ဘဝလက္တြဲေဖာ္ ေ႐ြးခ်ယ္ေတာ့မယ္ဆိုရင္ မျဖစ္မေန သိထားသင့္တဲ့ အခ်က္(၃)ခ်က္

ဘဝလက္တြဲေဖာ္ ေ႐ြးခ်ယ္ေတာ့မယ္ဆိုရင္ မျဖစ္မေန သိထားသင့္တဲ့ အခ်က္(၃)ခ်က္

ဘဝလက္တြဲေဖာ္ ေ႐ြးခ်ယ္ေတာ့မယ္ဆိုရင္ မျဖစ္မေန သိထားသင့္တဲ့ အခ်က္(၃)ခ်က္

အခ်စ္ဆိုတာကေတာ့ ျပဳလုပ္ဖန္တီးလို႔ ရတဲ့အရာမဟုတ္ပါဘူး။ ဒီလူကို ခ်စ္ပါ ဟိုလူကို ခ်စ္ပါလုိ႔ ေစခုိင္းလုိ႔မရေပမယ့္လို႔ မွားယြင္းတဲ့လူကို မခ်စ္မိဖို႔ေတာ့ လုိတယ္ေနာ္။ ကိုယ္က မွားယြင္းစြာ ေ႐ြးခ်ယ္လုိက္မိတဲ့အခါ အခ်စ္ထက္ နာက်င္စရာေတြပဲ ၾကံဳေတြ႔လာရႏိုင္ပါတယ္။ ဒီလုိနာက်င္စရာေတြ ၾကံဳလာခဲ႔ရင္္ေတာ့ အခ်စ္ဆိုတာကလည္း ဘယ္နားမွာက်န္ေနခဲ့မွန္းမသိေအာင္ ေပ်ာက္ကြယ္သြားႏုိင္ပါတယ္ေနာ္။ ဒါေၾကာင့္ မခ်စ္မိခင္ကေန ႀကိဳတင္ေ႐ြးခ်ယ္တတ္ဖို႔ လုိအပ္ပါတယ္။ လူတစ္ေယာက္ကို ခ်စ္္ေတာ့မယ္ဆိုရင္ေရာ ဘာေတြသိထားသင့္သလဲ …?

(၁) ေနာက္ေၾကာင္းရာဇဝင္

လူတစ္ေယာက္ရဲ႕ ေနာက္ေၾကာင္းဆိုတာက အဲဒီ႔လူရဲ႕ ကိုယ္က်င့္သိကၡာ အက်င့္စာရိတၱနဲ႔ တိုက္႐ိုက္အခ်ိဳးက်ပါတယ္။ လက္႐ွိခ်စ္ေနတဲ့အခ်ိန္ကပဲ အေရးႀကီးတယ္ အတိတ္က မလိုအပ္ဘူးဆိုေပမယ့္လို႔ သူ႔ရဲ႕အတိတ္မွာ ဆိုးဝါးတဲ့ လုပ္ရပ္ေတြက လက္႐ွိအခ်ိန္အထိ လႊမ္းမိုးေကာင္း လႊမ္းမိုးေနႏုိင္ပါတယ္။ ဗီဇဆိုတာျပင္ရခက္ပါတယ္ေနာ္ ကိုယ့္က သူ႔အတိတ္ကို ဘာမွမသိပဲ ေ႐ြးခ်ယ္လုိက္မိတဲ့အခါ နာက်င္စရာေတြနဲ႔ ၾကံဳေတြ႔လာရႏိုင္ပါတယ္ …။

ဒါေၾကာင့္ ကိုယ္ေ႐ြးခ်ယ္မယ့္လူကို ေသခ်ာေလ့လာပါ။ လူတုိင္းကေတာ့ အမွားနဲ႔ မကင္းႏိုင္ပါဘူး ဒါေပမယ့္ ခြင့္လႊတ္လုိ႔ရတဲ့အမွား ခြင့္လႊတ္ဖို႔ မျဖစ္ႏိ္ုင္တဲ့ အမွားေတြ ႐ွွိတတ္ပါတယ္။ ဒါေၾကာင့္ အလ်င္စလုိ မဆံုးျဖတ္ပါနဲ႔။ သူ႔အေၾကာင္း ေသခ်ာသိၿပီဆိုမွ ေ႐ြးခ်ယ္တာကလည္း သင့္အတြက္ ေနာက္မက်ႏုိင္ပါဘူး …။

(၂) အက်င့္စာရိတၱ

လူတစ္ေယာက္ရဲ႕ စံႏႈန္းကို ဘာနဲ႔တုိင္းတာမွာလဲဲလုိ႔ေမးရင္ေတာ့ အက်င့္စာရိတၱလိို႔ပဲ ေျဖရမွာ မဟုတ္လား။ ေငြေၾကးခ်မ္းသာမႈ၊ ႐ုပ္ရည္လွပမႈေတြက အေပၚယံေတြသာျဖစ္ၿပီးေတာ့ လူတစ္ေယာက္ရဲ႕ အခရာအက်ဆံုးက စိတ္ဓာတ္ပါ။ ဒါေၾကာင့္ ကိုယ္ေ႐ြးခ်ယ္မယ့္သူရဲ႕ အက်င့္စာရိတၱစိတ္ဓာတ္ ဘယ္လုိ႐ွိတယ္ဆိုတာ ေသခ်ာသိထားဖုိ႔ လိုအပ္ပါတယ္ …။

ဒါေတြဟာ ဖံုးကြယ္ထားလို႔မရတဲ့အရာေတြျဖစ္လို႔ သင္ေလ့လာဖုိ႔ မခက္ခဲလွပါဘူး။ ကိုယ္ေ႐ြးခ်ယ္မယ့္သူဟာ အက်င့္စာရိတၱေကာင္းမြန္ေနတဲ့သူ ဟုတ္္မဟုတ္ ေသခ်ာေလ့လာ ဆံုးျဖတ္ပါ …။

(၃) သူ႔ရဲ႕ လက္႐ွိအေၾကာင္း

ကိုု္ယ္ေ႐ြးခ်ယ္မယ့္သူဟာ ဘယ္မွာေနတယ္၊ ဘာလုပ္တယ္ဆိုတာေလာက္ေတာ့ အနည္းဆံုးသိထားသင့္တဲ့ အခ်က္ေတြပါ။ ကို္ယ္နဲ႔ခ်စ္သူသာ ျဖစ္သြားတယ္ သူ႔နာမည္ကလြဲလို႔ ဘာမွမသိဘူးဆိုတာကေတာ့ သိပ္မမိုက္ပါဘူးေနာ္။ ကိုယ္ေ႐ြးခ်ယ္မယ့္သူကို ေလ့လာရမွာက ကိုယ့္မွာလံုးဝကို တာဝန္႐ွိပါတယ္ …။

ဒါေၾကာင့္ သူ႔ရဲ႕လက္႐ွိျဖစ္တည္ေနမႈကို သိႏိုင္ေအာင္ ႀကိဳးစားေလ့လာပါ။ သူေျပာတုိင္းလည္း မယံုပါနဲ႔။ ခုေခတ္က တကယ့္ကိုမွ အလိမ္အညာေတြ၊ လူလည္ေတြေပါတဲ့ေခတ္ျဖစ္လုိ႔ လူကဲခတ္မမွားဖို႔ လုိအပ္ပါတယ္။ ကိုယ္ေ႐ြးခ်ယ္လုိက္တဲ့သူဟာ လူေကာင္္းျဖစ္ေနဖို႔လုိအပ္ပါတယ္ အယံုမလြယ္ပါနဲ႔။ ဦးေႏွာက္ကို သံုးသင့္တဲ့ေနရာမွာ သံုးၿပီး နွလံုးသားကို သံုးသင့္တဲ့ေနရာမွာ သံုးတတ္ပါေစ …။ ။

Credit Aunty May

Unicode

ဘဝလက်တွဲဖော် ရွေးချယ်တော့မယ်ဆိုရင် မဖြစ်မနေ သိထားသင့်တဲ့ အချက်(၃)ချက်

အချစ်ဆိုတာကတော့ ပြုလုပ်ဖန်တီးလို့ ရတဲ့အရာမဟုတ်ပါဘူး။ ဒီလူကို ချစ်ပါ ဟိုလူကို ချစ်ပါလို့ စေခိုင်းလို့မရပေမယ့်လို့ မှားယွင်းတဲ့လူကို မချစ်မိဖို့တော့ လိုတယ်နော်။ ကိုယ်က မှားယွင်းစွာ ရွေးချယ်လိုက်မိတဲ့အခါ အချစ်ထက် နာကျင်စရာတွေပဲ ကြုံတွေ့လာရနိုင်ပါတယ်။ ဒီလိုနာကျင်စရာတွေ ကြုံလာခဲ့ရင်တော့ အချစ်ဆိုတာကလည်း ဘယ်နားမှာကျန်နေခဲ့မှန်းမသိအောင် ပျောက်ကွယ်သွားနိုင်ပါတယ်နော်။ ဒါကြောင့် မချစ်မိခင်ကနေ ကြိုတင်ရွေးချယ်တတ်ဖို့ လိုအပ်ပါတယ်။ လူတစ်ယောက်ကို ချစ်တော့မယ်ဆိုရင်ရော ဘာတွေသိထားသင့်သလဲ …?

(၁) နောက်ကြောင်းရာဇဝင်

လူတစ်ယောက်ရဲ့ နောက်ကြောင်းဆိုတာက အဲဒီ့လူရဲ့ ကိုယ်ကျင့်သိက္ခာ အကျင့်စာရိတ္တနဲ့ တိုက်ရိုက်အချိုးကျပါတယ်။ လက်ရှိချစ်နေတဲ့အချိန်ကပဲ အရေးကြီးတယ် အတိတ်က မလိုအပ်ဘူးဆိုပေမယ့်လို့ သူ့ရဲ့အတိတ်မှာ ဆိုးဝါးတဲ့ လုပ်ရပ်တွေက လက်ရှိအချိန်အထိ လွှမ်းမိုးကောင်း လွှမ်းမိုးနေနိုင်ပါတယ်။ ဗီဇဆိုတာပြင်ရခက်ပါတယ်နော် ကိုယ့်က သူ့အတိတ်ကို ဘာမှမသိပဲ ရွေးချယ်လိုက်မိတဲ့အခါ နာကျင်စရာတွေနဲ့ ကြုံတွေ့လာရနိုင်ပါတယ် …။

ဒါကြောင့် ကိုယ်ရွေးချယ်မယ့်လူကို သေချာလေ့လာပါ။ လူတိုင်းကတော့ အမှားနဲ့ မကင်းနိုင်ပါဘူး ဒါပေမယ့် ခွင့်လွှတ်လို့ရတဲ့အမှား ခွင့်လွှတ်ဖို့ မဖြစ်နိုင်တဲ့ အမှားတွေ ရှိတတ်ပါတယ်။ ဒါကြောင့် အလျင်စလို မဆုံးဖြတ်ပါနဲ့။ သူ့အကြောင်း သေချာသိပြီဆိုမှ ရွေးချယ်တာကလည်း သင့်အတွက် နောက်မကျနိုင်ပါဘူး …။

(၂) အကျင့်စာရိတ္တ

လူတစ်ယောက်ရဲ့ စံနှုန်းကို ဘာနဲ့တိုင်းတာမှာလဲလို့မေးရင်တော့ အကျင့်စာရိတ္တလို့ပဲ ဖြေရမှာ မဟုတ်လား။ ငွေကြေးချမ်းသာမှု၊ ရုပ်ရည်လှပမှုတွေက အပေါ်ယံတွေသာဖြစ်ပြီးတော့ လူတစ်ယောက်ရဲ့ အခရာအကျဆုံးက စိတ်ဓာတ်ပါ။ ဒါကြောင့် ကိုယ်ရွေးချယ်မယ့်သူရဲ့ အကျင့်စာရိတ္တစိတ်ဓာတ် ဘယ်လိုရှိတယ်ဆိုတာ သေချာသိထားဖို့ လိုအပ်ပါတယ် …။

ဒါတွေဟာ ဖုံးကွယ်ထားလို့မရတဲ့အရာတွေဖြစ်လို့ သင်လေ့လာဖို့ မခက်ခဲလှပါဘူး။ ကိုယ်ရွေးချယ်မယ့်သူဟာ အကျင့်စာရိတ္တကောင်းမွန်နေတဲ့သူ ဟုတ်မဟုတ် သေချာလေ့လာ ဆုံးဖြတ်ပါ …။

(၃) သူ့ရဲ့ လက်ရှိအကြောင်း

ကိုယ်ရွေးချယ်မယ့်သူဟာ ဘယ်မှာနေတယ်၊ ဘာလုပ်တယ်ဆိုတာလောက်တော့ အနည်းဆုံးသိထားသင့်တဲ့ အချက်တွေပါ။ ကိုယ်နဲ့ချစ်သူသာ ဖြစ်သွားတယ် သူ့နာမည်ကလွဲလို့ ဘာမှမသိဘူးဆိုတာကတော့ သိပ်မမိုက်ပါဘူးနော်။ ကိုယ်ရွေးချယ်မယ့်သူကို လေ့လာရမှာက ကိုယ့်မှာလုံးဝကို တာဝန်ရှိပါတယ် …။

ဒါကြောင့် သူ့ရဲ့လက်ရှိဖြစ်တည်နေမှုကို သိနိုင်အောင် ကြိုးစားလေ့လာပါ။ သူပြောတိုင်းလည်း မယုံပါနဲ့။ ခုခေတ်က တကယ့်ကိုမှ အလိမ်အညာတွေ၊ လူလည်တွေပေါတဲ့ခေတ်ဖြစ်လို့ လူကဲခတ်မမှားဖို့ လိုအပ်ပါတယ်။ ကိုယ်ရွေးချယ်လိုက်တဲ့သူဟာ လူကောင်းဖြစ်နေဖို့လိုအပ်ပါတယ် အယုံမလွယ်ပါနဲ့။ ဦးနှောက်ကို သုံးသင့်တဲ့နေရာမှာ သုံးပြီး နှလုံးသားကို သုံးသင့်တဲ့နေရာမှာ သုံးတတ်ပါစေ …။ ။

Credit Aunty May

Be the first to comment

Leave a Reply

Your email address will not be published.


*