ္စည်းကောက်ရသူရဲ့ ဥပဒေနဲ့အညီ ရသင့်ရထိုက်တဲ့စရိတ်တွေကို ပေးဖို့ငြင်းဆိုတဲ့အခါ

(ဂ) ကုန်ပစ္စည်းဟာ ယိုယွင်းပျက်စီးမယ်၊ တန်ဖိုးအကြီအကျယ်ဆုံးရှုံးမယ်လို့ စိုးရိမ်ဖို့ အကြောင်းရှိသောအခါ

(ဃ) ပစ္စည်းကောက်ရသူရဲ့ တရားသဖြင့်ကုန်စရိတ်တွေဟာ ပစ္စည်းတန်ဖိုးရဲ့ သုံးပုံနှစ်ပုံဖြစ်နေတဲ့အခါ တွေ့ရှိတဲ့ပစ္စည်းကို ရောင်းချနိုင်ပါတယ်။(ပုဒ်မ ၁၆၉)

ဥပဒေအသိ တိုးပွားစေဖို့ ရည်ရွယ်ရင်းးး

ဒေါ်လှလှမော်

Unicode

Be the first to comment

Leave a Reply

Your email address will not be published.


*