ဦး​နှောက် ဖွံ့ဖြိုးမှု ​နှောင့်​နှေးနေကြောင်း ပြသသော ကေ လးတို့၏ အမူအကျင့်လေးများ
ဦး​နှောက် ဖွံ့ဖြိုးမှု ​နှောင့်​နှေးနေကြောင်း ပြသသော ကေ လးတို့၏ အမူအကျင့်လေးများ
ဦး​နှောက် ဖွံ့ဖြိုးမှု ​နှောင့်​နှေးနေကြောင်း ပြသသော ကေ လးတို့၏ အမူအကျင့်လေးများ
ယောက်ျား​လေးများသည် မိန်းခ​လေးများထက် Autism ဖြစ်နှုန်း ၄ ဆခန့် ပိုများပါသည်။ သာမန်အားဖြင့် Autism ကို အသက် ၂ -၃ နှစ်ခန့်တွင် သိရှိ​​​လေ့ရှိ​သော်လည်း၊ အချို့ဆိုလျှင် ၁၈ လခန့်တွင်ပင် သိရှိနိုင်ပြီဖြစ်သည်။
Unicode
ဦးနှောက် ဖွံ့ဖြိုးမှု နှောင့််နှေးနေကြောင်း ပြသသော ကေ လးတို့၏ အမူအကျင့်လေးများ
အော်တစ်ဇင် (Autism) လက္ခဏာများ
Autism ဆိုတာ ကလေးများမှာ ဦးနှောက် ဖွံ့ဖြိုးမှု နှောင့််နှေးပြီး၊ ပုံမှန်အတိုင်းမဖြစ်ခြင်းကြောင့် မူမမှန်သည့် လက္ခဏာများ ဖြစ်ပေါ်လာခြင်းဖြစ်သည်။ ဦးနှောက်အတွင်းရှိ အာရုံကြောများ ဆက်သွယ်မှုပုံစံ မမှန်ခြင်းကြောင့်ဖြစ်သည်။
ထိုကလေးတွင် ပုံမှန်မဟုတ်သည့် အခြေအနေပေါင်းများစွာရှိနေတတ်ပြီး၊ အထူးသဖြင့် လူမှုပေါင်းသင်းဆက်ဆံရေး၊ ထပ်တလဲလဲ ပြုလုပ်တတ်သည့် အမူအကျင့် နှင့် စကားပြောဆို ဆက်ဆံသည့်နေရာများတွင် အခက်အခဲများဖြစ်ပေါ်လေ့ရှိပါသည်။ မူမမှန်သည့်အခြေအနေများမှာ ကျယ်ပြန့်လွန်း၍ ”မူမမှန်မှု ရောင်စဉ်များ” (Autism Spectrum Disorder)ဟုပင် ခေါ်ကြသည်။
Autism ကလေးများသည် ပညာသင်ကြားရာတွင်လည်း အခက်အခဲများစွာ ဖြစ်ပေါ်လေ့ရှိသည်။ Autism၂၅% မှာ စကားမပြောနိုင်ကြပေ။ အချို့သောAutism ကလေးများမှာ မိမိကိုကိုယ်ရပ်တည်နိုင်စွမ်း လုံးဝနီးပါးမရှိပဲ၊ အချို့မှာ အနည်းငယ်ပို၍ ရပ်တည်နိုင်သလို၊ အချို့မှာ အတော်လေး လွတ်လပ်စွာ ရပ်တည်နိုင်စွမ်းရှိကြသည်ကို တွေ့ရသည်။
လက်ရှိကာလ၌ ကလေးအယောက် ၁၀၀ တွင် ၁ ယောက်ခန့်မှာ Autism Spectrum Disorder (ASD) ရှိသည်ဟု ခန့်မှန်းကြပြီး ASD ဖြစ်နှုန်းမှာ တနှစ်ထက်တနှစ် သိသိသာသာ ပိုမိုများလာသည်ကို တွေ့ရှိရသည်။
ယောကျ်ားလေးများသည် မိန်းခလေးများထက် Autism ဖြစ်နှုန်း ၄ ဆခန့် ပိုများပါသည်။ သာမန်အားဖြင့်် Autism ကို အသက် ၂ -၃ နှစ်ခန့်တွင် သိရှိလေ့ရှိသော်လည်း၊ အချို့ဆိုလျှင် ၁၈ လခန့်တွင်ပင် သိရှိနိုင်ပြီဖြစ်သည်။
စောစီးစွာသိရှိပြီး နုစဉ်ကပင် ကလေးကို ကြပ်ကြပ်မတ်မတ် ပြုပြင်ထိန်းကြောင်းပေးနိုင်ပါက ကလေး၏ ရှေ့ဆက်ရမည့် ဘဝအတွက် သိသိသာသာ တိုးတက်ပြောင်းလဲမှုရှိလာနိုင်သောကြောင့် Autismကို စောစီးစွာသတိပြုမိဖို့ နှင့် Autism လက္ခဏာများကိုသိရှိဖို့ လွန်စွာအရေးကြီးပါသည်။
Autism ကလေးများတွင် အောက်ဖော်ပြပါ အမူအကျင့် အချို့ ရှိနေတတ်၍၊ ဤသို့သောလက္ခဏာများတွေရှိပါက မိဘများအနေနှင့် ကျွမ်းကျင်ရာ ဆရာဝန်နှင့် အမြန်ဆုံးပြသဆွေးနွေးသင့်ပါသည်။
Credit to original uploader
Be the first to comment
Leave a Reply
Your email address will not be published.
*