အမ်ိဳးသားေတြ ေသာက္လုိ႔ရမယ့္ကိုယ္ဝန္တားေဆးေတြ မၾကာမီလာမည္

အမ်ိဳးသားေတြ ေသာက္လုိ႔ရမယ့္ကိုယ္ဝန္တားေဆးေတြ မၾကာမီလာမည္

အမ်ိဳးသားေတြ ေသာက္လုိ႔ရမယ့္ကိုယ္ဝန္တားေဆးေတြ မၾကာမီလာမည္

ယခင္ကေတာ့ သားဆက္ျခားေဆး သုိ႔မဟုတ္ ကိုယ္ဝန္တားေဆးကို အမ်ိဳးသမီးေတြကပဲ ေသာက္ခဲ့ရတာပါ။အခုေတာ့ အမ်ိဳးသားေတြအလွည့္ ေရာက္ပါၿပီ။

တစ္ခါတေလ ကိုယ့္ဇနီးသည္ တစ္ရက္ေလာက္သတိေမ့ၿပီး ေဆးလြတ္သြားတဲ့ အခါမ်ိဳးမွာ ဆူပူေငါက္ငမ္းတတ္တဲ့ အမ်ိဳးသားေတြအတြက္ ကိုယ္ခ်င္းစာႏုိင္ေစမယ့္ က်ားေသာက္တားေဆးေတြ လာေတာ့မွာလုိ႔ သိရပါတယ္။

ေလာေလာဆယ္ေတာ့ ဒီေဆးထုတ္လုပ္မႈဟာ သုေတသနအဆင့္ေတြကို လြန္ေျမာက္လာၿပီျဖစ္ၿပီး ေစ်းကြက္ထဲကို မၾကာမီ ေရာက္လာႏုိင္ဖြယ္ရာ ရွိပါတယ္။

အဲဒီေဆးကိုေတာ့ Dimethandrolone undecanoate သုိ႔မဟုတ္ DMAU လုိ႔ ေခၚၿပီး၊ အဓိကလုပ္ေဆာင္ခ်က္အေနနဲ႔ေတာ့ က်ားေတြရဲ႕ Testosterone ေတြနဲ႔ ဟုိမုန္းႏွစ္မ်ိဳး ထုတ္လုပ္မႈကုိ ေလွ်ာ့ခ်ေပးတာ ျဖစ္ပါတယ္။

ဒီေဆးကို ေသာက္ျခင္းအားျဖင့္ အမ်ိဳးသားေတြအေနနဲ႔ မိမိရဲ႕ဇနီးျဖစ္သူကုိ ကိုယ္ဝန္ေဆာင္ေစျခင္းမွ တားဆီးေပးႏုိင္မွာ ျဖစ္ပါတယ္။University of Washington in Seattle မွ သုေတသနပညာရွင္ေတြက ဒီေဆးကို သုေတသနစတင္ျပဳလုပ္ခဲ့တာျဖစ္ၿပီး၊ ေဘးထြက္ဆုိးက်ိဳး အလြန္နည္းပါတယ္လုိ႔႔ သိရပါတယ္။

အမ်ိဳးသား (၈၃)ေယာက္ကို ေလာေလာဆယ္ စမ္းသပ္ၿပီးၿပီ ျဖစ္ပါတယ္။အသက္(၁၈)ႏွစ္နဲ႔(၅၀)က်ား အမ်ိဳးသားေတြ ေသာက္သုံးႏုိင္ၿပီး၊ အမ်ိဳးသမီးေတြအသုံးျပဳတဲ့ ေဆးကတ္လုိပင္ တစ္ရက္ကို တစ္လုံးနဲ႔ (၂၈)ရက္စာ ျဖစ္ပါတယ္။

DMAU ေဆးကို (၄၀၀)ဂရမ္အထိ စမ္းသပ္ၾကည့္တဲ့အခါမွာေတာ့ သုံးစြဲသူအမ်ိဳးသားရဲ႕ သုတ္ပုိးကိုျဖစ္ေစတဲ့ Testosterone ေတြနဲ႔ ဟုိမုန္းႏွစ္မ်ိဳး ထုတ္လုပ္မႈကုိ ခ်က္ခ်င္းနီးပါး ရပ္တန္႔ႏုိင္တာကို ေတြ႔ခဲ့ရပါတယ္။

သုေတသနေခါင္းေဆာင္ ေဒါက္တာ Stephanie Page က ဒီေဆးကို စမ္းသပ္စဥ္မွာ ယခင္ကစမ္းသပ္ခဲ့တဲ့ေဆးေတြလုိ ေဘးထြက္ဆုိးက်ိဳးအျဖစ္ အသည္းေရာင္ရမ္းျခင္းလည္း မရွိေၾကာင္း၊ ဒါေပမယ့္ ေသာက္သုံးသူမွာ ဝက္ၿခံအဖုအပိန္႔ ထြက္ႏုိင္ၿပီး၊ နည္းနည္းေလး ဝၿဖိဳးလာေစလိမ့္မယ္လုိ႔ ဆုိပါတယ္။

အမ်ိဳးသမီးတုိ႔သုံးတဲ့ တာေဆး သုိ႔မဟုတ္ သားဆက္ျခားေဆးျပားနဲ႔ ထုိးေဆးအရည္တုိ႔ကုိေတာ့ ကမာၻတစ္ဝွမ္းလုံးမွာ အမ်ိဳးသမီးသန္းေပါင္း (၁၀၀)ခန္႔က ယုံၾကည္စြာသုံးစြဲေနၾကေၾကာင္း၊ သုိ႔ေသာ္ အမ်ိဳးသားေတြအတြက္လည္း သုေတသနပညာရွင္ေတြ ေဆးေတြ စမ္းသပ္ေနၿပီး ေရရွည္အားျဖင့္ ပုိၿပီးထိေရာက္တဲ့ ေဆးေတြထုတ္လုပ္ႏုိင္ဖုိ႔ စုိင္းျပင္းေနၾကပါတယ္။

Credit Shwemom
source :dailymail.co.uk

Unicode

အမျိုးသားတွေ သောက်လို့ရမယ့်ကိုယ်ဝန်တားဆေးတွေ မကြာမီလာမည်

ယခင်ကတော့ သားဆက်ခြားဆေး သို့မဟုတ် ကိုယ်ဝန်တားဆေးကို အမျိုးသမီးတွေကပဲ သောက်ခဲ့ရတာပါ။အခုတော့ အမျိုးသားတွေအလှည့် ရောက်ပါပြီ။

တစ်ခါတလေ ကိုယ့်ဇနီးသည် တစ်ရက်လောက်သတိမေ့ပြီး ဆေးလွတ်သွားတဲ့ အခါမျိုးမှာ ဆူပူငေါက်ငမ်းတတ်တဲ့ အမျိုးသားတွေအတွက် ကိုယ်ချင်းစာနိုင်စေမယ့် ကျားသောက်တားဆေးတွေ လာတော့မှာလို့ သိရပါတယ်။

လောလောဆယ်တော့ ဒီဆေးထုတ်လုပ်မှုဟာ သုတေသနအဆင့်တွေကို လွန်မြောက်လာပြီဖြစ်ပြီး ဈေးကွက်ထဲကို မကြာမီ ရောက်လာနိုင်ဖွယ်ရာ ရှိပါတယ်။

အဲဒီဆေးကိုတော့ Dimethandrolone undecanoate သို့မဟုတ် DMAU လို့ ခေါ်ပြီး၊ အဓိကလုပ်ဆောင်ချက်အနေနဲ့တော့ ကျားတွေရဲ့ Testosterone တွေနဲ့ ဟိုမုန်းနှစ်မျိုး ထုတ်လုပ်မှုကို လျှော့ချပေးတာ ဖြစ်ပါတယ်။

ဒီဆေးကို သောက်ခြင်းအားဖြင့် အမျိုးသားတွေအနေနဲ့ မိမိရဲ့ဇနီးဖြစ်သူကို ကိုယ်ဝန်ဆောင်စေခြင်းမှ တားဆီးပေးနိုင်မှာ ဖြစ်ပါတယ်။University of Washington in Seattle မှ သုတေသနပညာရှင်တွေက ဒီဆေးကို သုတေသနစတင်ပြုလုပ်ခဲ့တာဖြစ်ပြီး၊ ဘေးထွက်ဆိုးကျိုး အလွန်နည်းပါတယ်လို့ သိရပါတယ်။

အမျိုးသား (၈၃)ယောက်ကို လောလောဆယ် စမ်းသပ်ပြီးပြီ ဖြစ်ပါတယ်။အသက်(၁၈)နှစ်နဲ့(၅၀)ကျား အမျိုးသားတွေ သောက်သုံးနိုင်ပြီး၊ အမျိုးသမီးတွေအသုံးပြုတဲ့ ဆေးကတ်လိုပင် တစ်ရက်ကို တစ်လုံးနဲ့ (၂၈)ရက်စာ ဖြစ်ပါတယ်။

DMAU ဆေးကို (၄၀၀)ဂရမ်အထိ စမ်းသပ်ကြည့်တဲ့အခါမှာတော့ သုံးစွဲသူအမျိုးသားရဲ့ သုတ်ပိုးကိုဖြစ်စေတဲ့ Testosterone တွေနဲ့ ဟိုမုန်းနှစ်မျိုး ထုတ်လုပ်မှုကို ချက်ချင်းနီးပါး ရပ်တန့်နိုင်တာကို တွေ့ခဲ့ရပါတယ်။

သုတေသနခေါင်းဆောင် ဒေါက်တာ Stephanie Page က ဒီဆေးကို စမ်းသပ်စဉ်မှာ ယခင်ကစမ်းသပ်ခဲ့တဲ့ဆေးတွေလို ဘေးထွက်ဆိုးကျိုးအဖြစ် အသည်းရောင်ရမ်းခြင်းလည်း မရှိကြောင်း၊ ဒါပေမယ့် သောက်သုံးသူမှာ ဝက်ခြံအဖုအပိန့် ထွက်နိုင်ပြီး၊ နည်းနည်းလေး ဝဖြိုးလာစေလိမ့်မယ်လို့ ဆိုပါတယ်။

အမျိုးသမီးတို့သုံးတဲ့ တာဆေး သို့မဟုတ် သားဆက်ခြားဆေးပြားနဲ့ ထိုးဆေးအရည်တို့ကိုတော့ ကမ္ဘာတစ်ဝှမ်းလုံးမှာ အမျိုးသမီးသန်းပေါင်း (၁၀၀)ခန့်က ယုံကြည်စွာသုံးစွဲနေကြကြောင်း၊ သို့သော် အမျိုးသားတွေအတွက်လည်း သုတေသနပညာရှင်တွေ ဆေးတွေ စမ်းသပ်နေပြီး ရေရှည်အားဖြင့် ပိုပြီးထိရောက်တဲ့ ဆေးတွေထုတ်လုပ်နိုင်ဖို့ စိုင်းပြင်းနေကြပါတယ်။

Credit Shwemom
source :dailymail.co.uk

Be the first to comment

Leave a Reply

Your email address will not be published.


*