ဝဋ္ေႂကြးပါလာၿပီ ဆိုလွ်င္ (ကိုယ္ေကာင္းေပမယ့္ သူမေကာင္းတာ “ဝဋ္” ေၾကာင့္ပါ)

ဝဋ္ေႂကြးပါလာၿပီ ဆိုလွ်င္ (ကိုယ္ေကာင္းေပမယ့္ သူမေကာင္းတာ “ဝဋ္” ေၾကာင့္ပါ)

ဝဋ္ေႂကြးပါလာၿပီ ဆိုလွ်င္ (ကိုယ္ေကာင္းေပမယ့္ သူမေကာင္းတာ “ဝဋ္” ေၾကာင့္ပါ)

သူ႔အေပၚ ကိုယ္က တကယ္ေကာင္း ရဲ႕သားနဲ႔ သူက ကိုယ့္အေပၚ နည္းနည္းေလးမွ ေကာင္းမလာဘူး ဆိုရင္ ကိုယ့္မွာ ဝဋ္ေႂကြး ရွိေနၿပီ ဆိုတာ ေသခ်ာပါတယ္။

သူ႔ကို ကိုယ္က ဘာမွ အျပစ္လည္းမေျပာ ကိုယ္လုပ္ ထားတဲ့ အျပစ္ေတြ ဘာမွလည္း မရွိဘဲနဲ႔ ကိုယ့္ကိုသူက အျပစ္ပဲ အၿမဲေျပာေနၿပီဆိုရင္.. ေသခ်ာတယ္ ကိုယ့္မွာ ဝဋ္ေႂကြး ရွိေနၿပီ ဆိုတာ။

ကိုယ့္ကလည္း သူ႔ကိုတစ္ခါမွ မမုန္းရ ပါဘဲ ဘာမွန္; ညာမွန္းမသိဘဲ သူ႔ဆီမွာ.. ကိုယ္အမုန္းခံေနရၿပီ ဆိုရင္ ေသခ်ာတယ္၊ ကိုယ္မွာ အမွန္တကယ္ ဝဋ္ေႂကြး ရွိေနၿပီဆိုတာ။

ဝဋ္ေႂကြးရွိရင္ ကိုယ္မလုပ္ေပမယ့္ ကိုယ္လုပ္တယ္လို႔ အထင္ခံရတတ္ တယ္။ ကိုယ္မေျပာေပမယ့္ ကိုယ္ေျပာတယ္လို႔ အထင္ခံရတတ္တယ္။ ေကာင္းတာလုပ္တဲ့အခါလည္း ေကာင္းတယ္လို႔ တစ္ခ်ိဳ႕လူေတြမျမင္ၾကဘူး။

ဝဋ္ဆိုတာ ဆပ္မွ ေက်မယ္။ ဆုေတာင္းေန႐ုံျဖင့္ ဝဋ္ ကုန္သြား မွာ မဟုတ္ဘူး။ ဝဋ္ေႂကြးေတြ ေက်ဖို႔ သူမေကာင္းေျပာလည္း ကိုယ္က သူ႔ကို မေကာင္းျပန္ မေျပာနဲ႔။

သူကကိုယ့္ကို အမုန္းေပးေနလည္း ကိုယ္ကအမုန္းျပန္မေပးနဲ႔။ သူက ကိုယ့္ကို တစ္မ်ိဳးထင္လည္း ကိုယ္ကသူ႔ကိုတစ္မ်ိဳး မထင္ပါနဲ႔။ သူ႔အေပၚတင္ေနတဲ့အေႂကြးေတြ ေက်ေတာ့မယ္ဆိုတာ သတိရ ေပးပါ။

သူဘာေပးေပး ကိုယ့္ဆီမွ သူ႔ကိုေမတၱ ာပဲ ေပးလိုက္ပါ။ ေမတၱာ ဆိုတာ ဝဋ္ေႂကြးေတြေျပဖို႔အတြက္ လူတစ္ေယာက္ အတြက္ အေကာင္းဆုံး လက္နက္ျဖစ္ပါတယ္။

အမုန္းေတြ ရွိရင္လည္း ဒီဘဝ တင္ေက်ပါေစ။ အၿငိဳးေတြ ရွိရင္လည္း ဒီဘဝတင္ ေက်ပါေစ။

ဒီဘဝ မွာ ဆပ္ခြင့္ရတဲ့ အေႂကြးကို ဒီဘဝမွာ ပဲဆပ္လိုက္ပါ။ ေနာက္ဘဝေတြထိ မယူသြားပါနဲ႔။ ဝဋ္ဆိုတာ ဆပ္မွေၾကမယ္။ တကယ္ေတာ့ ကိုယ္ေကာင္းေပမယ့္

သူမေကာင္းတာ ဟာ ဝဋ္ေႂကြး တစ္ခုခုေၾကာင့္ပါ။ အရွင္ဇနက(မႏၲေလးစာသင္သား)

Unicode

ဝဋ်ကြွေးပါလာပြီ ဆိုလျှင် (ကိုယ်ကောင်းပေမယ့် သူမကောင်းတာ “ဝဋ်” ကြောင့်ပါ)

သူ့အပေါ် ကိုယ်က တကယ်ကောင်း ရဲ့သားနဲ့ သူက ကိုယ့်အပေါ် နည်းနည်းလေးမှ ကောင်းမလာဘူး ဆိုရင် ကိုယ့်မှာ ဝဋ်ကြွေး ရှိနေပြီ ဆိုတာ သေချာပါတယ်။

သူ့ကို ကိုယ်က ဘာမှ အပြစ်လည်းမပြော ကိုယ်လုပ် ထားတဲ့ အပြစ်တွေ ဘာမှလည်း မရှိဘဲနဲ့ ကိုယ့်ကိုသူက အပြစ်ပဲ အမြဲပြောနေပြီဆိုရင်.. သေချာတယ် ကိုယ့်မှာ ဝဋ်ကြွေး ရှိနေပြီ ဆိုတာ။

ကိုယ့်ကလည်း သူ့ကိုတစ်ခါမှ မမုန်းရ ပါဘဲ ဘာမှန်; ညာမှန်းမသိဘဲ သူ့ဆီမှာ.. ကိုယ်အမုန်းခံနေရပြီ ဆိုရင် သေချာတယ်၊ ကိုယ်မှာ အမှန်တကယ် ဝဋ်ကြွေး ရှိနေပြီဆိုတာ။

ဝဋ်ကြွေးရှိရင် ကိုယ်မလုပ်ပေမယ့် ကိုယ်လုပ်တယ်လို့ အထင်ခံရတတ် တယ်။ ကိုယ်မပြောပေမယ့် ကိုယ်ပြောတယ်လို့ အထင်ခံရတတ်တယ်။ ကောင်းတာလုပ်တဲ့အခါလည်း ကောင်းတယ်လို့ တစ်ချို့လူတွေမမြင်ကြဘူး။

ဝဋ်ဆိုတာ ဆပ်မှ ကျေမယ်။ ဆုတောင်းနေရုံဖြင့် ဝဋ် ကုန်သွား မှာ မဟုတ်ဘူး။ ဝဋ်ကြွေးတွေ ကျေဖို့ သူမကောင်းပြောလည်း ကိုယ်က သူ့ကို မကောင်းပြန် မပြောနဲ့။

သူကကိုယ့်ကို အမုန်းပေးနေလည်း ကိုယ်ကအမုန်းပြန်မပေးနဲ့။ သူက ကိုယ့်ကို တစ်မျိုးထင်လည်း ကိုယ်ကသူ့ကိုတစ်မျိုး မထင်ပါနဲ့။ သူ့အပေါ်တင်နေတဲ့အကြွေးတွေ ကျေတော့မယ်ဆိုတာ သတိရ ပေးပါ။

သူဘာပေးပေး ကိုယ့်ဆီမှ သူ့ကိုမေတ္တ ာပဲ ပေးလိုက်ပါ။ မေတ္တာ ဆိုတာ ဝဋ်ကြွေးတွေပြေဖို့အတွက် လူတစ်ယောက် အတွက် အကောင်းဆုံး လက်နက်ဖြစ်ပါတယ်။

အမုန်းတွေ ရှိရင်လည်း ဒီဘဝ တင်ကျေပါစေ။ အငြိုးတွေ ရှိရင်လည်း ဒီဘဝတင် ကျေပါစေ။

ဒီဘဝ မှာ ဆပ်ခွင့်ရတဲ့ အကြွေးကို ဒီဘဝမှာ ပဲဆပ်လိုက်ပါ။ နောက်ဘဝတွေထိ မယူသွားပါနဲ့။ ဝဋ်ဆိုတာ ဆပ်မှကြေမယ်။ တကယ်တော့ ကိုယ်ကောင်းပေမယ့်

သူမကောင်းတာ ဟာ ဝဋ်ကြွေး တစ်ခုခုကြောင့်ပါ။ အရှင်ဇနက(မန္တလေးစာသင်သား)

Be the first to comment

Leave a Reply

Your email address will not be published.


*