အိိမ္ေထာင္ျပဳဖို႔ ဆုံးျဖတ္ေတာ့မယ္္ဆိုရင္…

အိိမ္ေထာင္ျပဳဖို႔ ဆုံးျဖတ္ေတာ့မယ္္ဆိုရင္…

အိိမ္ေထာင္ျပဳဖို႔ ဆုံးျဖတ္ေတာ့မယ္္ဆိုရင္…

ညီမေလး အိိမ္ေထာင္ျပဳဖို႔ ဆုံးျဖတ္ေတာ့မယ္ဆိုရင္…

(1) စာတတ္တဲ့ေယာက္်ားထက္ စာနာစိိတ္ရွိတဲ့ေယာက္်ားကိုသာေရြးခ်ယ္ပါ ။

တစ္မိုးေအာက္ထဲ အတူေနထိုိင္မဲ့သူဆိုိတာ ကိုယ့္ခံစားခ်က္ကို စာနာစိတ္နဲ႔ၾကည့္ျမင္တတ္သူ ျဖစ္ေနဖို႔သိပ္လိုအပ္တယ္ ။

(2) ပညာတတ္သူထက္္ ၾကင္နာစိိတ္ရွိသူကိုသာေရြးခ်ယ္ပါ ။

ကိုိယ့္ဘဝတစ္သက္တာလုံး အနီးဆုံးမွာရွိေနမဲ့သူဟာ ကိုယ့္ရဲ့လိုအပ္ခ်က္ေတြကို ၾကင္နာတတ္တဲ့စိတ္နဲ႔ ေဖးမနိုင္သူျဖစ္ဖိုိ႔ သိပ္လိုအပ္ပါတယ္ ။

(3) ေငြခ်မ္းသာသူထက္ စိိတ္ထားရိုးေျဖာင့္သူကိုိသာ ေရြးခ်ယ္ပါ ။

ဘဝတစ္ေလၽွာက္လုံး ေအးအတူပူအမၽွ လက္တြဲထားရမဲ့သူဟာ ကိုယ့္လိုအပ္ခ်က္ေတြကို ေငြနဲ႔ျဖည့္ဆည္းေပးနိုင္႐ုံနဲ႔မရဘူး။

ဘယ္အရာမွာမဆိုိ ပြင့္လင္းရိုးသားစြာနဲ႔ ဆက္ဆံေရးကသာ ႏွစ္ဦးႏွစ္ဖက္ အၿငိဳးကင္းေစတဲ့ လက္နက္ျဖစ္တယ္ ။

(4) ဂုဏ္ရွိသူထက္ ျပဳံးရယ္နိုင္ေစသူကိုိသာ ေရြးခ်ယ္ပါ ။

လူ႔ဘဝဆိုတာ ေရလွိုင္းလိုပဲ အနိမ့္အျမင့္ရွိတယ္ ကိုယ့္အရိပ္အျဖစ္ ခိုလွုံေနရသူဟာ ဘယ္လိုအခက္ခဲေတြနဲ႔ၾကဳံလာပါေစ မားမားမတ္မတ္ရပ္တည္ေပးၿပီး ျပဳံးရယ္နိုင္ေစသူျဖစ္ဖို႔အဓိက က်တယ္ ။

(5) ႐ုပ္ေခ်ာသူထက္ အသိုိင္းဝိုင္းသန္႔ရွင္းသူကိုိသာ ေရြးခ်ယ္ပါ ။

မတူညီတဲ့အသိုင္းဝိုင္းႏွစ္ခု ေပါက္ဖြားလာသူေတြ တစ္ဘဝအတူလက္တြဲၿပီး တစ္မိုးေအာက္ထဲေနဖို႔ဆိုတာ ပတ္ဝန္းက်င္ပါလာသလို ႏွစ္ဖက္အသိုင္းဝိုင္းဆိုတာလည္း အိမ္ေထာင္စုတစ္ခုရဲ့ တစ္စိပ္တစ္ေဒသမွာ ပါဝင္ပါတ္သက္ေစပါတယ္ ။

ကိုိယ့္ဘဝကို တစ္သက္တာေပးအပ္ထားရမဲ့သူဟာ က္ိုယ္ႏွုတ္အမူအယာ ယဥ္ေက်းၿပီး မိိမိသိကၡာကို တန္ဖိုးထားတတ္သူျဖစ္ဖို႔ အေရးႀကီးဆုံးပဲ ။

(6) ဥစၥာျပည့္္စုံသူထက္ နားလည္မွုရွိသူကိုိသာ ေရြးခ်ယ္ပါ ။

ကိုိယ့္ရဲ့အနီးဆုံးမွာေနတဲ့သူဆိုတာ မေတာ္တဆ အမွားေတြအေပၚ ဒါမွမဟုတ္ မိမိအသိုင္းဝိုင္းနဲ႔ဆက္ဆံေရးမွာ သေဘာထားႀကီးၿပီး နားလည္မွုရွိိသူျဖစ္ဖို႔လည္း လိုအပ္ပါတယ္ ။

တကယ္ေတာ့ အိမ္ေထာင္ျပဳျခင္းဆိုတဲ့အရာကို……က်ဴးလြန္ၿပီးသြားရင္ ေယာက္်ားေလးျဖစ္ေစ… မိိန္းကေလးျဖစ္ေစ လက္ရွိတန္ဖိုးထက္ေတာ့……က်ဆင္းသြားရတာပါပဲ ။

အိိမ္ေထာင္သည္ဘဝေရာက္သြားၿပီးရင္္……မိန္းမသားေတြက ေယာက္်ားသားေတြထက္ ……

မိမိကိုယ္ပိုင္အခြင့္အေရးေတြ ၊ထိန္းခ်ဳပ္ခံရတာေတြပိုလာသလို ၊မိိမိျဖစ္ျခင္တဲ့အခြင့္အေရးေတြမ်ားစြာ ေပးဆပ္လိုက္ရပါတယ္။

ဒါေၾကာင့္ အိမ္ေထာင္ျပဳေတာ့မယ္လို႔ ဆုံးျဖတ္လိုက္ရင္္ လူတစ္ေယာက္ကို အေပၚယံတင္ ဆုံးျဖတ္တာမ်ိဳး ေရွာင္က်ဥ္ပါ

အခ်ိန္ေပးၿပီးေလ့လာပါ ။လူတစ္ေယာက္ရဲ့စိတ္ဓာတ္ကို သိဖို႔ိအခ်ိန္ၾကာၾကာ ေစာင့္ၾကည့္ဖို႔မလိုအပ္ပါဘူး ။သတိႀကီးႀကီးနဲ႔ ေစာင့္ၾကည့္ၾကည့္လိုက္ပါ။

လူတစ္ေယာက္ရဲ့ မေနာဆိုတာ ……မထင္မွတ္တဲ့အရာေတြြကေန…… အေျဖေတြေပၚလာတတ္ပါတယ္။

တစ္သက္တာစိတ္ခ်မ္းသာခ်င္ရင္ ……လူေရြးမမွားဖို႔အတြက္……တခါတရံေတာ့ မ်က္ရည္ေတြလည္း ……ရင္းႏွီးလိုက္ပါ ညီမေလး။

ခရစ္္ဒစ္

Unicode

အိမ်ထောင်ပြုဖို့ ဆုံးဖြတ်တော့မယ်ဆိုရင်…

ညီမလေး အိမ်ထောင်ပြုဖို့ ဆုံးဖြတ်တော့မယ်ဆိုရင်…

(1) စာတတ်တဲ့ယောက်ျားထက် စာနာစိတ်ရှိတဲ့ယောက်ျားကိုသာရွေးချယ်ပါ ။

တစ်မိုးအောက်ထဲ အတူနေထိုင်မဲ့သူဆိုတာ ကိုယ့်ခံစားချက်ကို စာနာစိတ်နဲ့ကြည့်မြင်တတ်သူ ဖြစ်နေဖို့သိပ်လိုအပ်တယ် ။

(2) ပညာတတ်သူထက် ကြင်နာစိတ်ရှိသူကိုသာရွေးချယ်ပါ ။

ကိုယ့်ဘဝတစ်သက်တာလုံး အနီးဆုံးမှာရှိနေမဲ့သူဟာ ကိုယ့်ရဲ့လိုအပ်ချက်တွေကို ကြင်နာတတ်တဲ့စိတ်နဲ့ ဖေးမနိုင်သူဖြစ်ဖို့ သိပ်လိုအပ်ပါတယ် ။

(3) ငွေချမ်းသာသူထက် စိတ်ထားရိုးဖြောင့်သူကိုသာ ရွေးချယ်ပါ ။

ဘဝတစ်လျှောက်လုံး အေးအတူပူအမျှ လက်တွဲထားရမဲ့သူဟာ ကိုယ့်လိုအပ်ချက်တွေကို ငွေနဲ့ဖြည့်ဆည်းပေးနိုင်ရုံနဲ့မရဘူး။

ဘယ်အရာမှာမဆို ပွင့်လင်းရိုးသားစွာနဲ့ ဆက်ဆံရေးကသာ နှစ်ဦးနှစ်ဖက် အငြိုးကင်းစေတဲ့ လက်နက်ဖြစ်တယ် ။

(4) ဂုဏ်ရှိသူထက် ပြုံးရယ်နိုင်စေသူကိုသာ ရွေးချယ်ပါ ။

လူ့ဘဝဆိုတာ ရေလှိုင်းလိုပဲ အနိမ့်အမြင့်ရှိတယ် ကိုယ့်အရိပ်အဖြစ် ခိုလှုံနေရသူဟာ ဘယ်လိုအခက်ခဲတွေနဲ့ကြုံလာပါစေ မားမားမတ်မတ်ရပ်တည်ပေးပြီး ပြုံးရယ်နိုင်စေသူဖြစ်ဖို့အဓိက ကျတယ် ။

(5) ရုပ်ချောသူထက် အသိုင်းဝိုင်းသန့်ရှင်းသူကိုသာ ရွေးချယ်ပါ ။

မတူညီတဲ့အသိုင်းဝိုင်းနှစ်ခု ပေါက်ဖွားလာသူတွေ တစ်ဘဝအတူလက်တွဲပြီး တစ်မိုးအောက်ထဲနေဖို့ဆိုတာ ပတ်ဝန်းကျင်ပါလာသလို နှစ်ဖက်အသိုင်းဝိုင်းဆိုတာလည်း အိမ်ထောင်စုတစ်ခုရဲ့ တစ်စိပ်တစ်ဒေသမှာ ပါဝင်ပါတ်သက်စေပါတယ် ။

ကိုယ့်ဘဝကို တစ်သက်တာပေးအပ်ထားရမဲ့သူဟာ ကိုယ်နှုတ်အမူအယာ ယဉ်ကျေးပြီး မိမိသိက္ခာကို တန်ဖိုးထားတတ်သူဖြစ်ဖို့ အရေးကြီးဆုံးပဲ ။

(6) ဥစ္စာပြည့််စုံသူထက် နားလည်မှုရှိသူကိုသာ ရွေးချယ်ပါ ။

ကိုယ့်ရဲ့အနီးဆုံးမှာနေတဲ့သူဆိုတာ မတော်တဆ အမှားတွေအပေါ် ဒါမှမဟုတ် မိမိအသိုင်းဝိုင်းနဲ့ဆက်ဆံရေးမှာ သဘောထားကြီးပြီး နားလည်မှုရှိသူဖြစ်ဖို့လည်း လိုအပ်ပါတယ် ။

တကယ်တော့ အိမ်ထောင်ပြုခြင်းဆိုတဲ့အရာကို……ကျူးလွန်ပြီးသွားရင် ယောက်ျားလေးဖြစ်စေ… မိန်းကလေးဖြစ်စေ လက်ရှိတန်ဖိုးထက်တော့……ကျဆင်းသွားရတာပါပဲ ။

အိမ်ထောင်သည်ဘဝရောက်သွားပြီးရင်……မိန်းမသားတွေက ယောက်ျားသားတွေထက် ……

မိမိကိုယ်ပိုင်အခွင့်အရေးတွေ ၊ထိန်းချုပ်ခံရတာတွေပိုလာသလို ၊မိမိဖြစ်ခြင်တဲ့အခွင့်အရေးတွေများစွာ ပေးဆပ်လိုက်ရပါတယ်။

ဒါကြောင့် အိမ်ထောင်ပြုတော့မယ်လို့ ဆုံးဖြတ်လိုက်ရင် လူတစ်ယောက်ကို အပေါ်ယံတင် ဆုံးဖြတ်တာမျိုး ရှောင်ကျဉ်ပါ

အချိန်ပေးပြီးလေ့လာပါ ။လူတစ်ယောက်ရဲ့စိတ်ဓာတ်ကို သိဖို့ိအချိန်ကြာကြာ စောင့်ကြည့်ဖို့မလိုအပ်ပါဘူး ။သတိကြီးကြီးနဲ့ စောင့်ကြည့်ကြည့်လိုက်ပါ။

လူတစ်ယောက်ရဲ့ မနောဆိုတာ ……မထင်မှတ်တဲ့အရာတွေကနေ…… အဖြေတွေပေါ်လာတတ်ပါတယ်။

တစ်သက်တာစိတ်ချမ်းသာချင်ရင် ……လူရွေးမမှားဖို့အတွက်……တခါတရံတော့ မျက်ရည်တွေလည်း ……ရင်းနှီးလိုက်ပါ ညီမလေး။

ခရစ်ဒစ်

Be the first to comment

Leave a Reply

Your email address will not be published.


*