– ဝိတိုရိယဘုရင်မကြီးက သူပိုင်စိုးသော ကိုလိုနီနိုင်ငံများထဲမှ ဤမျှလောက် ပညာတော်သော ကလေးမျိုးရှိသည်ကို တအံတသြဖြစ်ခဲ့ရသည်ဟု သိရှိရသည် …
Unicode
” ရန်ကုန်မြို့ရှိ ဆူးလေစေတီတော်မြတ်အား ဖြိုချမည့်ဆဲဆဲမှာ ဗြိတိသျှနယ်ချဲ့ရန်မှ ကယ်တင်ခဲ့သူ ” ဦးချန်ထွန်း ” ….
– ဦးချန်ထွန်းသည် အင်္ဂလန်၌ ရောမဥပဒေဘာသာရပ် ၊ ဥပဒေအတတ်ပညာဘာသာရပ် ၊ အင်္ဂလိပ်လူမျိုးတို့၏ ရှေ့ဟောင်းထုံးတမ်းစဉ်လာ ဘာသာရပ် အားလုံးကို အမှတ်အများဆုံး ဂုဏ်ထူးနှင့် အောင်မြင်၍ ဝိတိုရိယဘုရင်မကြီးကိုယ်တိုင် ဝိတိုရိယရွှေတံဆိပ်ဆုကို ချီးမြှင့်ခဲ့သည်။
ဘာသာရပ်တိုင်းတွင် ထူးချွန်ဆုရရှိခဲ့၍ ဘာသာ ရပ်တခုလျှင် ထိုခေတ်က စတာလင်ပေါင် ( ၁၀၀ )စီ ချီးမြှင့်ခံခဲ့ရသူဖြစ်သည် …
– ရန်ကုန်ပြန်လာ၍ ဝိတိုရိယဘုရင်မဆုကို ဆွဲ၍သွားလျှင် ဦးချန်ထွန်းနှင့် မျက်နှာချင်းဆိုင် ဆုံမိသောလူတိုင်း သူ့ကို အလေးပြုရသည် … စက်ဘီးစီးလာသူ ဖြစ်နေလျှင် စက်ဘီးမှဆင်းရပ်၍ အလေးပြုရသည် …
– ဝိတိုရိယဘုရင်မကြီးက သူပိုင်စိုးသော ကိုလိုနီနိူင်ငံများထဲမှ ဤမျှလောက် ပညာတော်သော ကလေးမျိုးရှိသည်ကို တအံတသြဖြစ်ခဲ့ရသည်ဟု သိရှိရသည် …
– တွေ့ချင်လွန်း၍ အခေါ်ခံရသောအခါ ဦးချန်ထွန်းက ရခိုင်ရိုးရာဝတ်စုံဖြစ်သည့် တောင်ရှည်ပုဆိုး ၊ ရင်ဖုံးအင်္ကျီဝတ်ဆင်၍ ရခိုင်ရိုးရာ ဖော့လုံးခေါင်းပေါင်း ဝတ်ပြီးသွားရောက်ခဲ့သည်
… ဘုရင်မကြီးက လက်ဆွဲနှုတ်ဆက်ပြီး လက်ဖက်ရည်ပွဲနှင့် မောင်ချန်ထွန်းကို ဧည့်ခံခဲ့သည် …
– ဝိတိုရိယဘုရင်မကြီးကဆုကို သူကိုယ်တိုင်ချီးမြှင့်ပြီး ဘုရင်မကြီး၊ သားတော်နှင့် တော်ဝင်မြင်းရထားကို စီးခွင့်ရသော ဆုလည်းပါဝင်သည့်အပြင် နန်းတော်ထဲသို့ အချိန်မရွေး သွားလာနိုင်ခွင့် အခွင့်အရေးကိုပင် ဘုရင်မကြီးက ပေးအပ်ခဲ့သည် …
– ( ၁၈၅၄ ) ခုနှစ်တွင် ဗြိတိသျှအစိုးရသည် စီမံကိန်းချ၍ ရန်ကုန်မြို့ကို ခေတ်မီမြို့တော်ပြုလုပ်ခဲ့ရာ အကွက်ရိုက်ပြီး အိမ်ရာတိုက်တာများ ဆောက်လုပ်ခဲ့သည် … ရန်ကုန်မြို
ဘုန်းကြီးကျောင်းများ အားလုံးနီးပါးကို အကွက်များချရာတွင် မလွတ်ဆိုပြီး လမ်းမတော်မြို့နယ် သရက်တောဥယျာဉ်အတွင်း စုပေါင်း၍ ရွှေ့ပြောင်းခဲ့သည် …
– လမ်းဖောက်ရန်အတွက် ဆူးလေစေတီတော်အား ဖြိုချမည်ပြုရာ ဦးချန်ထွန်းတယောက် အကြီးအကျယ် ကန့်ကွက်ခဲ့သည် …
မြန်မာလူမျိုးများ၏ ထုံးတမ်းစဉ်လာတွင် ဘုရားတည်ပြီးလျှင် ရွှေ့ပြောင်းခြင်း၊ ဖျက်ခြင်းပြုလုပ်ရိုး ထုံးစဉ်မရှိဟုတင်ပြခဲ့သည် …
– ဒါ့အပြင် လန်ဒန်ကို ခေတ်မီမြို့တော် ဆောက်လုပ်စဉ်က ( Square Building ) အဝိုင်းကို ရှေ့ဟောင်း အဆောက်အအုံတစ်ခုအဖြစ် အနေဖြင့်ဘာကြောင့် ချန်ထားခဲ့သလဲဟု အရေးဆိုခဲ့သည် …
– သို့သော် ဦးချန်ထွန်း၏ ကန့်ကွက်ချက်များ လုံးဝအရာမရောက်ဖြစ်ခဲ့ပြီး အင်္ဂလိပ်အစိုးရသည် စနေဒေါင့်မှစ၍ ဆူးလေဘုရားကို ဖျက်ပါတော့သည် …
– ဦးချန်ထွန်းသည် အာဂသတ္တိရှင်တစ်ဦး ဖြစ်သည်။ လုပ်ရဲသည်။ လုပ်ရဲသောသတ္တိ ရှိသည် … အလုပ်ပြုတ်ချင် ပြုတ်ပါစေ လုံး၀ နောက်မဆုတ်ခဲ့ပါ …
သူ့ကိုရွှေတံဆိပ်ဆု ပေးထားသောဝိတိုရိယ ဘုရင်မကို ချက်ချင်းသတိရလာခဲ့သည် … ကြေးနန်းရိုက်ပြီး စာတစ်စောင်ကိုလည်း ဘုရင်မကြီးထံ အကျိုးအကြောင်း ရေးသားပေးပို့လိုက်သည် …
– ဆူးလေစေတီတော်အား ဖြိုဖျက်မှုမပြုလုပ်ရန် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယဘုရင်ခံမှတစ်ဆင့် သံကြိုးစာရောက်လာသည်
…စေတီတော်ကို မူလအတိုင်းထားရှိစေဖို့အတွက် ဦးချန်ထွန်း၏ ကျေးဇူး ၊ ဝိတိုရိယဘုရင်မကြီး၏ အမိန့်ကြောင့် ယနေ့ကျွန်တော်တို့ ဆူးလေစေတီကို ရန်ကုန်မြို့လည်တွင် ဖူးတွေ့နေရခြင်း ဖြစ်သည် …..
မြန်မာ့သမိုင်းဝင် နေရာများ
via ထွန်းလင်းမောင်မောင်
Be the first to comment
Leave a Reply
Your email address will not be published.
*