” ကင္ဆာသမားေတြ ထီေပါက္သထက္ ဝမ္းသာဖို့ေကာင္းတဲ့ သတင္းကို သိပၸံပညာရွင္မ်ားဖြင့္ဟလိုက္ၿပီ ”

” ကင္ဆာသမားေတြ ထီေပါက္သထက္ ဝမ္းသာဖို့ေကာင္းတဲ့ သတင္းကို သိပၸံပညာရွင္မ်ားဖြင့္ဟလိုက္ၿပီ ”
” ကင္ဆာသမားေတြ ထီေပါက္သထက္ ဝမ္းသာဖို့ေကာင္းတဲ့ သတင္းကို သိပၸံပညာရွင္မ်ားဖြင့္ဟလိုက္ၿပီ ”

” ကင္ဆာသမားေတြ ထီေပါက္သထက္ ဝမ္းသာဖို့ေကာင္းတဲ့ သတင္းကို သိပၸံပညာရွင္မ်ားဖြင့္ဟလိုက္ၿပီ ”

ကင္ဆာေရာဂါပဲုျဖစ္ျဖစ္ ဘယ္လို ေရာဂါပဲျဖစ္ျဖစ္ လူတိုင္း ေၾကာက္ၾကမွာပါ။ ဒါေပမယ့္ ေဆးဘက္ဆိုင္ရာ နည္းပညာေတြ ျမင့္မားလာတဲ့အခါမွာေတာ့ ေရာဂါေတြက ကုသလို့မရဘူးဆိုတာ မရွိသေလာက္ျဖစ္လာခဲ့ပါတယ္။

ကင္ဆာလိုေရာဂါမ်ိဳးဆိုရင္ ႀကိဳသိေလ ကုသနိုင္မယ့္နည္းလမ္းက လြယ္ကူေလပါ။

ဒါေပမယ့္ ႁခြင္းခ်က္ေတြကေတာ့ အမ်ားႀကီးရွိပါတယ္။ အထူးသျဖင့္ ေငြေရးေၾကးေရးေပါ့။

တစ္ခ်ိဳ့ဆိုရင္ ေငြရွိေပမယ့္ ရွိသမၽွေငြ ကုန္သည္အထိ ေရာဂါလည္းမေပ်ာက္ဘဲ ေငြကုန္သံျပာျဖစ္ရပါတယ္။ အခု သိပၸံပညာရွင္ေတြကေတာ့ ကင္ဆာသမားေတြအတြက္ ထီေပါက္သထက္ ဝမ္းသာဖို့ေကာင္းတဲ့သတင္းကို ေဝမၽွလိုက္ပါတယ္။

အဲဒါကေတာ့ ကင္ဆာဆဲလ္ေတြ အကုန္လုံးနီးပါး တိုက္ခိုက္နိုင္တဲ့ ခုခံစြမ္းအားျမင့္မားတဲ့ဆဲလ္တစ္မ်ိဳးကို ရွာေတြ႕ခဲ့တာ ျဖစ္ပါတယ္။

အခုေတြ႕ရွိတဲ့ Killer immune cell အသစ္ကို က်ယ္ျပန႔္တဲ့ ကင္ဆာေရာဂါကုထုံးအမ်ိဳးမ်ိဳးမွာ စတင္အသုံးျပဳဖို့ ျပင္ေနၿပီလို့ သတင္းေတြအရ သိရပါတယ္။

အခုေတြ႕ရွိတဲ့ဆဲလ္ဟာ T-cell အမ်ိဳးအစားျဖစ္ၿပီး၊ လူေတြရဲဲ့ေသြးထဲမွာ ေတြ႕ရနိုင္တဲ့ ဆဲလ္တစ္မ်ိဳးပါ။

အဲဒီ T-cell ဟာ ကင္ဆာေရာဂါေတြ အမ်ားစုကို တိုက္ဖ်က္နိုင္စြမ္းရွိၿပီး၊ ထူးျခားတာက က်န္းမာေနတဲ့ ဆဲလ္ေတြကိုေတာ့ ဒီT-cell က ဘာမွ ဒုကၡမေပးတာပါဘဲ။

Cardiff University မွ သိပၸံပညာရွင္ေတြက ဒီဆဲလ္ဟာ ကင္ဆာအားလုံးအတြက္ “One size fits all”(အေျခအေန အားလုံးနဲ႔ သင့္ေတာ္တဲ့ကုထုံး)လို့ေတာင္ တင္စားထားပါတယ္။

အခုေတြ႕ရွိခဲ့တဲ့ T-cell ကို လူနာဆီကေန ရယူၿပီး၊ ျပဳျပင္မြမ္းမံမွုေတြ ျပဳလုပ္ကာ လူနာရဲ့ေသြးစနစ္ထဲကို ျပန္ထည့္သြင္းတဲ့နည္းနဲ႔ ကင္ဆာေတြကို ကုသမွာပါ။

အဲဒီလို ျပန္ၿပီးထည့္လိုက္တာနဲ႔ T-cell ေတြဟာ သူတို့ တိုက္ခိုက္ရမယ့္ ကင္ဆာဆဲလ္ေတြကို အျမန္ရွာေဖြမွာျဖစ္ပါတယ္။

ဒါဟာ ကင္ဆာေရာဂါကုထုံးရဲ့ ေနာက္ဆုံး စံနမူနာ ျပဳစရာ ျဖစ္လာမွာပါ။ အခုအသုံးတြင္က်ယ္ေနတဲ့ ကုထုံးကေတာ့ CAR-T ကုထုံးျဖစ္ၿပီး၊ ကင္ဆာကို အကန႔္အသတ္နဲ႔သာ ကုသနိုင္ပါတယ္။

CAR-T ကုထုံးဟာ Solid tumour ကဲ့သို့ေသာ ကင္ဆာေတြကိုေတာ့ ေအာင္ျမင္ေအာင္ မကုသနိုင္ေသးပါဘူး။

Cardiff University ရွိ School of Medicine ရဲ့ သုေတသနေခါင္းေဆာင္ ပါေမာကၡ Andrew Sewell က ဒီေတြ႕ရွိမွုဟာ အလြန္ထူးျခားတယ္လို့ မွတ္ခ်က္ေပးခဲ့ပါတယ္။

Credit # (D Nae Khit)

Unicode

” ကင်ဆာသမားတွေ ထီပေါက်သထက် ဝမ်းသာဖို့ကောင်းတဲ့ သတင်းကို သိပ္ပံပညာရှင်များဖွင့်ဟလိုက်ပြီ ”

ကင်ဆာရောဂါပဲုဖြစ်ဖြစ် ဘယ်လို ရောဂါပဲဖြစ်ဖြစ် လူတိုင်း ကြောက်ကြမှာပါ။ ဒါပေမယ့် ဆေးဘက်ဆိုင်ရာ နည်းပညာတွေ မြင့်မားလာတဲ့အခါမှာတော့ ရောဂါတွေက ကုသလို့မရဘူးဆိုတာ မရှိသလောက်ဖြစ်လာခဲ့ပါတယ်။

ကင်ဆာလိုရောဂါမျိုးဆိုရင် ကြိုသိလေ ကုသနိုင်မယ့်နည်းလမ်းက လွယ်ကူလေပါ။

ဒါပေမယ့် ခြွင်းချက်တွေကတော့ အများကြီးရှိပါတယ်။ အထူးသဖြင့် ငွေရေးကြေးရေးပေါ့။

တစ်ချို့ဆိုရင် ငွေရှိပေမယ့် ရှိသမျှငွေ ကုန်သည်အထိ ရောဂါလည်းမပျောက်ဘဲ ငွေကုန်သံပြာဖြစ်ရပါတယ်။ အခု သိပ္ပံပညာရှင်တွေကတော့ ကင်ဆာသမားတွေအတွက် ထီပေါက်သထက် ဝမ်းသာဖို့ကောင်းတဲ့သတင်းကို ဝေမျှလိုက်ပါတယ်။

အဲဒါကတော့ ကင်ဆာဆဲလ်တွေ အကုန်လုံးနီးပါး တိုက်ခိုက်နိုင်တဲ့ ခုခံစွမ်းအားမြင့်မားတဲ့ဆဲလ်တစ်မျိုးကို ရှာတွေ့ခဲ့တာ ဖြစ်ပါတယ်။

အခုတွေ့ရှိတဲ့ Killer immune cell အသစ်ကို ကျယ်ပြန့်တဲ့ ကင်ဆာရောဂါကုထုံးအမျိုးမျိုးမှာ စတင်အသုံးပြုဖို့ ပြင်နေပြီလို့ သတင်းတွေအရ သိရပါတယ်။

အခုတွေ့ရှိတဲ့ဆဲလ်ဟာ T-cell အမျိုးအစားဖြစ်ပြီး၊ လူတွေရဲ့သွေးထဲမှာ တွေ့ရနိုင်တဲ့ ဆဲလ်တစ်မျိုးပါ။

အဲဒီ T-cell ဟာ ကင်ဆာရောဂါတွေ အများစုကို တိုက်ဖျက်နိုင်စွမ်းရှိပြီး၊ ထူးခြားတာက ကျန်းမာနေတဲ့ ဆဲလ်တွေကိုတော့ ဒီT-cell က ဘာမှ ဒုက္ခမပေးတာပါဘဲ။

Cardiff University မှ သိပ္ပံပညာရှင်တွေက ဒီဆဲလ်ဟာ ကင်ဆာအားလုံးအတွက် “One size fits all”(အခြေအနေ အားလုံးနဲ့ သင့်တော်တဲ့ကုထုံး)လို့တောင် တင်စားထားပါတယ်။

အခုတွေ့ရှိခဲ့တဲ့ T-cell ကို လူနာဆီကနေ ရယူပြီး၊ ပြုပြင်မွမ်းမံမှုတွေ ပြုလုပ်ကာ လူနာရဲ့သွေးစနစ်ထဲကို ပြန်ထည့်သွင်းတဲ့နည်းနဲ့ ကင်ဆာတွေကို ကုသမှာပါ။

အဲဒီလို ပြန်ပြီးထည့်လိုက်တာနဲ့ T-cell တွေဟာ သူတို့ တိုက်ခိုက်ရမယ့် ကင်ဆာဆဲလ်တွေကို အမြန်ရှာဖွေမှာဖြစ်ပါတယ်။

ဒါဟာ ကင်ဆာရောဂါကုထုံးရဲ့ နောက်ဆုံး စံနမူနာ ပြုစရာ ဖြစ်လာမှာပါ။ အခုအသုံးတွင်ကျယ်နေတဲ့ ကုထုံးကတော့ CAR-T ကုထုံးဖြစ်ပြီး၊ ကင်ဆာကို အကန့်အသတ်နဲ့သာ ကုသနိုင်ပါတယ်။

CAR-T ကုထုံးဟာ Solid tumour ကဲ့သို့သော ကင်ဆာတွေကိုတော့ အောင်မြင်အောင် မကုသနိုင်သေးပါဘူး။

Cardiff University ရှိ School of Medicine ရဲ့ သုတေသနခေါင်းဆောင် ပါမောက္ခ Andrew Sewell က ဒီတွေ့ရှိမှုဟာ အလွန်ထူးခြားတယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။

Credit # (D Nae Khit)

Be the first to comment

Leave a Reply

Your email address will not be published.


*