













Source : Joshua Shaw

Unicode

အချိန်၆ လအ တွင်ပိုက်ဆံစုပြီး ကိုယ်ပိုင်အိမ်ဝယ်နိုင်သွားခဲ့တဲ့ နည်းလမ်းကို ပြောပြလာ တဲ့” အ သက် ၂၀ စုံတွဲ ”….

ယနေ့ခေတ်မှာ အိမ်မပြောနဲ့ မြေတောင်မပိုင်တဲ့သူတွေအများကြီးပါ…တိုက်ခန်းဆိုတာကလည်း တော်ရုံအခြေခံလူတန်းစားတွေ လက်လှမ်းမီတာ မဟုတ်ပါဘူး…

အိမ်ခြံမြေဆိုတာကလည်း တကယ့်ကို ပိုက်ဆံတတ်နိုင်မှ ဝယ်နိုင်တာဖြစ်ပါတယ်…ခုဖော်ပြမဲ့ စုံတွဲကတော့ မိဘတွေထောက်ပံ့မှုလုံးဝမပါဘဲ စုထားတဲ့ငွေလေးနဲ့ ၆ လအတွင်း အိမ်ဝယ်နိုင်ခဲ့ တာဖြစ် ပါ တယ်….

အ သက်၂၀ အရွယ် Joshua Shaw ဆိုတဲ့ ကောင်လေးနဲ့ Wiktoria Zaucha ဆိုတဲ့ ကောင်မလေးတို့ စုံတွဲဟာ ၆ လအတွင်း ပေါင် ၁၃၀၀၀ (မြန်မာငွေ သိန်း၂၅၀ကျော်) တန်ဖိုးရှိတဲ့ ၃ ထပ်အိမ်လေးကို ဝယ်ယူနိုင်ခဲ့တာ ဖြစ်ပါ တယ်…..

သူတို့စုံတွဲဟာ အိမ်မဝယ်နိုင်သေးခင် မိဘတွေနဲ့ ဆွေမျိုးတွေအိမ်မှာနေထိုင်ခဲ့တာဖြစ်ပြီး အလုပ်ကြိုးစားခဲ့ကြတာပါ….

Joshua Shaw ကတော့ သာမန်ဝန်ထမ်းတစ်ဦးဖြစ်ပြီး Wiktoria Zaucha ကတော့ လက်ထောက်မန်နေဂျာတစ်ဦး ဖြစ် ပါတယ်…

ဒီ လိုအိမ်ဝယ်နိုင်ဖို့အတွက် နှစ်ယောက်လုံး ပိုက်ဆံကို သေသေချာချာစုပြီး ၆ လအတွင်း တစ်ခြားစုံတွဲတွေလို ဒိတ်လုပ်တာတွေ ဈေးကြီးတာတွေ ဝယ်စားတာတွေမလုပ်ဘဲ ပိုက်ဆံကိုပဲ စုနေခဲ့တာလို့ သိရပါတယ်….

ဒါ့အပြင် Joshua Shaw ဟာ သူ့ရဲ့ ကားကို ရောင်းပြီး ဘတ်စ်ကား ဒါမှမဟုတ် မြေအောက်ရထားစီးပြီး အလုပ်သွားတယ်လို့ ဆိုပါတယ်….

ပိုက်ဆံကိုလည်း မလိုအပ်ဘဲ မသုံးဘဲ အိုဗာတိုင်တွေဆင်းပြီး တစ်နေ့ကို ၁၆ နာရီအလုပ်လုပ်တယ်လို့ သိရပါတယ်….

အရမ်းပင်ပန်းခဲ့ပေမယ့် နောက်ဆုံးမှာတော့ ၆ လအတွင်း ခုလို ကိုယ်ပိုင်အိမ်လေးကို ဝယ်နိုင်ခဲ့တာပဲ ဖြစ် ပါတယ်…

ပ ရိသတ်ကြီးရေ..တကယ့်ကို အားကျစရာပါပဲနော်…ပရိသတ်ကြီးတို့လည်း ပိုက်ဆံကို မလိုအပ်ဘဲ မသုံးဘဲ စုဆောင်းထားမယ်ဆိုရင် တစ်နေ့နေ့ ကိုယ်လိုချင်တာလေးတွေကို ဝယ်ယူလာနိုင်မှာပဲ ဖြစ် ပါတယ်နော်…

Writer – HW (Shwe Yaung Lan)

Source : Joshua Shaw

Be the first to comment

Leave a Reply

Your email address will not be published.


*