ပိုအခ်စ္ခံရဖို႔ နည္းလမ္းေကာင္း (၅)ခု

ပိုအခ်စ္ခံရဖို႔ နည္းလမ္းေကာင္း (၅)ခု

ပိုအခ်စ္ခံရဖို႔ နည္းလမ္းေကာင္း (၅)ခု

ခ်စ္သူရည္းစားကိစၥေတြက ပရိယာယ္ဆန္ပါတယ္။ တစ္ခါတစ္ေလမွာ မိန္းကေလးေတြက သူတို႔ကိုယ္တိုင္ဖြင့္မေျပာပဲနဲ႔ သူတို႔ရဲ႕ခံစားခ်က္ေတြကို သိေနတာမ်ိဳး လိုခ်င္ေမွ်ာ္လင့္တတ္ၾကပါတယ္။ ဒါဆို ကၽြန္ေတာ္တို႔ ဘယ္လိုလုပ္ၾကမလဲ။ ဒီကိစၥအတြက္ နည္လမ္းေကာင္း(၅)ခု ရွိပါတယ္။

၁။ မွတ္စုစာအုပ္အေသးေလးတစ္အုပ္ေဆာင္ထားပါ။ သူမ မျမင္ပါေစနဲ႔။ အခြင့္အေရးရတိုင္းမွာ သူမ ႀကိဳက္တတ္တာေတြ၊ ၀ယ္ခ်င္တာေတြ၊ သြားလည္ခ်င္တယ္လို႔ ေျပာလာတဲ့ေနရာေတြနဲ႔ သူမလုပ္ခ်င္တာေတြ အားလံုးကို ေရးမွတ္ထားပါ။

အထူးအထိမ္းအမွတ္ေန႔ေတြေရာက္တဲ့အခါ ဒါမွမဟုတ္ တတ္ႏိုင္တဲ့အခါမ်ိဳးမွာ သူမ လိုခ်င္တာကို ၀ယ္ေပးတာ၊ သြားလည္ခ်င္တဲ့ေနရာကို ေခၚသြားတာ စသျဖင့္ လုပ္ေပးလိုက္ပါ။ အဓိကအခ်က္က သူမေျပာၿပီးၿပီးခ်င္း လုပ္ေပးတာမ်ိဳးမဟုတ္ပဲ ရုတ္တရက္ မစဥ္းစားႏိုင္ေလာက္ေအာင္ အခ်ိန္တစ္ခုၾကာၿပီးမွ လုပ္ေပးဖို႔ ျဖစ္ပါတယ္။

ဒီလိုဆိုရင္ သူမကို ဂရုစိုက္တယ္ဆိုတာ သိသြားမွာျဖစ္ၿပီး အေရးႀကီးတာက သူမေျပာသမွ်ကို အေလးအနက္ထားတတ္သူအျဖစ္ ပိုခ်စ္လာမွာျဖစ္ပါတယ္။

၂။ သင့္ခ်စ္သူေကာင္မေလး ဆံပင္ညွပ္ေလ့၊ ျပင္ေလ့ရွိတဲ့ ဆိုင္နဲ႔ ရင္းႏွီးေအာင္လုပ္ပါ။ သူမ ဆံပင္လာညွပ္တိုင္း ဒါမွမဟုတ္ ဆံပင္လာျပင္တိုင္းမွာ သင့္ဆီကို ဖုန္းဆက္အေၾကာင္းၾကားေပးဖို႔ ေတာင္းဆိုပါ။

သင့္ခ်စ္သူ ဆံပင္ညွပ္ထားတာကို ႀကိဳသိထားၿပီး ေတြ႕ျဖစ္ၾကမယ္ဆိုရင္ “ဆံပင္ လုပ္ထားတာလား၊ နည္းနည္းတိုသြားေပမယ့္ အရမ္းလွတယ္” စသျဖင့္ ေျပာေပးပါ။ အျပံဳးပန္းေတြ ပြင့္လန္းသြားမွာ ေသခ်ာပါတယ္။

၃။ ရန္ျဖစ္စကားမ်ားၾကတဲ့အခ်ိန္မွာ လက္ကေလးကို ကိုင္ၿပီး လမ္းေလွ်ာက္ပါ။ စိတ္ဆိုးေနခ်ိန္မွာ လက္ကိုင္ထားဖို႔ ဒါမွမဟုတ္ ဦးတည္ဖက္တစ္ခုထဲကို အတူတူလမ္းေလွ်ာက္သြားဖို႔က အရမ္းကိုခက္ခဲပါတယ္။ ဒီအခ်က္က ရိုမန္းတစ္ဆန္ရံုတင္မဟုတ္ပါဘူး။

ခ်စ္သူတိုင္းအတြက္ အေရးႀကီးပါတယ္။ အတူတူလမ္းေလွ်ာက္ရင္း ေျပာတဲ့စကားေတြက မ်က္ႏွာခ်င္းဆိုင္ေျပာတဲ့စကားေတြနဲ႔ လံုး၀ကြဲျပားျခားေနမွာ ျဖစ္ပါတယ္။ ႀကိဳးစားၾကည့္ပါ။

၄။ ခ်စ္သူသက္တမ္းၾကာလာတာနဲ႔အမွ် တစ္ေယာက္စီရဲ႕ ေကာင္းကြက္ေတြေရာ ဆိုးကြက္ေတြကိုပါ ေတြ႕လာမွာ ျဖစ္ပါတယ္။ တစ္ခါတစ္ေလမွာ သင့္ခ်စ္သူကို မုန္းရင္ေတာင္ မုန္းေနႏိုင္ပါတယ္။ ဒါေပမယ့္ ရန္ျဖစ္စကားမ်ားၾကတဲ့အခါတိုင္းမွာ ေပ်ာ္စရာေကာင္းတဲ့အမွတ္တရေတြ၊ သင့္ခ်စ္သူရဲ႕ ေကာင္းကြက္ေလးေတြကိုပဲ စိတ္ထဲမွာ ေတြးထားပါ။

ၿပီးေတာ့ သင့္ခ်စ္သူရဲ႕ မေကာင္းတဲ့အခ်က္ေတြ၊ အျပစ္ေတြကို ေတြးမိတဲ့အခ်ိန္တိုင္းမွာ ေက်နပ္ေပ်ာ္ရႊင္စရာကိစၥေတြကိုပဲ ေတြးၿပီး က်န္တာေတြကို စိတ္ထဲကထုတ္ထားလိုက္ပါ။ ဒီလိုဆိုရင္ သင္တို႔ႏွစ္ေယာက္စလံုးအတြက္ ေက်နပ္ေပ်ာ္ရႊင္စရာ ဆက္ဆံေရးကို တည္ေဆာက္ႏုိင္မွာ ျဖစ္ပါတယ္။

၅။ သူမ ဖုန္းဆက္ရင္ အျမဲတမ္းကိုင္ပါ။ အျမဲတမ္းပါ။ သူမဟာ သင့္အတြက္အေရးအႀကီးဆံုး ပုဂၢိဳဟ္ျဖစ္ၿပီး ဘယ္ကိစၥကမွ သူမထက္အေရးမႀကီးဘူးဆိုတာကို သိသြားဖို႔ လိုပါတယ္။

Unicode

ပိုအချစ်ခံရဖို့ နည်းလမ်းကောင်း (၅)ခု

ချစ်သူရည်းစားကိစ္စတွေက ပရိယာယ်ဆန်ပါတယ်။ တစ်ခါတစ်လေမှာ မိန်းကလေးတွေက သူတို့ကိုယ်တိုင်ဖွင့်မပြောပဲနဲ့ သူတို့ရဲ့ခံစားချက်တွေကို သိနေတာမျိုး လိုချင်မျှော်လင့်တတ်ကြပါတယ်။ ဒါဆို ကျွန်တော်တို့ ဘယ်လိုလုပ်ကြမလဲ။ ဒီကိစ္စအတွက် နည်လမ်းကောင်း(၅)ခု ရှိပါတယ်။

၁။ မှတ်စုစာအုပ်အသေးလေးတစ်အုပ်ဆောင်ထားပါ။ သူမ မမြင်ပါစေနဲ့။ အခွင့်အရေးရတိုင်းမှာ သူမ ကြိုက်တတ်တာတွေ၊ ဝယ်ချင်တာတွေ၊ သွားလည်ချင်တယ်လို့ ပြောလာတဲ့နေရာတွေနဲ့ သူမလုပ်ချင်တာတွေ အားလုံးကို ရေးမှတ်ထားပါ။

အထူးအထိမ်းအမှတ်နေ့တွေရောက်တဲ့အခါ ဒါမှမဟုတ် တတ်နိုင်တဲ့အခါမျိုးမှာ သူမ လိုချင်တာကို ဝယ်ပေးတာ၊ သွားလည်ချင်တဲ့နေရာကို ခေါ်သွားတာ စသဖြင့် လုပ်ပေးလိုက်ပါ။ အဓိကအချက်က သူမပြောပြီးပြီးချင်း လုပ်ပေးတာမျိုးမဟုတ်ပဲ ရုတ်တရက် မစဉ်းစားနိုင်လောက်အောင် အချိန်တစ်ခုကြာပြီးမှ လုပ်ပေးဖို့ ဖြစ်ပါတယ်။

ဒီလိုဆိုရင် သူမကို ဂရုစိုက်တယ်ဆိုတာ သိသွားမှာဖြစ်ပြီး အရေးကြီးတာက သူမပြောသမျှကို အလေးအနက်ထားတတ်သူအဖြစ် ပိုချစ်လာမှာဖြစ်ပါတယ်။

၂။ သင့်ချစ်သူကောင်မလေး ဆံပင်ညှပ်လေ့၊ ပြင်လေ့ရှိတဲ့ ဆိုင်နဲ့ ရင်းနှီးအောင်လုပ်ပါ။ သူမ ဆံပင်လာညှပ်တိုင်း ဒါမှမဟုတ် ဆံပင်လာပြင်တိုင်းမှာ သင့်ဆီကို ဖုန်းဆက်အကြောင်းကြားပေးဖို့ တောင်းဆိုပါ။

သင့်ချစ်သူ ဆံပင်ညှပ်ထားတာကို ကြိုသိထားပြီး တွေ့ဖြစ်ကြမယ်ဆိုရင် “ဆံပင် လုပ်ထားတာလား၊ နည်းနည်းတိုသွားပေမယ့် အရမ်းလှတယ်” စသဖြင့် ပြောပေးပါ။ အပြုံးပန်းတွေ ပွင့်လန်းသွားမှာ သေချာပါတယ်။

၃။ ရန်ဖြစ်စကားများကြတဲ့အချိန်မှာ လက်ကလေးကို ကိုင်ပြီး လမ်းလျှောက်ပါ။ စိတ်ဆိုးနေချိန်မှာ လက်ကိုင်ထားဖို့ ဒါမှမဟုတ် ဦးတည်ဖက်တစ်ခုထဲကို အတူတူလမ်းလျှောက်သွားဖို့က အရမ်းကိုခက်ခဲပါတယ်။ ဒီအချက်က ရိုမန်းတစ်ဆန်ရုံတင်မဟုတ်ပါဘူး။

ချစ်သူတိုင်းအတွက် အရေးကြီးပါတယ်။ အတူတူလမ်းလျှောက်ရင်း ပြောတဲ့စကားတွေက မျက်နှာချင်းဆိုင်ပြောတဲ့စကားတွေနဲ့ လုံးဝကွဲပြားခြားနေမှာ ဖြစ်ပါတယ်။ ကြိုးစားကြည့်ပါ။

၄။ ချစ်သူသက်တမ်းကြာလာတာနဲ့အမျှ တစ်ယောက်စီရဲ့ ကောင်းကွက်တွေရော ဆိုးကွက်တွေကိုပါ တွေ့လာမှာ ဖြစ်ပါတယ်။ တစ်ခါတစ်လေမှာ သင့်ချစ်သူကို မုန်းရင်တောင် မုန်းနေနိုင်ပါတယ်။ ဒါပေမယ့် ရန်ဖြစ်စကားများကြတဲ့အခါတိုင်းမှာ ပျော်စရာကောင်းတဲ့အမှတ်တရတွေ၊ သင့်ချစ်သူရဲ့ ကောင်းကွက်လေးတွေကိုပဲ စိတ်ထဲမှာ တွေးထားပါ။

ပြီးတော့ သင့်ချစ်သူရဲ့ မကောင်းတဲ့အချက်တွေ၊ အပြစ်တွေကို တွေးမိတဲ့အချိန်တိုင်းမှာ ကျေနပ်ပျော်ရွှင်စရာကိစ္စတွေကိုပဲ တွေးပြီး ကျန်တာတွေကို စိတ်ထဲကထုတ်ထားလိုက်ပါ။ ဒီလိုဆိုရင် သင်တို့နှစ်ယောက်စလုံးအတွက် ကျေနပ်ပျော်ရွှင်စရာ ဆက်ဆံရေးကို တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။

၅။ သူမ ဖုန်းဆက်ရင် အမြဲတမ်းကိုင်ပါ။ အမြဲတမ်းပါ။ သူမဟာ သင့်အတွက်အရေးအကြီးဆုံး ပုဂ္ဂိုဟ်ဖြစ်ပြီး ဘယ်ကိစ္စကမှ သူမထက်အရေးမကြီးဘူးဆိုတာကို သိသွားဖို့ လိုပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*