





 



Unicode

ပြည်သူ မ သိဘဲ ဖုန်းဘေခိုး နေတဲ့ ဆက်သွယ်ရေး အော်ပရေတာ တွေကို ထိရောက်စွာ ပြတ်ပြတ်သားသား လုပ်ဆောင်တော့မယ်

မြန်မာနိုင်ငံ မှာ လုပ် ကိုင် နေကြတဲ့ ဆက်သွယ်ရေး အော်ပရေတာ ၄ ခု ရှိ ပါတယ်…ဖုန်းသုံးသူတွေရဲ့ သဘော တူ ညီမှု မရဘဲ ငွေ ဖြတ်တောက်မှုတွေ အတွက် တရားစွဲဆို သွားမယ် လို့ မန္တလေးတိုင်းဒေသကြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးထွန်းထွန်းဦး က ဆိုပါတယ်….

ဒီလို တ ရား စွဲဆိုရာ မှာလည်း ဆောက်လုပ်ရေး၊ စက်မှု၊ လျှပ်စစ်နှင့် စွမ်းအင် ဆိုင်ရာ ရေးရာကော်မတီက တစ်ဆင့် စွဲဆိုသွား မှာ ဖြစ်တယ်လို့ ဦးထွန်းထွန်းဦးက ဆိုပါတယ်….လိုအပ်ရင် လည်း အဲလို လုပ်တဲ့ ကုမ္ပဏီတွေ ကို အမည်ပျက် စာရင်းသွင်းတာတွေ ပြုလုပ် သွားမှာ ဖြစ်တယ်လို့လည်း သိရ ပါတယ်…

ဒါ့အ ပြင် ဆက်သွယ်ရေး ဥပဒေ ကွန်ယက် တစ်ခု ကို အသုံးပြုပြီးတော့ ပြည်သူ ကို လိမ်လည်တယ် လှည့်ဖျားတယ်။ ညာယူတယ် ဆိုရင် သူခိုး ဖြစ်ပြီး အဒိန္နာဒါနကံ မြောက်ပြီး ထောင်ချလို့ ရ တယ် လို့ ဦးထွန်းထွန်းဦးက ပြောဆို ခဲ့ပါတယ်…

ဖုန်း သုံး စွဲသူတွေ ကြားမှာ ဖုန်းထဲ က ပိုက်ဆံ ဖြတ် တဲ့ ကိစ္စ နဲ့ ပတ်သက်ပြီး လူမှု ကွန် ရက် စာမျက်နှာ တွေ မှာ ပေါ်ပေါက် ခဲ့ဖူးတာ ပဲ ဖြစ်ပါ တယ်….

Writer – HW (Shwe Yaung Lan)
Source : ဦးထွန်းထွန်းဦး (မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၂) အမျိုးသား လွှတ်တော်ကိုယ်စားလှယ်)

Be the first to comment

Leave a Reply

Your email address will not be published.


*