Relationship ကို ထိခိုက္ေစမည့္ အမွားမ်ား

Relationship ကို ထိခိုက္ေစမည့္ အမွားမ်ား

Relationship ကို ထိခိုက္ေစမည့္ အမွားမ်ား

ခ်စ္သူရည္စားဆက္ဆံေရးဆိုတာ ထိလြယ္ခိုက္လြယ္တဲ့ အရာတစ္ခုျဖစ္ပါတယ္။ အစပိုင္းမွဆိုရင္ ပိုဆိုးပါတယ္။ တကယ္လို႔မ်ား လမ္းခြဲျပတ္ဆဲၿပီးသြားၾကၿပီဆိုရင္လည္း အေျဖမရွိတဲ့ ေမးခြန္းေတြ က်န္ေနခဲ့တတ္ပါတယ္။ ဘာေၾကာင့္ ဒီလိုျဖစ္သြားတာလဲ ? ငါ ဘာမ်ား မွားသြားလို႔လဲ? စသျဖင့္ ေမးခြန္းေတြပဲျဖစ္ပါတယ္။

တကယ္လို သင့္အေနနဲ႔ ေနာက္တစ္ခါ ခ်စ္သူရည္းစားထားေတာ့မယ္ဆိုရင္ အလားတူစိတ္ပ်က္စရာအေျခအေနေတြ မၾကံဳရေအာင္ Relationship ေတြကို ထိခိုက္ပ်က္စီးေစႏိုင္တဲ့ အမွားေတြကို သိရွိဆင္ျခင္ႏိုင္ဖို႔ လိုပါတယ္။

၁။ ၿပီးျပည့္စံုမႈကို ေမွ်ာ္လင့္ျခင္း
ၿပီးျပည့္စံုမႈဆိုတာက ဒ႑ာရီတစ္ခုပဲ ျဖစ္ပါတယ္။ ကၽြန္ေတာ္တို႔အေနနဲ႔ ဘယ္ေတာ့မွ ၿပီးျပည့္စံုတဲ့ Relationship တစ္ခုကုိ မရရွိႏိုင္ပါဘူး။ ကၽြန္ေတာ္တို႔ကိုယ္တိုင္လည္း အျပစ္ေျပာစရာမရွိတဲ့ ခ်စ္သူရည္းစားေကာင္းတစ္ေယာက္ ဘယ္ေတာ့မွမျဖစ္ႏိုင္သလို အလားတူ ေကာင္မေလးမ်ိဳးကိုလည္း မရႏိုင္ပါဘူး။

ကၽြန္ေတာ္တို႔ အားလံုးရဲ႕စိတ္ထဲမွာ ဖူးစာရွင္အစစ္အမွန္ကို ေတြ႕ရၿပီဆိုရင္ အားလံုး ၿပီးျပည့္စံုသြားမယ္ဆိုတဲ့ အစြဲတစ္ခုရွိပါတယ္။ ဒါ့ေၾကာင့္ လက္ရွိခ်စ္သူရည္းစားမွာ အျပစ္တစ္ခုခုေတြ႕ခဲ့မယ္ဆိုရင္ ဖူးစာရွင္အစစ္မဟုတ္ဘူးလို႔ ထင္မိတတ္ၾကပါတယ္။ ဒါမွမဟုတ္ တျခားသူေတြေျပာတဲ့ ၿပီးျပည့္စံုတဲ့ Relationship ဆိုတာက ဘယ္လိုဘယ္ပံုဆိုတာေတြကို နားေယာင္လက္ခံၿပီး ျဖစ္ေအာင္ႀကိဳးစားေနတာဆိုလည္း အမွားႀကီးမွားႏိုင္ပါတယ္။

Relationship တစ္ခုမွာ အျပင္သူေတြရဲ႕ ထင္ျမင္ခ်က္ေတြထက္ ကာယကံရွင္ႏွစ္ဦးစလံုးအတြက္ အဆင္ေျပဖုိ႔ပဲလိုပါတယ္။ ဘယ္သူမွ ဘယ္ Relationship မွ ၿပီးျပည့္စံုေနတာ မရွိပါဘူး။ ဒါ့ေၾကာင့္ အဓိပၸါယ္မရွိစိတ္ကူးတည့္ရာေျပာေနတဲ့ စံခ်ိန္စံညႊန္းေတြနဲ႔ လိုက္ၿပီး ႏႈိင္းယွဥ္ၾကည့္မေနပါနဲ႔။

၂။ ညွိႏႈိင္းသေဘာတူျခင္း
ညွိႏႈိင္းသေဘာတူျခင္းက ေကာင္းမြန္တဲ့ Relationship တစ္ခုကို ျဖစ္ေစႏိုင္တယ္လို႔ ထင္ပါသလား။ စဥ္းစားၾကည့္ပါ။ ညွိႏႈိင္းသေဘာတူျခင္းဆိုတာက မတူညီတဲ့အျမင္၊ လိုအပ္ခ်က္နဲ႔ လိုအင္ဆႏၵေတြရွိေနသူ ႏွစ္ဦးက ႏွစ္ေယာက္စလံုးအတြက္ အဆင္ေျပမယ့္ ၾကားအေျခအေနတစ္ခုကို လိုတိုပိုေလွ်ာ့လုပ္ယူျခင္း ျဖစ္ပါတယ္။

ဒီေတာ့ လိုတိုးပိုေလွ်ာ့လုပ္ၿပီး ညွိႏိႈင္းၿပီဆိုကတည္းက တစ္ေယာက္က သူလိုခ်င္တာကို ရသြားတဲ့ ေအာင္ႏိုင္သူျဖစ္ပါတယ္။ ေနာက္တစ္ေယာက္ကေတာ့ အျငင္းပြားမႈကိုေတြကို အဆံုးသတ္ခ်င္တဲ့အတြက္ အခုတခ်ိန္မွာ အနည္းငယ္အေလွ်ာ့ေပးလိုက္ရပမယ့္ ေနာက္တစ္ႀကိမ္မွာေတာ့ သူျဖစ္ခ်င္တဲ့အတုိင္း ျဖစ္ေအာင္လုပ္မယ္လို႔ စိတ္ကူးထားတတ္ပါတယ္။

ဒီလိုေတြျဖစ္လာၿပီဆိုေတာ့ လူႏွစ္ေယာက္က အျပန္အလွန္အားျဖင့္ လိုတိုးပိုေလွ်ာ့လုပ္ေပးေနၾကရတာပဲျဖစ္ပါတယ္။ တစ္ေယာက္ကခ်ည္းပဲ ေလွ်ာ့ေပးရတာမ်ားလာၿပီဆိုရင္ Relationship မွာ ထိခိုက္မႈေတြ ျဖစ္လာပါလိမ့္မယ္။

ဒါ့ေၾကာင့္ မတူညီတာေတြကို ညွိႏိႈင္းအေျဖရွာမယ့္အစား ပူးေပါင္းေဆာင္ရြက္ႏိုင္ဖို႔ လိုပါတယ္။ ပူးေပါင္းေဆာင္ရြက္ျခင္းမွာေတာ့ သာတယ္နာတယ္မရွိပဲ ႏွစ္ဦးစလံုးအတြက္ အဆင္ေျပႏိုင္ပါတယ္။ မတူညီတာေတြကို ပူးေပါင္းေဆာင္ရြက္ႏိုင္ဖို႔အတြက္ နည္းလမ္းေကာင္းေတြကိုေတာ့ ရွာတတ္ရမွာျဖစ္ပါတယ္။

၃။ ကိုယ္ပိုင္အခ်ိန္မေပးျခင္း
လူတိုင္းက တစ္ေယာက္တည္းအခ်ိန္ျဖဳန္းရမယ့္ ကိုယ္ပိုင္အခ်ိန္လိုအပ္ပါတယ္။ သင့္အေနနဲ႔ ဒီလိုအခ်ိန္မ်ိဳး မလိုအပ္ဘူးဆိုရင္ေတာင္မွ သင့္ခ်စ္သူက လိုအပ္ခ်င္ လိုအပ္ပါလိမ့္မယ္။ ခ်စ္သူစံုတြဲေတြက ေကာ္နဲ႔ကပ္ထားသလို အျမဲတမ္းပူးကပ္ေနလို႔ မျဖစ္ပါဘူး။

ကိုယ္ပိုင္အခ်ိန္မွာ သီးျခားစိတ္၀င္စားမႈေတြကို လုပ္ေဆာင္ဖို႔လည္း လိုအပ္ပါတယ္။ သင့္ရဲ႕ ခ်စ္သူက သူငယ္ခ်င္းေတြနဲ႔ အျပင္သြားဖို႔ ဒါမွမဟုတ္ တစ္ေယာက္တည္းတစ္ခုခုလုပ္ဖို႔ ေျပာဆိုလာခဲ့ရင္ စိတ္ဆိုးစရာ၊ သံသယျဖစ္စရာလို႔ မေတြးသင့္ပါဘူး။ ဒီအခ်ိန္မ်ိဳးမွာ သင္ကိုယ္တိုင္ကလည္း အျခားစိတ္၀င္စားစရာေတြကို လုပ္ေဆာင္သင့္ပါတယ္။

၄။ မစဥ္းစားျခင္း
အခ်ိန္အမ်ားစုမွာ ကၽြန္ေတာ္တို႔ေတြက သိပ္မစဥ္းစားမဆင္ျခင္ပဲ အေျခအေနပိုဆိုးသြားေအာင္ လုပ္ေလ့ရွိပါတယ္။ သင့္ရဲ႕ ခ်စ္သူက ခြင့္လႊတ္တယ္ဆိုရင္ေတာင္မွ မစဥ္းစား မဆင္ျခင္ပဲ လုပ္လိုက္တဲ့ လုပ္ရပ္ေတြ၊ ေျပာလိုက္တဲ့ စကားေတြက အျမဲတမ္းရွိေနမွာ ျဖစ္ပါတယ္။

ဒါ့ေၾကာင့္ စိတ္ဆိုး စိတ္ညစ္ေ္နတဲ့အခ်ိန္မ်ိဳးမွာ ဘာကိုမွမေျပာမဆိုခင္ အရင္စဥ္းစားပါ။ အခု ငါေျပာမယ့္အေၾကာင္းအရာက အဓိပၸါယ္ရွိလား၊ အေထာက္အကူျဖစ္လာ၊ အသံုး၀င္လား၊ စာနာမႈေရာ ရွိရဲ႕လားဆိုတာေတြကို ျပန္ေမးၾကည့္ပါ။ မဟုတ္ရင္ေတာ့ ဘာမွမေျပာပဲ ပါးစပ္ပိတ္ထားလိုက္ပါ။

၅။ ထိန္းခ်ဳပ္ဖို႔ ဒါမွမဟုတ္ ေျပာင္းလဲဖို႔ ႀကိဳးစားျခင္း
ဒီကိစၥက အေရးႀကီးပါတယ္။ ခ်စ္သူရည္းစားျဖစ္လာတဲ့အခါမွာ လိုခ်င္တဲ့ပံုစံေျပာင္းလဲဖို႔ မဟုတ္ေပမယ့္္ မသိမသာဆိုသလို႔ ထိန္းခ်ဳပ္ေျပာင္းလဲဖို႔ ႀကိဳးစားတတ္ၾကပါတယ္။ ေနာက္တစ္ခါ သင့္တို႔ ခ်စ္သူရည္းစား ျပႆနာျဖစ္တဲ့အခါမွာ ကိုယ့္ကိုယ္ကိုယ္ ေသခ်ာျပန္ၿပီး ဆန္းစစ္ၾကည့္ပါ။

သင္တို႔ႏွစ္ေယာက္ထဲမွာ ဘယ္သူက ႀကိဳးကိုင္ခ်ယ္လွယ္ဖို႔၊ ေျပာင္းလဲဖို႔၊ ထိန္းခ်ဳပ္ဖို႔ လုပ္ေနတာလဲဆိုတာ ဆန္းစစ္ပါ။ တစ္ခါတစ္ေလမွာ အေပၚယံၾကည့္ရင္ေတာ့ အဆင္ေျပေနတယ္ထင္ရေပမယ့္ ေသခ်ာဆန္းစစ္ၾကည့္ရင္ အံ့အားသင့္စရာေကာင္းေလာက္ေအာင္ ခက္ခဲေနတတ္တာကို ေတြ႕ရတတ္ပါတယ္။

ဘယ္ကိစၥကိုမဆို သင့္နည္းလမ္းအတိုင္းပဲ ျဖစ္ေစခ်င္တယ္၊ အရာရာကို သင့္စိတ္ႀကိဳက္ ပုံသြင္းခ်င္တယ္ဆိုရင္ တဖက္လူအတြက္ လက္ရွိျဖစ္တည္မႈက အဆင္မေျပဘူးလို႔ ေျပာေနတာနဲ႔အတူတူပါပဲ။ သင့္ခ်စ္သူကလည္း သူတို႔ရဲ႕အမွားနဲ႔ ခ်ိဳ႕ယြင္းခ်က္ေတြကို သိပါတယ္။ ဒါ့ေၾကာင့္ သတိေပးေနဖို႔ မလိုပါဘူး။ ဒီအတိုင္းထားလိုက္ပါ။

အခုေဖာ္ျပခဲ့တဲ့အမွားေတြကို အရင္ကလုပ္ခဲ့ဖူးရင္လည္း ေနာက္မလုပ္မိေအာင္ ဆင္ျခင္ပါ။ အနာဂတ္မွာ သင့္အတြက္ ခိုင္ျမဲေပ်ာ္ရႊင္ရတဲ့ နားလည္စာနာမႈအျပည့္နဲ႔ Relationship တစ္ခုကို တည္ေဆာက္ႏိုင္မွာျဖစ္ပါတယ္။

Unicode

Relationship ကို ထိခိုက်စေမည့် အမှားများ

ချစ်သူရည်စားဆက်ဆံရေးဆိုတာ ထိလွယ်ခိုက်လွယ်တဲ့ အရာတစ်ခုဖြစ်ပါတယ်။ အစပိုင်းမှဆိုရင် ပိုဆိုးပါတယ်။ တကယ်လို့များ လမ်းခွဲပြတ်ဆဲပြီးသွားကြပြီဆိုရင်လည်း အဖြေမရှိတဲ့ မေးခွန်းတွေ ကျန်နေခဲ့တတ်ပါတယ်။ ဘာကြောင့် ဒီလိုဖြစ်သွားတာလဲ ? ငါ ဘာများ မှားသွားလို့လဲ? စသဖြင့် မေးခွန်းတွေပဲဖြစ်ပါတယ်။

တကယ်လို သင့်အနေနဲ့ နောက်တစ်ခါ ချစ်သူရည်းစားထားတော့မယ်ဆိုရင် အလားတူစိတ်ပျက်စရာအခြေအနေတွေ မကြုံရအောင် Relationship တွေကို ထိခိုက်ပျက်စီးစေနိုင်တဲ့ အမှားတွေကို သိရှိဆင်ခြင်နိုင်ဖို့ လိုပါတယ်။

၁။ ပြီးပြည့်စုံမှုကို မျှော်လင့်ခြင်း
ပြီးပြည့်စုံမှုဆိုတာက ဒဏ္ဍာရီတစ်ခုပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ဘယ်တော့မှ ပြီးပြည့်စုံတဲ့ Relationship တစ်ခုကို မရရှိနိုင်ပါဘူး။ ကျွန်တော်တို့ကိုယ်တိုင်လည်း အပြစ်ပြောစရာမရှိတဲ့ ချစ်သူရည်းစားကောင်းတစ်ယောက် ဘယ်တော့မှမဖြစ်နိုင်သလို အလားတူ ကောင်မလေးမျိုးကိုလည်း မရနိုင်ပါဘူး။

ကျွန်တော်တို့ အားလုံးရဲ့စိတ်ထဲမှာ ဖူးစာရှင်အစစ်အမှန်ကို တွေ့ရပြီဆိုရင် အားလုံး ပြီးပြည့်စုံသွားမယ်ဆိုတဲ့ အစွဲတစ်ခုရှိပါတယ်။ ဒါ့ကြောင့် လက်ရှိချစ်သူရည်းစားမှာ အပြစ်တစ်ခုခုတွေ့ခဲ့မယ်ဆိုရင် ဖူးစာရှင်အစစ်မဟုတ်ဘူးလို့ ထင်မိတတ်ကြပါတယ်။ ဒါမှမဟုတ် တခြားသူတွေပြောတဲ့ ပြီးပြည့်စုံတဲ့ Relationship ဆိုတာက ဘယ်လိုဘယ်ပုံဆိုတာတွေကို နားယောင်လက်ခံပြီး ဖြစ်အောင်ကြိုးစားနေတာဆိုလည်း အမှားကြီးမှားနိုင်ပါတယ်။

Relationship တစ်ခုမှာ အပြင်သူတွေရဲ့ ထင်မြင်ချက်တွေထက် ကာယကံရှင်နှစ်ဦးစလုံးအတွက် အဆင်ပြေဖို့ပဲလိုပါတယ်။ ဘယ်သူမှ ဘယ် Relationship မှ ပြီးပြည့်စုံနေတာ မရှိပါဘူး။ ဒါ့ကြောင့် အဓိပ္ပါယ်မရှိစိတ်ကူးတည့်ရာပြောနေတဲ့ စံချိန်စံညွှန်းတွေနဲ့ လိုက်ပြီး နှိုင်းယှဉ်ကြည့်မနေပါနဲ့။

၂။ ညှိနှိုင်းသဘောတူခြင်း
ညှိနှိုင်းသဘောတူခြင်းက ကောင်းမွန်တဲ့ Relationship တစ်ခုကို ဖြစ်စေနိုင်တယ်လို့ ထင်ပါသလား။ စဉ်းစားကြည့်ပါ။ ညှိနှိုင်းသဘောတူခြင်းဆိုတာက မတူညီတဲ့အမြင်၊ လိုအပ်ချက်နဲ့ လိုအင်ဆန္ဒတွေရှိနေသူ နှစ်ဦးက နှစ်ယောက်စလုံးအတွက် အဆင်ပြေမယ့် ကြားအခြေအနေတစ်ခုကို လိုတိုပိုလျှော့လုပ်ယူခြင်း ဖြစ်ပါတယ်။

ဒီတော့ လိုတိုးပိုလျှော့လုပ်ပြီး ညှိနှိုင်းပြီဆိုကတည်းက တစ်ယောက်က သူလိုချင်တာကို ရသွားတဲ့ အောင်နိုင်သူဖြစ်ပါတယ်။ နောက်တစ်ယောက်ကတော့ အငြင်းပွားမှုကိုတွေကို အဆုံးသတ်ချင်တဲ့အတွက် အခုတချိန်မှာ အနည်းငယ်အလျှော့ပေးလိုက်ရပမယ့် နောက်တစ်ကြိမ်မှာတော့ သူဖြစ်ချင်တဲ့အတိုင်း ဖြစ်အောင်လုပ်မယ်လို့ စိတ်ကူးထားတတ်ပါတယ်။

ဒီလိုတွေဖြစ်လာပြီဆိုတော့ လူနှစ်ယောက်က အပြန်အလှန်အားဖြင့် လိုတိုးပိုလျှော့လုပ်ပေးနေကြရတာပဲဖြစ်ပါတယ်။ တစ်ယောက်ကချည်းပဲ လျှော့ပေးရတာများလာပြီဆိုရင် Relationship မှာ ထိခိုက်မှုတွေ ဖြစ်လာပါလိမ့်မယ်။

ဒါ့ကြောင့် မတူညီတာတွေကို ညှိနှိုင်းအဖြေရှာမယ့်အစား ပူးပေါင်းဆောင်ရွက်နိုင်ဖို့ လိုပါတယ်။ ပူးပေါင်းဆောင်ရွက်ခြင်းမှာတော့ သာတယ်နာတယ်မရှိပဲ နှစ်ဦးစလုံးအတွက် အဆင်ပြေနိုင်ပါတယ်။ မတူညီတာတွေကို ပူးပေါင်းဆောင်ရွက်နိုင်ဖို့အတွက် နည်းလမ်းကောင်းတွေကိုတော့ ရှာတတ်ရမှာဖြစ်ပါတယ်။

၃။ ကိုယ်ပိုင်အချိန်မပေးခြင်း
လူတိုင်းက တစ်ယောက်တည်းအချိန်ဖြုန်းရမယ့် ကိုယ်ပိုင်အချိန်လိုအပ်ပါတယ်။ သင့်အနေနဲ့ ဒီလိုအချိန်မျိုး မလိုအပ်ဘူးဆိုရင်တောင်မှ သင့်ချစ်သူက လိုအပ်ချင် လိုအပ်ပါလိမ့်မယ်။ ချစ်သူစုံတွဲတွေက ကော်နဲ့ကပ်ထားသလို အမြဲတမ်းပူးကပ်နေလို့ မဖြစ်ပါဘူး။

ကိုယ်ပိုင်အချိန်မှာ သီးခြားစိတ်ဝင်စားမှုတွေကို လုပ်ဆောင်ဖို့လည်း လိုအပ်ပါတယ်။ သင့်ရဲ့ ချစ်သူက သူငယ်ချင်းတွေနဲ့ အပြင်သွားဖို့ ဒါမှမဟုတ် တစ်ယောက်တည်းတစ်ခုခုလုပ်ဖို့ ပြောဆိုလာခဲ့ရင် စိတ်ဆိုးစရာ၊ သံသယဖြစ်စရာလို့ မတွေးသင့်ပါဘူး။ ဒီအချိန်မျိုးမှာ သင်ကိုယ်တိုင်ကလည်း အခြားစိတ်ဝင်စားစရာတွေကို လုပ်ဆောင်သင့်ပါတယ်။

၄။ မစဉ်းစားခြင်း
အချိန်အများစုမှာ ကျွန်တော်တို့တွေက သိပ်မစဉ်းစားမဆင်ခြင်ပဲ အခြေအနေပိုဆိုးသွားအောင် လုပ်လေ့ရှိပါတယ်။ သင့်ရဲ့ ချစ်သူက ခွင့်လွှတ်တယ်ဆိုရင်တောင်မှ မစဉ်းစား မဆင်ခြင်ပဲ လုပ်လိုက်တဲ့ လုပ်ရပ်တွေ၊ ပြောလိုက်တဲ့ စကားတွေက အမြဲတမ်းရှိနေမှာ ဖြစ်ပါတယ်။

ဒါ့ကြောင့် စိတ်ဆိုး စိတ်ညစ်ေ်နတဲ့အချိန်မျိုးမှာ ဘာကိုမှမပြောမဆိုခင် အရင်စဉ်းစားပါ။ အခု ငါပြောမယ့်အကြောင်းအရာက အဓိပ္ပါယ်ရှိလား၊ အထောက်အကူဖြစ်လာ၊ အသုံးဝင်လား၊ စာနာမှုရော ရှိရဲ့လားဆိုတာတွေကို ပြန်မေးကြည့်ပါ။ မဟုတ်ရင်တော့ ဘာမှမပြောပဲ ပါးစပ်ပိတ်ထားလိုက်ပါ။

၅။ ထိန်းချုပ်ဖို့ ဒါမှမဟုတ် ပြောင်းလဲဖို့ ကြိုးစားခြင်း
ဒီကိစ္စက အရေးကြီးပါတယ်။ ချစ်သူရည်းစားဖြစ်လာတဲ့အခါမှာ လိုချင်တဲ့ပုံစံပြောင်းလဲဖို့ မဟုတ်ပေမယ့် မသိမသာဆိုသလို့ ထိန်းချုပ်ပြောင်းလဲဖို့ ကြိုးစားတတ်ကြပါတယ်။ နောက်တစ်ခါ သင့်တို့ ချစ်သူရည်းစား ပြဿနာဖြစ်တဲ့အခါမှာ ကိုယ့်ကိုယ်ကိုယ် သေချာပြန်ပြီး ဆန်းစစ်ကြည့်ပါ။

သင်တို့နှစ်ယောက်ထဲမှာ ဘယ်သူက ကြိုးကိုင်ချယ်လှယ်ဖို့၊ ပြောင်းလဲဖို့၊ ထိန်းချုပ်ဖို့ လုပ်နေတာလဲဆိုတာ ဆန်းစစ်ပါ။ တစ်ခါတစ်လေမှာ အပေါ်ယံကြည့်ရင်တော့ အဆင်ပြေနေတယ်ထင်ရပေမယ့် သေချာဆန်းစစ်ကြည့်ရင် အံ့အားသင့်စရာကောင်းလောက်အောင် ခက်ခဲနေတတ်တာကို တွေ့ရတတ်ပါတယ်။

ဘယ်ကိစ္စကိုမဆို သင့်နည်းလမ်းအတိုင်းပဲ ဖြစ်စေချင်တယ်၊ အရာရာကို သင့်စိတ်ကြိုက် ပုံသွင်းချင်တယ်ဆိုရင် တဖက်လူအတွက် လက်ရှိဖြစ်တည်မှုက အဆင်မပြေဘူးလို့ ပြောနေတာနဲ့အတူတူပါပဲ။ သင့်ချစ်သူကလည်း သူတို့ရဲ့အမှားနဲ့ ချို့ယွင်းချက်တွေကို သိပါတယ်။ ဒါ့ကြောင့် သတိပေးနေဖို့ မလိုပါဘူး။ ဒီအတိုင်းထားလိုက်ပါ။

အခုဖော်ပြခဲ့တဲ့အမှားတွေကို အရင်ကလုပ်ခဲ့ဖူးရင်လည်း နောက်မလုပ်မိအောင် ဆင်ခြင်ပါ။ အနာဂတ်မှာ သင့်အတွက် ခိုင်မြဲပျော်ရွှင်ရတဲ့ နားလည်စာနာမှုအပြည့်နဲ့ Relationship တစ်ခုကို တည်ဆောက်နိုင်မှာဖြစ်ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*