အေအးပိုခ်ိန္္ သက္္ၾကီးရြယ္္အိုမ်ား ေလျဖတ္ျခင္းမွ ကာကြယ္္နိုင္ဖို႕

အေအးပိုခ်ိန္္ သက္္ၾကီးရြယ္္အိုမ်ား ေလျဖတ္ျခင္းမွ ကာကြယ္္နိုင္ဖို႕

အေအးပိုခ်ိန္္ သက္္ၾကီးရြယ္္အိုမ်ား ေလျဖတ္ျခင္းမွ ကာကြယ္္နိုင္ဖို႕

ရာသီဥတုေအးရင္္ ေလျဖတ္တတ္လား

ေဒါက္တာ ဟန္္

ေလျဖတ္တယ္ဆိုတာ ေဆးပညာအရ Stroke ေခၚၿပီး အေရးေပၚ အေျခအေနတစ္ခုပဲဲ ျဖစ္ပါတယ္။

သင့္ရဲ႕ ဦးေႏွာက္ကိုိ ေသြးစီးဆင္းေနရာကေန ရုတ္တရတ္္ ျပတ္ေတာက္တဲ့ အေျခအေနနဲ႔ ၾကဳံေတြ႕ရၿပီဆိုရင္ေလျဖတ္္တယ္လို႔ ေခၚပါတယ္။

ေလျဖတ္တာဟာ စိုးရိိမ္ရမယ့္ ေရာဂါလကၡဏာေတြကိုျဖစ္္ ေပၚေစၿပီးေတာ့အခ်ိန္ၾကာၾကာမလႈပ္ရွားႏိုင္ေတာ့တာမ်ဳိး အျပင္ေသဆုံးတဲ့အထိ ျဖစ္ေစပါတယ္။

ေလျဖတ္တာကိုိ ၃ မ်ဳိး ခြဲျခားႏိုင္ပါတယ္

၁ – ဦးေႏွာက္ကိုိ ေသြးလွည္ပတ္မူ ယာယီမေရာက္ေတာ့လို႔ေလျဖတ္ျခင္း။

၂ – ေသြးခဲဲ တစ္ခုခုက ဦးေႏွာက္ကို ေသြးစီးဆင္းမူလမ္း ေၾကာင္းမွာ ပိိတ္ၿပီး ေလျဖတ္ျခင္း။

၃ – ဦးေႏွာက္ထဲက ေသြးေၾကာတစ္ခုခုေပါက္ၿပီး ေလျဖတ္္ ျခင္းတို႔ပဲ ျဖစ္ပါတယ္။

ေလျဖတ္ျခင္္း ေရွ႕ေျပးလကၡဏာမ်ား

သင ျပဳံးလိုက္တဲ့အခ်ိိန္မွာမ်က္ႏွာတစ္ဖက္က ရြဲ႕သြားတာမ်ဳိး

သင့္္ လက္ႏွစ္ဖက္လုံး ၿပိဳိင္တူ မ လိုက္ခ်ိန္မွာ လက္တစ္ဖက္က က်န္ခဲ့ဲတာမ်ဳိး

သင္စကားေျပာတာ ရုတ္တရက္္ ဝါးသြားၿပီးစကားေျပာရ ခက္တာမ်ဳိး

တျခားသူ ေျပာတာကို ရုတ္တရက္နားမလည္ေတာ့တာမ်ဳိး

လမ္းေလွ်ာက္ရ ခက္ေနတာမ်ဳိး

ရုတ္တရက္ ေခါင္းမႈးလာၿပီးအာရုံ မစိုိက္ႏိုင္ေတာ့တာမ်ဳိး

ကိိစၥ ေထြေထြထူးထူး မရွိပဲဲ ရုတ္တရတ္ ေခါင္း အရမ္းကိုိက္လာတာမ်ဳိး

မ်က္လုံးကေန ရုတ္တရက္ မျမင္ရေတာ့တာမ်ဳိး ေတြပဲ ျဖစ္ပါတယ္။

ေလျဖတ္ၿပီးရင္္ ဘာေတြျဖစ္ၿပီးက်န္ခဲ့ႏိုင္လဲ

ေလျဖတ္ၿပီးတဲ့သူဟာ လူအမ်ားက သူ႔ကို.ဂရုစိုက္ေနေပမဲ့သူ႔မွာ စိတ္တိုတာ စိတ္ဓာတ္က်တာမ်ဳိး ျဖစ္ႏိုင္ပါတယ္။

ေလျဖတ္တာဟာ သင့္ဦးေႏွာက္ရဲ႕ စကားေျပာျခင္းနဲ႔ အစာမ်ဳိျခင္းျပဳလုပ္တဲ့ ေနရာေတြကို ထိခိုက္သြားေစႏိုင္ၿပီး..

သင္ဟာ စာဖတ္ျခင္း စာေရးျခင္း လူအမ်ားစကားကို နား မလည္ျခင္းတို႔ိအထိ ျဖစ္ေစႏိုင္ပါတယ္။

ေလျဖတ္ျခင္းေၾကာင့္ သင့္ရဲ႕ ေျခ လက္ေတြ ထုံတာ နာတာမ်ဳိး ျဖစ္ႏိုင္ပါတယ္။

တခ်ဳိ႕ေသာ သူေတြမွာ ေလျဖတ္ျခင္းေၾကာင့္ ကိုယ္တစ္ျခမ္း ဒါမွမဟုတ္ ေျခေထာက္ပိုင္းေတြ လႈပ္မရေတာ့တာမ်ဳိးမ်က္ႏွာ ရြဲ႕ၿပီး က်န္ခဲ့တာမ်ဳိးေတြ ျဖစ္ႏိုင္ပါတယ္။

ေဆာင္းရာသီမွာ ေအးတဲ့အခ်ိန္ ေလျဖတ္တတ္သလား

ေလျဖတ္ျခင္းဟာ – အခ်ိန္မေရြး ရာသီမေရြး ျဖစ္ႏိုင္တဲ့ ေရာဂါတစ္ခုပဲ ျဖစ္ပါတယ္။

ေနာက္ဆုံး ရွာေဖြေတြ႕ရွိခ်က္အရ – ေအးျမတဲ့ရာသီဥတုမွာဆို ေလျဖတ္ဖို႔ ၃၀ % ေလာက္ပိုၿပီး ျဖစ္ႏိုင္ပါတယ္တဲ့။

ဘာေၾကာင့္ဆိုေတာ့ – အပူခ်ိန္ က်သြားတဲ့ အခ်ိန္ေတြမွာဦးေႏွာက္ထဲမွာ ေၾကာက္စရာေကာင္းတဲ့ ေသြးခဲေတြ ျဖစ္ဖို႔ ရာခိုိင္ႏူန္း ျမင့္မားလို႔ပဲ ျဖစ္ပါတယ္။

၄င္းအျပင္္ ေရာဂါပိုး ကူးစက္ျခင္း ေနေရာင္ ရရွိမူနည္း ပါးျခင္း , စိိတ္ ဓာတ္က်ျခင္း အိမ္တြင္းေအာင္းၿပီး ေလ့က်င့္ခန္း နည္းပါးျခင္း …

စသည့္ ေဆာင္းရာသီ ေအးျမတဲ့အခ်ိန္မွာ ျဖစ္တတ္တဲ့ အရာေတြကလည္း ေလျဖတ္ျခင္းကို ပိုၿပီး ျဖစ္ေစပါတယ္။

ကာကြယ္ျခင္း

ေဆာင္းရာသီမွာ ျဖစ္တဲ့ ေလျဖတ္ျခင္း ေတြကို ကာကြယ္္လို႔ ရႏိုင္ပါတယ္ –

ဥပမာ – ေရာဂါ ပိုးေၾကာင့္ ေလျဖတ္ျခင္းနည္းေစဖို႔အတြက္္ေဆာင္းရာသီမွာ …

တစ္ကိုယ္ရည္ သန္႔ရွင္းေအာင္ ေနထိုင္နည္း

လက္ေဆးျခင္း ၊ ကာကြယ္ေဆးမ်ားထိုးျခင္းအားျဖင့္ ေလျဖတ္ျခင္းကို နည္း ေစမွာ ျဖစ္ပါတယ္။

အိိမ္တြင္းေအာင္းတာကို ေလ်ာ့ၿပီး ကိုယ္,လက္ လူပ္ရွားမူ ေလ့က်င့္ခဏ္းမ်ား ျပဳလုပ္ျခင္းအားျဖင့္ …

ေသြးတိုးတာကို ေလ်ာ့နည္းေစျခင္း

ကိုလက္စထေရာ ဓာတ္ကို ေလ်ာ့ေနေစျခင္း အ ဝ လြန္မူကို ကာကြယ္ႏိုင္ၿပီး ေလျဖတ္ျခင္းကို တားဆီးႏိုင္မွာပဲ ျဖစ္ပါတယ္။

ေနေရာင္ျခည္

ေနေရာင္ဟာ လူေတြအတြက္ အသုံးဝင္တဲ့ ဗီတာမင္D ထုတ္လုပ္မူကို ျဖစ္ေစပါတယ္္

ေနေရာင္ကို မျမင္ရတာဟာ လူရဲ႕ စိတ္ ဓာတ္ကိုက်ျခင္း ကိုျဖစ္ေစႏိုိင္တဲ့အတြက္ ေအးျမတဲ့ ေဆာင္းရာသီလိုမ်ဳိးမွာ.

ေနေရာင္္ ရႏိုင္တဲ့ေဒသေတြကို ခရီးထြက္ျခင္းမ်ဳိး ျပဳလုပ္ေပးသင့္ၿပီး ေလျဖတ္ျခင္း အႏၲရာယ္ကေန ကာကြယ္ႏိုင္မွာပဲဲ ျဖစ္ပါတယ္။

ဒါေပမယ့္ ေလျဖတ္ျခင္းရဲ႕ ေရွ႕ေျပး ေရာဂါလကၡဏာေတြကို ၾကဳံေတြ႕ရၿပီဆိုရင္ေတာ့နီးစပ္ရာ ေဆးရုံ ေဆးခန္းသို႔ သြားျပဖို႔ အၾကံျပဳပါတယ္။

က်န္းမာျခင္းသည္လာဘ္တပါး

နီနီေလး

Unicode

အအေးပိုချိန် သက်ကြီးရွယ်အိုများ လေဖြတ်ခြင်းမှ ကာကွယ်နိုင်ဖို့

ရာသီဥတုအေးရင် လေဖြတ်တတ်လား

ဒေါက်တာ ဟန်

လေဖြတ်တယ်ဆိုတာ ဆေးပညာအရ Stroke ခေါ်ပြီး အရေးပေါ် အခြေအနေတစ်ခုပဲ ဖြစ်ပါတယ်။

သင့်ရဲ့ ဦးနှောက်ကို သွေးစီးဆင်းနေရာကနေ ရုတ်တရတ် ပြတ်တောက်တဲ့ အခြေအနေနဲ့ ကြုံတွေ့ရပြီဆိုရင်လေဖြတ်တယ်လို့ ခေါ်ပါတယ်။

လေဖြတ်တာဟာ စိုးရိမ်ရမယ့် ရောဂါလက္ခဏာတွေကိုဖြစ် ပေါ်စေပြီးတော့အချိန်ကြာကြာမလှုပ်ရှားနိုင်တော့တာမျိုး အပြင်သေဆုံးတဲ့အထိ ဖြစ်စေပါတယ်။

လေဖြတ်တာကို ၃ မျိုး ခွဲခြားနိုင်ပါတယ်

၁ – ဦးနှောက်ကို သွေးလှည်ပတ်မူ ယာယီမရောက်တော့လို့လေဖြတ်ခြင်း။

၂ – သွေးခဲ တစ်ခုခုက ဦးနှောက်ကို သွေးစီးဆင်းမူလမ်း ကြောင်းမှာ ပိတ်ပြီး လေဖြတ်ခြင်း။

၃ – ဦးနှောက်ထဲက သွေးကြောတစ်ခုခုပေါက်ပြီး လေဖြတ် ခြင်းတို့ပဲ ဖြစ်ပါတယ်။

လေဖြတ်ခြင်း ရှေ့ပြေးလက္ခဏာများ

သင ပြုံးလိုက်တဲ့အချိန်မှာမျက်နှာတစ်ဖက်က ရွဲ့သွားတာမျိုး

သင့်် လက်နှစ်ဖက်လုံး ပြိုင်တူ မ လိုက်ချိန်မှာ လက်တစ်ဖက်က ကျန်ခဲ့ဲတာမျိုး

သင်စကားပြောတာ ရုတ်တရက် ဝါးသွားပြီးစကားပြောရ ခက်တာမျိုး

တခြားသူ ပြောတာကို ရုတ်တရက်နားမလည်တော့တာမျိုး

လမ်းလျှောက်ရ ခက်နေတာမျိုး

ရုတ်တရက် ခေါင်းမှုးလာပြီးအာရုံ မစိုက်နိုင်တော့တာမျိုး

ကိစ္စ ထွေထွေထူးထူး မရှိပဲ ရုတ်တရတ် ခေါင်း အရမ်းကိုက်လာတာမျိုး

မျက်လုံးကနေ ရုတ်တရက် မမြင်ရတော့တာမျိုး တွေပဲ ဖြစ်ပါတယ်။

လေဖြတ်ပြီးရင် ဘာတွေဖြစ်ပြီးကျန်ခဲ့နိုင်လဲ

လေဖြတ်ပြီးတဲ့သူဟာ လူအများက သူ့ကို.ဂရုစိုက်နေပေမဲ့သူ့မှာ စိတ်တိုတာ စိတ်ဓာတ်ကျတာမျိုး ဖြစ်နိုင်ပါတယ်။

လေဖြတ်တာဟာ သင့်ဦးနှောက်ရဲ့ စကားပြောခြင်းနဲ့ အစာမျိုခြင်းပြုလုပ်တဲ့ နေရာတွေကို ထိခိုက်သွားစေနိုင်ပြီး..

သင်ဟာ စာဖတ်ခြင်း စာရေးခြင်း လူအများစကားကို နား မလည်ခြင်းတို့ိအထိ ဖြစ်စေနိုင်ပါတယ်။

လေဖြတ်ခြင်းကြောင့် သင့်ရဲ့ ခြေ လက်တွေ ထုံတာ နာတာမျိုး ဖြစ်နိုင်ပါတယ်။

တချို့သော သူတွေမှာ လေဖြတ်ခြင်းကြောင့် ကိုယ်တစ်ခြမ်း ဒါမှမဟုတ် ခြေထောက်ပိုင်းတွေ လှုပ်မရတော့တာမျိုးမျက်နှာ ရွဲ့ပြီး ကျန်ခဲ့တာမျိုးတွေ ဖြစ်နိုင်ပါတယ်။

ဆောင်းရာသီမှာ အေးတဲ့အချိန် လေဖြတ်တတ်သလား

လေဖြတ်ခြင်းဟာ – အချိန်မရွေး ရာသီမရွေး ဖြစ်နိုင်တဲ့ ရောဂါတစ်ခုပဲ ဖြစ်ပါတယ်။

နောက်ဆုံး ရှာဖွေတွေ့ရှိချက်အရ – အေးမြတဲ့ရာသီဥတုမှာဆို လေဖြတ်ဖို့ ၃၀ % လောက်ပိုပြီး ဖြစ်နိုင်ပါတယ်တဲ့။

ဘာကြောင့်ဆိုတော့ – အပူချိန် ကျသွားတဲ့ အချိန်တွေမှာဦးနှောက်ထဲမှာ ကြောက်စရာကောင်းတဲ့ သွေးခဲတွေ ဖြစ်ဖို့ ရာခိုင်နူန်း မြင့်မားလို့ပဲ ဖြစ်ပါတယ်။

၎င်းအပြင် ရောဂါပိုး ကူးစက်ခြင်း နေရောင် ရရှိမူနည်း ပါးခြင်း , စိတ် ဓာတ်ကျခြင်း အိမ်တွင်းအောင်းပြီး လေ့ကျင့်ခန်း နည်းပါးခြင်း …

စသည့် ဆောင်းရာသီ အေးမြတဲ့အချိန်မှာ ဖြစ်တတ်တဲ့ အရာတွေကလည်း လေဖြတ်ခြင်းကို ပိုပြီး ဖြစ်စေပါတယ်။

ကာကွယ်ခြင်း

ဆောင်းရာသီမှာ ဖြစ်တဲ့ လေဖြတ်ခြင်း တွေကို ကာကွယ်လို့ ရနိုင်ပါတယ် –

ဥပမာ – ရောဂါ ပိုးကြောင့် လေဖြတ်ခြင်းနည်းစေဖို့အတွက်ဆောင်းရာသီမှာ …

တစ်ကိုယ်ရည် သန့်ရှင်းအောင် နေထိုင်နည်း

လက်ဆေးခြင်း ၊ ကာကွယ်ဆေးများထိုးခြင်းအားဖြင့် လေဖြတ်ခြင်းကို နည်း စေမှာ ဖြစ်ပါတယ်။

အိမ်တွင်းအောင်းတာကို လျော့ပြီး ကိုယ်,လက် လူပ်ရှားမူ လေ့ကျင့်ခဏ်းများ ပြုလုပ်ခြင်းအားဖြင့် …

သွေးတိုးတာကို လျော့နည်းစေခြင်း

ကိုလက်စထရော ဓာတ်ကို လျော့နေစေခြင်း အ ဝ လွန်မူကို ကာကွယ်နိုင်ပြီး လေဖြတ်ခြင်းကို တားဆီးနိုင်မှာပဲ ဖြစ်ပါတယ်။

နေရောင်ခြည်

နေရောင်ဟာ လူတွေအတွက် အသုံးဝင်တဲ့ ဗီတာမင်D ထုတ်လုပ်မူကို ဖြစ်စေပါတယ်

နေရောင်ကို မမြင်ရတာဟာ လူရဲ့ စိတ် ဓာတ်ကိုကျခြင်း ကိုဖြစ်စေနိုင်တဲ့အတွက် အေးမြတဲ့ ဆောင်းရာသီလိုမျိုးမှာ.

နေရောင် ရနိုင်တဲ့ဒေသတွေကို ခရီးထွက်ခြင်းမျိုး ပြုလုပ်ပေးသင့်ပြီး လေဖြတ်ခြင်း အန္တရာယ်ကနေ ကာကွယ်နိုင်မှာပဲ ဖြစ်ပါတယ်။

ဒါပေမယ့် လေဖြတ်ခြင်းရဲ့ ရှေ့ပြေး ရောဂါလက္ခဏာတွေကို ကြုံတွေ့ရပြီဆိုရင်တော့နီးစပ်ရာ ဆေးရုံ ဆေးခန်းသို့ သွားပြဖို့ အကြံပြုပါတယ်။

ကျန်းမာခြင်းသည်လာဘ်တပါး

နီနီလေး

Be the first to comment

Leave a Reply

Your email address will not be published.


*