မူႀကိဳေက်ာင္းတုန္းကေပးတဲ့ ကတိအတိုင္း ႏွစ္ ၂၀ အၾကာမွာ တကယ္လက္ထပ္ျဖစ္ခဲ့တဲ့ စုံတြဲေလး

မူႀကိဳေက်ာင္းတုန္းကေပးတဲ့ ကတိအတိုင္း ႏွစ္ ၂၀ အၾကာမွာ တကယ္လက္ထပ္ျဖစ္ခဲ့တဲ့ စုံတြဲေလး

မူႀကိဳေက်ာင္းတုန္းကေပးတဲ့ ကတိအတိုင္း ႏွစ္ ၂၀ အၾကာမွာ တကယ္လက္ထပ္ျဖစ္ခဲ့တဲ့ စုံတြဲေလး

ကတိတစ္လုံးကို လြယ္လြယ္ေပးၿပီး လြယ္လြယ္ေမ့ၾကတဲ့သူေတြ မ်ားပါတယ္။ ကတိေပးၿပီးရင္ ဘာေတြပဲ ျဖစ္ေနျဖစ္ေန တည္တဲ့သူေတြလည္း ရွိၾကပါတယ္။ ဒါေပမဲ့ ရွားေတာ့ရွားမွာပါ။ ကေလးဘဝက ကတိေပးထားၿပီး အသက္ႀကီးတဲ့အခါ တည္ဖို႔ဆိုတာလည္း လြယ္ေတာ့လြယ္လွပါဘူး။ ဒါေပမဲ့ Matt Grodsky ဆိုတဲ့ အမ်ိဳးသား ကေတာ့ သူ႔ သူငယ္ခ်င္း Laura Scheel ကို မူႀကိဳအ႐ြယ္ကေပးထားတဲ့ ကတိကို ႀကီးတဲ့အထိ တည္ခဲ့ပါတယ္ …။

မက္နဲ႔ ေလာ္ရာတို႔ဟာ ကေလးေလးဘဝကတည္းက သူငယ္ခ်င္းေတြ ျဖစ္ၾကပါတယ္။ မူႀကိဳအ႐ြယ္တုန္းက ေက်ာင္းမွာ မက္ဟာ အတန္းေရွ႕မွာမတ္တပ္ရပ္ၿပီး အဲဒီအခ်ိန္တုန္းက သူ႔ရဲ႕အခင္ဆုံးသူငယ္ခ်င္းျဖစ္သူ ေလာ္ရာရွီးလ္ကို တစ္ေန႔မွာလက္ထပ္ယူမယ့္ အေၾကာင္း ကတိေပးခဲ့ဖူးပါတယ္။ မက္ရဲ႕စကားကို ဘယ္သူကမွ အေရးတယူမလုပ္ခဲ့ဘဲ ကေလးစကားအျဖစ္ ႐ိုး႐ိုးတန္းတန္း ရယ္ပြဲ ဖြဲ႕ခဲ့ၾကပါတယ္ …။

ဒါေပမဲ့ ေနာက္ႏွစ္ ၂၀ အၾကာမွာ အတန္းေရွ႕ထြက္ၿပီး သူကတိေပးထားတဲ့အတိုင္း ေလာ္ရာ့ကို လက္ထပ္ခဲ့ခ်ိန္မွာေတာ့ ေလာ္ရာအပါအဝင္ အဲဒီအေၾကာင္းသိရွိသူအားလုံး အံ့ၾသ ဝမ္းသာျဖစ္ခဲ့ၾကပါတယ္။ “ကေလးတုန္းက ေလာ္ရာက ကြၽန္ေတာ့္ကို ဒန္းဘယ္လိုစီးရမယ္၊ ဘယ္လို ေလွ်ာစီးရမယ္ဆိုတာ သင္ေပးခဲ့တာပါ” လို႔ မက္က သူတို႔ကေလးဘဝအေၾကာင္းကို ထုတ္ေျပာခဲ့ပါတယ္ …။

အခင္ဆုံးသူငယ္ခ်င္းေတြျဖစ္ခဲ့ၾကတဲ့ မက္နဲ႔ ေလာ္ရာတို႔ႏွစ္ဦးဟာ အေတာ္ေလးအေနနီးခဲ့ၾကေပမဲ့ မူလတန္း တက္ခ်ိန္မွာေတာ့ ႏွစ္ဦးသားကြဲကြာသြားခဲ့ပါတယ္။ သူတို႔ႏွစ္ဦးရဲ႕ တစ္ခုတည္းေသာအဆက္အသြယ္ကေတာ့ ႏွစ္စဥ္ ခရစၥမတ္ေရာက္တိုင္း သူတို႔မိသားစု တစ္စုနဲ႔တစ္စု ခရစၥမတ္ကဒ္ေပးပို႔တာပါပဲ။ ဒါေပမဲ့ ကံၾကမၼာက သူတို႔ကို မ်က္ႏွာသာေပးခဲ့ပါတယ္ …။

အေၾကာင္းကေတာ့ သူတို႔အ႐ြယ္ေရာက္ခ်ိန္ အထက္တန္းေက်ာင္းမွာ အတူျပန္ဆုံခြင့္ရခဲ့ၾကတာေၾကာင့္ပါ။အဲဒီလိုျပန္ေတြ႕ဆုံၾကၿပီး ႏွစ္ပတ္ေလာက္အၾကာမွာပဲ နဂိုသံေယာဇဥ္အခံရွိတဲ့ သူတို႔ႏွစ္ဦးဟာ သူငယ္ခ်င္းဘ၀ ကေန သမီးရည္းစားေတြဘဝကို ေရာက္ရွိသြားခဲ့ပါတယ္။ သူတို႔ႏွစ္ဦး ေကာလိပ္ေရာက္ခ်ိန္မွာလည္း ေက်ာင္း မတူေပမဲ့ သူတို႔ရဲ႕ဆက္ဆံေရး ျပတ္ေတာက္မသြားခဲ့ဘဲ သူတို႔ရဲ႕အခ်စ္ကို ထိန္းသိမ္းႏိုင္ခဲ့ၾကပါတယ္ …။

ငယ္ငယ္ကတည္းက ေလာ္ရာ့ကိုခ်စ္ေနခဲ့တဲ့ မက္က “ကြၽန္ေတာ္ ေလာ္ရာ့ကို ကေလးဘဝကတည္းက ခ်စ္ခင္ စုံမက္ခဲ့တာပါ။ အခုအထိ အဲဒီအတိုင္းပါပဲ” လို႔ ဖြင့္ဟဝန္ခံခဲ့ပါတယ္။ ၂၀၁၅ ခုႏွစ္မွာေတာ့ လြန္ခဲ့တဲ့ႏွစ္ ၂၀ ေက်ာ္က သူအတန္းေရွ႕မွာ ေပးခဲ့တဲ့ကတိကို ျပန္သတိရသြားတဲ့ မက္ဟာ သူတို႔ႏွစ္ဦးအတူတက္ခဲ့တဲ့ ေက်ာင္း ေဟာင္းကို သြားလည္ခ်ိန္မွာပဲ ေလာ္ရာကို လက္ထပ္ခြင့္ေတာင္းဖို႔ ဆုံးျဖတ္ခဲ့ပါတယ္ …။

သူတို႔ႏွစ္ဦးရဲ႕ခ်စ္စရာဇာတ္လမ္းေလးအေၾကာင္း ပ်ံ႕ႏွံ႔သြားခဲ့ၿပီး အင္တာနက္မွာလည္း ေရပန္းစားသြားခဲ့ပါ တယ္။ သူတို႔လိုအျဖစ္မ်ိဳးေတြဟာ ဇာတ္လမ္းထဲမွာသာ ရွိၿပီး လက္ေတြ႕ဘဝမွာရွားပါးတာေၾကာင့္ လူတိုင္းက အားက်ေနၾကတာလည္း ျဖစ္ပါတယ္ေနာ္ …။ ။

#Credit#

Unicode

မူကြိုကျောင်းတုန်းကပေးတဲ့ ကတိအတိုင်း နှစ် ၂၀ အကြာမှာ တကယ်လက်ထပ်ဖြစ်ခဲ့တဲ့ စုံတွဲလေး

ကတိတစ်လုံးကို လွယ်လွယ်ပေးပြီး လွယ်လွယ်မေ့ကြတဲ့သူတွေ များပါတယ်။ ကတိပေးပြီးရင် ဘာတွေပဲ ဖြစ်နေဖြစ်နေ တည်တဲ့သူတွေလည်း ရှိကြပါတယ်။ ဒါပေမဲ့ ရှားတော့ရှားမှာပါ။ ကလေးဘဝက ကတိပေးထားပြီး အသက်ကြီးတဲ့အခါ တည်ဖို့ဆိုတာလည်း လွယ်တော့လွယ်လှပါဘူး။ ဒါပေမဲ့ Matt Grodsky ဆိုတဲ့ အမျိုးသား ကတော့ သူ့ သူငယ်ချင်း Laura Scheel ကို မူကြိုအရွယ်ကပေးထားတဲ့ ကတိကို ကြီးတဲ့အထိ တည်ခဲ့ပါတယ် …။

မက်နဲ့ လော်ရာတို့ဟာ ကလေးလေးဘဝကတည်းက သူငယ်ချင်းတွေ ဖြစ်ကြပါတယ်။ မူကြိုအရွယ်တုန်းက ကျောင်းမှာ မက်ဟာ အတန်းရှေ့မှာမတ်တပ်ရပ်ပြီး အဲဒီအချိန်တုန်းက သူ့ရဲ့အခင်ဆုံးသူငယ်ချင်းဖြစ်သူ လော်ရာရှီးလ်ကို တစ်နေ့မှာလက်ထပ်ယူမယ့် အကြောင်း ကတိပေးခဲ့ဖူးပါတယ်။ မက်ရဲ့စကားကို ဘယ်သူကမှ အရေးတယူမလုပ်ခဲ့ဘဲ ကလေးစကားအဖြစ် ရိုးရိုးတန်းတန်း ရယ်ပွဲ ဖွဲ့ခဲ့ကြပါတယ် …။

ဒါပေမဲ့ နောက်နှစ် ၂၀ အကြာမှာ အတန်းရှေ့ထွက်ပြီး သူကတိပေးထားတဲ့အတိုင်း လော်ရာ့ကို လက်ထပ်ခဲ့ချိန်မှာတော့ လော်ရာအပါအဝင် အဲဒီအကြောင်းသိရှိသူအားလုံး အံ့သြ ဝမ်းသာဖြစ်ခဲ့ကြပါတယ်။ “ကလေးတုန်းက လော်ရာက ကျွန်တော့်ကို ဒန်းဘယ်လိုစီးရမယ်၊ ဘယ်လို လျှောစီးရမယ်ဆိုတာ သင်ပေးခဲ့တာပါ” လို့ မက်က သူတို့ကလေးဘဝအကြောင်းကို ထုတ်ပြောခဲ့ပါတယ် …။

အခင်ဆုံးသူငယ်ချင်းတွေဖြစ်ခဲ့ကြတဲ့ မက်နဲ့ လော်ရာတို့နှစ်ဦးဟာ အတော်လေးအနေနီးခဲ့ကြပေမဲ့ မူလတန်း တက်ချိန်မှာတော့ နှစ်ဦးသားကွဲကွာသွားခဲ့ပါတယ်။ သူတို့နှစ်ဦးရဲ့ တစ်ခုတည်းသောအဆက်အသွယ်ကတော့ နှစ်စဉ် ခရစ္စမတ်ရောက်တိုင်း သူတို့မိသားစု တစ်စုနဲ့တစ်စု ခရစ္စမတ်ကဒ်ပေးပို့တာပါပဲ။ ဒါပေမဲ့ ကံကြမ္မာက သူတို့ကို မျက်နှာသာပေးခဲ့ပါတယ် …။

အကြောင်းကတော့ သူတို့အရွယ်ရောက်ချိန် အထက်တန်းကျောင်းမှာ အတူပြန်ဆုံခွင့်ရခဲ့ကြတာကြောင့်ပါ။အဲဒီလိုပြန်တွေ့ဆုံကြပြီး နှစ်ပတ်လောက်အကြာမှာပဲ နဂိုသံယောဇဉ်အခံရှိတဲ့ သူတို့နှစ်ဦးဟာ သူငယ်ချင်းဘ၀ ကနေ သမီးရည်းစားတွေဘဝကို ရောက်ရှိသွားခဲ့ပါတယ်။ သူတို့နှစ်ဦး ကောလိပ်ရောက်ချိန်မှာလည်း ကျောင်း မတူပေမဲ့ သူတို့ရဲ့ဆက်ဆံရေး ပြတ်တောက်မသွားခဲ့ဘဲ သူတို့ရဲ့အချစ်ကို ထိန်းသိမ်းနိုင်ခဲ့ကြပါတယ် …။

ငယ်ငယ်ကတည်းက လော်ရာ့ကိုချစ်နေခဲ့တဲ့ မက်က “ကျွန်တော် လော်ရာ့ကို ကလေးဘဝကတည်းက ချစ်ခင် စုံမက်ခဲ့တာပါ။ အခုအထိ အဲဒီအတိုင်းပါပဲ” လို့ ဖွင့်ဟဝန်ခံခဲ့ပါတယ်။ ၂၀၁၅ ခုနှစ်မှာတော့ လွန်ခဲ့တဲ့နှစ် ၂၀ ကျော်က သူအတန်းရှေ့မှာ ပေးခဲ့တဲ့ကတိကို ပြန်သတိရသွားတဲ့ မက်ဟာ သူတို့နှစ်ဦးအတူတက်ခဲ့တဲ့ ကျောင်း ဟောင်းကို သွားလည်ချိန်မှာပဲ လော်ရာကို လက်ထပ်ခွင့်တောင်းဖို့ ဆုံးဖြတ်ခဲ့ပါတယ် …။

သူတို့နှစ်ဦးရဲ့ချစ်စရာဇာတ်လမ်းလေးအကြောင်း ပျံ့နှံ့သွားခဲ့ပြီး အင်တာနက်မှာလည်း ရေပန်းစားသွားခဲ့ပါ တယ်။ သူတို့လိုအဖြစ်မျိုးတွေဟာ ဇာတ်လမ်းထဲမှာသာ ရှိပြီး လက်တွေ့ဘဝမှာရှားပါးတာကြောင့် လူတိုင်းက အားကျနေကြတာလည်း ဖြစ်ပါတယ်နော် …။ ။

#Credit#

Be the first to comment

Leave a Reply

Your email address will not be published.


*