












Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

ဇနီးသည်ကို ကိုယ်ဝန်ပျက်ကျပြီး သန္ဓေသားထွက်ကျတဲ့အထိ ရိုက်နှက်ခဲ့တဲ့ အမျိုးသား…

ထိုင်းအမျိုးသမီးတစ်ဦးဟာ သူမကိုကိုယ်ဝန်ပျက်တဲ့အထိ ရိုက်နှက်ခဲ့တဲ့ခင်ပွန်သည်အကြောင်းကို သူမရဲ့social media မှာဝေမျှသွားခဲ့ပါတယ် ။ အဆိုပါအသက် 36နှစ်အရွယ်အမျိုးသမီးဟာ အနှိပ်ခန်းမှာအလုပ်လုပ်ကိုင်ရင်းနဲ့ သူမ၏လက်ရှိခင်ပွန်းနဲ့တွေ့ဆုံခဲ့ကြတာပါ ။

ခင်ပွန်းဖြစ်သူဟာ သူမထက်10နှစ်ခန့်ငယ်ပြီး သူမလက်တွဲဖော်အဖြစ်ပိုင်ဆိုင်ခဲ့ပြီးနောက် အတော်လေးပျော်ရွှင်ခဲ့ပြီး အလုပ်မှထွက်ကာ အိမ်ထောင်ရှင်မတစ်ယောက်အဖြစ်သာနေထိုင်ရန် ဆုံးဖြတ်ချက်ချခဲ့ပါတယ် ။

သို့ပေမဲ့လည်း အလုပ်လုပ်ဖို့ပျင်းရိနေခဲ့တဲ့ခင်ပွန်သည်ဖြစ်သူက သူမကိုယ်ဝန်ဆောင်နေရပေမဲ့လည်း သူမကိုအပြင်အလုပ်ထွက်လုပ်ခိုင်းခဲ့ပါတယ် ။ ခင်ပွန်းဟာအိမ်မှာဘာအလုပ်မှ မလုပ်ပဲနေနေပေမယ့်လည်း သူမနားအမြဲပိုက်ဆံတောင်းယူခဲ့ပါတယ် ။ထို့အပြင် ခင်ပွန်းဖြစ်သူ၏ ဟင်းခတ်အမွှေးအကြိုင်လုပ်ငန်းအတွက် သူမပိုက်ဆံတွေကိုစုဆောင်းခဲ့ပါတယ် ။

သို့ပေမဲ့လည်း အဆိုပါလုပ်ငန်းဟာကျဆုံးသွားခဲ့တဲ့အတွက် သူမစုဆောင်းထားခဲ့တဲ့ပိုက်ဆံများဟာ အလဟသဖြစ်သွားခဲ့ရပါတယ် ။ သူမစုဆောင်းထားတဲ့ပိုက်ဆံတွေ ထပ်ပြီးမဆုံးရှုံးချင်တော့တဲ့အတွက် နောက်ပိုင်းခင်ပွန်းဖြစ်သူကိုပိုက်ဆံပေးဖို့ငြင်းပယ်ခဲ့တဲ့အတွက် ခင်ပွန်ကသူမကိုရိုက်နှက်နှိက်စက်ခဲ့ပါတော့တယ်

မကြာသေးခင်ကလည်း ခင်ပွန်းဖြစ်သူကသူမကိုပိုက်ဆံတောင်းခဲ့ပါတယ်။ သို့ပေမဲ့လည်း လိုအပ်တဲ့ငွေအမောင့်မရခဲ့တဲ့အတွက် သူမကိုထပ်မံရိုက်နှက်ခဲ့ပါတယ် ။ ဒီတစ်ခေါက်မှာတော့ သူမ၏ဝမ်းဗိုက်ဟာ ပြင်းပြင်းထန်ထန်နာကျင်ခဲ့ပြီး ကြမ်းပြင်ပေါ်သို့သွေးအများအပြားထွက်ကျလာခဲ့ပါတယ် ။

ထို့နောက် သွေးအိုင်တွေကြားထဲမှာ သန္ဓေသားထွက်ကျသွားခဲ့တဲ့ အဆင့်ထိဖြစ်ပွားခဲ့ပါတယ် ။ဒီတစ်ခေါက်မှာတော့ သူမဟာတော်တော်လေးနှိပ်စက်ခံခဲ့ရတဲ့အတွက် သူမ၏ထိခိုက်ဒဏ်ရာများနှင့် ပျက်ကျသွားခဲ့တဲ့သန္ဓေသား၏ ရုပ်ပုံကို ဓာတ်ပုံရိုက်ယူခဲ့ပြီးနောက် ဆေးရုံသို့သွားရောက်ခဲ့ပါတယ် ။

သူမ၏ပြောကြားချက်အရ သူမတွင်ကလေး2ယောက်ရှိပြီး ၊ တစ်ယောက်မှာတော့ အရင်ခင်ပွန်းဟောင်းနဲ့ရထားခဲ့တဲ့ ကလေးဖြစ်ပြီး ၊ ကျန်တစ်ယောက်မှာတော့ ယခုခင်ပွန်းနဲ့ရထားသော ကလေးဖြစ်ကြောင်း သိရှိရပါတယ် ။

ကလေး 2ယောက်လုံးဟာသူမ၏ ယောက္ခမအိမ်တွင်ရှိနေခဲ့ပြီး ၊ ရက်အတော်အတန်ကြာသည်အထိ ကလေးများနှင့်အဆက်အသွယ်လည်းမရ ၊ တွေ့လည်းမတွေ့ရသေးတဲ့အတွက် သူမ၏ အရင်ခင်ပွန်းဟောင်းနှင့်ရထားခဲ့တဲ့ သမီးကြီးကိုအလွန်စိုးရိမ်ပူပန်မိကြောင်း ပြောဆိုသွားခဲ့ပါတယ် ။

သူမအတွက်တော့ ယခုကဲ့သို့ ရန်လိုနေတဲ့ပတ်ဝန်းကျင်တွေမှာ နေထိုင်နေရခြင်းဟာအတော်ခက်ခဲကြောင်းလည်း ပြောဆိုသွားခဲ့ပါတယ်။ လူအများစုကတော့ အဆိုပါအဖြစ်အပျက်ကို Social media တွေပေါ်မှာတင်မယ့်အစား ရဲကိုသာတိုင်ကြားသင့်ကြောင်း သူမကိုပြောဆိုခဲ့ကြပါတယ် ။

ရဲအရာရှိများကလည်း အဆိုပါအကြောင်းအရာတွေကို social media ပေါ်မှာတွေ့ရှိခဲ့ပေမဲ့လည်း တိုင်ကြားမှုကိုလက်ခံရရှိခဲ့မျိုးလုံးဝမရှိကြောင်း နှင့် ဇနီးသည်ရော ကိုယ်ထိလက်ရောက်နှိပ်စက်ညင်းပန်းခဲ့သောခင်ပွန်သည် တို့နှင့်အဆက်အသွယ်ရရှိအောင် ကြိုးပမ်းလျက်ရှိကြောင်း သိရှိရပါတယ် ။

Jasmine (Mckzone Daily)

Source: worldofbuzz

Be the first to comment

Leave a Reply

Your email address will not be published.


*