သမီးရွိေသာ ဖခင္မ်ားသိထားရန္

သမီးရွိေသာ ဖခင္မ်ားသိထားရန္

သမီးရွိေသာ ဖခင္မ်ားသိထားရန္

ကၽြန္ေတာ္ကိုယ္တိုင္လည္းအားလံုးကို မသိေပမယ့္ သမီးေတြကိုၾကည့္ရွဳ ေစာင့္ေရွာက္လာတဲ့ ၁၁ ႏွစ္အတြင္းမွာ ေတြ႔ၾကံဳခဲ့ရတဲ့ အေတြ႔အၾကံဳေလးေတြက ၁၃ ခ်က္ရွိပါတယ္။

၀၁. သမီးေတြက ဖခင္ရဲ႕ ခ်စ္ျခင္းကို အၿမဲတမ္းလိုလားၾကတယ္

ပစၥည္းကို ဝယ္ေပးတာ၊ သင္ၾကားေပးတာထက္ ဖခင္ၿဖစ္သူထံမွ အခ်စ္ကို လိုလားၾကပါတယ္။သင့္အျပင္ ဖခင္အၿဖစ္နဲ႕ၿပဳစုေစာင့္ေရွာက္ႏုိင္သူ မရွိပါ။ ဖခင္တစ္ေယာက္အေနနဲ႕ သမီးေတြကို ခ်စ္တယ္ဆိုေသာအေၾကာင္း ေျပာဖို႔ ဝန္မေလးပါနဲ႕။

၀၂. သမီးေတြရဲ႕ အနာဂတ္ ခင္ပြန္းေလာင္းဆိုတာ အေဖနဲ႕တူေနတတ္တယ္

သမီးေတြရဲ႕ အနာဂတ္ ခင္ပြန္းေလာင္းဆိုတာ အေဖၿဖစ္သူနဲ႕ တူေနတတ္ ပါတယ္။ သမီးေတြက အေဖနဲ႕တူေသာသူကသာ ကိုယ္နဲ႕ကိုက္မည့္သူလို႔ ခံယူထားသူေတြမ်ားပါတယ္။

၀၃. သမီးေတြနားေထာင္ေသာသီခ်င္းကို နားေထာင္သင့္တယ္

သမီးေတြနဲ႕ ကားအတူတူစီးေသာအခါ သူတို႕နားေထာင္ေနေသာသီခ်င္းကို အေဖျဖစ္သူကလည္း ေလးေလးစားစားနားေထာင္သင့္ပါတယ္။ ဒါမွသာလွ်င္ အခုဘာသီခ်င္းက ေခတ္စားေနလဲဆိုတာကို သိရမွာျဖစ္သလို သူတို႕နဲ႕လည္း အတူတူေပ်ာ္ႏုိင္မွာပါ။

၀၄. အေမၿဖစ္သူကို ဆက္ဆံပံုကို အၿမဲၾကည့္ေနၾကပါတယ္

သမီးေတြကိုပဲဂရုစိုက္ေနယံုနဲ႔ေတာ့မၿပီးပါ။အေမၿဖစ္သူကိုေကာ ေသေသခ်ာခ်ာ အေလးေပး ဆက္ဆံေနရဲ႕လားဆိုတာကို ဂရုၿပဳပါ။ သူတို႔က မိခင္ကိုု ဂရုတစိုက္မရွိတဲ့ ဖခင္ကိုမုန္းတတ္ပါတယ္။

၀၅. သမီးေတြ ၾကီးျပင္းလာသည္ႏွင့္အမွ် အၿမဲအတူရွိေနပါေစ

တစ္ေန႔ၿပီးတစ္ေန႔ ၾကီးျပင္းလာတာနဲ႔အမွ် ဖခင္ၿဖစ္သူနဲ႔လည္း စကားေတြ နည္းလာတတ္ပါတယ္။ မိန္းကေလးသဘာဝ အလွအပ၊ သူငယ္ခ်င္း၊ က်န္းမာေရးပိုင္းဆိုင္ရာေျပာင္းလဲမူေတြကို အေၾကာင္းျပၿပီး ဖခင္ၿဖစ္သူက မေရွာင္သြားရန္လိုအပ္ပါတယ္။

၀၆. အားကစားကိုလည္း မေမ့ေစပါ

မိန္းကေလးျဖစ္တာေၾကာင့္ အားကစားထက္ လွတဲ့အက်ီေလးေတြ အလွျပင္ပစၥည္းေလးေတြ စာဖတ္ဖို႔ဘက္ကို အားထားၾကပင္မဲ့လည္း အားကစားဆိုတာလည္း မေမ့ဖို႔ အေရးၾကီးပါတယ္။

၀၇. အမွတ္တရေလးေတြကို လုပ္ဖို႕မေမ့ပါနဲ႔

အမွတ္တရကိစၥေလးေတြဟာ အေရးၾကီးပါတယ္။ မိသားစု အမွတ္တရ ၿဖစ္ေစဖို႕သမီးေတြနဲ႕အခ်ိန္ကိုေပးပါ။ေမြးေန႔မွာခရီးထြက္တာတို႔၊ ေသာၾကာေန႔ညမွာ ရုပ္ရွင္သြားၾကည့္တာတို႕လုပ္ဖို႔သင့္ပါတယ္။ ပိုက္ဆံအမ်ားၾကီးသံုးၿပီး အမွတ္တရၿဖစ္ရန္ လုပ္ဖို႔မဆိုလိုပါ။

၀၈. သမီးေတြကို အျပင္ေလာကအေၾကာင္းကိုလည္း သင္ျပဖို႔ မေမ့ပါနဲ႕

အရာရာဟာ ျဖစ္ပ်က္ေနၿပီးေတာ့ဒီကိစၥေတြဟာမိသားစုအတြင္းမွာပဲ ျဖစ္ပ်က္ေနတာမဟုတ္ပဲ အျပင္ေလာကၾကီးနဲ႕လည္း သက္ဆုိင္ေနတယ္ ဆိုတာကို ရွင္းျပဖို႔ လုိအပ္ပါတယ္။

၀၉. သမီးရဲ႕ ပဲြေလးေတြကိုလည္း သြားရန္ ဝန္မေလးပါနဲ႕

သမီးကေက်ာင္းရဲ႕ပဲြေလးေတြမွာ ကတာပဲၿဖစ္ၿဖစ္၊ တေနရာက ပါဝင္တယ္ ဆိုရင္ ဖခင္ၿဖစ္သူအေနနဲ႕ ဝမ္းေျမာက္ဝမ္းသာ သြားၾကည့္ေပးလိုက္ပါ။

၁၀. သမီးအတြက္ အခ်ိ္န္ေပးပါ

အလုပ္ေတြ ဘယ္ေလာက္ပဲမ်ားမ်ား အိမ္ျပန္ေရာက္ရင္ေတာ့ ဖုန္းၾကည့္ၿပီး၊ TVၾကည့္ၿပီး တစ္ေယာက္တည္းေနတာထက္ သမီးနဲ႔လည္း စကားေၿပာဖို႔ မေမ့ပါနဲ႕။

၁၁. ဆံပင္ပဲျဖစ္ျဖစ္ လက္သည္းညွပ္တာပဲျဖစ္ျဖစ္ လုပ္ေပးပါ

၁၀၀ မွာ ၉၉ ၾကိမ္က မိခင္ျဖစ္သူက အားလံုးကို လုပ္ေပးေပမယ့္ ဖခင္ျဖစ္သူ ကလည္း ကူညီေပးသင့္ပါတယ္။

၁၂. စိတ္ေကာင္းထားရန္ သင္ေပးပါ

ဘာသာေရးအရပဲျဖစ္ျဖစ္ မိသားစုရယ္လို႔ၿဖစ္လာၿပီဆိုရင္ သူတပါးအေပၚမွာ မဟုတ္တာကို မလုပ္ရေအာင္ ဘယ္လိုေနထိုင္ရမယ္ဆိုတာကို သင္ေပးပါ။

၁၃. မသိခ်င္ေယာင္မေဆာင္ပါနဲ႔

သမီးေတြရဲ႕ လုပ္ေဆာင္ခ်က္ေတြကို မွားတဲ့အခါ ျပင္ေပးဖုိ႔တာဝန္ရွိပါတယ္။ မသိခ်င္ေယာင္ မေဆာင္ပါနဲ႕။

Credit : huffingtonpost,Chelmo Team

Unicode

သမီးရှိသော ဖခင်များသိထားရန်

ကျွန်တော်ကိုယ်တိုင်လည်းအားလုံးကို မသိပေမယ့် သမီးတွေကိုကြည့်ရှု စောင့်ရှောက်လာတဲ့ ၁၁ နှစ်အတွင်းမှာ တွေ့ကြုံခဲ့ရတဲ့ အတွေ့အကြုံလေးတွေက ၁၃ ချက်ရှိပါတယ်။

၀၁. သမီးတွေက ဖခင်ရဲ့ ချစ်ခြင်းကို အမြဲတမ်းလိုလားကြတယ်

ပစ္စည်းကို ဝယ်ပေးတာ၊ သင်ကြားပေးတာထက် ဖခင်ဖြစ်သူထံမှ အချစ်ကို လိုလားကြပါတယ်။သင့်အပြင် ဖခင်အဖြစ်နဲ့ပြုစုစောင့်ရှောက်နိုင်သူ မရှိပါ။ ဖခင်တစ်ယောက်အနေနဲ့ သမီးတွေကို ချစ်တယ်ဆိုသောအကြောင်း ပြောဖို့ ဝန်မလေးပါနဲ့။

၀၂. သမီးတွေရဲ့ အနာဂတ် ခင်ပွန်းလောင်းဆိုတာ အဖေနဲ့တူနေတတ်တယ်

သမီးတွေရဲ့ အနာဂတ် ခင်ပွန်းလောင်းဆိုတာ အဖေဖြစ်သူနဲ့ တူနေတတ် ပါတယ်။ သမီးတွေက အဖေနဲ့တူသောသူကသာ ကိုယ်နဲ့ကိုက်မည့်သူလို့ ခံယူထားသူတွေများပါတယ်။

၀၃. သမီးတွေနားထောင်သောသီချင်းကို နားထောင်သင့်တယ်

သမီးတွေနဲ့ ကားအတူတူစီးသောအခါ သူတို့နားထောင်နေသောသီချင်းကို အဖေဖြစ်သူကလည်း လေးလေးစားစားနားထောင်သင့်ပါတယ်။ ဒါမှသာလျှင် အခုဘာသီချင်းက ခေတ်စားနေလဲဆိုတာကို သိရမှာဖြစ်သလို သူတို့နဲ့လည်း အတူတူပျော်နိုင်မှာပါ။

၀၄. အမေဖြစ်သူကို ဆက်ဆံပုံကို အမြဲကြည့်နေကြပါတယ်

သမီးတွေကိုပဲဂရုစိုက်နေယုံနဲ့တော့မပြီးပါ။အမေဖြစ်သူကိုကော သေသေချာချာ အလေးပေး ဆက်ဆံနေရဲ့လားဆိုတာကို ဂရုပြုပါ။ သူတို့က မိခင်ကို ဂရုတစိုက်မရှိတဲ့ ဖခင်ကိုမုန်းတတ်ပါတယ်။

၀၅. သမီးတွေ ကြီးပြင်းလာသည်နှင့်အမျှ အမြဲအတူရှိနေပါစေ

တစ်နေ့ပြီးတစ်နေ့ ကြီးပြင်းလာတာနဲ့အမျှ ဖခင်ဖြစ်သူနဲ့လည်း စကားတွေ နည်းလာတတ်ပါတယ်။ မိန်းကလေးသဘာဝ အလှအပ၊ သူငယ်ချင်း၊ ကျန်းမာရေးပိုင်းဆိုင်ရာပြောင်းလဲမူတွေကို အကြောင်းပြပြီး ဖခင်ဖြစ်သူက မရှောင်သွားရန်လိုအပ်ပါတယ်။

၀၆. အားကစားကိုလည်း မမေ့စေပါ

မိန်းကလေးဖြစ်တာကြောင့် အားကစားထက် လှတဲ့အကျီလေးတွေ အလှပြင်ပစ္စည်းလေးတွေ စာဖတ်ဖို့ဘက်ကို အားထားကြပင်မဲ့လည်း အားကစားဆိုတာလည်း မမေ့ဖို့ အရေးကြီးပါတယ်။

၀၇. အမှတ်တရလေးတွေကို လုပ်ဖို့မမေ့ပါနဲ့

အမှတ်တရကိစ္စလေးတွေဟာ အရေးကြီးပါတယ်။ မိသားစု အမှတ်တရ ဖြစ်စေဖို့သမီးတွေနဲ့အချိန်ကိုပေးပါ။မွေးနေ့မှာခရီးထွက်တာတို့၊ သောကြာနေ့ညမှာ ရုပ်ရှင်သွားကြည့်တာတို့လုပ်ဖို့သင့်ပါတယ်။ ပိုက်ဆံအများကြီးသုံးပြီး အမှတ်တရဖြစ်ရန် လုပ်ဖို့မဆိုလိုပါ။

၀၈. သမီးတွေကို အပြင်လောကအကြောင်းကိုလည်း သင်ပြဖို့ မမေ့ပါနဲ့

အရာရာဟာ ဖြစ်ပျက်နေပြီးတော့ဒီကိစ္စတွေဟာမိသားစုအတွင်းမှာပဲ ဖြစ်ပျက်နေတာမဟုတ်ပဲ အပြင်လောကကြီးနဲ့လည်း သက်ဆိုင်နေတယ် ဆိုတာကို ရှင်းပြဖို့ လိုအပ်ပါတယ်။

၀၉. သမီးရဲ့ ပွဲလေးတွေကိုလည်း သွားရန် ဝန်မလေးပါနဲ့

သမီးကကျောင်းရဲ့ပွဲလေးတွေမှာ ကတာပဲဖြစ်ဖြစ်၊ တနေရာက ပါဝင်တယ် ဆိုရင် ဖခင်ဖြစ်သူအနေနဲ့ ဝမ်းမြောက်ဝမ်းသာ သွားကြည့်ပေးလိုက်ပါ။

၁၀. သမီးအတွက် အချိန်ပေးပါ

အလုပ်တွေ ဘယ်လောက်ပဲများများ အိမ်ပြန်ရောက်ရင်တော့ ဖုန်းကြည့်ပြီး၊ TVကြည့်ပြီး တစ်ယောက်တည်းနေတာထက် သမီးနဲ့လည်း စကားပြောဖို့ မမေ့ပါနဲ့။

၁၁. ဆံပင်ပဲဖြစ်ဖြစ် လက်သည်းညှပ်တာပဲဖြစ်ဖြစ် လုပ်ပေးပါ

၁၀၀ မှာ ၉၉ ကြိမ်က မိခင်ဖြစ်သူက အားလုံးကို လုပ်ပေးပေမယ့် ဖခင်ဖြစ်သူ ကလည်း ကူညီပေးသင့်ပါတယ်။

၁၂. စိတ်ကောင်းထားရန် သင်ပေးပါ

ဘာသာရေးအရပဲဖြစ်ဖြစ် မိသားစုရယ်လို့ဖြစ်လာပြီဆိုရင် သူတပါးအပေါ်မှာ မဟုတ်တာကို မလုပ်ရအောင် ဘယ်လိုနေထိုင်ရမယ်ဆိုတာကို သင်ပေးပါ။

၁၃. မသိချင်ယောင်မဆောင်ပါနဲ့

သမီးတွေရဲ့ လုပ်ဆောင်ချက်တွေကို မှားတဲ့အခါ ပြင်ပေးဖို့တာဝန်ရှိပါတယ်။ မသိချင်ယောင် မဆောင်ပါနဲ့။

Credit : huffingtonpost,Chelmo Team

Be the first to comment

Leave a Reply

Your email address will not be published.


*