သင္္႔အသည္္းမွာ အဆိပ္္ေတြ စုပံုေနျပီျဖစ္ေၾကာင္း သိနိုင္ေသာ လကၡဏာမ်ား

သင္္႔အသည္္းမွာ အဆိပ္္ေတြ စုပံုေနျပီျဖစ္ေၾကာင္း သိနိုင္ေသာ လကၡဏာမ်ား

သင္္႔အသည္္းမွာ အဆိပ္္ေတြ စုပံုေနျပီျဖစ္ေၾကာင္း သိနိုင္ေသာ လကၡဏာမ်ား

ေသခ်ာဖတ္ေနာ္ အသည္းမွာ အဆိိပ္ေတြပုံေနၿပီလို့ သတိေပးေနတဲ့ လကၡဏာ ၁၈ ခ်က္

ကၽြန္ေတာ္တို့ိ ခႏၶာကိုယ္တြင္းမွာရွိတဲ့ အသည္းဟာ လူ႔ခႏၶာကိုယ္ကိုိ ဆိုးက်ိဳးေပးမယ့္ အဆိိပ္အေတာက္ေတြကို ဖယ္ရွားေပးတဲ့ အဓိက အစိတ္အပိုင္းတစ္ခုပါ။

အသည္းဟာ ေသြးတြင္း ဝင္ေရာက္လာတဲ့ ပစၥည္းေတြထဲကေနအဆိပ္အေတာက္ျဖစ္ေစတဲ့ ဓာတုပစၥည္းေတြကို စစ္ထုတ္တဲ့ တာဝန္ယူရပါတယ္။

အဆိိပ္အေတာက္ျဖစ္ေစတဲ့ ပစၥည္းေတြကို ၿဖိဳခြဲလိုက္ၿပီး စြန႔္ပစ္ပစၥည္း(အရည္)အေနနဲ႔ ေခၽြး၊ဆီး၊ဝမ္းေတြ နဲ႔အတူ စြန႔္ထုတ္ေပးပါတယ္။

အခ်က္မ်ားစြာက အသည္းရဲ့ လုပ္ငန္းေဆာင္တာေတြကိုိ ေကာင္းေကာင္းမလုပ္ေအာင္၊ ခၽြတ္ေခ်ာ္ေအာင္္ ျပဳလုပ္နိုင္ပါတယ္။

ဥပမာအေနနဲ႔ ျပည့္ဝအဆီမ်ားစြာနဲ႔ အစားအစာေတြကို တာရွည္ခံေအာင္သုံးထားတဲ့ဓာတုေဗဒပစၥည္းမ်ားပါဝင္မွုျမင့္မားတဲ့ အစားအစာေတြကို စားသုံးရင္ အသည္းကိုပိုမိုအလုပ္လုပ္ရကာ အေကာင္းဆုံး စြမ္းေဆာင္မွုကို မရနိုင္ပါဘူး။

အရက္အမ်ားႀကီးေသာက္တဲ့အခါ အသည္းဟာ ျပင္ပက အဆိပ္ေတာက္နဲ႔ထိေတြ႕ရသလို ျဖစ္ပါတယ္။ ေဟာ္မုန္း မညီမၽွမွုေတြ ျဖစ္ေစပါတယ္။အဲလိုျဖစ္တဲ့အခါ အသည္းဟာ သူရဲ့ တာဝန္ကို ေကာင္းမြန္စြာ လုပ္နိုင္ဖို့ ခဲယဥ္းပါတယ္။

အသည္းကို ဝန္ပိိေစတဲ့ အေၾကာင္းအရာေတြကေတာ့ အသက္ႀကီးလာတာ၊ခဲ၊ျပဒါးတို့လိုိ သတၳဳဓာတ္ေတြ ထိေတြ႕မွုမ်ားတာေတြက အသည္းရဲ့ အဆိပ္ဖယ္ရွားတဲ့ လုပ္ငန္းေဆာင္ရြက္ခ်က္ေတြကို ေႏွာင့္ယွက္နိုင္ပါတယ္။အသည္းက အဆိပ္အေတာက္ေတြကို လုံေလာက္ေအာင္ မဖယ္ရွားနိုင္ေတာ့တဲ့အခါအဆိပ္ေတြကို အဆီဆဲလ္ေတြနဲ႔ တစ္ရွူးေတြမွာ သိမ္းဆည္းပါတယ္။

အဆိိပ္ေတြ ေသြးေၾကာထဲ ျပန႔္ႏွံ့ရင္ ျပင္းထန္တဲ့ ဆိုးက်ိဳးမ်ားစြာ ခ်က္ခ်င္းရနိုင္ပါတယ္။ပိုလၽွံလာတဲ့ အဆိပ္ေတြ ဟာ အသည္းနဲ႔ တစ္ရွူးမွာ စုပုံလာတဲ့အခါ လူကို မသက္မသာျဖစ္ေစတဲ့အျပင္ ေရာဂါပါ ျဖစ္ေစပါတယ္။

အသည္းက အဆိပ္အေတာက္ေတြကို ဖယ္ရွားတဲ့အခါ နည္းလမ္းႏွစ္ခု ရွိပါတယ္။ နံပါတ္၁ အေနနဲ႔ ဆဲလ္ေတြကို ပ်က္စီးေစမယ့္ အဆိပ္အေတာက္ေတြကို အင္ဇိုင္းအကူနဲ႔ အႏၲရာယ္နည္းတဲ့ ပုံစံကို ေျပာင္းပါတယ္။အဆီမွာေပ်ာ္ဝင္တဲ့ ပစၥည္းေတြ ရပါတယ္။

နံံပါတ္၂ အေနနဲ႔ အႏၲရာယ္နည္းေအာင္ေျပာင္းလဲထားတဲ့ အဆီမွာေပ်ာ္ဝင္တဲ့ ပစၥည္းေတြကို တျခားေမာ္လီက်ဴးေတြနဲ႔ေပါင္းစပ္ၿပီး ေရမွာေပ်ာ္ဝင္တဲ့ ပစၥည္းအျဖစ္ေျပာင္းကာ ခႏၶာကိုယ္ကေန ဖယ္ထုတ္ပါတယ္။

အသည္းမွာ အဆိပ္ေတြစုပုံလာတဲ့အခါ ပုံမွန္လုပ္စဥ္အတိုင္း မလုပ္နိုင္ေတာ့ရင္ အဆိပ္ေတြကို(အဆီမွာေပ်ာ္ဝင္တာမို့) အဆီတစ္ရွူးေတြမွာ သိုေလွာင္ပါေတာ့တယ္။အသည္း ရဲ့ လုပ္ငန္းေဆာင္တာေတြ ပုံမွန္ျပန္ျဖစ္မွသာ အဆီထဲစုပုံေနတဲ့ အဆိပ္ေတြကို ျပန္ၿပီး ဖယ္ရွားေပးပါတယ္။

အသည္းမွာ အဆိပ္ေတြပုံလာတဲ့အခါ

ပင္ပန္းႏြမ္းနယ္ျခင္း၊နာတာရွည္ႏြြမ္းနယ္ေနျခင္း ၊ မေကာင္းျမင္စိတ္ ေတြ ျဖစ္ေပၚလာျခင္း ၊ အာ႐ုံစူးစိုက္ဖို့ ခက္ခဲျခင္း၊မၾကာခဏ ေခါင္းကိုက္ျခင္း။စိတ္ကသိကေကာက္ျဖစ္ျခင္း

ျပင္းထန္စြာ ေခါင္းကိုိက္ျခင္း၊အနားယူမွ သက္သာျခင္း။ ေခါင္းတစ္ျခမ္းကိုက္ျခင္း ၊ ႂကြက္သားႏွင့္အဆစ္အျမစ္မ်ား နာတာရွည္နာက်င္ျခင္း

ေခၽြးထြက္လြန္ျခင္း ၊ အစာမေၾကျခင္း၊ဝမ္းခ်ဳပ္ျခင္း ၊ ေသြးတြင္းသၾကားဓာတ္ ထိန္းခ်ဳပ္ရခက္ခဲျခင္း ၊ ယားယံျခင္း ၊ အေရျပားတြင္ အနီကြက္ထြက္ျခင္း

ေလထိုး၊ဗိုိက္နာ၊ဗိုက္ေအာင့္ျဖစ္ျခင္း ၊ ရာသီမလာခင္ ပိုိမိုကိုက္ခဲျခင္း ၊ စိိတ္တိုစိတ္ဆတ္ျခင္း၊စိတ္ဓာတ္က်ျခင္း

ဓာတုပစၥည္းမ်ားနဲ႔ ဓာတ္မတည့္မွုျဖစ္လြြယ္ျခင္း ၊ မနက္အေစာ ၂နာရီ၄နာရီတြင္ နိုးနိုးလာျခင္း ၊ ကိုိယ္အေလးခ်ိန္တက္လာျခင္း

အစားေရွာင္၊ေလ့က်င့္ခန္းလုပ္ေသာ္လည္း ဝိတ္မက်ျခင္း မ်က္ကြြင္းညိဳျခင္း၊ အားနည္းျခင္း

အသည္းက စားသုံးလိုက္တဲ့ အဆီေတြကို ဖယ္ရွားေပးရတဲ့ အျပင္ေသြးထဲက အဆိပ္အေတာက္ေတြနဲ႔ အညစ္အေၾကးေတြပါ ဖယ္ရွားေပးရပါတယ္။အသည္းမွာ အဆိပ္ေတြစုပုံလာတဲ့အခါ ဆိုးက်ိဳးေတြ ျဖစ္ေပၚေစနိုင္ပါတယ္။ အဆိပ္ေတြ ေသြးထဲမွာမ်ားလာရင္ ကင္ဆာဆဲလ္ေတြျဖစ္ေပၚဖို့ထိ အားေပးနိုင္ပါတယ္။

ကံအားေလ်ာ္စြာပဲ အသည္းက ပ်က္စီးသြားရင္ သူ႔ဘာသာ ျပန္ေကာင္းေအာင္ လုပ္နိုင္တဲ့ တစ္ခုထဲေသာ ခႏၶာကိုယ္အတြင္းပိုင္း အစိတ္အပိုင္းျဖစ္ပါတယ္။ဒါကလည္း ျပန္ေကာင္းေအာင္တည္ေဆာက္နိုင္တဲ့ အတိုင္းအတာ တစ္ခုထိပဲရွိပါတယ္။

အသည္းကို ပ်က္စီးေစတဲ့အရာနဲ႔ အျပဳအမူေတြကို ေစာစီးစြာရပ္တန႔္လိုက္ၿပီး အသည္းအားေဆးေတြ မွီဝဲဖို့ေတာ့ လိုအပ္ပါတယ္။ဥပမာ အရက္ျဖတ္ျခင္း။

အသည္းက်န္းမာေရးအတြက္ စားရမယ့္ အစားအစာမ်ား

လီမြြန္ -လတ္ဆတ္တဲ့ လီမြန္သံေဖ်ာ္ရည္က အသည္း အတြက္လိုအပ္တဲ့ အင္ဇိုင္းေတြ မ်ားလာေစဖို့ ကူညီနိုင္ပါတယ္။လီမြန္မွာ ဓာတ္တိုးဆန႔္က်င္ ဂုဏ္သိတၱိေတြ ပါတာမို့ ေသြးကို သန႔္ရွင္းေစပါတယ္။

နႏြြင္း-နႏြြင္းက အသည္းကိုကာကြယ္ေပးၿပီးပ်က္စီးေနတဲ့ အသည္း ျပန္လည္ထူေထာင္ရာမွာ အေထာက္အကူျဖစ္ေစပါတယ္။

ၾကက္သြန္ျဖဴ -ၾကက္သြန္ျဖဴက အသည္းအင္ဇိုင္းဓာတ္ေတြထြြက္ဖို့ လွုံ႔ေဆာ္ေပးပါတယ္။ ဒီ အင္ဇိုင္းဓာတ္ေတြက အသည္းကေန အဆိပ္အေတာက္ေတြကို ဖယ္ရွားဖို့ ကူညီနိုင္ပါတယ္။

အစိိမ္းေရာင္ဟင္းသီးဟင္းရြက္မ်ား-

ဥပမာ ကိုိက္လန္ ၊ပန္းေဂၚဖီစိမ္း၊ေဂၚဖီထုပ္ေတြမွာ ဓာတ္တိုးဆန႔္က်င္ဓာတ္ေတြ၊ဗီီတာမင္နဲ႔ သတၳဳဓာတ္ေတြ၊phytochemicals ေတြပါတာမို့ အသည္းက အဆိပ္ဖယ္ရွားတဲ့အခါ လိုအပ္တဲ့ အင္ဇိုင္းထုတ္ဖို့ ကူညီနိုင္ပါတယ္။

ေထာပတ္သီီး -ေထာပတ္သီးမွာပါတဲ့ antioxidant glutathione က ပ်က္စီးေနတဲ့ အသည္းတစ္ရွူးေတြ ျပန္လည္တည္ေဆာက္ရာမွာ ကူညီပါတယ္။

ပန္းသီီး-ပန္းသီးမွာပါတဲ့ Pectinက အသည္းမွာစုပုံေနတဲ့ heavy metals ေတြကို ဖယ္ရွားဖို့ ကူညီနိုင္ပါတယ္။

ဟမ္စိုိင္း(ေဆး-မန္း)

Unicode

သင့််အသည်းမှာ အဆိပ်တွေ စုပုံနေပြီဖြစ်ကြောင်း သိနိုင်သော လက္ခဏာများ

သေချာဖတ်နော် အသည်းမှာ အဆိပ်တွေပုံနေပြီလို့ သတိပေးနေတဲ့ လက္ခဏာ ၁၈ ချက်

ကျွန်တော်တို့ိ ခန္ဓာကိုယ်တွင်းမှာရှိတဲ့ အသည်းဟာ လူ့ခန္ဓာကိုယ်ကို ဆိုးကျိုးပေးမယ့် အဆိပ်အတောက်တွေကို ဖယ်ရှားပေးတဲ့ အဓိက အစိတ်အပိုင်းတစ်ခုပါ။

အသည်းဟာ သွေးတွင်း ဝင်ရောက်လာတဲ့ ပစ္စည်းတွေထဲကနေအဆိပ်အတောက်ဖြစ်စေတဲ့ ဓာတုပစ္စည်းတွေကို စစ်ထုတ်တဲ့ တာဝန်ယူရပါတယ်။

အဆိပ်အတောက်ဖြစ်စေတဲ့ ပစ္စည်းတွေကို ဖြိုခွဲလိုက်ပြီး စွန့်ပစ်ပစ္စည်း(အရည်)အနေနဲ့ ချွေး၊ဆီး၊ဝမ်းတွေ နဲ့အတူ စွန့်ထုတ်ပေးပါတယ်။

အချက်များစွာက အသည်းရဲ့ လုပ်ငန်းဆောင်တာတွေကို ကောင်းကောင်းမလုပ်အောင်၊ ချွတ်ချော်အောင် ပြုလုပ်နိုင်ပါတယ်။

ဥပမာအနေနဲ့ ပြည့်ဝအဆီများစွာနဲ့ အစားအစာတွေကို တာရှည်ခံအောင်သုံးထားတဲ့ဓာတုဗေဒပစ္စည်းများပါဝင်မှုမြင့်မားတဲ့ အစားအစာတွေကို စားသုံးရင် အသည်းကိုပိုမိုအလုပ်လုပ်ရကာ အကောင်းဆုံး စွမ်းဆောင်မှုကို မရနိုင်ပါဘူး။

အရက်အများကြီးသောက်တဲ့အခါ အသည်းဟာ ပြင်ပက အဆိပ်တောက်နဲ့ထိတွေ့ရသလို ဖြစ်ပါတယ်။ ဟော်မုန်း မညီမျှမှုတွေ ဖြစ်စေပါတယ်။အဲလိုဖြစ်တဲ့အခါ အသည်းဟာ သူရဲ့ တာဝန်ကို ကောင်းမွန်စွာ လုပ်နိုင်ဖို့ ခဲယဉ်းပါတယ်။

အသည်းကို ဝန်ပိစေတဲ့ အကြောင်းအရာတွေကတော့ အသက်ကြီးလာတာ၊ခဲ၊ပြဒါးတို့လို သတ္ထုဓာတ်တွေ ထိတွေ့မှုများတာတွေက အသည်းရဲ့ အဆိပ်ဖယ်ရှားတဲ့ လုပ်ငန်းဆောင်ရွက်ချက်တွေကို နှောင့်ယှက်နိုင်ပါတယ်။အသည်းက အဆိပ်အတောက်တွေကို လုံလောက်အောင် မဖယ်ရှားနိုင်တော့တဲ့အခါအဆိပ်တွေကို အဆီဆဲလ်တွေနဲ့ တစ်ရှူးတွေမှာ သိမ်းဆည်းပါတယ်။

အဆိပ်တွေ သွေးကြောထဲ ပြန့်နှံ့ရင် ပြင်းထန်တဲ့ ဆိုးကျိုးများစွာ ချက်ချင်းရနိုင်ပါတယ်။ပိုလျှံလာတဲ့ အဆိပ်တွေ ဟာ အသည်းနဲ့ တစ်ရှူးမှာ စုပုံလာတဲ့အခါ လူကို မသက်မသာဖြစ်စေတဲ့အပြင် ရောဂါပါ ဖြစ်စေပါတယ်။

အသည်းက အဆိပ်အတောက်တွေကို ဖယ်ရှားတဲ့အခါ နည်းလမ်းနှစ်ခု ရှိပါတယ်။ နံပါတ်၁ အနေနဲ့ ဆဲလ်တွေကို ပျက်စီးစေမယ့် အဆိပ်အတောက်တွေကို အင်ဇိုင်းအကူနဲ့ အန္တရာယ်နည်းတဲ့ ပုံစံကို ပြောင်းပါတယ်။အဆီမှာပျော်ဝင်တဲ့ ပစ္စည်းတွေ ရပါတယ်။

နံံပါတ်၂ အနေနဲ့ အန္တရာယ်နည်းအောင်ပြောင်းလဲထားတဲ့ အဆီမှာပျော်ဝင်တဲ့ ပစ္စည်းတွေကို တခြားမော်လီကျူးတွေနဲ့ပေါင်းစပ်ပြီး ရေမှာပျော်ဝင်တဲ့ ပစ္စည်းအဖြစ်ပြောင်းကာ ခန္ဓာကိုယ်ကနေ ဖယ်ထုတ်ပါတယ်။

အသည်းမှာ အဆိပ်တွေစုပုံလာတဲ့အခါ ပုံမှန်လုပ်စဉ်အတိုင်း မလုပ်နိုင်တော့ရင် အဆိပ်တွေကို(အဆီမှာပျော်ဝင်တာမို့) အဆီတစ်ရှူးတွေမှာ သိုလှောင်ပါတော့တယ်။အသည်း ရဲ့ လုပ်ငန်းဆောင်တာတွေ ပုံမှန်ပြန်ဖြစ်မှသာ အဆီထဲစုပုံနေတဲ့ အဆိပ်တွေကို ပြန်ပြီး ဖယ်ရှားပေးပါတယ်။

အသည်းမှာ အဆိပ်တွေပုံလာတဲ့အခါ

ပင်ပန်းနွမ်းနယ်ခြင်း၊နာတာရှည်နွမ်းနယ်နေခြင်း ၊ မကောင်းမြင်စိတ် တွေ ဖြစ်ပေါ်လာခြင်း ၊ အာရုံစူးစိုက်ဖို့ ခက်ခဲခြင်း၊မကြာခဏ ခေါင်းကိုက်ခြင်း။စိတ်ကသိကကောက်ဖြစ်ခြင်း

ပြင်းထန်စွာ ခေါင်းကိုက်ခြင်း၊အနားယူမှ သက်သာခြင်း။ ခေါင်းတစ်ခြမ်းကိုက်ခြင်း ၊ ကြွက်သားနှင့်အဆစ်အမြစ်များ နာတာရှည်နာကျင်ခြင်း

ချွေးထွက်လွန်ခြင်း ၊ အစာမကြေခြင်း၊ဝမ်းချုပ်ခြင်း ၊ သွေးတွင်းသကြားဓာတ် ထိန်းချုပ်ရခက်ခဲခြင်း ၊ ယားယံခြင်း ၊ အရေပြားတွင် အနီကွက်ထွက်ခြင်း

လေထိုး၊ဗိုက်နာ၊ဗိုက်အောင့်ဖြစ်ခြင်း ၊ ရာသီမလာခင် ပိုမိုကိုက်ခဲခြင်း ၊ စိတ်တိုစိတ်ဆတ်ခြင်း၊စိတ်ဓာတ်ကျခြင်း

ဓာတုပစ္စည်းများနဲ့ ဓာတ်မတည့်မှုဖြစ်လွယ်ခြင်း ၊ မနက်အစော ၂နာရီ၄နာရီတွင် နိုးနိုးလာခြင်း ၊ ကိုယ်အလေးချိန်တက်လာခြင်း

အစားရှောင်၊လေ့ကျင့်ခန်းလုပ်သော်လည်း ဝိတ်မကျခြင်း မျက်ကွင်းညိုခြင်း၊ အားနည်းခြင်း

အသည်းက စားသုံးလိုက်တဲ့ အဆီတွေကို ဖယ်ရှားပေးရတဲ့ အပြင်သွေးထဲက အဆိပ်အတောက်တွေနဲ့ အညစ်အကြေးတွေပါ ဖယ်ရှားပေးရပါတယ်။အသည်းမှာ အဆိပ်တွေစုပုံလာတဲ့အခါ ဆိုးကျိုးတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။ အဆိပ်တွေ သွေးထဲမှာများလာရင် ကင်ဆာဆဲလ်တွေဖြစ်ပေါ်ဖို့ထိ အားပေးနိုင်ပါတယ်။

ကံအားလျော်စွာပဲ အသည်းက ပျက်စီးသွားရင် သူ့ဘာသာ ပြန်ကောင်းအောင် လုပ်နိုင်တဲ့ တစ်ခုထဲသော ခန္ဓာကိုယ်အတွင်းပိုင်း အစိတ်အပိုင်းဖြစ်ပါတယ်။ဒါကလည်း ပြန်ကောင်းအောင်တည်ဆောက်နိုင်တဲ့ အတိုင်းအတာ တစ်ခုထိပဲရှိပါတယ်။

အသည်းကို ပျက်စီးစေတဲ့အရာနဲ့ အပြုအမူတွေကို စောစီးစွာရပ်တန့်လိုက်ပြီး အသည်းအားဆေးတွေ မှီဝဲဖို့တော့ လိုအပ်ပါတယ်။ဥပမာ အရက်ဖြတ်ခြင်း။

အသည်းကျန်းမာရေးအတွက် စားရမယ့် အစားအစာများ

လီမွန် -လတ်ဆတ်တဲ့ လီမွန်သံဖျော်ရည်က အသည်း အတွက်လိုအပ်တဲ့ အင်ဇိုင်းတွေ များလာစေဖို့ ကူညီနိုင်ပါတယ်။လီမွန်မှာ ဓာတ်တိုးဆန့်ကျင် ဂုဏ်သိတ္တိတွေ ပါတာမို့ သွေးကို သန့်ရှင်းစေပါတယ်။

နနွင်း-နနွင်းက အသည်းကိုကာကွယ်ပေးပြီးပျက်စီးနေတဲ့ အသည်း ပြန်လည်ထူထောင်ရာမှာ အထောက်အကူဖြစ်စေပါတယ်။

ကြက်သွန်ဖြူ -ကြက်သွန်ဖြူက အသည်းအင်ဇိုင်းဓာတ်တွေထွက်ဖို့ လှုံ့ဆော်ပေးပါတယ်။ ဒီ အင်ဇိုင်းဓာတ်တွေက အသည်းကနေ အဆိပ်အတောက်တွေကို ဖယ်ရှားဖို့ ကူညီနိုင်ပါတယ်။

အစိမ်းရောင်ဟင်းသီးဟင်းရွက်များ-

ဥပမာ ကိုက်လန် ၊ပန်းဂေါ်ဖီစိမ်း၊ဂေါ်ဖီထုပ်တွေမှာ ဓာတ်တိုးဆန့်ကျင်ဓာတ်တွေ၊ဗီတာမင်နဲ့ သတ္ထုဓာတ်တွေ၊phytochemicals တွေပါတာမို့ အသည်းက အဆိပ်ဖယ်ရှားတဲ့အခါ လိုအပ်တဲ့ အင်ဇိုင်းထုတ်ဖို့ ကူညီနိုင်ပါတယ်။

ထောပတ်သီး -ထောပတ်သီးမှာပါတဲ့ antioxidant glutathione က ပျက်စီးနေတဲ့ အသည်းတစ်ရှူးတွေ ပြန်လည်တည်ဆောက်ရာမှာ ကူညီပါတယ်။

ပန်းသီး-ပန်းသီးမှာပါတဲ့ Pectinက အသည်းမှာစုပုံနေတဲ့ heavy metals တွေကို ဖယ်ရှားဖို့ ကူညီနိုင်ပါတယ်။

ဟမ်စိုင်း(ဆေး-မန်း)

Be the first to comment

Leave a Reply

Your email address will not be published.


*