ၾသစေၾတးလ်ႏိုင္ငံမွ ာရွိတဲ့ ၿမိဳ႕တစ္ၿမိဳ႕ ကို လင္းႏို႔ အုပ္ႀကီး ၿပိဳက်လာ၍ အသြားအလာမ်ား ရပ္ဆိုင္းသြားခဲ့

ၾသစေၾတးလ်ႏိုင္ငံမွ ာရွိတဲ့ ၿမိဳ႕တစ္ၿမိဳ႕ ကို လင္းႏို႔ အုပ္ႀကီး ၿပိဳက်လာ၍ အသြားအလာမ်ား ရပ္ဆိုင္းသြားခဲ့

ၾသစေၾတးလ်ႏိုင္ငံမွ ာရွိတဲ့ ၿမိဳ႕တစ္ၿမိဳ႕ ကို လင္းႏို႔ အုပ္ႀကီး ၿပိဳက်လာ၍ အသြားအလာမ်ား ရပ္ဆိုင္းသြားခဲ့

ၾသစေၾတးလ် ႏိုင္ငံ North Queensland မွာ ရွိတဲ့ ၿမိဳ႕ တစ္ၿမိဳ႕ ကို ေထာင္ေပါင္းမ်ားစြာေသာ လင္းႏို႔ ေတြ ဝင္ေရာက္ လာတာေၾကာင့္ ေဒသခံ ေတြအေန နဲ႔ အိမ္အျပင္ထြက္ဖို႔ နဲ႔ သားသမီးေတြကို ေက်ာင္းပို႔ဖို႔ အတြက္ ေၾကာက္႐ြံ႕ ေနၾကရပါတယ္။

ဒီလင္းႏို႔မုန္တိုင္းလို႔ ေခၚတဲ့ ဒီလင္းႏို႔ေတြ ဝင္ေရာက္လာမႈဟာ အလြန္ျပင္းထန္လာတဲ့ အတြက္ေၾကာင့္ ေဆး႐ုံရဲ႕ အေရးေပၚ လူနာတင္ ရဟတ္ယာဥ္ ဟာ ပ်ံသန္းဖို႔ မျဖစ္ႏိုင္ဘဲ ျဖစ္ခဲ့ရၿပီး ရပ္နားထားရပါတယ္။

အဆိုပါ ပ်ံသန္းေနတဲ့ တိရစာၦန္ေတြဟာ ေျမာက္ကြင္းစ္လန႔္ျပည္နယ္ရွိ အင္ဂမ္ၿမိဳ႕ကိုေရာက္ရွိလာတာ ျဖစ္ေပမယ့္လည္း ၎တို႔ဟာ အကာကြယ္ခံ မ်ိဳးစိတ္ေတြ ျဖစ္လို႔ ဒီလင္းႏို႔ေတြရွင္းလင္းဖို႔အနည္းငယ္သာ လုပ္ေဆာင္ႏိုင္ၾကပါတယ္။

ၿမိဳ႕ေတာ္ဝန္ ေရမြန္ဂ်ာယို က သတင္းမဂၢဇင္း တစ္ေစာင္ကို ေျပာၾကားရာ မွာေတာ့ လက္ရွိအျဖစ္အပ်က္ကိုၾကည့္ရတာ ၾသစေတးလ်မွာရွိတဲ့ လင္းႏို႔တိုင္းဟာ အခု အင္ဂမ္မွာေရာက္ေနတာထင္တယ္ လို႔ ဆိုပါတယ္။

‘မတူကြဲျပားတဲ့ မ်ိဳးစိတ္ ၄ မ်ိဳး ရွိၿပီး ၎တို႔ဟာ မတူကြဲျပားတဲ့အခ်ိန္ေတြမွာ ေပါက္ဖြားလာတာေၾကာင့္ ဒီလင္းႏို႔ေတြ နဲ႔ အျပန္အလွန္ ဆက္သြယ္ႏိုင္ေအာင္ ႀကိဳုးစားဖို႔ နဲ႔ သူတို႔ကို ေမာင္းထုတ္ဖို႔အခြင့္အလမ္း က ခဲယဥ္းပါတယ္။

ဒါ့အျပင္ မူလတန္းေက်ာင္း တစ္ေက်ာင္းမွာ ရွိတဲ့သစ္ပင္ေတြမွာ သစ္သီးေတြလိုေဇာက္ထိုးတြဲေလာင္းက်ေနတဲ့ လင္းႏို႔ ေတြနဲ႔ ျပည့္ေနတာေၾကာင့္ မိဘေတြဟာ ၎လင္းႏို႔ေတြ ထြက္မသြားခင္ အထိ ကေလးေတြ ကိုေက်ာင္းပို႔ဖို႔ ျငင္းဆန္ေနၾကပါတယ္။

ေက်ာင္းသားတစ္ဦး ရဲ႕ မိခင္ျဖစ္သူ တစ္ဦးက ဒီလင္းႏို႔ေတြ နဲ႔ ပတ္သတ္ၿပီး တာဝန္ရွိသူေတြ တစ္ခုခု လုပ္ေဆာင္ၿပီးတဲ့ အထိ အဲဒီေျမေပၚကိုေျခမခ်ဘူးလို႔ ေျပာဆိုခဲ့ပါတယ္။

Ref; Mirror
Writer_Aung Moe ( XYZ News )

Unicode

သြစတြေးလျနိုင်ငံမှ ာရှိတဲ့ မြို့တစ်မြို့ ကို လင်းနို့ အုပ်ကြီး ပြိုကျလာ၍ အသွားအလာများ ရပ်ဆိုင်းသွားခဲ့

သြစတြေးလျ နိုင်ငံ North Queensland မှာ ရှိတဲ့ မြို့ တစ်မြို့ ကို ထောင်ပေါင်းများစွာသော လင်းနို့ တွေ ဝင်ရောက် လာတာကြောင့် ဒေသခံ တွေအနေ နဲ့ အိမ်အပြင်ထွက်ဖို့ နဲ့ သားသမီးတွေကို ကျောင်းပို့ဖို့ အတွက် ကြောက်ရွံ့ နေကြရပါတယ်။

ဒီလင်းနို့မုန်တိုင်းလို့ ခေါ်တဲ့ ဒီလင်းနို့တွေ ဝင်ရောက်လာမှုဟာ အလွန်ပြင်းထန်လာတဲ့ အတွက်ကြောင့် ဆေးရုံရဲ့ အရေးပေါ် လူနာတင် ရဟတ်ယာဉ် ဟာ ပျံသန်းဖို့ မဖြစ်နိုင်ဘဲ ဖြစ်ခဲ့ရပြီး ရပ်နားထားရပါတယ်။

အဆိုပါ ပျံသန်းနေတဲ့ တိရစ္ဆာန်တွေဟာ မြောက်ကွင်းစ်လန့်ပြည်နယ်ရှိ အင်ဂမ်မြို့ကိုရောက်ရှိလာတာ ဖြစ်ပေမယ့်လည်း ၎င်းတို့ဟာ အကာကွယ်ခံ မျိုးစိတ်တွေ ဖြစ်လို့ ဒီလင်းနို့တွေရှင်းလင်းဖို့အနည်းငယ်သာ လုပ်ဆောင်နိုင်ကြပါတယ်။

မြို့တော်ဝန် ရေမွန်ဂျာယို က သတင်းမဂ္ဂဇင်း တစ်စောင်ကို ပြောကြားရာ မှာတော့ လက်ရှိအဖြစ်အပျက်ကိုကြည့်ရတာ သြစတေးလျမှာရှိတဲ့ လင်းနို့တိုင်းဟာ အခု အင်ဂမ်မှာရောက်နေတာထင်တယ် လို့ ဆိုပါတယ်။

‘မတူကွဲပြားတဲ့ မျိုးစိတ် ၄ မျိုး ရှိပြီး ၎င်းတို့ဟာ မတူကွဲပြားတဲ့အချိန်တွေမှာ ပေါက်ဖွားလာတာကြောင့် ဒီလင်းနို့တွေ နဲ့ အပြန်အလှန် ဆက်သွယ်နိုင်အောင် ကြိုုးစားဖို့ နဲ့ သူတို့ကို မောင်းထုတ်ဖို့အခွင့်အလမ်း က ခဲယဉ်းပါတယ်။

ဒါ့အပြင် မူလတန်းကျောင်း တစ်ကျောင်းမှာ ရှိတဲ့သစ်ပင်တွေမှာ သစ်သီးတွေလိုဇောက်ထိုးတွဲလောင်းကျနေတဲ့ လင်းနို့ တွေနဲ့ ပြည့်နေတာကြောင့် မိဘတွေဟာ ၎င်းလင်းနို့တွေ ထွက်မသွားခင် အထိ ကလေးတွေ ကိုကျောင်းပို့ဖို့ ငြင်းဆန်နေကြပါတယ်။

ကျောင်းသားတစ်ဦး ရဲ့ မိခင်ဖြစ်သူ တစ်ဦးက ဒီလင်းနို့တွေ နဲ့ ပတ်သတ်ပြီး တာဝန်ရှိသူတွေ တစ်ခုခု လုပ်ဆောင်ပြီးတဲ့ အထိ အဲဒီမြေပေါ်ကိုခြေမချဘူးလို့ ပြောဆိုခဲ့ပါတယ်။

Ref; Mirror
Writer_Aung Moe ( XYZ News )

Be the first to comment

Leave a Reply

Your email address will not be published.


*