အခ်ိန္္တိုအတြင္္း စာက်က္္နည္း

အခ်ိန္္တိုအတြင္္း စာက်က္္နည္း

အခ်ိန္္တိုအတြင္္း စာက်က္္နည္း

တကၠသိုိလ္ေက်ာင္းသားေတြေရာ၊ အေျခခံပညာေက်ာင္းသားေတြမွာ ရွိ္တတ္တဲ့ အေျခအေနတစ္ခုကေတာ့ စာေမးပြဲနီးေရင္ အလိုလို ျဖစ္လာတဲ့ စိိတ္ပူပန္မႈပဲ ျဖစ္ပါတယ္။ အေျခခံပညာေက်ာင္းသားေတြကေတာ့ ပံုမွန္အတန္းတက္ၾကျပီး စာက်က္တာမ်ိဳးေတြ ရွိေနတာေၾကာင့္ သူတို႔ရဲ႕စိုးရိမ္ပူပန္မႈက တကၠသိုလ္ေက်ာင္းသားေတြေလာက္ မ်ားေလ့ မရွိပါဘူး။

တကၠသုိလ္ေက်ာင္းသားအမ်ားစုကေတာ့ စာေမးပြဲ နီးမွ အခ်ိန္ကို တြက္ၿပီး စာက်က္ၾကတာ မ်ားပါတယ္။ သူတို႔အတြက္ အေထာက္အကူျဖစ္မယ့္ စာကို ျမန္္ျမန္နဲ႔ ရေအာင္ က်က္ရမယ့္နည္းလမ္းေလးေတြကို မွ်ေဝခ်င္ပါတယ္။

(၁) အခ်ိန္တြက္ပါ

အေရးအႀကီးဆံုး အေနနဲ႔ ပထမဆံုး လုပ္ရမွာက စာေမးပြဲေျဖဖို႔ ျကားထဲမွာ ဘယ္ႏွစ္ရက္ လို္ေသးလဲဆိုတာကို တြက္ရမွာ ျဖစ္ပါတယ္။ ဘယ္ႏွစ္ရက္လိုိတယ္ဆိုတာ သိၿပီးရင္ ကိုယ့္က်က္ရမယ့္ ဘာသာရပ္ အေရအတြက္နဲ႔ ျကားထဲမွာေျဖဖို႔လိုေသးတဲ႔ ရက္နဲ႔စားလိုက္ပါ။ ဒါဆို တစ္ဘာသာအတြက္ ဘယ္ႏွစ္ရက္အခ်ိန္ရမယ္ဆိုတာ သိပါလိမ့္မယ္။

ဒါေတြကိုသိၿပီဆိုရင္ ဘာသာရပ္တစ္ခုခ်င္းစီရဲ႕ က်က္ရမဲ႔ အပုဒ္အေရအတြက္ သိေအာင္လုပ္ထားရပါမယ္။ ဒါဆိုရင္ တစ္ဘာသာအတြက္ ရတဲ့ ရက္အေရအတြက္မွာ တစ္ေန႔ကိုဘယ္ႏွစ္ပုဒ္က်က္လို႔ ရတယ္ဆိုတာကို တြက္လို႔ရပါမယ္။ ဒီလိုအဆင့္ဆင့္ တြက္ၿပီးရင္ေတာ့ စာစက်က္ရေတာ့မွာ ျဖစ္ပါတယ္။

(၂) အခ်ိ္န္သတ္မွတ္ပါ

စာက်က္ဖို႔္ ရတဲဲ့ ရက္ေတြ တြက္ၿပီးသြားတဲ့အခါ စာက်က္မယ့္ အခ်ိန္ သတ္မွတ္ဖို႔ လိုအပ္ပါတယ္။ တစ္ေန႔ကို ဘယ္ႏွစ္နာရီ စာက်က္မယ္ဆိုတာကိုိ သတ္မွတ္ပါ။ ၿပီးရင္ ဘယ္အခ်ိန္ေတြမွာ က်က္မယ္ဆိုတာကို သတ္မွတ္ထားဖို႔ လိုပါတယ္။

လူတစ္ေယာက္နဲ႔ တစ္ေယာက္ စာက်က္လို႔ ရတဲ့အခ်ိန္ မတူၾကပါဘူး။ တစ္ခ်ိဳ႕သူေတြက မနက္ပိုင္းမွာ စာက်က္တာက ပိုၿပီး မွတ္္မိလြယ္ေပမဲ့ တစ္ခ်ိဳ႕ကေတာ့ ညနက္မွ က်က္ေလ ပိုမွတ္မိေလ ျဖစ္ပါတယ္။

ဒါေၾကာင့္ ကိုယ္ စာက်က္မယ့္အခ်ိန္ေတြကို သတ္မွတ္ၿပီး တစ္ေန႔ကို စာက်က္ဖို႔ သတ္မွတ္္ထားတဲ့ နာရီျပည့္ေအာင္ က်က္ဖို႔ လိုအပ္ပါတယ္။

(၃) အပုဒ္ေရသတ္မွွတ္ပါ

တစ္ေန႔တာ စာက်က္မယ့္ အခ်ိိန္ေတြကို သတ္မွတ္ၿပီးရင္ေတာ့ အခ်ိန္အလိုိက္ က်က္မယ့္ အပုဒ္ေရကိုိ သတ္မွတ္ထားရပါမယ္။ တစ္နာရီၾကာခ်ိန္ကိုိ စာတစ္ပုဒ္ က်က္မယ္ သို႔ ႏွစ္ပုဒ္က်က္မယ္ဆိုတာကို သတ္မွတ္ထားရပါမယ္။

တစ္ေန႔ကို ငါးနာရီ စာက်က္ခ်ိန္ က်က္မယ္ဆိုရင္ အခ်ိန္ ငါးနာရီ ဆက္တိုက္ က်က္တာမ်ိဳးထက္ ေန႔တစ္ေန႔မွာ ႀကိဳက္တဲ့ အခ်ိန္မွာ ႀကိဳက္သလို က်က္ၿပီး သတ္မွတ္ထားတဲ့ အပုဒ္ေရ ရေအာင္ က်က္ႏိုင္ပါတယ္။

(၄) က်က္ပံုက်က္နည္း မွန္ဖို႔ိလိုတယ္

တစ္နာရီက်က္လည္း စာတစ္ပုဒ္္ မရ ႏွစ္နာရီက်က္လည္း စာတစ္ပုဒ္မရဆိုတာ စာက်က္နည္း မမွန္လို႔ပဲ ျဖစ္ပါတယ္။ စာက်က္နည္း မွန္ရင္္ စာက်က္ရတာ ပိုျမန္ၿပီး ပိုလြယ္ေနပါလိမ့္မယ္။

စာက်က္တဲ့အခါ အေၾကာင္းအေရအလုိက္ နားလည္ေအာင္လုပ္ၿပီး တစ္ေၾကာင္းခ်င္း က်က္ဖို႔လိုပါတယ္။ တစ္ေၾကာင္းရလွ်င္ ေနာက္တစ္ေၾကာင္းကို ဆက္က်က္ပါ။

ၿပီးလွ်င္ ႏွစ္ေၾကာင္းေပါင္းၿပီး အလြတ္ထပ္က်က္ပါ။ ရလွ်င္ အလြတ္ဆိုၾကည့္ပါ။ ဒီနည္းအတိုင္း တစ္ေၾကာင္းၿပီး တစ္ေၾကာင္း တိုးၿပီး က်က္သြားရင္ စာ ရတာ ပိုလြယ္ပါတယ္။ ဒီနည္းက စာကို ပိုၿပီး မွတ္မိလည္း လြယ္ေစပါတယ္။

တစ္ေၾကာင္းကို အလြတ္မွတ္ၿပီး ရရင္ တစ္ေၾကာင္းကို ဘယ္မိနစ္ၾကာေအာင္ က်က္ရတယ္ဆိုတာကို မွတ္ပါ။ ဒါဆို စာတစ္ပုဒ္ကို ဘယ္အခ်ိန္မွာ အၾကမ္းဖ်င္းရမလဲဆိုတာ တြက္လို႔ ရပါတယ္။

(၅) စိိတ္ပိုင္းျဖတ္္ပါ

စာက်က္တဲ့အခ်ိန္ကိုိ စာပဲက်က္ပါ။ တစ္ျခားအလုပ္ေတြ မလုပ္ပါနဲ႔။ ဒီလိုမဟုတ္ရင္ စာကိုမွတ္မိခဲ့ရင္ေတာင္ ၾကာရွည္မခံတတ္္ပါဘူး။ တစ္နာရီစာက်က္မယ္္ အဲ့ဒီတစ္နာရီမွာ စာတစ္ပုဒ္ရေအာင္က်က္မယ္ သတ္မွတ္ထားရင္ ဖုန္းလံုးဝမသံုးပါနဲ႔ တီဗီလည္း မၾကည့္ပါနဲ႔ ။ အဲ့သည့္ တစ္နာရီကို စာပဲက်က္ပါ။

တစ္နာရီေလာက္ ဖုန္းမသံုးျဖစ္တာက သင့္အတြက္ အခက္အခဲျဖစ္မသြားေစႏိုင္ပါဘူး။ ဒါေၾကာင့္ စာက်က္ဖို႔ အခ်ိန္သတ္မွတ္ထားရင္ စာကိုရေအာင္က်က္ပါ။ က်န္တာေတြကို ေနာက္မွလုပ္ပါ။ အကယ္၍ စိတ္္ကို စာမွာမစုစည္းထားရင္ သင္စာဖို႔ မလြယ္ကူသလို မျမန္ဆန္ေစပါဘူး။

အားလံုးပဲ စာေမးပြဲကို ေကာင္းေကာင္း ေျဖႏိိုင္ၾကပါေစေနာ္။

Kham(Aunty May)

Unicode

အချိန်တိုအတွင်း စာကျက်နည်း

တက္ကသိုလ်ကျောင်းသားတွေရော၊ အခြေခံပညာကျောင်းသားတွေမှာ ရှိတတ်တဲ့ အခြေအနေတစ်ခုကတော့ စာမေးပွဲနီးရေင် အလိုလို ဖြစ်လာတဲ့ စိတ်ပူပန်မှုပဲ ဖြစ်ပါတယ်။ အခြေခံပညာကျောင်းသားတွေကတော့ ပုံမှန်အတန်းတက်ကြပြီး စာကျက်တာမျိုးတွေ ရှိနေတာကြောင့် သူတို့ရဲ့စိုးရိမ်ပူပန်မှုက တက္ကသိုလ်ကျောင်းသားတွေလောက် များလေ့ မရှိပါဘူး။

တက္ကသိုလ်ကျောင်းသားအများစုကတော့ စာမေးပွဲ နီးမှ အချိန်ကို တွက်ပြီး စာကျက်ကြတာ များပါတယ်။ သူတို့အတွက် အထောက်အကူဖြစ်မယ့် စာကို မြန်မြန်နဲ့ ရအောင် ကျက်ရမယ့်နည်းလမ်းလေးတွေကို မျှဝေချင်ပါတယ်။

(၁) အချိန်တွက်ပါ

အရေးအကြီးဆုံး အနေနဲ့ ပထမဆုံး လုပ်ရမှာက စာမေးပွဲဖြေဖို့ ကြားထဲမှာ ဘယ်နှစ်ရက် လိုသေးလဲဆိုတာကို တွက်ရမှာ ဖြစ်ပါတယ်။ ဘယ်နှစ်ရက်လိုတယ်ဆိုတာ သိပြီးရင် ကိုယ့်ကျက်ရမယ့် ဘာသာရပ် အရေအတွက်နဲ့ ကြားထဲမှာဖြေဖို့လိုသေးတဲ့ ရက်နဲ့စားလိုက်ပါ။ ဒါဆို တစ်ဘာသာအတွက် ဘယ်နှစ်ရက်အချိန်ရမယ်ဆိုတာ သိပါလိမ့်မယ်။

ဒါတွေကိုသိပြီဆိုရင် ဘာသာရပ်တစ်ခုချင်းစီရဲ့ ကျက်ရမဲ့ အပုဒ်အရေအတွက် သိအောင်လုပ်ထားရပါမယ်။ ဒါဆိုရင် တစ်ဘာသာအတွက် ရတဲ့ ရက်အရေအတွက်မှာ တစ်နေ့ကိုဘယ်နှစ်ပုဒ်ကျက်လို့ ရတယ်ဆိုတာကို တွက်လို့ရပါမယ်။ ဒီလိုအဆင့်ဆင့် တွက်ပြီးရင်တော့ စာစကျက်ရတော့မှာ ဖြစ်ပါတယ်။

(၂) အချိန်သတ်မှတ်ပါ

စာကျက်ဖို့် ရတဲ့ ရက်တွေ တွက်ပြီးသွားတဲ့အခါ စာကျက်မယ့် အချိန် သတ်မှတ်ဖို့ လိုအပ်ပါတယ်။ တစ်နေ့ကို ဘယ်နှစ်နာရီ စာကျက်မယ်ဆိုတာကို သတ်မှတ်ပါ။ ပြီးရင် ဘယ်အချိန်တွေမှာ ကျက်မယ်ဆိုတာကို သတ်မှတ်ထားဖို့ လိုပါတယ်။

လူတစ်ယောက်နဲ့ တစ်ယောက် စာကျက်လို့ ရတဲ့အချိန် မတူကြပါဘူး။ တစ်ချို့သူတွေက မနက်ပိုင်းမှာ စာကျက်တာက ပိုပြီး မှတ်မိလွယ်ပေမဲ့ တစ်ချို့ကတော့ ညနက်မှ ကျက်လေ ပိုမှတ်မိလေ ဖြစ်ပါတယ်။

ဒါကြောင့် ကိုယ် စာကျက်မယ့်အချိန်တွေကို သတ်မှတ်ပြီး တစ်နေ့ကို စာကျက်ဖို့ သတ်မှတ်ထားတဲ့ နာရီပြည့်အောင် ကျက်ဖို့ လိုအပ်ပါတယ်။

(၃) အပုဒ်ရေသတ်မှတ်ပါ

တစ်နေ့တာ စာကျက်မယ့် အချိန်တွေကို သတ်မှတ်ပြီးရင်တော့ အချိန်အလိုက် ကျက်မယ့် အပုဒ်ရေကို သတ်မှတ်ထားရပါမယ်။ တစ်နာရီကြာချိန်ကို စာတစ်ပုဒ် ကျက်မယ် သို့ နှစ်ပုဒ်ကျက်မယ်ဆိုတာကို သတ်မှတ်ထားရပါမယ်။

တစ်နေ့ကို ငါးနာရီ စာကျက်ချိန် ကျက်မယ်ဆိုရင် အချိန် ငါးနာရီ ဆက်တိုက် ကျက်တာမျိုးထက် နေ့တစ်နေ့မှာ ကြိုက်တဲ့ အချိန်မှာ ကြိုက်သလို ကျက်ပြီး သတ်မှတ်ထားတဲ့ အပုဒ်ရေ ရအောင် ကျက်နိုင်ပါတယ်။

(၄) ကျက်ပုံကျက်နည်း မှန်ဖို့ိလိုတယ်

တစ်နာရီကျက်လည်း စာတစ်ပုဒ် မရ နှစ်နာရီကျက်လည်း စာတစ်ပုဒ်မရဆိုတာ စာကျက်နည်း မမှန်လို့ပဲ ဖြစ်ပါတယ်။ စာကျက်နည်း မှန်ရင် စာကျက်ရတာ ပိုမြန်ပြီး ပိုလွယ်နေပါလိမ့်မယ်။

စာကျက်တဲ့အခါ အကြောင်းအရေအလိုက် နားလည်အောင်လုပ်ပြီး တစ်ကြောင်းချင်း ကျက်ဖို့လိုပါတယ်။ တစ်ကြောင်းရလျှင် နောက်တစ်ကြောင်းကို ဆက်ကျက်ပါ။

ပြီးလျှင် နှစ်ကြောင်းပေါင်းပြီး အလွတ်ထပ်ကျက်ပါ။ ရလျှင် အလွတ်ဆိုကြည့်ပါ။ ဒီနည်းအတိုင်း တစ်ကြောင်းပြီး တစ်ကြောင်း တိုးပြီး ကျက်သွားရင် စာ ရတာ ပိုလွယ်ပါတယ်။ ဒီနည်းက စာကို ပိုပြီး မှတ်မိလည်း လွယ်စေပါတယ်။

တစ်ကြောင်းကို အလွတ်မှတ်ပြီး ရရင် တစ်ကြောင်းကို ဘယ်မိနစ်ကြာအောင် ကျက်ရတယ်ဆိုတာကို မှတ်ပါ။ ဒါဆို စာတစ်ပုဒ်ကို ဘယ်အချိန်မှာ အကြမ်းဖျင်းရမလဲဆိုတာ တွက်လို့ ရပါတယ်။

(၅) စိတ်ပိုင်းဖြတ်ပါ

စာကျက်တဲ့အချိန်ကို စာပဲကျက်ပါ။ တစ်ခြားအလုပ်တွေ မလုပ်ပါနဲ့။ ဒီလိုမဟုတ်ရင် စာကိုမှတ်မိခဲ့ရင်တောင် ကြာရှည်မခံတတ်ပါဘူး။ တစ်နာရီစာကျက်မယ် အဲ့ဒီတစ်နာရီမှာ စာတစ်ပုဒ်ရအောင်ကျက်မယ် သတ်မှတ်ထားရင် ဖုန်းလုံးဝမသုံးပါနဲ့ တီဗီလည်း မကြည့်ပါနဲ့ ။ အဲ့သည့် တစ်နာရီကို စာပဲကျက်ပါ။

တစ်နာရီလောက် ဖုန်းမသုံးဖြစ်တာက သင့်အတွက် အခက်အခဲဖြစ်မသွားစေနိုင်ပါဘူး။ ဒါကြောင့် စာကျက်ဖို့ အချိန်သတ်မှတ်ထားရင် စာကိုရအောင်ကျက်ပါ။ ကျန်တာတွေကို နောက်မှလုပ်ပါ။ အကယ်၍ စိတ်ကို စာမှာမစုစည်းထားရင် သင်စာဖို့ မလွယ်ကူသလို မမြန်ဆန်စေပါဘူး။

အားလုံးပဲ စာမေးပွဲကို ကောင်းကောင်း ဖြေနိုင်ကြပါစေနော်။

Kham(Aunty May)

Be the first to comment

Leave a Reply

Your email address will not be published.


*