အိမ္စာမလုပ္တဲ့သားသားမီးမီးတို႔ရဲ႕မိဘေတြအတြက္ သိထားသင့္တဲ႕ နည္းလမ္း

အိမ္စာမလုပ္တဲ့သားသားမီးမီးတို႔ရဲ႕မိဘေတြအတြက္ သိထားသင့္တဲ႕ နည္းလမ္း

အိမ္စာမလုပ္တဲ့သားသားမီးမီးတို႔ရဲ႕မိဘေတြအတြက္ သိထားသင့္တဲ႕ နည္းလမ္း

ကေလးငယ္ေတြဟာ အိမ္စာလုပ္ဖို႔ေမ့ေနတတ္ၾကသလို အနားနီးမွ အသည္းသန္ထလုပ္တတ္ၾကတဲ့ သဘာဝေလးေတြရွိတတ္ၾကပါတယ္။ ေက်ာင္းကျပန္လာတဲ့ အခါ နားနားေနေနေဆာ့ကစားခ်င္ၾကတာ ဟာ ကေလးေတြရဲ႕သဘာဝမို႔ အျပစ္ေတာ့ဆိုစရာမရွိပါဘူး။

ဒါေပမယ့္ ပညာေရးအတြက္ လိုအပ္တယ္လို႔ သတ္မွတ္ၿပီး လုပ္ခိုင္းလိုက္တဲ့ အိမ္စာေတြကိုေတာ့ ေသခ်ာလိုက္လုပ္ ေပးမွ က်ာင္းမွာစာလိုက္ႏိုင္မွာျဖစ္ၿပီး အတန္းထဲ အိမ္စာမၿပီးလို႔ သူငယ္ခ်င္းေတြၾကားထဲမွာ သင့္ ကေလးဒဏ္ေပးခံရတာမ်ိဳး မျဖစ္ေအာင္ အိမ္စာလုပ္ခ်င္လာေအာင္ ေအာက္မွာေဖာ္ျပထားတဲ့ အခ်က္ေလးေတြကို လုပ္ေဆာင္ၾကည့္ပါ။

၁။ စာၾကည့္စားပြဲ (သို႔) စာလုပ္ရန္ေနရာ

ကေလးေတြအတြက္ တိတ္ဆိတ္ၿပီး TV ေတြဖုန္းေတြမရွိတဲ့ေနရာ စိတ္အာ႐ုံပ်ံ႕လြင့္ေစႏိုင္တဲ့အရာေတြျဖစ္တဲ့ တျခားကေလးေတြရဲ႕ကစားသံေတြ၊ စကားေျပာသံေတြ ဖုန္းေျပာသံေတြ မရွိေအာင္ ဒါမွမဟုတ္ မၾကားရတဲ့ေနရာ တစ္ခု စီစဥ္ေပးသင့္ပါတယ္။

၂။ တစ္ေန႔စာတစ္ေန႔လုပ္ဖို႔အခ်ိန္သတ္မွတ္ပါ

တစ္ခ်ိဳ႕ကေလးေတြကေတာ့ ပုံမွန္အိမ္စာ လုပ္တတ္ၾက ေပမယ့္တစ္ခ်ိဳ႕ကေလးေတြကေတာ့ ေဆာ့ကစားဖို႔ကို ပိုမိုအာ႐ုံစိုက္ၾကလို႔ အိမ္စာေတြကို မလုပ္ဘဲပစ္ထားေလ့ ရွိပါတယ္။ဒီလိုကေလးေလးေတြအတြက္ေတာ့ အိမ္စာလုပ္ဖို႔ အခ်ိန္သတ္မွတ္ထားၿပီး စစ္ေဆးလုပ္ခိုင္းေပးပါ။ အိမ္စာၿပီးမွေဆာ့ရမယ္ဆိုတာမ်ိဳးနဲ႔ ထိန္းသိမ္းၿပီး ေပးေဆာ့သင့္ပါတယ္။

၃။ ကေလးေတြရဲ႕ အိမ္စာကိုကူမလုပ္ေပးပါနဲ႔

ဒီလိုေျပာတာဟာ ကေလးေတြအိမ္စာကိုၾကည့္မေပးရဘူးဆိုတဲ့ သေဘာမ်ိဳးမဟုတ္ပါဘူး။တစ္ေယာက္တည္းလုပ္ဖို႔ ခက္ခဲတဲ့အိမ္စာေတြ နားမလည္လိုက္တဲ့ပုစာၦေတြကိုေတာ့ ရွင္းျပေပးတာမ်ိဳးအထိအဆင္ေျပေပမယ့္ အိမ္စာမၿပီးရင္ငါ့ကေလးေတာ့ အတန္းထဲမွာဒဏ္ေပးခံရေတာ့မွာပဲဆိုၿပီး ကိုယ္တိုင္ဝင္ေရးတာမ်ိဳးေတြက အဆင္မေျပပါဘူး။ အိမ္စာမၿပီးလို႔ ျပစ္ဒဏ္ရွိရင္ အဲ့ဒီျပစ္ဒဏ္ကို ေပးခံပါေစ…ဒါမွသာ ေနာက္ေနာင္ ဒီလိုမျဖစ္ေအာင္ ဥပမာေပးဆုံးမလို႔ရမွာ ဖစ္ပါတယ္။

၄။ ခ်ီးမြမ္းေပးပါ

အိမ္စာကိုလုပ္ဖို႔ေျပာစရာမလိုေအာင္လုပ္တယ္၊ လုပ္ရမယ္ေျပာတဲ့အခ်ိန္ေရာက္တာနဲ႔ လုပ္တယ္၊အိမ္စာေတြၿပီးေအာင္လုပ္တယ္။ အဲ့ဒီလိုမ်ိဳး ေကာင္းတဲ့အခ်က္ေလးေတြလုပ္တာေတြ႕တိုင္း ခ်ီးမြမ္းေပးပါ။ ဆုခ်ရေလာက္ေအာင္ေျပာင္းလဲသြားရင္၊ ေတာ္ရင္ဆုပါခ်ပါ။ ဒီလိုလုပ္ျခင္းက ကေလးေတြကိုစိတ္ပိုင္းဆိုင္ရာအရ အားတက္ေစၿပီး အမူက်င့္ေကာင္းေတြ လုပ္ရတာေကာင္းတယ္ဆိုတဲ့စိတ္မ်ိဳးကို ပုံေဖာ္ၿပီးသားျဖစ္ေစပါတယ္။

၅။ ဆရာဆရာမေတြနဲ႔အၿမဲအဆက္သြယ္ရွိပါ

မိဘဆရာ ဆိုတာ ကေလး ဖြံ႕ၿဖိဳးတိုးတက္ဖို႔အတြက္ အၿမဲ အဆက္အသြယ္ရွိေနဖို႔လိုပါတယ္။ ကိုယ့္ကေလးမွာဘယ္လိုအားသာခ်က္ရွိတယ္၊ အဲ့ဒီအားသာခ်က္ကိုထိန္းေပးထားရမယ္၊ ဘယ္အားနည္းခ်က္ကိုဘယ္လိုေဖ်ာက္ေပးရမယ္ဆိုတာကို သိဖို႔ကေတာ့ဆရာဆရာမေတြရဲ႕ေျပာၾကားခ်က္ကေနပဲ သိရဖို႔က ရာခိုင္ႏႈန္းမ်ားပါတယ္။ ကေလးက အိမ္စာေတြနားမလည္ဘူး၊ အိမ္စာေပးတာေတြမ်ားတယ္လို႔ ထင္မိတဲ့အခါမ်ိဳးေတြမွာ ဆရာမနဲ႔ေဆြးေႏြးတိုင္ပင္ၿပီး အေကာင္းဆုံးျဖစ္မယ့္ နည္းလမ္းကိုရွာေဖြသင့္ပါတယ္။

အခုေဖာ္ျပေပးသြားတဲ့အခ်က္၅ခ်က္ဟာ သင့္ကေလး အိမ္စာလုပ္ခ်င္လာေအာင္ တိုက္တြန္းေပးမယ့္အခ်က္ေတြပဲျဖစ္ပါတယ္။ ေဖေဖတို႔ေမေမတို႔ေကာ ကိုယ့္ကေလးအတြက္ဘယ္အခ်က္ေလးေတြ လုပ္ေပးျဖစ္ေနလဲဆိုတာ ကြန္မန႔္မွာေျပာျပေပးခဲ့ပါဦးေနာ္။

Credit#milanmyanmar

Unicode

အိမ်စာမလုပ်တဲ့သားသားမီးမီးတို့ရဲ့မိဘတွေအတွက် သိထားသင့်တဲ့ နည်းလမ်း

ကလေးငယ်တွေဟာ အိမ်စာလုပ်ဖို့မေ့နေတတ်ကြသလို အနားနီးမှ အသည်းသန်ထလုပ်တတ်ကြတဲ့ သဘာဝလေးတွေရှိတတ်ကြပါတယ်။ ကျောင်းကပြန်လာတဲ့ အခါ နားနားနေနေဆော့ကစားချင်ကြတာ ဟာ ကလေးတွေရဲ့သဘာဝမို့ အပြစ်တော့ဆိုစရာမရှိပါဘူး။

ဒါပေမယ့် ပညာရေးအတွက် လိုအပ်တယ်လို့ သတ်မှတ်ပြီး လုပ်ခိုင်းလိုက်တဲ့ အိမ်စာတွေကိုတော့ သေချာလိုက်လုပ် ပေးမှ ကျာင်းမှာစာလိုက်နိုင်မှာဖြစ်ပြီး အတန်းထဲ အိမ်စာမပြီးလို့ သူငယ်ချင်းတွေကြားထဲမှာ သင့် ကလေးဒဏ်ပေးခံရတာမျိုး မဖြစ်အောင် အိမ်စာလုပ်ချင်လာအောင် အောက်မှာဖော်ပြထားတဲ့ အချက်လေးတွေကို လုပ်ဆောင်ကြည့်ပါ။

၁။ စာကြည့်စားပွဲ (သို့) စာလုပ်ရန်နေရာ

ကလေးတွေအတွက် တိတ်ဆိတ်ပြီး TV တွေဖုန်းတွေမရှိတဲ့နေရာ စိတ်အာရုံပျံ့လွင့်စေနိုင်တဲ့အရာတွေဖြစ်တဲ့ တခြားကလေးတွေရဲ့ကစားသံတွေ၊ စကားပြောသံတွေ ဖုန်းပြောသံတွေ မရှိအောင် ဒါမှမဟုတ် မကြားရတဲ့နေရာ တစ်ခု စီစဉ်ပေးသင့်ပါတယ်။

၂။ တစ်နေ့စာတစ်နေ့လုပ်ဖို့အချိန်သတ်မှတ်ပါ

တစ်ချို့ကလေးတွေကတော့ ပုံမှန်အိမ်စာ လုပ်တတ်ကြ ပေမယ့်တစ်ချို့ကလေးတွေကတော့ ဆော့ကစားဖို့ကို ပိုမိုအာရုံစိုက်ကြလို့ အိမ်စာတွေကို မလုပ်ဘဲပစ်ထားလေ့ ရှိပါတယ်။ဒီလိုကလေးလေးတွေအတွက်တော့ အိမ်စာလုပ်ဖို့ အချိန်သတ်မှတ်ထားပြီး စစ်ဆေးလုပ်ခိုင်းပေးပါ။ အိမ်စာပြီးမှဆော့ရမယ်ဆိုတာမျိုးနဲ့ ထိန်းသိမ်းပြီး ပေးဆော့သင့်ပါတယ်။

၃။ ကလေးတွေရဲ့ အိမ်စာကိုကူမလုပ်ပေးပါနဲ့

ဒီလိုပြောတာဟာ ကလေးတွေအိမ်စာကိုကြည့်မပေးရဘူးဆိုတဲ့ သဘောမျိုးမဟုတ်ပါဘူး။တစ်ယောက်တည်းလုပ်ဖို့ ခက်ခဲတဲ့အိမ်စာတွေ နားမလည်လိုက်တဲ့ပုစ္ဆာတွေကိုတော့ ရှင်းပြပေးတာမျိုးအထိအဆင်ပြေပေမယ့် အိမ်စာမပြီးရင်ငါ့ကလေးတော့ အတန်းထဲမှာဒဏ်ပေးခံရတော့မှာပဲဆိုပြီး ကိုယ်တိုင်ဝင်ရေးတာမျိုးတွေက အဆင်မပြေပါဘူး။ အိမ်စာမပြီးလို့ ပြစ်ဒဏ်ရှိရင် အဲ့ဒီပြစ်ဒဏ်ကို ပေးခံပါစေ…ဒါမှသာ နောက်နောင် ဒီလိုမဖြစ်အောင် ဥပမာပေးဆုံးမလို့ရမှာ ဖစ်ပါတယ်။

၄။ ချီးမွမ်းပေးပါ

အိမ်စာကိုလုပ်ဖို့ပြောစရာမလိုအောင်လုပ်တယ်၊ လုပ်ရမယ်ပြောတဲ့အချိန်ရောက်တာနဲ့ လုပ်တယ်၊အိမ်စာတွေပြီးအောင်လုပ်တယ်။ အဲ့ဒီလိုမျိုး ကောင်းတဲ့အချက်လေးတွေလုပ်တာတွေ့တိုင်း ချီးမွမ်းပေးပါ။ ဆုချရလောက်အောင်ပြောင်းလဲသွားရင်၊ တော်ရင်ဆုပါချပါ။ ဒီလိုလုပ်ခြင်းက ကလေးတွေကိုစိတ်ပိုင်းဆိုင်ရာအရ အားတက်စေပြီး အမူကျင့်ကောင်းတွေ လုပ်ရတာကောင်းတယ်ဆိုတဲ့စိတ်မျိုးကို ပုံဖော်ပြီးသားဖြစ်စေပါတယ်။

၅။ ဆရာဆရာမတွေနဲ့အမြဲအဆက်သွယ်ရှိပါ

မိဘဆရာ ဆိုတာ ကလေး ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အမြဲ အဆက်အသွယ်ရှိနေဖို့လိုပါတယ်။ ကိုယ့်ကလေးမှာဘယ်လိုအားသာချက်ရှိတယ်၊ အဲ့ဒီအားသာချက်ကိုထိန်းပေးထားရမယ်၊ ဘယ်အားနည်းချက်ကိုဘယ်လိုဖျောက်ပေးရမယ်ဆိုတာကို သိဖို့ကတော့ဆရာဆရာမတွေရဲ့ပြောကြားချက်ကနေပဲ သိရဖို့က ရာခိုင်နှုန်းများပါတယ်။ ကလေးက အိမ်စာတွေနားမလည်ဘူး၊ အိမ်စာပေးတာတွေများတယ်လို့ ထင်မိတဲ့အခါမျိုးတွေမှာ ဆရာမနဲ့ဆွေးနွေးတိုင်ပင်ပြီး အကောင်းဆုံးဖြစ်မယ့် နည်းလမ်းကိုရှာဖွေသင့်ပါတယ်။

အခုဖော်ပြပေးသွားတဲ့အချက်၅ချက်ဟာ သင့်ကလေး အိမ်စာလုပ်ချင်လာအောင် တိုက်တွန်းပေးမယ့်အချက်တွေပဲဖြစ်ပါတယ်။ ဖေဖေတို့မေမေတို့ကော ကိုယ့်ကလေးအတွက်ဘယ်အချက်လေးတွေ လုပ်ပေးဖြစ်နေလဲဆိုတာ ကွန်မန့်မှာပြောပြပေးခဲ့ပါဦးနော်။

Credit#milanmyanmar

Be the first to comment

Leave a Reply

Your email address will not be published.


*