ရန္ကုန္ေလထု အနီေရာင္အဆင့္ရွိေန၍ ႏွာေခါင္းစည္းမ်ား အသုံးျပဳရန္ ေလထုေစာင့္ၾကည့္ေရးအဖြဲ႕ မွႏွိုးေဆာ္

ရန္ကုန္ေလထု အနီေရာင္အဆင့္ရွိေန၍ ႏွာေခါင္းစည္းမ်ား အသုံးျပဳရန္ ေလထုေစာင့္ၾကည့္ေရးအဖြဲ႕ မွႏွိုးေဆာ္

ရန္ကုန္ေလထု အနီေရာင္အဆင့္ရွိေန၍ ႏွာေခါင္းစည္းမ်ား အသုံးျပဳရန္ ေလထုေစာင့္ၾကည့္ေရးအဖြဲ႕ မွႏွိုးေဆာ္

ရန္ကုန္ၿမိဳ႕၏ ေလထု အေျခအေနသည္ က်န္းမာေရး ထိခိုက္ေစသည့္ အနီေရာင္အ ဆင့္သို႔ ေရာက္ရွိေနသျဖင့္ ေလ ထုညစ္ညမ္းမႈ ကာကြယ္သည့္ ႏွာ ေခါင္းစည္းမ်ားအသုံးျပဳသြားလာ ရန္ Air Quality Yangon က ႏွိုးေဆာ္သည္

ရန္ကုန္ၿမိဳ႕ ေလထုအေၿခ အေနကို ေန႔စဥ္ေဖာ္ျပေနသည့္ Air Quality Yangon ၏ တိုင္းတာ ခ်က္အရ ေလထုအေျခအေန သည္ AQI အဆင့္ (၁၆၇) တြင္ ရွိေနၿပီး Air Visual ဝက္ဘ္ဆိုက္ တြင္ (၁၉၇) ရွိေနသည္ဟု ေဖာ္ၿပ ထားသည္။

ေလထုအရည္အေသြးညႊန္း ကိန္း (AQI) အဆင့္သတ္မွတ္ရာ တြင္ ရလဒ္ ဝ-၅၀ အထိ ေကာင္း မြန္သည့္အေျခအေန (အစိမ္း ေရာင္)၊ ၅၁-၁၀၀ အလယ္အ လတ္အဆင့္ (အဝါေရာင္)၊ ၁၀၁-၁၅၀ ထိလြယ္ရွလြယ္သည့္ ပုဂၢိဳလ္မ်ားတြင္ သတိထားရမည့္ အေျခအေန (လိေမၼာ္ေရာင္)၊ ၁၅၁-၂၀၀ က်န္းမာေရးႏွင့္မညီ ညြတ္သည့္အေျခအေန (အနီ ေရာင္)၊ ၂၀၁-၃၀၀ အလြန္ဆိုး ရြားသည့္အေျခအေန (ခရမ္း ေရာင္)၊ ၃၀၁-၅၀၀ အႏၲရာယ္ မ်ားသည့္အဆင့္ (အနီရင့္ေရာင္) ဟူ၍ အဆင့္ေျခာက္ဆင့္ သတ္မွတ္ထားသည္။

Air Quality Yangon အဖြဲ႕ ၏ တိုင္းတာမႈအရ ရန္ကုန္ေလ ထုအေျခအေနသည္ နံနက္တြင္ အနီေရာင္အဆင့္၌ အျမဲရွိေနၿပီး ညေနတြင္ လိေမၼာ္ေရာင္အဆင့္ရွိ သည္ဟု ယင္းအဖြဲ႕ဝင္ မသင္း ရတီဆုက ေျပာသည္။

တိုင္းတာခ်က္မ်ားအရ ရန္ ကုန္ေလထုသည္ မိုးရာသီတြင္ ေကာင္းမြန္ေသာ္လည္း ေဆာင္း ရာသီေနာက္ပိုင္းတြင္ ေလထုညစ္ ညမ္းမႈ အမ်ားဆုံးျဖစ္ၿပီး အဓိက အမွိုက္မီးရွို႔ျခင္းႏွင့္ဆက္စပ္ေန သည္ဟု ၎ကဆိုသည္။

ညစ္ညမ္းေသာ ေလထုကို ၾကာရွည္ရႉရွိုက္ရပါက အသက္ ရႉလမ္းေၾကာင္းဆိုင္ရာ ေရာဂါ မ်ား ပိုမိုျဖစ္ပြားလာၿပီး က်န္းမာ ေရးထိခိုက္နိုင္ကာ အထူးသျဖင့္ ႏုနယ္သည့္ ကေလးငယ္မ်ားတြင္ အသက္ရႉလမ္းေၾကာင္းႏွင့္ဆိုင္ သည့္ေရာဂါမ်ား ပိုမိုျဖစ္ပြားလြယ္ သကဲသို႔ လူႀကီးမ်ား၌ ေခ်ာင္းဆိုး ျခင္း၊ အာသီးေရာင္ျခင္း၊ အသက္ ရႉလမ္းေၾကာင္းႏွင့္ ႏွလုံးေရာဂါ မ်ား ျဖစ္ပြားေစနိုင္ၿပီး အသက္ႀကီးသူမ်ားတြင္ ေလျဖန္းျခင္း၊ အဆုတ္ကင္ဆာေရာဂါတို႔ ခံစားရနိုင္သည္ဟု က်န္းမာေရးဆိုင္ရာ သုေတသန စာတမ္းမ်ား၌ ေဖာ္ျပသည္။

ခရက္ဒစ္ 7day

Unicode

ရန်ကုန်လေထု အနီရောင်အဆင့်ရှိနေ၍ နှာခေါင်းစည်းများ အသုံးပြုရန် လေထုစောင့်ကြည့်ရေးအဖွဲ့ မှနှိုးဆော်

ရန်ကုန်မြို့၏ လေထု အခြေအနေသည် ကျန်းမာရေး ထိခိုက်စေသည့် အနီရောင်အ ဆင့်သို့ ရောက်ရှိနေသဖြင့် လေ ထုညစ်ညမ်းမှု ကာကွယ်သည့် နှာ ခေါင်းစည်းများအသုံးပြုသွားလာ ရန် Air Quality Yangon က နှိုးဆော်သည်

ရန်ကုန်မြို့ လေထုအခြေ အနေကို နေ့စဉ်ဖော်ပြနေသည့် Air Quality Yangon ၏ တိုင်းတာ ချက်အရ လေထုအခြေအနေ သည် AQI အဆင့် (၁၆၇) တွင် ရှိနေပြီး Air Visual ဝက်ဘ်ဆိုက် တွင် (၁၉၇) ရှိနေသည်ဟု ဖော်ပြ ထားသည်။

လေထုအရည်အသွေးညွှန်း ကိန်း (AQI) အဆင့်သတ်မှတ်ရာ တွင် ရလဒ် ဝ-၅၀ အထိ ကောင်း မွန်သည့်အခြေအနေ (အစိမ်း ရောင်)၊ ၅၁-၁၀၀ အလယ်အ လတ်အဆင့် (အဝါရောင်)၊ ၁၀၁-၁၅၀ ထိလွယ်ရှလွယ်သည့် ပုဂ္ဂိုလ်များတွင် သတိထားရမည့် အခြေအနေ (လိမ္မော်ရောင်)၊ ၁၅၁-၂၀၀ ကျန်းမာရေးနှင့်မညီ ညွတ်သည့်အခြေအနေ (အနီ ရောင်)၊ ၂၀၁-၃၀၀ အလွန်ဆိုး ရွားသည့်အခြေအနေ (ခရမ်း ရောင်)၊ ၃၀၁-၅၀၀ အန္တရာယ် များသည့်အဆင့် (အနီရင့်ရောင်) ဟူ၍ အဆင့်ခြောက်ဆင့် သတ်မှတ်ထားသည်။

Air Quality Yangon အဖွဲ့ ၏ တိုင်းတာမှုအရ ရန်ကုန်လေ ထုအခြေအနေသည် နံနက်တွင် အနီရောင်အဆင့်၌ အမြဲရှိနေပြီး ညနေတွင် လိမ္မော်ရောင်အဆင့်ရှိ သည်ဟု ယင်းအဖွဲ့ဝင် မသင်း ရတီဆုက ပြောသည်။

တိုင်းတာချက်များအရ ရန် ကုန်လေထုသည် မိုးရာသီတွင် ကောင်းမွန်သော်လည်း ဆောင်း ရာသီနောက်ပိုင်းတွင် လေထုညစ် ညမ်းမှု အများဆုံးဖြစ်ပြီး အဓိက အမှိုက်မီးရှို့ခြင်းနှင့်ဆက်စပ်နေ သည်ဟု ၎င်းကဆိုသည်။

ညစ်ညမ်းသော လေထုကို ကြာရှည်ရှူရှိုက်ရပါက အသက် ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ များ ပိုမိုဖြစ်ပွားလာပြီး ကျန်းမာ ရေးထိခိုက်နိုင်ကာ အထူးသဖြင့် နုနယ်သည့် ကလေးငယ်များတွင် အသက်ရှူလမ်းကြောင်းနှင့်ဆိုင် သည့်ရောဂါများ ပိုမိုဖြစ်ပွားလွယ် သကဲသို့ လူကြီးများ၌ ချောင်းဆိုး ခြင်း၊ အာသီးရောင်ခြင်း၊ အသက် ရှူလမ်းကြောင်းနှင့် နှလုံးရောဂါ များ ဖြစ်ပွားစေနိုင်ပြီး အသက်ကြီးသူများတွင် လေဖြန်းခြင်း၊ အဆုတ်ကင်ဆာရောဂါတို့ ခံစားရနိုင်သည်ဟု ကျန်းမာရေးဆိုင်ရာ သုတေသန စာတမ်းများ၌ ဖော်ပြသည်။

ခရက်ဒစ် 7day

Be the first to comment

Leave a Reply

Your email address will not be published.


*