








Unicode

စင်ကာပူ အစိုးရ က လိမ္မော်ရောင် အဆင့် သတ်မှတ် လိုက်ပြီးနောက် ကုန်တိုက် များတွင် ပစ္စည်းများပြတ်လပ်သည် အထိ ဝယ်ယူကြ ….

စင်ကာပူ တွင် ကိုရိုနာဗိုင်းရပ် ကူး စက် မှု နှင့် ပတ် သက် ၍ Disease Outbreak Response System Condition (DORSCON)

အဝါရောင်အဆင့်မှ လိမ်မော်ရောင် အဆင့်သို့ ဒီကနေ့ ဖေဖော်ဝါရီ ၇ ရက်နေ့ တွင် စင်ကာပူကျန်းမာရေး ဝန်ကြီးဌာန မှ အဆင့် တိုးမြင့် သတ်မှတ် လိုက်ကြောင်း သိရသည်။

အကျိုးဆက်အဖြစ် စင်ကာပူရှိကျောင်းအားလုံးတွင် အားကစားပွဲများကျင်းပခြင်း၊လေ့လာရေးခရီးထွက်ခြင်း၊ အပျော်ခရီးထွက်ခြင်းများ စသည်တို့အပါအဝင် ကျောင်းတွင်း ကျောင်းပြင် activates များကို မတ်လအကုန် နွရောသီကျောင်းပိတ်ရက်အထိ ဆိုင်းငံ့ထားမည်ဖြစ်ကြောင်းသိရသည်။

လူ ထု အတွက် ကျန်းမာရေး မကောင်း လျှင် အိမ် မှာ နေ ကြရန် နှင့် ဆေးခန်း သွား ၍ ဆရာဝန်ပြလျှင် mask တပ် သွား ကြရန် လိုအပ်ကြောင်း၊

အလုပ်ရှင်များ အနေဖြင့် အလုပ်သမား ဝန်ထမ်းများကို တစ်ရက် နှစ်ကြိမ်အနည်းဆုံး ကိုယ်အပူချိန် စစ်ဆေးသင့်ကြောင်း၊ နှာရည်ယို၊ ချောင်းဆိုး လျှင် တစ်ခါထဲ ဆေးခန်း သွားပြသင့်ကြောင်း၊ လိုအပ်ပါက အုပ်စုခွဲ ၍ အလုပ်လုပ်သင့်ကြောင်း သိရသည်။

စင်ကာပူ အစိုးရက လိမ္မော်ရောင်အဆင့်လို့သတ်မှတ်လိုက်ပြီးနောက် စင်ကာပူနိုင်ငံသားတွေဟာ စည်သွပ်ဗူး၊ ဆန်၊ ဆီ၊ ခေါက်ဆွဲ များကို အလုအယက် ဝယ်ယူနေကြတာ ဖြစ်တဲ့အတွက် ပစ္စည်းတွေ ပြတ်လပ်ခဲ့ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*