သင္အသက္(၃၀)အ႐ြယ္ေရာက္တဲ့အခါ မျဖစ္မေနရွိထားရမယ့္အေတြ႕အႀကဳံနဲ႔အရည္အခ်င္း(၉)မ်ိဳး

သင္အသက္(၃၀)အ႐ြယ္ေရာက္တဲ့အခါ မျဖစ္မေနရွိထားရမယ့္အေတြ႕အႀကဳံနဲ႔အရည္အခ်င္း(၉)မ်ိဳး

သင္အသက္(၃၀)အ႐ြယ္ေရာက္တဲ့အခါ မျဖစ္မေနရွိထားရမယ့္အေတြ႕အႀကဳံနဲ႔အရည္အခ်င္း(၉)မ်ိဳး

အသက္ ၃၀ အ႐ြယ္ဆိုတာ အရမ္းေတာ့ မႀကီးေသးေပမယ့္ အရမ္းလည္းမငယ္ေတာ့ပါဘူး။ ဘဝမွာ အေတြ႕အႀကဳံတခ်ိဳ႕ကို ဒီအ႐ြယ္မွာ ျဖတ္သန္းၿပီးသင့္ေနၿပီျဖစ္ၿပီး ေနာက္ထပ္ရင္ဆိုင္ရမယ့္ အရာေတြကို တည္တည္ၿငိမ္ၿငိမ္ရင္ဆိုင္ႏိုင္ဖို႔ အားအတန္အသင့္ေမြးထားဖို႔လိုတဲ့အခ်ိန္လည္းျဖစ္ ပါတယ္။

ေအာင္ျမင္ေပ်ာ္႐ႊင္တဲ့သူတစ္ေယာက္ျဖစ္ဖို႔ အသက္ ၃၀ အ႐ြယ္မွာ အခုေဖာ္ျပမယ့္ အေတြ႕အႀကဳံနဲ႔အရည္အခ်င္းေတြရွိထားဖို႔လိုအပ္ပါတယ္ ေနာ္ ……

(၁) တစ္ေယာက္တည္းလည္းေနတတ္ဖို႔လိုတယ္ ”

အသက္ ၃၀ အ႐ြယ္မွာ တခ်ိဳ႕က အိမ္ေထာင္ျပဳၾကၿပီးသားျဖစ္ေနတတ္သလို၊ တခ်ိဳ႕က်ေတာ့ ခ်စ္သူရွိေပမယ့္ အိမ္ေထာင္မျပဳရေသးတဲ့သူေတြလည္းရွိပါတယ္။ အိမ္ေထာင္လည္းမရွိ၊ ခ်စ္သူလည္းမရွိတဲ့ တစ္ကိုယ္တည္းသမားေတြလည္းရွိပါတယ္။ သင့္အေနနဲ႔ အိမ္ေထာင္ရွိသည္ျဖစ္ေစ၊ မရွိသည္ျဖစ္ေစ၊ တစ္ေယာက္တည္းေနတတ္ေအာင္သင္ယူပါ။

တစ္ေယာက္တည္းေနတတ္ေအာင္လို႔ဆိုရာမွာ အားလုံးနဲ႔ခြဲထြက္ၿပီး အထီးက်န္ဆန္ဆန္တစ္ေယာက္တည္းေနခိုင္းတာမဟုတ္ပါဘူး။ ဘယ္သူမွေဘးမွာမရွိလည္း ျပႆနာေတြကို တစ္ေယာက္တည္းေျဖရွင္းတတ္ေအာင္၊ ရင္ဆိုင္ႏိုင္ေအာင္လုပ္ဖို႔ ေျပာခ်င္တာပါ …။

(၂) တစ္ေယာက္တည္းခရီးထြက္ႏိုင္ရမယ္ ”

အရင္က မိသားစု၊ သူငယ္ခ်င္းေတြနဲ႔ ခရီးထြက္ခဲ့ပါလိမ့္မယ္။ အခုအခ်ိန္မွာေတာ့ တစ္ေယာက္တည္းခရီးထြက္ဖို႔အခ်ိန္က်ပါၿပီ။ ခရီးစဥ္အစအဆုံး ကိုယ္တိုင္စီစဥ္ၿပီး သြားၾကည့္ပါ။ ကိုယ့္ရဲ႕လိုအပ္ခ်က္နဲ႔ အားသာခ်က္ေတြကို ရွင္းရွင္းလင္းလင္းကိုသိသြားပါလိမ့္မယ္ …။

(၃) ကိုယ့္ကိုယ္ကိုလက္ခံႏိုင္ဖို႔လိုေနၿပီ ”

အရင္က ကိုယ့္ကိုယ္ကိုတျခားသူေတြေလာက္မလွလို႔၊ မေတာ္လို႔၊ ပိုက္ဆံမခ်မ္းသာလို႔ စသျဖင့္ ႏႈိင္းယွဥ္စဥ္းစားခဲ့တာမ်ိဳးေတြ ရွိေကာင္းရွိခဲ့ႏိုင္ပါတယ္။ ဒါေပမယ့္ အခုေတာ့ အဲ့ဒါေတြကို ရပ္တန္းက ရပ္လိုက္ပါေတာ့။ ကိုယ့္ရဲ႕ အရွိအတိုင္းကိုလက္ခဲ့ၿပီး ကိုယ့္ကိုယ္ကိုတန္ဖိုးထားတတ္ေအာင္ စဥ္းစားေတြးေတာပါ …။

(၄) အလုပ္မွာစီနီယာအဆင့္ေလာက္ရွိရမယ္ ဒါမွမဟုတ္ ကိုယ္ပိုင္လုပ္ငန္းအစျပဳထားသင့္တယ္ ”

အသက္ ၃၀ အ႐ြယ္ဆိုတာ အေပၚမွာေျပာခဲ့သလိုပါပဲ၊ အသက္အရမ္းမႀကီးေသးေပမယ့္ ငယ္လည္းမငယ္ေတာ့ပါဘူး။ ဒါေၾကာင့္ အလုပ္ခြင္မွာလည္း စီနီယာအဆင့္ေလာက္ရွိသင့္ေနပါၿပီ။ ဒါမွမဟုတ္ရင္လည္း ကိုယ္ပိုင္လုပ္ငန္းေလးတစ္ခုအစျပဳဖို႔ သင့္ေနတဲ့အခ်ိန္ျဖစ္ေနပါၿပီ ေနာ္ …။

(၅) တျခားလူေတြရဲ႕အျမင္ကိုဂ႐ုမစိုက္သင့္ေတာ့ဘူး ”

ကိုယ့္ရဲ႕ ပုံစံ၊ အေတြးအေခၚနဲ႔ ကိုယ္လုပ္တဲ့အရာေတြနဲ႔ပတ္သက္လို႔ လူေတြဘယ္လိုထင္ျမင္ၾကမ လဲဆိုၿပီး စိုးရိမ္ေနတာမ်ိဳးကို ရပ္တန္းကရပ္သင့္ပါၿပီ။ ဘာလို႔လဲဆိုေတာ့ အဲ့ဒီလို ဂ႐ုစိုက္ေနတာက ကိုယ့္ကိုယ္ကိုယုံၾကည္မႈေလ်ာ့နည္းေစၿပီး လုပ္ရမယ့္အလုပ္ေတြကို လည္းေႏွာင့္ေႏွးေစပါ တယ္ …။

(၆) ကိုယ္တကယ္ႀကိဳက္ႏွစ္သက္တဲ့ပညာရပ္တစ္ခုသင္သင့္တယ္ ”

ကိုယ္ဝါသနာပါၿပီး သင္ခြင့္မရခဲ့တဲ့ပညာရပ္တစ္ခုခုကို ဒီအခ်ိန္မွာ ရဲရဲဝံ့ဝံ့သင္လိုက္ပါ။ အဲ့ဒီပညာက ကိုယ့္အတြက္ အက်ိဳးအျမတ္တစ္စုံတစ္ရာမေပးဘူးဆိုရင္ေတာင္ စိတ္ကိုေပ်ာ္႐ႊင္ေစမယ္ဆိုရင္ အခ်ိန္ကုန္ရက်ိဳးနပ္ပါတယ္။ ၿပီးေတာ့ အဲ့ဒါက တစ္ခ်ိန္မွာ ကိုယ့္ကိုအေဖာ္ျပဳေပးမယ့္အ ရာမ်ိဳးျဖစ္မလာဘူးလို႔ မေျပာႏိုင္ဘူးေလ …။

(၇) ကိုယ့္ကိုယ္ကိုလက္ေဆာင္ျပန္ေပးႏိုင္တဲ့သူျဖစ္သင့္တယ္ ”

ဒီအသက္အ႐ြယ္မွာ ကိုယ္လိုခ်င္တာေတြကို ကိုယ္တိုင္ဝယ္ႏိုင္ေနသင့္ပါၿပီ။ ကိုယ့္ရဲ႕လိုအပ္ခ်က္ေတြ အတြက္ တစ္ေယာက္ေယာက္ကိုမွီခိုရတာမ်ိဳးမဟုတ္ဘဲ ကိုယ္တိုင္ျဖည့္ဆည္းႏိုင္တဲ့သူမ်ိဳး၊ မိဘေတြ ကိုျပန္ၾကည့္ႏိုင္တဲ့သူမ်ိဳးျဖစ္ေအာင္လုပ္ရေတာ့မွာပါ ေနာ္ …။

(၈) ေလ့က်င့္ခန္းလုပ္၊ တရားထိုင္တဲ့အက်င့္ေလးေမြးျမဴထားသင့္တယ္ ”

ေလ့က်င့္ခန္းလုပ္တယ္ဆိုတာ ခႏၶာကိုယ္အခ်ိဳးအစားလွေအာင္လုပ္ဖို႔ဆိုလိုတာမဟုတ္ပါဘူး။ သက္လုံေကာင္းေစမယ့္၊ က်န္းမာေရးအတြက္အေထာက္အကူျဖစ္ေစတဲ့ ေလ့က်င့္ခန္းေတြကိုလုပ္ပါ။ ဒါ့အျပင္ တစ္ေန႔တာမွာ မိနစ္အနည္းငယ္ေလာက္တရားမွတ္တာ၊ တရားထိုင္တာ စတဲ့အက်င့္ေလးေတြကို စတင္ေမြးျမဴ သင့္ပါတယ္ …။

(၉) စိတ္ထဲမွာျဖစ္လာတာေတြကို ဖြင့္ဟတိုင္ပင္ရမယ့္လူတစ္ေယာက္ရွိသင့္တယ္ ”

လူေတာ္ေတာ္မ်ားမ်ားက ဒီအသက္အ႐ြယ္ေရာက္ရင္ တည္ၿငိမ္သင့္ၿပီ၊ ရင့္က်က္သင့္ၿပီလို႔ သတ္မွတ္လိုက္ၿပီး ကိုယ္ခံစားေနရတာေတြအားလုံးကို တစ္ေယာက္ေယာက္ကိုရင္ဖြင့္တိုင္ပင္တာမ်ိဳး မလုပ္ၾကေတာ့ပါဘူး။ တကယ္ေတာ့ ဒီအ႐ြယ္မွာ စိတ္ဖိစီးမႈေတြ၊ ခံစားခ်က္အေျပာင္းအလဲေတြ မ်ားတဲ့အခ်ိန္ျဖစ္တာေၾကာင့္ ကိုယ့္ရဲ႕ခံစားခ်က္ေတြကို ရင္ဖြင့္တိုင္ပင္ဖို႔ အနီးကပ္ရင္းႏွီးတဲ့သူ တစ္ေယာက္ေတာ့ရွိသင့္ပါတယ္ ေနာ္ … ။ ။

#Credit

Original Uploader

Unicode

သင်အသက်(၃၀)အရွယ်ရောက်တဲ့အခါ မဖြစ်မနေရှိထားရမယ့်အတွေ့အကြုံနဲ့အရည်အချင်း(၉)မျိုး

အသက် ၃၀ အရွယ်ဆိုတာ အရမ်းတော့ မကြီးသေးပေမယ့် အရမ်းလည်းမငယ်တော့ပါဘူး။ ဘဝမှာ အတွေ့အကြုံတချို့ကို ဒီအရွယ်မှာ ဖြတ်သန်းပြီးသင့်နေပြီဖြစ်ပြီး နောက်ထပ်ရင်ဆိုင်ရမယ့် အရာတွေကို တည်တည်ငြိမ်ငြိမ်ရင်ဆိုင်နိုင်ဖို့ အားအတန်အသင့်မွေးထားဖို့လိုတဲ့အချိန်လည်းဖြစ် ပါတယ်။

အောင်မြင်ပျော်ရွှင်တဲ့သူတစ်ယောက်ဖြစ်ဖို့ အသက် ၃၀ အရွယ်မှာ အခုဖော်ပြမယ့် အတွေ့အကြုံနဲ့အရည်အချင်းတွေရှိထားဖို့လိုအပ်ပါတယ် နော် ……

(၁) တစ်ယောက်တည်းလည်းနေတတ်ဖို့လိုတယ် ”

အသက် ၃၀ အရွယ်မှာ တချို့က အိမ်ထောင်ပြုကြပြီးသားဖြစ်နေတတ်သလို၊ တချို့ကျတော့ ချစ်သူရှိပေမယ့် အိမ်ထောင်မပြုရသေးတဲ့သူတွေလည်းရှိပါတယ်။ အိမ်ထောင်လည်းမရှိ၊ ချစ်သူလည်းမရှိတဲ့ တစ်ကိုယ်တည်းသမားတွေလည်းရှိပါတယ်။ သင့်အနေနဲ့ အိမ်ထောင်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ တစ်ယောက်တည်းနေတတ်အောင်သင်ယူပါ။

တစ်ယောက်တည်းနေတတ်အောင်လို့ဆိုရာမှာ အားလုံးနဲ့ခွဲထွက်ပြီး အထီးကျန်ဆန်ဆန်တစ်ယောက်တည်းနေခိုင်းတာမဟုတ်ပါဘူး။ ဘယ်သူမှဘေးမှာမရှိလည်း ပြဿနာတွေကို တစ်ယောက်တည်းဖြေရှင်းတတ်အောင်၊ ရင်ဆိုင်နိုင်အောင်လုပ်ဖို့ ပြောချင်တာပါ …။

(၂) တစ်ယောက်တည်းခရီးထွက်နိုင်ရမယ် ”

အရင်က မိသားစု၊ သူငယ်ချင်းတွေနဲ့ ခရီးထွက်ခဲ့ပါလိမ့်မယ်။ အခုအချိန်မှာတော့ တစ်ယောက်တည်းခရီးထွက်ဖို့အချိန်ကျပါပြီ။ ခရီးစဉ်အစအဆုံး ကိုယ်တိုင်စီစဉ်ပြီး သွားကြည့်ပါ။ ကိုယ့်ရဲ့လိုအပ်ချက်နဲ့ အားသာချက်တွေကို ရှင်းရှင်းလင်းလင်းကိုသိသွားပါလိမ့်မယ် …။

(၃) ကိုယ့်ကိုယ်ကိုလက်ခံနိုင်ဖို့လိုနေပြီ ”

အရင်က ကိုယ့်ကိုယ်ကိုတခြားသူတွေလောက်မလှလို့၊ မတော်လို့၊ ပိုက်ဆံမချမ်းသာလို့ စသဖြင့် နှိုင်းယှဉ်စဉ်းစားခဲ့တာမျိုးတွေ ရှိကောင်းရှိခဲ့နိုင်ပါတယ်။ ဒါပေမယ့် အခုတော့ အဲ့ဒါတွေကို ရပ်တန်းက ရပ်လိုက်ပါတော့။ ကိုယ့်ရဲ့ အရှိအတိုင်းကိုလက်ခဲ့ပြီး ကိုယ့်ကိုယ်ကိုတန်ဖိုးထားတတ်အောင် စဉ်းစားတွေးတောပါ …။

(၄) အလုပ်မှာစီနီယာအဆင့်လောက်ရှိရမယ် ဒါမှမဟုတ် ကိုယ်ပိုင်လုပ်ငန်းအစပြုထားသင့်တယ် ”

အသက် ၃၀ အရွယ်ဆိုတာ အပေါ်မှာပြောခဲ့သလိုပါပဲ၊ အသက်အရမ်းမကြီးသေးပေမယ့် ငယ်လည်းမငယ်တော့ပါဘူး။ ဒါကြောင့် အလုပ်ခွင်မှာလည်း စီနီယာအဆင့်လောက်ရှိသင့်နေပါပြီ။ ဒါမှမဟုတ်ရင်လည်း ကိုယ်ပိုင်လုပ်ငန်းလေးတစ်ခုအစပြုဖို့ သင့်နေတဲ့အချိန်ဖြစ်နေပါပြီ နော် …။

(၅) တခြားလူတွေရဲ့အမြင်ကိုဂရုမစိုက်သင့်တော့ဘူး ”

ကိုယ့်ရဲ့ ပုံစံ၊ အတွေးအခေါ်နဲ့ ကိုယ်လုပ်တဲ့အရာတွေနဲ့ပတ်သက်လို့ လူတွေဘယ်လိုထင်မြင်ကြမ လဲဆိုပြီး စိုးရိမ်နေတာမျိုးကို ရပ်တန်းကရပ်သင့်ပါပြီ။ ဘာလို့လဲဆိုတော့ အဲ့ဒီလို ဂရုစိုက်နေတာက ကိုယ့်ကိုယ်ကိုယုံကြည်မှုလျော့နည်းစေပြီး လုပ်ရမယ့်အလုပ်တွေကို လည်းနှောင့်နှေးစေပါ တယ် …။

(၆) ကိုယ်တကယ်ကြိုက်နှစ်သက်တဲ့ပညာရပ်တစ်ခုသင်သင့်တယ် ”

ကိုယ်ဝါသနာပါပြီး သင်ခွင့်မရခဲ့တဲ့ပညာရပ်တစ်ခုခုကို ဒီအချိန်မှာ ရဲရဲဝံ့ဝံ့သင်လိုက်ပါ။ အဲ့ဒီပညာက ကိုယ့်အတွက် အကျိုးအမြတ်တစ်စုံတစ်ရာမပေးဘူးဆိုရင်တောင် စိတ်ကိုပျော်ရွှင်စေမယ်ဆိုရင် အချိန်ကုန်ရကျိုးနပ်ပါတယ်။ ပြီးတော့ အဲ့ဒါက တစ်ချိန်မှာ ကိုယ့်ကိုအဖော်ပြုပေးမယ့်အ ရာမျိုးဖြစ်မလာဘူးလို့ မပြောနိုင်ဘူးလေ …။

(၇) ကိုယ့်ကိုယ်ကိုလက်ဆောင်ပြန်ပေးနိုင်တဲ့သူဖြစ်သင့်တယ် ”

ဒီအသက်အရွယ်မှာ ကိုယ်လိုချင်တာတွေကို ကိုယ်တိုင်ဝယ်နိုင်နေသင့်ပါပြီ။ ကိုယ့်ရဲ့လိုအပ်ချက်တွေ အတွက် တစ်ယောက်ယောက်ကိုမှီခိုရတာမျိုးမဟုတ်ဘဲ ကိုယ်တိုင်ဖြည့်ဆည်းနိုင်တဲ့သူမျိုး၊ မိဘတွေ ကိုပြန်ကြည့်နိုင်တဲ့သူမျိုးဖြစ်အောင်လုပ်ရတော့မှာပါ နော် …။

(၈) လေ့ကျင့်ခန်းလုပ်၊ တရားထိုင်တဲ့အကျင့်လေးမွေးမြူထားသင့်တယ် ”

လေ့ကျင့်ခန်းလုပ်တယ်ဆိုတာ ခန္ဓာကိုယ်အချိုးအစားလှအောင်လုပ်ဖို့ဆိုလိုတာမဟုတ်ပါဘူး။ သက်လုံကောင်းစေမယ့်၊ ကျန်းမာရေးအတွက်အထောက်အကူဖြစ်စေတဲ့ လေ့ကျင့်ခန်းတွေကိုလုပ်ပါ။ ဒါ့အပြင် တစ်နေ့တာမှာ မိနစ်အနည်းငယ်လောက်တရားမှတ်တာ၊ တရားထိုင်တာ စတဲ့အကျင့်လေးတွေကို စတင်မွေးမြူ သင့်ပါတယ် …။

(၉) စိတ်ထဲမှာဖြစ်လာတာတွေကို ဖွင့်ဟတိုင်ပင်ရမယ့်လူတစ်ယောက်ရှိသင့်တယ် ”

လူတော်တော်များများက ဒီအသက်အရွယ်ရောက်ရင် တည်ငြိမ်သင့်ပြီ၊ ရင့်ကျက်သင့်ပြီလို့ သတ်မှတ်လိုက်ပြီး ကိုယ်ခံစားနေရတာတွေအားလုံးကို တစ်ယောက်ယောက်ကိုရင်ဖွင့်တိုင်ပင်တာမျိုး မလုပ်ကြတော့ပါဘူး။ တကယ်တော့ ဒီအရွယ်မှာ စိတ်ဖိစီးမှုတွေ၊ ခံစားချက်အပြောင်းအလဲတွေ များတဲ့အချိန်ဖြစ်တာကြောင့် ကိုယ့်ရဲ့ခံစားချက်တွေကို ရင်ဖွင့်တိုင်ပင်ဖို့ အနီးကပ်ရင်းနှီးတဲ့သူ တစ်ယောက်တော့ရှိသင့်ပါတယ် နော် … ။ ။

#Credit

Original Uploader

Be the first to comment

Leave a Reply

Your email address will not be published.


*