တစ္္မိနစ္္မွာ စကၠန္္႔၆၀ ဘာလို႔ရွိိေနတာလဲ ေမးလာရင္္ ေျဖတတ္္ဖို႔
၁ မိိနစ္မွာ ဘာျဖစ္လို႔ စကၠန္႔္ ၆၀ ရွိသလဲ??
ငယ္ငယ္ကတည္းက သိိလာတဲ့အသိိတစ္ခုက စကၠန႔္ (၆၀) ဟာ ၁ မိနစ္္ ျဖစ္ၿပီး၊ မိနစ္ (၆၀) ဟာ ၁ နာရီျဖစ္ပါတယ္။ ဘာ့ေၾကာင့္ ၆၀ ျဖစ္သလဲ..? ဘာ့ေၾကာင့္ ၁၀၀ မျဖစ္တာလဲ..? စသည္ျဖင့္ စဥ္းစားၾကည့္ဖူးၾကမည္ ထင္ပါတယ္။ စဥ္းစားတတ္တဲ့ေက်ာင္းသားကေမးတဲ့အခါ.. ဆရာတို႔ ဘယ္လိုေျဖၾကမလဲ..?
အခုလို (၆၀)ကိုိ အေျခထားၿပီး တြက္တဲ့စနစ္ဟာ ခရစ္ေတာ္မေပၚမီ ၃၅၀၀ ခုႏွစ္ (BC 3500) ကတည္းက ဆူမားရီးယမ္းလူမ်ိဳးေတြ စတင္အသုံးျပဳခဲ့တဲ့ စနစ္ျဖစ္ပါတယ္။ စက္ဝိုင္းတို႔ ႀတိဂံတို႔ဟာ (၆၀) နဲ႔ တြက္လို႔ရေသာ ပုံစံမ်ားျဖစ္ပါတယ္။
ဒီစနစ္ကို ေဘဘီိလိုနီယန္း (ေဘဘီလုံ)ေတြက ဆက္လက္ က်င့္သုံးခဲ့ၿပီး သခၤ်ာပညာ နဲ႔ နကၡတၱေဗဒ ပညာရပ္မ်ားမွာ အသုံးခ်ခဲ့ၾကပါတယ္။ (၆၀) ကို အေျခယူတဲ့ နည္းစနစ္ကို စက္စီဂ်က္စီမယ္ (sexagesimal) လို႔ေခၚပါတယ္။ (ပုံ)
ေရွးအခါက ေန႔ ႏွင့္ ည အခ်ိိန္မ်ားကို ေန နာရီ၊ ၾကယ္တာရာ မ်ားကိုၾကည့္ၿပီး တြက္ခဲ့ၾကတာျဖစ္ပါတယ္။ ေန႔ ႏွင့္ည ကို ၂၄ နာရီအျဖစ္ စတင္သတ္မွတ္တာကေတာ့ ေရွး အီဂ်စ္မ်ား ျဖစ္ပါတယ္။
ေနနာရီိရဲ့ အရိပ္ကိုၾကည့္ၿပီး ေန႔(၁၀)နာရီ အျဖစ္သတ္မွတ္ကာ မိုးေသာက္ခ်ိန္ ၁ နာရီ၊ ညေန ၁ နာရီ ေရွ႕ေနာက္ထည့္ေပါင္းပါတယ္။ ညကေတာ့ ၾကယ္တာရာေတြကို ၾကည့္ၿပီး ၁၂နာရီအျဖစ္ သတ္မွတ္ပါတယ္။ စုစုေပါင္း ၂၄ နာရီပါ။ sexagesimal (၆)နဲ႔စားလို႔ ျပတ္တဲ့ ဂဏန္းေတြပါပဲ။
စကၠန႔္ (၆၀)ကိုိ၁မိနစ္လို႔စၿပီးသတ္မွတ္ေခၚဆိုခဲ့တာကေတာ့ ဂရိ နကၡတ္ပညာရွင္ Hipparchus ျဖစ္ပါတယ္။ ၁နာရီကို sexagesimal သခၤ်ာနည္းနဲ႔ ၆၀ပိုင္းလိုက္တာကို “Prime Minute” ပထမပိုင္းေသးလို႔ သတ္မွတ္ပါတယ္။ အဲ့ဒီ့ေသးငယ္ျခင္း Minute (မိုင္န်ဳ)ကေန မိနစ္ျဖစ္လာပါတယ္။
Prime Minute ကိုိေနာက္ထပ္(၆၀)နဲ႔ ဆက္ပိုင္းတဲ့အခါ “Second minute” လို႔ေခၚတဲ့ ဒုတိိယအပိုင္း (ေသးငယ္ျခင္း)ကို ရပါတယ္။ အဲ့ဒီ့ဒုတိယ Secondကေန စကၠနဲ႕ျဖစ္လာတာျဖစ္ပါတယ္။ (Third Minuteနဲ႔ Fourth Minuteတို႔လည္း ရွိပါေသးတယ္။)
က်ေနာ္တို႔သုံးေနတဲ့နာရီကိုေတာ့ ၁၆၅၆ မွာ ဒတ္ခ္်္လူမ်ိဳး အာကာသပညာရွင္ ခရစ္ရွန္ ဟူဂ်င္း (Christiaan Huygens) က စတီထြင္အသုံးျပဳခဲ့တာပါ။ ဒါေပမယ့္ သူသုံးခဲ့တာ ခ်ိန္သီးပါတဲ့နာရီမ်ိဳး (Pendulum clock)ျဖစ္ပါတယ္။
ေနာက္ပိုင္းမွာေတာ့ သူ႔ရဲ့နာရီပုံစံဒီဇိုင္းကိုပဲ တကမၻာလုံး ပုံစံအမ်ိဳးမ်ိဳးျဖင့္ တြင္တြင္က်ယ္က်ယ္ အသုံးျပဳလာခဲ့ၾကတာပဲျဖစ္ပါေတာ့တယ္…။
သန႔္ဦး (အာကာသႏွင့္္ စၾကဝဠာ သင္ေထာက္ကူ)
Unicode
တစ်မိနစ်မှာ စက္ကန့််၆၀ ဘာလို့ရှိနေတာလဲ မေးလာရင် ဖြေတတ်ဖို့
၁ မိနစ်မှာ ဘာဖြစ်လို့ စက္ကန့် ၆၀ ရှိသလဲ??
ငယ်ငယ်ကတည်းက သိလာတဲ့အသိတစ်ခုက စက္ကန့် (၆၀) ဟာ ၁ မိနစ် ဖြစ်ပြီး၊ မိနစ် (၆၀) ဟာ ၁ နာရီဖြစ်ပါတယ်။ ဘာ့ကြောင့် ၆၀ ဖြစ်သလဲ..? ဘာ့ကြောင့် ၁၀၀ မဖြစ်တာလဲ..? စသည်ဖြင့် စဉ်းစားကြည့်ဖူးကြမည် ထင်ပါတယ်။ စဉ်းစားတတ်တဲ့ကျောင်းသားကမေးတဲ့အခါ.. ဆရာတို့ ဘယ်လိုဖြေကြမလဲ..?
အခုလို (၆၀)ကို အခြေထားပြီး တွက်တဲ့စနစ်ဟာ ခရစ်တော်မပေါ်မီ ၃၅၀၀ ခုနှစ် (BC 3500) ကတည်းက ဆူမားရီးယမ်းလူမျိုးတွေ စတင်အသုံးပြုခဲ့တဲ့ စနစ်ဖြစ်ပါတယ်။ စက်ဝိုင်းတို့ တြိဂံတို့ဟာ (၆၀) နဲ့ တွက်လို့ရသော ပုံစံများဖြစ်ပါတယ်။
ဒီစနစ်ကို ဘေဘီလိုနီယန်း (ဘေဘီလုံ)တွေက ဆက်လက် ကျင့်သုံးခဲ့ပြီး သင်္ချာပညာ နဲ့ နက္ခတ္တဗေဒ ပညာရပ်များမှာ အသုံးချခဲ့ကြပါတယ်။ (၆၀) ကို အခြေယူတဲ့ နည်းစနစ်ကို စက်စီဂျက်စီမယ် (sexagesimal) လို့ခေါ်ပါတယ်။ (ပုံ)
ရှေးအခါက နေ့ နှင့် ည အချိန်များကို နေ နာရီ၊ ကြယ်တာရာ များကိုကြည့်ပြီး တွက်ခဲ့ကြတာဖြစ်ပါတယ်။ နေ့ နှင့်ည ကို ၂၄ နာရီအဖြစ် စတင်သတ်မှတ်တာကတော့ ရှေး အီဂျစ်များ ဖြစ်ပါတယ်။
နေနာရီရဲ့ အရိပ်ကိုကြည့်ပြီး နေ့(၁၀)နာရီ အဖြစ်သတ်မှတ်ကာ မိုးသောက်ချိန် ၁ နာရီ၊ ညနေ ၁ နာရီ ရှေ့နောက်ထည့်ပေါင်းပါတယ်။ ညကတော့ ကြယ်တာရာတွေကို ကြည့်ပြီး ၁၂နာရီအဖြစ် သတ်မှတ်ပါတယ်။ စုစုပေါင်း ၂၄ နာရီပါ။ sexagesimal (၆)နဲ့စားလို့ ပြတ်တဲ့ ဂဏန်းတွေပါပဲ။
စက္ကန့် (၆၀)ကို၁မိနစ်လို့စပြီးသတ်မှတ်ခေါ်ဆိုခဲ့တာကတော့ ဂရိ နက္ခတ်ပညာရှင် Hipparchus ဖြစ်ပါတယ်။ ၁နာရီကို sexagesimal သင်္ချာနည်းနဲ့ ၆၀ပိုင်းလိုက်တာကို “Prime Minute” ပထမပိုင်းသေးလို့ သတ်မှတ်ပါတယ်။ အဲ့ဒီ့သေးငယ်ခြင်း Minute (မိုင်နျု)ကနေ မိနစ်ဖြစ်လာပါတယ်။
Prime Minute ကိုနောက်ထပ်(၆၀)နဲ့ ဆက်ပိုင်းတဲ့အခါ “Second minute” လို့ခေါ်တဲ့ ဒုတိယအပိုင်း (သေးငယ်ခြင်း)ကို ရပါတယ်။ အဲ့ဒီ့ဒုတိယ Secondကနေ စက္ကနဲ့ဖြစ်လာတာဖြစ်ပါတယ်။ (Third Minuteနဲ့ Fourth Minuteတို့လည်း ရှိပါသေးတယ်။)
ကျနော်တို့သုံးနေတဲ့နာရီကိုတော့ ၁၆၅၆ မှာ ဒတ်ခ်ျ်လူမျိုး အာကာသပညာရှင် ခရစ်ရှန် ဟူဂျင်း (Christiaan Huygens) က စတီထွင်အသုံးပြုခဲ့တာပါ။ ဒါပေမယ့် သူသုံးခဲ့တာ ချိန်သီးပါတဲ့နာရီမျိုး (Pendulum clock)ဖြစ်ပါတယ်။
နောက်ပိုင်းမှာတော့ သူ့ရဲ့နာရီပုံစံဒီဇိုင်းကိုပဲ တကမ္ဘာလုံး ပုံစံအမျိုးမျိုးဖြင့် တွင်တွင်ကျယ်ကျယ် အသုံးပြုလာခဲ့ကြတာပဲဖြစ်ပါတော့တယ်…။
သန့်ဦး (အာကာသနှင့် စကြဝဠာ သင်ထောက်ကူ)
Leave a Reply