နားေထာင္သူေတြကို ၾကက္သီးတျဖန္းျဖန္းထေအာင္ စြမ္းေဆာင္ႏိုင္ခဲ့တဲ့ ဆားဘီးယားအမ်ိဳးသမီးအဖြဲ႕ရဲ႕ျမန္မာႏိုင္ငံေတာ္သီခ်င္းသီဆိုမႈ

နားေထာင္သူေတြကို ၾကက္သီးတျဖန္းျဖန္းထေအာင္ စြမ္းေဆာင္ႏိုင္ခဲ့တဲ့ ဆားဘီးယားအမ်ိဳးသမီးအဖြဲ႕ရဲ႕ျမန္မာႏိုင္ငံေတာ္သီခ်င္းသီဆိုမႈ

နားေထာင္သူေတြကို ၾကက္သီးတျဖန္းျဖန္းထေအာင္ စြမ္းေဆာင္ႏိုင္ခဲ့တဲ့ ဆားဘီးယားအမ်ိဳးသမီးအဖြဲ႕ရဲ႕ျမန္မာႏိုင္ငံေတာ္သီခ်င္းသီဆိုမႈ

ႏိုင္ငံတစ္ႏိုင္ငံ၊ လူမ်ိဳးတစ္ခုခ်င္းစီတိုင္းရဲ႕ ျပယုဂ္တစ္ခု၊ အထြဋ္အျမတ္ထားရာတစ္ခုလို႔ ဆိုႏိုင္တဲ့ ႏိုင္ငံေတာ္သီခ်င္းကိုေတာ့ လူတိုင္းလူတိုင္း ငယ္႐ြယ္စဥ္ ကေလးဘဝကတည္းက ထိေတြ႕ခဲ့ဖူးၾကမွာပါ။

ငယ္စဥ္ေတာင္ေက်း ကေလးဘဝမွာ အတန္းပညာ စတင္ေလ့လာဖို႔ ေက်ာင္းစတက္ၿပီဆိုကတည္းက မိမိရဲ႕ အမိေျမကို ခ်စ္ျမတ္ႏိုးတတ္လာေအာင္ ႏိုင္ငံေတာ္သီခ်င္းကို ပထမဦးစြာ သင္ၾကားခဲ့ရၿပီး ေန႔တိုင္းမပ်က္မကြက္ သီဆိုခဲ့ၾကရမွာပါ။

အမိေျမကို ခ်စ္ျမတ္ႏိုးသူတိုင္း ႏိုင္ငံေတာ္သီခ်င္းကို ေလးစားတန္ဖိုးထားတတ္ၾကၿပီး ႏိုင္ငံေတာ္သီခ်င္းသံၾကားတဲ့ ဘယ္ေနရာမွ ာမဆို မတ္တပ္ရပ္ သတိစြဲၾကတဲ့ အထိ တန္ဖိုး ထားတတ္ၾကတာပါ။

အတန္းပညာနဲ႔ ကင္းလြတ္ခဲ့တဲ့ အခ်ိန္မွာေတာ့ ႏိုင္ငံေတာ္သီခ်င္းနဲ႔ ထိေတြ႕ခြင့္ရတဲ့ အခ်ိန္ဟာဆိုရင္ ႏိုင္ငံအဆင့္ အားကစားၿပိဳင္ပြဲေတြ မွာသာ ေတြ႕ျမင္ရေတာ့မွာျဖစ္ၿပီး ႐ုပ္ရွင္မစတင္ခင္ အေလးျပဳတဲ့အခ်ိန္မ်ိဳးေလာက္မွာသာ ထိေတြ႕ခြင့္ ရေတာ့မွာ ျဖစ္ပါတယ္။

ဒါ့အျပင္ ႏိုင္ငံေတာ္သီခ်င္း သီဆိုတာကို နားေထာင္ ခံစားရာမွာလည္း ေနရာေဒသ နဲ႔ အေျခအေန အခ်ိန္အခါေပၚ မူတည္ၿပီး စိတ္ခံစားခ်က္ေတြ ကြဲျပား တတ္ပါတယ္။

လူငယ္တခ်ိဳ႕က ႐ုပ္ရွင္မစတင္ခင္ လႊင့္ေပးတဲ့ ႏိုင္ငံေတာ္သီခ်င္းကို သာမန္ကာလွ်ံကာသာ သတိစြဲအေလးျပဳၾကသူမ်ားေပမယ့္ အားကစားၿပိဳင္ပြဲတစ္ခုခုမွာ အႏိုင္ရရွိခဲ့တဲ့ အခ်ိန္မွာပဲျဖစ္ျဖစ္၊ သူမ်ားႏိုင္ငံေတြနဲ႔ အၿပိဳင္သီဆိုခဲ့တဲ့ အခ်ိန္မွာပဲျဖစ္ျဖစ္ ဇာတိေသြး၊ဇာတိမာန္ ပိုမိုတက္ႂကြစြာနဲ႔ လႈိက္လႈိက္လွဲလွဲခံစားၿပီး သီဆို တတ္ၾကမွာပါ။

လတ္တေလာ လူမႈကြန္ရက္မွာ နာမည္ႀကီးေနတဲ့ ဆားဘီးယား အမ်ိဳးသမီးအဖြဲ႕ရဲ႕ ျမန္မာႏိုင္ငံေတာ္သီခ်င္း သီဆိုမႈဟာဆိုရင္လည္း နားေထာင္သူေတြကို ၾကက္သီး တျဖန္းျဖန္း ထေစတယ္လို႔ နာမည္ႀကီးကာ မွ်ေဝသူေတြ မ်ားျပားေနခဲ့တာပါ။

ဒီဗြီဒီယိုေလးကိုေတာ့ ဆားဘီးယားႏိုင္ငံမွာ က်င္းပျပဳလုပ္ခဲ့တဲ့ လြတ္လပ္ေရးေန႔ ဧည့္ခံပြဲမွာ ဆားဘီးယားအမ်ိဳးသမီးေတြရဲ႕ သီဆိုမႈကို သံ႐ုံးမွ ဝန္ထမ္းတစ္ဦးက မွ်ေဝေပးခဲ့တာျဖစ္ၿပီး မိမိႏိုင္ငံရဲ႕ ႏိုင္ငံေတာ္သီခ်င္းကို တိုင္းတစ္ပါး အမ်ိဳးသမီးေတြက သံေနသံထားနဲ႔ က်က်နန သီဆိုထားတာကေတာ့ နားေထာင္သူေတြကို ၾကက္သီး တျဖန္းျဖန္းထေစခဲ့တာမို႔ ပရိသတ္ႀကီးအတြက္လည္း ျပန္လည္မွ်ေဝေပးလိုက္ပါတယ္ေနာ္။

ဆားဘီးယားအမျိုးသမီးအဖွဲ့ မြန်မာနိုင်ငံတော်သီချင်းဆိုတာ တော်တော်ကောင်းတယ် ပီတယ်

Publicado por Myint Htun en Lunes, 3 de febrero de 2020

Source -Myint Htun
credit – Cele Gabar

Unicode

နားထောင်သူတွေကို ကြက်သီးတဖြန်းဖြန်းထအောင် စွမ်းဆောင်နိုင်ခဲ့တဲ့ ဆားဘီးယားအမျိုးသမီးအဖွဲ့ရဲ့မြန်မာနိုင်ငံတော်သီချင်းသီဆိုမှု

နိုင်ငံတစ်နိုင်ငံ၊ လူမျိုးတစ်ခုချင်းစီတိုင်းရဲ့ ပြယုဂ်တစ်ခု၊ အထွဋ်အမြတ်ထားရာတစ်ခုလို့ ဆိုနိုင်တဲ့ နိုင်ငံတော်သီချင်းကိုတော့ လူတိုင်းလူတိုင်း ငယ်ရွယ်စဉ် ကလေးဘဝကတည်းက ထိတွေ့ခဲ့ဖူးကြမှာပါ။

ငယ်စဉ်တောင်ကျေး ကလေးဘဝမှာ အတန်းပညာ စတင်လေ့လာဖို့ ကျောင်းစတက်ပြီဆိုကတည်းက မိမိရဲ့ အမိမြေကို ချစ်မြတ်နိုးတတ်လာအောင် နိုင်ငံတော်သီချင်းကို ပထမဦးစွာ သင်ကြားခဲ့ရပြီး နေ့တိုင်းမပျက်မကွက် သီဆိုခဲ့ကြရမှာပါ။

အမိမြေကို ချစ်မြတ်နိုးသူတိုင်း နိုင်ငံတော်သီချင်းကို လေးစားတန်ဖိုးထားတတ်ကြပြီး နိုင်ငံတော်သီချင်းသံကြားတဲ့ ဘယ်နေရာမှ ာမဆို မတ်တပ်ရပ် သတိစွဲကြတဲ့ အထိ တန်ဖိုး ထားတတ်ကြတာပါ။

အတန်းပညာနဲ့ ကင်းလွတ်ခဲ့တဲ့ အချိန်မှာတော့ နိုင်ငံတော်သီချင်းနဲ့ ထိတွေ့ခွင့်ရတဲ့ အချိန်ဟာဆိုရင် နိုင်ငံအဆင့် အားကစားပြိုင်ပွဲတွေ မှာသာ တွေ့မြင်ရတော့မှာဖြစ်ပြီး ရုပ်ရှင်မစတင်ခင် အလေးပြုတဲ့အချိန်မျိုးလောက်မှာသာ ထိတွေ့ခွင့် ရတော့မှာ ဖြစ်ပါတယ်။

ဒါ့အပြင် နိုင်ငံတော်သီချင်း သီဆိုတာကို နားထောင် ခံစားရာမှာလည်း နေရာဒေသ နဲ့ အခြေအနေ အချိန်အခါပေါ် မူတည်ပြီး စိတ်ခံစားချက်တွေ ကွဲပြား တတ်ပါတယ်။

လူငယ်တချို့က ရုပ်ရှင်မစတင်ခင် လွှင့်ပေးတဲ့ နိုင်ငံတော်သီချင်းကို သာမန်ကာလျှံကာသာ သတိစွဲအလေးပြုကြသူများပေမယ့် အားကစားပြိုင်ပွဲတစ်ခုခုမှာ အနိုင်ရရှိခဲ့တဲ့ အချိန်မှာပဲဖြစ်ဖြစ်၊ သူများနိုင်ငံတွေနဲ့ အပြိုင်သီဆိုခဲ့တဲ့ အချိန်မှာပဲဖြစ်ဖြစ် ဇာတိသွေး၊ဇာတိမာန် ပိုမိုတက်ကြွစွာနဲ့ လှိုက်လှိုက်လှဲလှဲခံစားပြီး သီဆို တတ်ကြမှာပါ။

လတ်တလော လူမှုကွန်ရက်မှာ နာမည်ကြီးနေတဲ့ ဆားဘီးယား အမျိုးသမီးအဖွဲ့ရဲ့ မြန်မာနိုင်ငံတော်သီချင်း သီဆိုမှုဟာဆိုရင်လည်း နားထောင်သူတွေကို ကြက်သီး တဖြန်းဖြန်း ထစေတယ်လို့ နာမည်ကြီးကာ မျှဝေသူတွေ များပြားနေခဲ့တာပါ။

ဒီဗွီဒီယိုလေးကိုတော့ ဆားဘီးယားနိုင်ငံမှာ ကျင်းပပြုလုပ်ခဲ့တဲ့ လွတ်လပ်ရေးနေ့ ဧည့်ခံပွဲမှာ ဆားဘီးယားအမျိုးသမီးတွေရဲ့ သီဆိုမှုကို သံရုံးမှ ဝန်ထမ်းတစ်ဦးက မျှဝေပေးခဲ့တာဖြစ်ပြီး မိမိနိုင်ငံရဲ့ နိုင်ငံတော်သီချင်းကို တိုင်းတစ်ပါး အမျိုးသမီးတွေက သံနေသံထားနဲ့ ကျကျနန သီဆိုထားတာကတော့ နားထောင်သူတွေကို ကြက်သီး တဖြန်းဖြန်းထစေခဲ့တာမို့ ပရိသတ်ကြီးအတွက်လည်း ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source -Myint Htun
credit – Cele Gabar

Be the first to comment

Leave a Reply

Your email address will not be published.


*