ဘာလီကြၽန္းေပၚ ရွိ ၀က္မ်ား ရာ ႏွင့္ ခ်ီၿပီး ေသဆုံးမႈ အေၾကာင္းအရင္း ကို အပူတျပင္း စုံစမ္းစစ္ေဆးေန

ဘာလီကြၽန္းေပၚ ရွိ ၀က္မ်ား ရာ ႏွင့္ ခ်ီၿပီး ေသဆုံးမႈ အေၾကာင္းအရင္း ကို အပူတျပင္း စုံစမ္းစစ္ေဆးေန

ဘာလီကြၽန္းေပၚ ရွိ ၀က္မ်ား ရာ ႏွင့္ ခ်ီၿပီး ေသဆုံးမႈ အေၾကာင္းအရင္း ကို အပူတျပင္း စုံစမ္းစစ္ေဆးေန

အင္ဒိုနီးရွားအာဏာပိုင္ေတြဟာ ဘာလီကြၽန္းေပၚက ၀က္ေကာင္ေရ ၈၈၀ ခန႔္ေသဆုံးမႈနဲ႔ ပတ္သက္ၿပီး အာဖရိကဝက္အပ်င္းဖ်ားေရာဂါ(ASF)ေၾကာင့္ေသဆုံးျခင္း ဟုတ္ မဟုတ္အဆုံးအျဖတ္ေပးႏိုင္ဖို႔ အျမန္စုံစမ္းစစ္ေဆးေနတယ္လို႔ စိုက္ပ်ိဳးေရးဝန္ႀကီးဌာနမွ တိရစာၦန္က်န္းမာေရးေစာင့္ေရွာက္မႈ ဒါ႐ိုက္တာက ေဖေဖာ္ဝါရီလ ၅ ရက္ ဗုဒၶဟူးေန႔မွာေျပာၾကားခဲ့ပါတယ္။ ၀က္ေတြဟာ ဒီဇင္ဘာလနဲ႔ ဇန္နဝါရီလအတြင္းက ေသဆုံးခဲ့ တာျဖစ္ပါတယ္။

ASF ေၾကာင့္ အင္ဒိုနီးရွားရဲ႕ ေျမာက္ဆူမၾတားျပည္နယ္မွာ ၀က္အေကာင္ေရ ၄၃၀၀၀ေက်ာ္ ေသဆုံးသြား ခဲ့လို႔ အစိုးရက ေဘးသင့္ေဒသေတြကို သီးျခားခြဲထားခဲ့ရေပမယ့္လည္း ဘာလီမွာေတာ့ ျဖစ္ပြားမႈကို အတည္မျပဳႏိုင္ေသးဘူး လို႔ ဆိုပါတယ္။

‘အခုျဖစ္ေနတဲ့ကပ္ေရာဂါဟာ အမွန္တကယ္ အာဖရိကဝက္အပ်င္းဖ်ားေရာဂါလား ဒါမွမဟုတ္ တျခားတစ္ခုခုလားဆိုတာကိုအဆုံးအျဖတ္ေပးႏိုင္ဖို႔ စုံစမ္းစစ္ေဆးေနဆဲကာလမွာ အာဖရိကဝက္အပ်င္းဖ်ားေရာဂါ၊ ၀က္ကာလဝမ္းေရာဂါတို႔လို တိရစာၦန္ကူးစက္ေရာဂါေတြနဲ႔ ယခုလို ၀က္ေတြေသဆုံးေနတာကိုရပ္တန႔္ဖို႔ စံခ်ိန္စံၫႊန္းေတြနဲ႔အညီလုပ္ေဆာင္ေနပါတယ္’လို႔ တိရစာၦန္က်န္းမာေရးေစာင့္ေရွာက္မႈဒါ႐ိုက္တာ မစၥတာ Fadjar Sumping Tjatur Rassa က ႐ိုက္တာသတင္းဌာနသို႔ စာနဲ႔ေပးပို႔ေျပာၾကားခဲ့တာျဖစ္ပါတယ္။

ASF ဟာ တ႐ုတ္ႏိုင္ငံ မွာ ယမန္ႏွစ္ ၾသဂုတ္လက ပထမဆုံး စစ္ေဆးေတြ႕ရွိခ်ိန္က စလို႔ ပ်ံ႕ႏွံ႔သြားခဲ့ရာမွာ ကမာၻ႔အႀကီးဆုံး ဝက္အုပ္ႀကီးကို ၄၀%ေက်ာ္ ေလ်ာ့သြားတဲ့အထိ ျဖစ္ေစခဲ့ပါတယ္။

အာဖရိက ဝက္အပ်င္းဖ်ား ေရာဂ ါေၾကာင့္ အင္ဒိုနီးရွားမွ ၀က္မ်ား၊ ေတာဝက္ထီးမ်ား နဲ႔ ၀က္နဲ႔ ဆက္စပ္ ပစၥည္းမ်ား တင္ပို႔မႈကို တ႐ုတ္ႏိုင္ငံ က ဒီဇင္ဘာလကပဲ ပိတ္ပင္ ထားခဲ့ ပါတယ္။

ဆူမားၾတားေျမာက္ပိုင္းရွိ ကပ္ေရာဂါျဖစ္ပြားေနတဲ့ ေဒသမ်ားမွ အသား ႏွင့္ အသားထုတ္ကုန္ပစၥည္း မ်ားတင္ပို႔ျခင္းကို ခြင့္မျပဳေပမယ့္ ေရာဂါကူးစက္ခံေနရတဲ့ တိရစာၦန္ေတြ နဲ႔ ထိေတြ႕ေနသူေတြကေတာ့ ဇီဝလုံၿခဳံေရး စစ္ေဆးမႈခံယူရမွာ ျဖစ္ပါတယ္။

Ref ; straitstimes
Writer_Aung Moe ( XYZ News )

Unicode

ဘာလီကျွန်းပေါ် ရှိ ဝက်များ ရာ နှင့် ချီပြီး သေဆုံးမှု အကြောင်းအရင်း ကို အပူတပြင်း စုံစမ်းစစ်ဆေးနေ

အင်ဒိုနီးရှားအာဏာပိုင်တွေဟာ ဘာလီကျွန်းပေါ်က ဝက်ကောင်ရေ ၈၈၀ ခန့်သေဆုံးမှုနဲ့ ပတ်သက်ပြီး အာဖရိကဝက်အပျင်းဖျားရောဂါ(ASF)ကြောင့်သေဆုံးခြင်း ဟုတ် မဟုတ်အဆုံးအဖြတ်ပေးနိုင်ဖို့ အမြန်စုံစမ်းစစ်ဆေးနေတယ်လို့ စိုက်ပျိုးရေးဝန်ကြီးဌာနမှ တိရစ္ဆာန်ကျန်းမာရေးစောင့်ရှောက်မှု ဒါရိုက်တာက ဖေဖော်ဝါရီလ ၅ ရက် ဗုဒ္ဓဟူးနေ့မှာပြောကြားခဲ့ပါတယ်။ ဝက်တွေဟာ ဒီဇင်ဘာလနဲ့ ဇန်နဝါရီလအတွင်းက သေဆုံးခဲ့ တာဖြစ်ပါတယ်။

ASF ကြောင့် အင်ဒိုနီးရှားရဲ့ မြောက်ဆူမတြားပြည်နယ်မှာ ဝက်အကောင်ရေ ၄၃၀၀၀ကျော် သေဆုံးသွား ခဲ့လို့ အစိုးရက ဘေးသင့်ဒေသတွေကို သီးခြားခွဲထားခဲ့ရပေမယ့်လည်း ဘာလီမှာတော့ ဖြစ်ပွားမှုကို အတည်မပြုနိုင်သေးဘူး လို့ ဆိုပါတယ်။

‘အခုဖြစ်နေတဲ့ကပ်ရောဂါဟာ အမှန်တကယ် အာဖရိကဝက်အပျင်းဖျားရောဂါလား ဒါမှမဟုတ် တခြားတစ်ခုခုလားဆိုတာကိုအဆုံးအဖြတ်ပေးနိုင်ဖို့ စုံစမ်းစစ်ဆေးနေဆဲကာလမှာ အာဖရိကဝက်အပျင်းဖျားရောဂါ၊ ဝက်ကာလဝမ်းရောဂါတို့လို တိရစ္ဆာန်ကူးစက်ရောဂါတွေနဲ့ ယခုလို ဝက်တွေသေဆုံးနေတာကိုရပ်တန့်ဖို့ စံချိန်စံညွှန်းတွေနဲ့အညီလုပ်ဆောင်နေပါတယ်’လို့ တိရစ္ဆာန်ကျန်းမာရေးစောင့်ရှောက်မှုဒါရိုက်တာ မစ္စတာ Fadjar Sumping Tjatur Rassa က ရိုက်တာသတင်းဌာနသို့ စာနဲ့ပေးပို့ပြောကြားခဲ့တာဖြစ်ပါတယ်။

ASF ဟာ တရုတ်နိုင်ငံ မှာ ယမန်နှစ် သြဂုတ်လက ပထမဆုံး စစ်ဆေးတွေ့ရှိချိန်က စလို့ ပျံ့နှံ့သွားခဲ့ရာမှာ ကမ္ဘာ့အကြီးဆုံး ဝက်အုပ်ကြီးကို ၄၀%ကျော် လျော့သွားတဲ့အထိ ဖြစ်စေခဲ့ပါတယ်။

အာဖရိက ဝက်အပျင်းဖျား ရောဂ ါကြောင့် အင်ဒိုနီးရှားမှ ဝက်များ၊ တောဝက်ထီးများ နဲ့ ဝက်နဲ့ ဆက်စပ် ပစ္စည်းများ တင်ပို့မှုကို တရုတ်နိုင်ငံ က ဒီဇင်ဘာလကပဲ ပိတ်ပင် ထားခဲ့ ပါတယ်။

ဆူမားတြားမြောက်ပိုင်းရှိ ကပ်ရောဂါဖြစ်ပွားနေတဲ့ ဒေသများမှ အသား နှင့် အသားထုတ်ကုန်ပစ္စည်း များတင်ပို့ခြင်းကို ခွင့်မပြုပေမယ့် ရောဂါကူးစက်ခံနေရတဲ့ တိရစ္ဆာန်တွေ နဲ့ ထိတွေ့နေသူတွေကတော့ ဇီဝလုံခြုံရေး စစ်ဆေးမှုခံယူရမှာ ဖြစ်ပါတယ်။

Ref ; straitstimes
Writer_Aung Moe ( XYZ News )

Be the first to comment

Leave a Reply

Your email address will not be published.


*